Thet Aung Sin.

Thet Aung Sin. Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thet Aung Sin., New York, NY.

ဘယ်မှာမှ မဖတ်ရသေးတဲ့ ကိုယ်တိုင်ရေး ပရလောက | ဖြစ်ရပ်မှန် | ဇာတ်လမ်း‌ကောင်းတွေကို ဖတ်ရှု နားဆင်ရတာကြိုက်တဲ့ ညီကိုများ ဒီ ‌ပေ့လ်က မိတ်ဆွေတို့အတွက်ပါ။https://youtube.com/channel/UCJxb_iXYrEhrj8dR0vNf_dg?si=OrhO-CMeK1zfkusQ

11/18/2025
11/15/2025
11/09/2025

(အသုဘ ကခေါ်တဲ့ဖုန်း) ပရလောက၊ဖြစ်ရပ်မှန်

10/25/2025

တတိယထပ်က အခန်း (၃၀၁) #ပရလောကဖြစ်ရပ်မှန်

ဒီ ဇာတ်လမ်းလေး လာဖို့ရှိတယ်ဗျ။ YouTube channel မှာတော့ သွားနားထောင်လို့ရပါပီခင်ဗျာ။🥰🥰link ကိုနှိပ်ပါ�
10/15/2025

ဒီ ဇာတ်လမ်းလေး လာဖို့ရှိတယ်ဗျ။ YouTube channel မှာတော့ သွားနားထောင်လို့ရပါပီခင်ဗျာ။🥰🥰link ကိုနှိပ်ပါ�

(၃)" ပန်းချီကားထဲက မျက်လုံးများ " (စ/ဆုံး) *********ကျွန်တော့်နာမည် ရဲမင်း၊အသက် ၂၈ နှစ်။ ရန်ကုန်မြို့လယ်က ပန်းချီပြခန်းတ...
10/12/2025

(၃)" ပန်းချီကားထဲက မျက်လုံးများ " (စ/ဆုံး) *********

ကျွန်တော့်နာမည် ရဲမင်း၊အသက် ၂၈ နှစ်။ ရန်ကုန်မြို့လယ်က ပန်းချီပြခန်းတစ်ခုမှာ အလုပ်လုပ်ပါတယ်။ ကျွန်တော်က ခေတ်ဟောင်းပန်းချီကားတွေကို စုဆောင်းရတာ ဝါသနာပါပြီးပန်းချီကားဟောင်းတွေကို ပြန်လည်ပြုပြင်တဲ့အလုပ်ကိုလည်း လုပ်ပါတယ်။ တစ်နေ့မှာတော့ ကျွန်တော်တို့ပြခန်းကို အမွေခံပစ္စည်းတစ်ခုအဖြစ်ရောက်လာတဲ့ ပန်းချီကား တစ်ချပ်ရှိပါတယ်။

ပန်းချီကားက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က ရေးဆွဲထားတဲ့ ပန်ူချီကား တစ်ချပ်ဖြစ်ပြီး ကယားပြည်နယ်က တောင်ပေါ်ရွာတစ်ရွာရဲ့ ရှုခင်းကိုရေးဆွဲထားတာပါ။ ပန်းချီကားထဲမှာတော့ သစ်တောအုပ်ကြီးနဲ့ တောင်တန်းတွေ၊ အလယ်မှာတော့ သစ်ပင်ကြီးတစ်ပင်၊ အောက်ကရေကန်လေးတစ်ခုကိုတွေ့ရတယ်။ဒါပေမဲ့ ပန်းချီဆရာက ပုံဖော်ထားတဲ့ အရောင်တွေက မှိုင်းညို့နေပြီး ကြည့်ရတာ တစ်မျိုးကြီး ခံစားရတယ်။ အထူးသဖြင့် ရေကန်ထဲမှာ ရေးဆွဲခားတဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့ ပုံရိပ်ကတော့ ကျွန်တော့်ကို မျက်စိကျနေသလိုပါပဲ။

ပန်းချီကားကို ကျွန်တော် အိမ်ကိုယူလာခဲ့ပြီး ကျွန်‌ေတာ့် အိပ်ခန်းထဲမှာ ချိတ်ထားလိုက်တယ်။ ညရောက်တော့ ကျွန်တော် အိပ်မပျော်ဘူး။ ဘာရယ်မဟုတ် ပန်းချီကားကို ကြည့်နေမိတယ်။ရေကန်ထဲက အမျိုးသမီးပုံရိပ်ကို ကြည့်နေရင်းနဲ့ သူ့မျက်လုံးတွေက ကျွန်တော့်ကို စိုက်ကြည့်နေသလိုမျိုးခံစားရတယ်။ ကျွန်တော်လည်း စိတ်ထင်တာဖြစ်မယ်ဆိုပြီး မျက်လုံးကို ပွတ်ပီး ပြန်ကြည့်လိုက်တော့ ဘာမှမထူးခြားဘူး။

