Uncle pyae phyo ကိုယ်ပြု့တဲ့ကံ
ပဲ့တင်သံ
ကို့ထံပြန်လာမည်

22/02/2026

#အဖွားပြောတာမှန်တာပဲ ေးနှိပ်ခဲ့အုံးနော် 😘😘😘

21/02/2026

#အဖွားနဲ့အဖိုးကိုသင်ခန်းစာ #ယူနော်😀 😁😁😀😀😀 ေးနှိပ်ခဲ့အုံးနော် #

29/05/2025
07/09/2024

#နတ်ပြည်ကအစည်းဝေးပွဲမှာ
တင်ပြဖို့အတွက် ကိုယ်စောင့်နတ်များ
ယူဆောင်သွားတဲ့ လူပြည်က လူ့ သတင်း များ

နတ်တွေဟာနေ့စဉ် အစည်းအဝေးလုပ်တဲ့အခါလူ့ပြည်မှာ လူတွေ ဘာတွေလုပ်လဲဆိုတာမိမိရဲ့ကိုယ်စောင့်နတ်က တင်ပြပေးရတယ်။

အဲထဲမှာ ကုသိုလ်တကာ့ ကုသိုလ်ထဲတွင်အမြင့်ဆုံးဖြစ်သော ဝိပဿနာကျင့်ကြံ့အားထုတ်သူကိုမြေစောင့်နတ် ရေစောင့်နတ် တောစောင့်နတ် နတ်အမျိူးမျိူးက အင်မတန်စောင့် ရှောက်ပေးရတယ်။စောင့် ရှောက်မပေးရင် အထက်ကနတ်မင်းကြီးတွေက အပြစ်ပေး ဒဏ်ခံရတယ်။

အရင်ကလည်းပြောဖူးတယ် မနက်ဖြန်မှာကမ္ဘာကြီးနဲ့ ဂြိုလ်တခုခုဝင်တိုက်ပြီးပျက်စီးမယ်ဆိုပါစို့။

လူတယောက်ယောက်ကများ အရိယာပုဂ္ဂိုလ်ဖြစ်ရမယ်ဟုတရားတွေကျင့်ကြံ့နေရင် ကမ္ဘာပျက်မဲ့နေ့ကိုနတ်တွေဗြဟ္မာတွေက ရက်ရွေ့ပေးရတယ်။အဲလူဟာ အရိယာဖြစ်မှပဲ ကမ္ဘာကြီးက ပျက်ပေးရတယ်။

ဘုရားရှင်ခေတ်တုန်းကလည်း သံဃာတပါးကဝိပဿနာအားထုတ်နေရင်း မကြာခင် ရဟန္တာဖြစ်တော့မဲ့အချိန်အခါဖြစ်လေသည်မွန်းလွဲပြီးမှ ရဟန္တာဖြစ်ရင်ဆွမ်းမစားလိုက်ရမှာဆိုးလို့ နေနတ်သားကြီးကနေကို ရပ်တန့်ပေးထားပြီး ရဟန္တာဖြစ်မှပဲ မွန်းလွဲပေးရတဲ့အထိ့ စောင့်ရှောက်ပေးကြတယ်။

ယနေ့ခေတ်မှာလည်း တကယ်တရားကျင့်နေတဲ့မဟာ
ဗောဓိမြိုင်ဆရာတော်ကြီးဆိုရင်နတ်သားနတ်သမီးတွေက လာလာဖူးကြသတဲ့။အရိယာပုဂ္ဂိုလ်ဖြစ်မဖြစ်ကို အသာထားဦးဝိပဿနာတကယ်ကျင့်နေလျင်ပင်သင့်အနီးအနားမှရှိတဲ့ ဘုမ္မစိုး ရုက္ခစိုး ရွာစောင့်နတ်တွေ နယ်စောင့်နတ် နတ်အမျိုးမျိုးတွေကသင့်ကို စောင့်ရှောက်ကယ်တင်ပေးရတယ်သင်ဒုက္ခရောက်ရင် လာကူညီပေးရတယ်။

အခြားကုသိုလ်တွေ လုပ်ရင်လည်း စောင့်ရှောက်ပါတယ်သို့သော် သင်ဟာ နတ်တွေကို အမျှပေးဝေဦးမှအမျှဝေလည်း နတ်တွေဟာ သာဓုခေါ်နိုင်ဦးမှဖြစ်သည်။

နတ်တပါးက ကြားရင် သင့်ကို တပါး စောင့်ရှောက်.မယ်သို့သော် အဲ့နတ်က သင်ဘယ်သွားသွား
အမြဲတမ်းတော့ စောင့်ရှောက်နိုင်မှာ မဟုတ်။ဝိပဿနာအားထုတ်သူကြတော့ တလောက လုံးမှာရှိတဲ့နတ်တွေက သင်ဘယ်သွားသွား စောင့်ရှောက်ပေးရတယ်။

သင်မနောစိတ်က ဘာလိုချင်လဲ ဥပမာ အစားအစာဖို့ အခက