နောက်နေ့မနက် ကျောင်းကိုသွားတော့ ကျွန်တော့်စိတ်ထဲမှာ ပန်းချီကားထဲက အမျိုးသမီးရဲ့ ပုံရိပ်ကို စွဲနေခဲ့တယ်။ ညဘက်ရောက်တော့ ကျွန်တော် ပိုပြီးထူးဆန်းတာတွေ စကြုံရတော့တာပါပဲ။ ညသန်းခေါင်ကျော်လောက်မှာ ကျွန်တော်အိပ်နေတုန်း ရေကန်ထဲက ရေလှုပ်ရှားသံလိုအသံကို အတိုင်းသားကြားလိုက်ရတယ်။ အသံက ကျွန်တော့်အိပ်ခန်းထဲကနေ ထွက်လာနေတာပါ။ ကျွန်တော်လည်းမျက်လုံးဖွင့်ပြီး နားထောင်ကြည့်တော့ အသံက ပိုပြီးကျယ်လာတယ်။ ကျွန်တော်လည်း မနေနိုင်တော့ဘဲ ထပြီး ကြည့်လိုက်တော့ ဘာမှမရှိဘူး။

ဒါပေမဲ့ ပန်းချီကားထဲက ရေကန်ထဲမှာ ရေလှိုင်းလုံးတွေ ထနေတာကို တွေ့လိုက်ရတယ်။ ကျွန်တော် တုန်လှုပ်‌ခြောက်ခြားသွားတယ်။ ပန်းချီကားထဲက ရေတွေဟာ ဘယ်လိုလုပ် လှုပ်ရှားနေတာလဲ။ ကျွန်တော် တုန်လှုပ်ခြောက်ခြားသွားတယ်။ ကျွန်တော်လည်း မယုံနိုင်တော့ဘဲ ပန်းချီကားကို စိုက်ကြည့်နေမိတယ်။

နောက်တစ်ညမှာတော့ ကျွန်တော့်စိတ်ထဲမှာ ကြောက်စိတ်တွေ ၀င်လာပြီး အိပ်ခန်းထဲက ပန်းချီကားကို မကြည့်ရဲ‌‌ေတာ့ဘူး။ ဒါပေမဲ့ ညဘက်ရောက်တိုင်း ရေလှုပ်သံတွေ၊ အမျိုးသမီးတစ်ယောက် ရေချိုးနေသလိုမျိုးအသံတွေကို ကျွန်တော့်နားထဲမှာ ကြားနေရတယ်။ တစ်ခါတစ်လေကျရင် အမျိုးသမီးတစ်ယောက် ကျွန်တော့ကို လှမ်းခေါ်နေသလိုမျိုး အသံတွေကိုပါ ကြားလာရတယ်။

ကျွန်တော်လည်း မခံနိုင်တော့ဘဲ အဲ့ဒီပန်းချီကားကို ရောင်းပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ပန်းချီကားကို ပြခန်းဆီပြန်ယူသွားမယ်လုပ်တော့ အံ့ဩစရာကောင်းတာက ကားပေါ်ရောက်တိုင်း ပန်းချီကားက မရှိတော့ဘဲ အိပ်ခန်းဆီ ပြန်ရောက်ရောက်နေတယ်။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အိမ်ထဲကနေ လုံး၀ထုတ်လို့မရတော့ဘူး။

နောက်ဆုံးတော့ ကျွန်တော် စိတ်ဓာတ်ကျပြီး အိပ်ခန်းထဲမှာပဲ ထိုင်နေမိတယ်။ ညဘက်ရောက်တော့ ထုံးစံအတိုင်း ရေလှုပ်သံတွေ၊ အမျိုးသမီးရဲ့အသံတွေ ကြားလာရတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ကျွန်တော့်ကို လှမ်းခေါ်တဲ့ အသံက ပိုပြီးရှင်းလင်းလာတယ်။

" လာပါ... ကျွန်မဆီလာပါ...မင်းရဲ့အနားမှာ ကျွန်မ အမြဲရှိနေပါတယ်"

ကျွန်တော် ကြောက်လန့်တကြားနဲ့ မျက်လူံကို မှိတ်ထားလိုက်တယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ကျွန်တော့်ရဲ့ ပါးပြင်‌ပေါ်ကို ရေစက်တွေကျလာသလိုမျိုး ခံစားရတယ်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ ပန်းချီကားထဲမှာရှိတဲ့ ရေကန်ထဲက ရေတွေဟာကျွန်တော့်ဆီကို စီးဆင်းလာနေတယ်။ ပြီးတော့ ပန်းချီကားထဲက အမျိုးသမီးလည်း ကျွန်တော့်ဘက်ကို တဖြည်းဖြည်း တိုးလာနေတယ်။

သူမရဲ့မျက်လုံးတွေက ကျွန်တော့်ကို စိုက်ကြည့်နေပြီး သူမရဲ့ လက်ချောင်းတွေကတော့ ကျွန်တော့်ကို လှမ်းဆွဲနေတယ်။ကျွန်တော်လည်း ကြောက်လန့်တကြားနဲ့အိပ်ခန်းထဲကနေ အော်ဟစ်ပြီး ထွက်ပြေးလာခဲ့တယ်။

နောက်နေ့မနက် အိပ်ရာနိုးလာတော့ အိမ်ကို ကျွန်တော်သူငယ်ချင်းရောက်နေတယ်။သူက ကျွန်တော့်ကို တွေ့တော့မျက်နှာပျက်သွားတယ်။

"ရဲမင်း...မင်းဘာဖြစ်တာလဲ။မင်းမျက်နှာကဘာလို့ ဒီလောက်တောင် ဖြူဖျော့နေတာလဲ"

ကျွန်‌တော်လည်း အဖြစ်အပျက်အားလုံးကိုသူငယ်ချင်းအား ပြောပြလိုက်တယ်။ သူငယ်ချင်းက ကျွန်တော့် စကားကိုမယုံဘူး။ ဒါပေမဲ့ ကျွန်တော် မျက်နှာကိုကြည့်ပြီး သူလည်းတစ်ခုခုတော့မဟုတ်တော့ဘူးဆိုတာသိသွားတယ်။

သူငယ်ချင်းက "မင်း...ပန်းချီကားကိုဘယ်ကနေရတာလဲ။အဲဒီပန်းချီကားက အစောင့်ရှိတဲ့ပန်းချီကားဖြစ်လိမ့်မယ်လို့ပြောတယ်။

ကျနော်လည်း သူငယ်ချင်းရဲ့ စကားကိုနားထောင်ပြီးပန်းချီကားကိုဘယ်ကနေရလဲဆိုတာ ပြခန်းကိုမေးကြည့်တော့ ပြခန်းမန်နေဂျာက "အဲ့ဒီပန်းချီကားကိုကယားပြည်နယ်က ရွာတစ်ရွာကနေ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကရခဲ့တာ။ အဲ့ဒီပန်းချီကားကိုလက်ခံရရှိတဲ့နေ့ကစပြီးတော့ပြန်ခန်းထဲမှာထူးဆန်းတဲ့အဖြစ်အပျက်တွေကိုကြံုနေရတယ် " လို့ပြောတယ်။

ကျတော်လည်း ပန်းချီကားထဲမှာ တစ်ခုခုတော့ရှိနေမှန်းသေချာသွားတယ်။ ဒါနဲ့ သူငယ်ချင်းနဲ့အတူတူပဲပန်းချီကားကို မီးရှို့ပျက်စီးပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။

ပန်းချီကားကို မီးရှို့လိုက်တဲ့အခါမှာတော့ပန်းချီကားထဲက အမျိုးသမီးရဲ့ပုံရိပ်က မီး‌ တောက်တွေကြားထဲကနေ ထွက်လာပြီးတော့ ကျွန်‌တော်တို့ နှစ်ယောက်ကို‌ ဒေါသတကြီးနဲ့ ကြည့်နေခဲ့တယ်။ သူမရဲ့အသံကလည်း "မင်းတို့အားလုံးကို ငါလက်စားချေမယ်" လို့ ဟိန်းဟောက်နေခဲ့တယ်။

ပန်းချီကားက ပြာကျသွားပြီးနောက်မှာတော့ ကျနော်တို့နှစ်ယောက်လုံးလန့်ပြီး မေ့လဲသွားခဲ့တယ်။ နိုးလာတော့ အဲ့ဒီအဖြစ်အပျက်က အိပ်မက်တစ်ခုလိုပါပဲ။ ဒါပေမဲ့ကျနော်လက်မောင်းပေါ်က မီးလောင် ဒဏ်ရာကတော့ အဲ့ဒီအဖြစ်အပျက်တွေဟာ အိပ်မက်မဟုတ်ဘူးဆိုတာကိုသက်သေပြနေခဲ့တယ်။

ပန်းချီကားထဲက အမျိုးသမီးရဲ့မျက်လုံးတွေဟာ ကျွန်တော့်စိတ်ထဲမှာ တစ်သက်လုံး စွဲနေခဲ့ပါတော့တယ်။

( ရေးသားတင်ဆက်သူ....သက်အောင်စင်)

( မူရင်းတင်တဲ့ ပေ့လ်အထိလာပီး follow ပေးကြတဲ့ သူတွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ..🇲🇲🇲🇲🙏🙏

နေ့စဉ် ဖြစ်ရပ်မှန်ကို ဖတ်ရှုရမှာပါ။

ပေ့လ်ကို follow မလုပ်ရသေးတဲ့သူတွေလည်း လာပီး follow လေးနဲ့ လာအားပေးကြပါအုံးဗျာ ကျေးဇူးတင်ပါတယ် 🙏🙏🙏🇲🇲🇲🇲🇲🇲 )
#ပရလော #ဖြစ်ရပ်မှန် #ဝတ္ထုတို .

(၂)"နောက်ဆုံးခရီးသည်" (စ/ဆုံး)*******မိုးချုပ်စပြုနေပြီ။​ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ" အောင်မင်္ဂလာ " ခရီးသည်တ...
10/10/2025

(၂)"နောက်ဆုံးခရီးသည်" (စ/ဆုံး)*******

မိုးချုပ်စပြုနေပြီ။​ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ" အောင်မင်္ဂလာ " ခရီးသည်တင် Express ကားကြီးတစ်စီးက တဟုန်ထိုးမောင်းနှင်နေတယ်။ ကားပေါ်မှာခရီးသည်အပြည့်နီးပါးပါတယ်။ ကျွန်တော်ကတော့ ကိုစိုးကြီးရဲ့တပည့် ယာဉ်နောက်လိုက် မောင်ပေါက်စ ။ အသက် ၁၉ နှစ်သာရှိသေးသော်လည်း ဒီကားလောကထဲရောက်နေသည်မှာ သုံးနှစ်နီးပါးရှိနေပြီ။

ည ၉ နာရီခန့် ၁၁၅ မိုင်ရှိတဲ့" အင်းလျားကန်" စားသောက်ဆိုင်တစ်ခုမှာ ခေတ္တရပ်နားပြီး ခရီးသည်များညစာစားကြတယ်။​ ကျွန်တော်နဲ့ ကိုစိုးကြီးလည်း ထမင်းကြော်တစ်ပွဲဆီစားပြီး ကားပေါ်ပြန်တက်ခဲ့ကြတယ်။

"ဟေ့ကောင် ပေါက်စ၊ ခရီးသည်စစ်ဦး"

​"ဟုတ်ကဲ့ ဆရာ"

ကျွန်တော်လည်း လက်မှတ်စာရင်းစာအုပ်ကိုင်ကာ တစ်ယောက်ချင်း လိုက်စစ်တယ်။​အားလုံးကစုံတယ်။ ဒါပေမဲ့ ကားရဲ့နောက်ဆုံးတန်း၊ ထောင့်ဆုံးခုံမှာ ခရီးသည်တစ်ယောက်တိုးလာတာကိုကျွန်တော် သတိထားမိလိုက်တယ်။ အသက် ၅၀ အရွယ် ၊ ပိန်ပိန်ရှည်ရှည်နဲ့ မျက်နှာက ဖြူဖျော့နေပြီးတော့ မျက်လုံးများက ချိုင့်ဝင်နေတယ်။ သူဝတ်ထားတဲ့ အင်္ကျီလက်ရှည်နဲ့ ပုဆိုးကလည်းဖြူစွတ်နေတယ်။

"ဦးလေး၊ လက်မှတ် ပြပါခင်ဗျာ"။​

သူက ဘာမှပြန်မပြောဘဲ ကျွန်တော့်ကို စိုက်ကြည့်နေတယ်။​ သူ့အကြည့်က ရေခဲတုံးလိုပဲ အေးစက်စက်အကြည့်နဲ့ဆိုတော့ ကျွန်တော့် ကျောထဲ စိမ့်ခနဲဖြစ်သွားခဲ့တယ်။

"ဦးလေး၊ လက်မှတ် ဝယ်ထားရဲ့လား"

သူ ခေါင်းတစ်ချက် ငြိမ့်ပြတယ်။​ ပြီးတော့ သူ့အင်္ကျီအိတ်ထဲက ခေါက်ထားတဲ့ ငွေစက္ကူ အဟောင်းလေးတစ်ရွက်ကို ထုတ်လာပေးတယ်။ ကျွန်တော် ယူကြည့်လိုက်တော့ တစ်ထောင်တန် အဟောင်းလေး တစ်ရွက်ပါ။

"ဦးလေး၊ ဒါက လက်မှတ်မဟုတ်ဘူးလေ။ဘယ်မှာဝယ်ထားတာလဲ" လို့မေးတော့...

သူက ကားအပြင်ဘက်ကို လက်ညိုးထိုးပြတယ်။​ အဲ့နေရာမှာ ဘာမှမရှိဘူး။ မှောင်မည်းနေတဲ့ သစ်အုပ်ကြီးပဲရှိတယ်။ ကျွန်‌တော့် စိတ်ထဲမှာထူးဆန်းနေသော်လည်း လူကြီးတစ်ယောက်ဖြစ်နေတဲ့အတွက် ကိုစိုးကြီးကိုပဲ သွားပြောပြလိုက်တယ်။

"ဆရာ နောက်ဆုံးခုံမှာ လူတစ်ယောက်ပိုနေတယ်။လက်မှတ်လည်းမရှိဘူး"

ကိုစိုးကြီးက ကား‌နောက်ကြည့်မှန်ကနေ တစ်ဆင့်လှမ်းကြည့်လိုက်ပြီး "အေး ထားလိုက်ကွာ။ လမ်းကြုံလိုက်ချင်တဲ့လူ နေမှာပေါ့။ ပိုက်ဆံပဲယူထားလိုက်" လို့ပြောတယ်။

ကျွန်တော်လည်း အဲ့ဒီလူကြီးဆီ ပြန်သွားပြီး "ဦးလေး၊ ဘယ်မှာဆင်းမှာလဲ" လို့မေးတော့ သူက " ရှေ့နားက သုသာန်မှာဆင်းမယ်" လို့ တိုးတိုး‌လေးပြန်‌ဖြေတယ်။ ​သူ့အသံက လေထဲမှာတိုး၀င် ပျောက်ကွယ်သွားသလိုမျိုးပါ။ ကျွန်တော် ကြက်သီးမွှေးညှင်းတွေ ထသွားခဲ့တယ်။ သုသာန်ဆိုတာ ဒီလမ်းပေါ်မှာမရှိဘူး‌လေဗျာ။

ကျွန်တော်လည်း ထိုင်ခုံအလွတ်တစ်ခုံ ပေါ်မှာ၀င်ထိုင်လိုက်ပြီး​ သူ့ကို မသိမသာအကဲခတ်နေမိတယ်။ သူကတော့ ပြတင်းပေါက်ကနေ အပြင်ဘက်ကိုပဲငေးကြည့်နေတယ်။ ကားက မိုင်တိုင် ၂၀၀ နားကို ရောက်လာ‌နေပီ။ ပတ်၀တ်ကျင်တစ်ခုလုံးလည်း တိတ်ဆိတ်ငြိမ်သက်နေပြီး ကားမောင်းသံကလွဲလို့ ဘာသံမှ မကြားရဘူး။

​ရုတ်တရက်...

"ရပ်...ရပ်ပေးပါ... ဒီမှာဆင်းမယ်"​

အဲ့ဒီလူကြီးရဲ့အသံ။ သူ့အသံက စောစောကနဲ့မတူဘဲ စူးရှနေတယ်။ ကိုစိုးကြီးလည်းလန့်ပြီး ကားကိုဘရိတ်အုပ်လိုက်တယ်။​

"ဒီနေရာကြီးမှာ ဘယ်သွားမလို့လဲဗျ​"

ကား စပယ်ယာ ကိုတိုးနိုင်ကမေးလိုက်တယ်။​ ဒီနေရာက တောအလယ်ခေါင်လိုဖြစ်နေပီး ဘာမှမရှိဘူး။

"ငါ့အိမ်...ငါ့အိမ် ဒီမှာ ​"

ပြောပြောဆိုဆိုနဲ့ အဲ့ဒီလူကြီးက ကားတံခါးရှိတဲ့နေရာကို လျှောက်သွားခဲ့တယ်​။ သူလမ်းလျှောက်တဲ့ပုံစံက ခြေထောက်ကို ဒရွတ်တိုက်ဆွဲပြီးလျှောက်နေသလိုပဲ။ ကားတံခါးဖွင့်ပေးလိုက်တာနဲ့ သူက အမှောင်ထုထဲကို ဆင်းသွားခဲ့တယ်။

သူဆင်းသွားတာနဲ့ တစ်ပြိုင်နက် ကားထဲမှာ အလွန်ဆိုးဝါးတဲ့ ပုပ်အဲ့အဲ့အနံကြီးတစ်ခုက လွှမ်းခြုံသွားခဲ့တယ်။​ ခရီးသည်တွေလည်း မခံနိုင်တော့ နှာခေါင်းပိတ်ကြကုန်ပီ။

"ဘာနံ့ကြီးလဲကွာ၊ မူးလိုက်တာ​"

ကိုစိုးကြီးလည်း ညည်းညူရင်း ကားကိုပြန်မောင်းထွက်ခဲ့တယ်။​ ကျွန်တော်ကတော့ သူဆင်းသွားရာအမှောင်ထုထဲကို လှမ်းကြည့်နေမိတယ်။ ကြည့်နေရင်းမှာပဲ ကျွန်တော့် တစ်ကိုယ်လုံး တုန်တက်သွားခဲ့တယ်။

အမှောင်ထဲက အဲ့ဒီလူကြီးရဲ့ပုံရိပ်ဟာ တဖြည်းဖြည်းပျောက်ကွယ်သွားတာမဟုတ်ဘဲနဲ့၊ မြေကြီးထဲကိုတဖြည်းဖြည်း နစ်ဝင်သွားနေတယ်။​ သူ့မျက်လုံးတွေဟာ အေးစက်စက်၊ အညှိုးကြီးစွာနဲ့ နောက်ဆုံးအချိန်ထိ ကားရှိရာကိုပဲစိုက်ကြည့်နေခဲ့တယ်။

နောက်နေ့မနက် မန္တလေးရောက်တော့ ဒီအဖြစ်အပျက်ကို ဂိတ်မှူးအား ပြောပြဖြစ်ခဲ့တယ်။ ဂိတ်မှူး ဦးကျော်က မျက်နှာပျက်သွားပြီး​...

"လွန်ခဲ့တဲ့တစ်ပတ်က အဲ့ဒီ မိုင်တိုင် ၂၀၀ နားမှာ လူတစ်ယောက်ကားတိုက်ခံရပြီး ပွဲချင်းပြီးသေသွားတယ်။​ အလောင်းကို ဘယ်သူမှလာမထုတ်တော့ အနီးနားက သုသာန်မှာပဲ မြှုပ်လိုက်ရတယ်။ မင်းတို့တွေ့ခဲ့တာ သူပဲဖြစ်မယ်" လို့ဆိုတယ်။

အဲ့ဒီစကားကိုကြားပြီး ကျွန်တော်နဲ့ ကိုစိုးကြီးတို့လည်းအတော်လေး တုန်လှုပ်ခြောက်ခြားသွားခဲ့ရတယ်။အဲ့ဒီနေ့ကစလို့ ညဘက်ကားမောင်းရမယ်ဆိုရင် ကျွန်တော်တို့ ရင်ထဲမှာ ထိတ်လန့်မှုတွေက အမြဲစွဲကျန်နေတော့တယ်။ အမြန်လမ်းမကြီးရဲ့ အမှောင်ထုထဲမှာ နောက်ဆုံးခရီးသည်တစ်ယောက်အဖြစ် သူ အမြဲလိုက်ပါနေမလားဟု တွေးမိတိုင်း ကြက်သီးမွှေးညှင်းများ ထောင်ထလာစမြဲပါ...... ။

( ရေးသားတင်ဆက်သူ....သက်အောင်စင်)

( မူရင်းတင်တဲ့ ပေ့လ်အထိလာပီး follow ပေးကြတဲ့ သူတွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ..🇲🇲🇲🇲🙏🙏

နေ့စဉ် ဖြစ်ရပ်မှန်ကို ဖတ်ရှုရမှာပါ။

ပေ့လ်ကို follow မလုပ်ရသေးတဲ့သူတွေလည်း လာပီး follow လေးနဲ့ လာအားပေးကြပါအုံးဗျာ ကျေးဇူးတင်ပါတယ် 🙏🙏🙏🇲🇲🇲🇲🇲🇲 )

#ပရလောက #ဖြစ်ရပ်မှန် #ဝတ္ထုတို ုံပြင်ကမ္ဘာ #ပုံပြင် ုံပြင် #ဖြစ်ရပ်မှန် #ပရလော #ဖြစ်ရပ်မှန် #ဝတ္ထုတို .

10/10/2025

"ပျောက်ဆုံးသွားသော ဖိနပ် " (စ/ဆုံး)*******

#ဖြစ်ရပ်မှန် #ပရလောက

(၁)" ပျောက်ဆုံးသွားတော့ဖိနပ် " (စ/ဆုံး) *******ကျွန်တော့်နာမည် အောင်ကျော်။ မြို့ကြီးပြကြီးကနေအဝေးတစ်နေရာမှာရှိတဲ့ နယ်မြိ...
10/09/2025

(၁)" ပျောက်ဆုံးသွားတော့ဖိနပ် " (စ/ဆုံး) *******

ကျွန်တော့်နာမည် အောင်ကျော်။ မြို့ကြီးပြကြီးကနေအဝေးတစ်နေရာမှာရှိတဲ့ နယ်မြို့လေးတစ်မြို့ရဲ့ အထက်ကျောင်းတစ်ကျောင်းမှာ ကျောင်းအုပ်ဆရာကြီးတစ်ယောက်ပါ။ ဒီမြို့လေးကတိတ်ဆိတ်အေးချမ်းပြီးသာယာပေမယ့် ကျွန်‌တော့်စိတ်ထဲမှာတော့ တစ်မျိုးကြီးခံစားရတယ်။ အထူးသဖြင့် ကျွန်တော်နေထိုင်ရာကျောင်းဝင်းထဲက ဆရာအိမ်ဟောင်းကြီးဟာ ကျွန်တော့်စိတ်ထဲမှာ ထူးဆန်းတဲ့ခံစားချက်တွေပေးစမြဲပါ။

ဒီအိမ်ကြီးကို ကျွန်တော် ပြောင်းလာပြီးမကြာခင်မှာပဲထူးဆန်းတဲ့အဖြစ်အပျက်တွေ စကြုံရတော့တာပါပဲ​။ ကျွန်တော့်ဖိနပ်တွေအမြဲပျောက်နေတတ်တယ်။ အစကတော့ကျွန်တော်ပဲ မေ့မေ့လျော့လျော့နဲ့ ဘယ်နားထားမိမှန်းမသိတာလို့ထင်နေခဲ့တယ်။ ဒါပေမဲ့ခဏခဏဖြစ်လာတော့တစ်ခုခုတော့မဟုတ်တော့ဘူးလို့သံသယဝင်လာမိတယ်။

တစ်ခါကဆို ကျွန်တော်စီးနေကျရုံးတက်ဖိနပ်တစ်ရန်လုံးပျောက်သွားလို့ကျောင်းကို ဖိနပ်မပါဘဲသွားရတဲ့အထိပါပဲ။​ အိမ်မှာဘယ်လောက်ပဲရှာရှာမတွေ့ဘူး။ နောက်ဆုံးတော့ ကားထဲမှာချန်ထားမိတာဖြစ်မယ်ဆိုပြီးတော့ကိုယ့်ကိုယ်ကိုဖြေသိမ့်ခဲ့တယ်။

နောက်နေ့မနက်မှာတော့ ကျွန်တော့်ရဲ့အားကစားဖိနပ်တစ်ရန်လုံးပျောက်သွားတယ်​။ အဲ့ဒီဖိနပ်ကကျွန်တော်အသစ်ဝယ်ထားတာဆိုတော့ ပိုပြီးနှမြောမိတယ်။ အိမ်ထဲက ဘယ်နေရာမှာမှမရှိဘူး။ တံခါးတွေ၊ပြတင်းပေါက်တွေလည်းအားလုံး လုံခြုံစွာပိတ်ထားရဲ့သားနဲ့ဘယ်သူကများ ကျွန်တော့်ရဲ့ဖိနပ်တွေကိုလာယူနေတာလဲဆိုတာကတော့ကျွန်တော်နားမလည်နိုင်တော့ဘူး။

တစ်နေ့ ညဘက်မှာ ကျွန်တော်အိပ်မပျော်ဘူး။​ ဘာရယ်မဟုတ် အိပ်ခန်းပြတင်းပေါက်ကနေပြီးတော့အပြင်ဘက်ကိုငေးကြည့်နေမိတယ်။ အဲ့ဒီအချိန်မှာပဲကျွန်တော့်ရဲ့အားကစားဖိနပ်တစ်ဖက်ကအလိုလိုလျှောက်သွားနေတာကို လှစ်ခနဲတွေ့လိုက်ရတယ်။ ကျွန်တော် မျက်လုံးပွတ်ပြီး ပြန်ကြည့်လိုက်တော့ ဘာမှမရှိတော့ဘူး။ ဒါဟာ ကျွန်တော် အမြင်မှားတာဖြစ်မယ်လို့ပဲတွေးလိုက်မိတယ်။

ဒါပေမဲ့ နောက်နေ့မနက် အိပ်ရာကနိုးလာတော့ ကျွန်တော့်ရဲ့ ဖိနပ်ပျောက်ကိစ္စကိုပိုပြီးသေချာသွားစေမယ့်အရာတစ်ခုကိုတွေ့လိုက်ရတယ်​။ ကျွန်တော့်ရဲ့အားကစားဖိနပ်တစ်ဖက်က အိမ်ရှေ့လှေကားထိပ်မှာ အစုတ်အပြတ်ဖြစ်နေတဲ့ ပုံစံမျိုးနဲ့ ပြန်ရောက်နေတယ်။ ဖိနပ်မှာ မြေကြီးတွေ၊ မြက်စိမ်းတွေ ကပ်နေပြီး ကြိုးတွေကလည်း ပြေလျော့နေတယ်။ အံ့သြစရာကောင်းတာက ဖိနပ်ရဲ့အောက်ခြေမှာ သွေးစွန်းနေတာကို တွေ့လိုက်ရတယ်။ ကျွန်တော် ကြောက်လန့်တကြားနဲ့ ထိုဖိနပ်ကိုကောက်ယူပြီးတော့အမှိုက်ပုံးထဲကိုပစ်ထည့်လိုက်တယ်။

ဒီအဖြစ်အပျက်တွေဖြစ်ပြီးတော့နောက်ပိုင်း ကျွန်တော် စိတ်ထဲမှာ မတင်မကျတွေဖြစ်လာတယ်။​ ကျောင်းက သက်တမ်းရင့် ဆရာတစ်ဦးကို ဒီအိမ်အကြောင်းမေးကြည့်တော့ ဆရာက မျက်နှာပျက်သွားပြီး...

​"ဆရာကြီး...ဒီအိမ်က ရှေးတုန်းက ကျောင်းအုပ်ဆရာကြီးတစ်ယောက်နေခဲ့တာ။ သူ့မိသားစုက တော်တော်ကို ဆင်းရဲတယ်။ သူက ကျောင်းအုပ်ကြီးဖြစ်ပေမဲ့ ဖိနပ်ကောင်းကောင်းတစ်ရန်တောင် မပိုင်ဘူး။ နောက်ဆုံးတော့ သူ့မိန်းမက ရန်ကုန်ကိုသွားပြီး သူ့အတွက် ဖိနပ်အသစ်တစ်ရန်ဝယ်လာပေးတယ်။ အဲ့ဒီဖိနပ်ကို စီးပြီး လာတဲ့နေ့မှာပဲ သူ ကားတိုက်ခံရပြီးဆုံးသွားတာ။ သူ့ရဲ့ဖိနပ်တစ်ဖက်က အဲ့ဒီ နေရာမှာပဲ ကျန်ခဲ့တယ်လို့ပြောတာပဲ။ ကျန်တစ်ဖက်ကိုတော့ သူ့မိန်းမက အမှတ်တရ သိမ်းထားတယ်လို့ပြောတယ်"။

ဆရာရဲ့စကားကိုကြားပြီး ကျွန်တော် တုန်လှုပ်‌ေခြာက်ခြားသွားတယ်။​ ကျွန်တော့်ပျောက်ဆုံးနေတဲ့ ဖိနပ်တွေနဲ့ ဒီအိမ်ဟောင်းကြီးရဲ့ဆရာဟောင်းကြီးဟာတစ်ခုခုတော့တိုက်ဆိုင်နေမှန်းသေချာနေလေပြီ။

အဲ့ဒီညမှာ ကျွန်တော်အိမ်မပြန်ရဲတော့ဘူး။​ ကျောင်းက ဘော်ဒါဆောင်မှာပဲ ကျောင်းသားတွေနဲ့ ညအိပ်လိုက်တယ်။ မနက်ရောက်တော့ အိမ်ကိုပြန်လာပြီး ကျောင်းအုပ်ဆရာကြီးဟောင်းရဲ့ အမှတ်တရဖိနပ်တစ်ဖက်ကို ဘယ်နေရာမှာထားခဲ့လဲဆိုတာ အိမ်ဟောင်းကြီးပတ်ပတ်လည်မှာ လိုက်ရှာကြည့်တော့ ခြံအပြင်နားမှာရှိတဲ့ သစ်ပင်ကြီးတစ်ပင်ရဲ့အောက်‌ခြေမှာ ရှေးဟောင်းဖိနပ်တစ်ဖက်ကို တွေ့လိုက်ရတယ်။ ဖိနပ်မှာ‌ သွေးတွေ ေခြာက်ကပ်နေပြီး ဖိနပ်ရဲ့ပုံစံက ကျွန်တော့်ရဲ့ ပျောက်ဆုံးသွားတဲ့ဖိနပ်တွေရဲ့ ပုံစံနဲ့အတော်လေး ဆင်တူနေတယ်။

ကျွန်တော်လည်း အဲဒီဖိနပ်ကိုယူပြီး ကျောင်းအုပ်ဆရာကြီးဟောင်းရဲ့ မိန်းမဆီကိုသွားပို့ပေးလိုက်တယ်။​ အ‌‌ဒေါ်ကြီးက ဖိနပ်ကိုမြင်တော့ "ဒါ ငါယောက်ျားရဲ့ဖိနပ်... ဒီဖိနပ်တစ်ဖက်ကို ငါဘယ်လောက်ရှာရှာ မတွေ့ဘူး။ အခုမှ ပြန်တွေ့ရတာငါဝမ်းသာလိုက်တာ" လို့ ပြောရင်းငိုနေလေတယ်။

ကျွန်တော်လည်း အဖြစ်အပျက်အားလုံးကို အဒေါ်ကြီးအား ပြောပြလိုက်တော့ အဒေါ်ကြီးက "သူ့ဝိညာဥ်က အဲ့ဒီဖိနပ်ကိုအရမ်း စွဲလမ်းနေတာ။ အဲ့ဒီဖိနပ်တစ်ဖက်ကိုမတွေ့တော့ သူစိတ်မချမ်းသာဘဲ သူများဖိနပ်တွေကိုလိုက်ယူနေတာဖြစ်လိမ့်မယ်" လို့ဆိုတယ်။

အ‌ေဒါ်ကြီးက ကျန်တစ်ဖက်ကို သိမ်းထားတဲ့ဖိနပ်နဲ့ ပြန်ပေါင်းစပ်ပြီးတော့ ဘုရားစင်ရှေ့မှာထားပြီးအမျှအတန်းပေးဝေခဲ့ပါတယ်။​ အဲ့ဒီနေ့ကစပြီးတော့ ကျွန်တော့် ဖိနပ်တွေလည်းထပ်မ‌ေပျာက်တော့သလို အိမ်ထဲမှာလည်း ထူးဆန်းတဲ့အဖြစ်အပျက်တွေကို လုံးဝမကြုံရတော့ပါဘူး။

ပျောက်ဆုံးသွားတဲ့ ဖိနပ်တစ်ရန်အတွက် အစွဲအလမ်းကြီးခဲ့တဲ့ ဝိညာဉ်တစ်ပါးရဲ့ မကျေနပ်မှုဟာ ကျွန်တော့် ဘဝမှာ ဘယ်တော့မှ မမေ့နိုင်တဲ့ ထိတ်လန့်စရာ အမှတ်တရတစ်ခုအဖြစ် ကျန်ရစ်ခဲ့ပါတော့တယ်..........။​

( ရေးသားတင်ဆက်သူ....သက်အောင်စင်)

( မူရင်းတင်တဲ့ ပေ့လ်အထိလာပီး follow ပေးကြတဲ့ သူတွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ..🇲🇲🇲🇲🙏🙏

နေ့စဉ် ဖြစ်ရပ်မှန်ကို ဖတ်ရှုရမှာပါ။

ပေ့လ်ကို follow မလုပ်ရသေးတဲ့သူတွေလည်း လာပီး follow လေးနဲ့ လာအားပေးကြပါအုံးဗျာ ကျေးဇူးတင်ပါတယ် 🙏🙏🙏🇲🇲🇲🇲🇲🇲 )
#ပရလော #ဖြစ်ရပ်မှန် #ဝတ္ထုတို .

Address

New York, NY

Alerts

Be the first to know and let us send you an email when Thet Aung Sin. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thet Aung Sin.:

Share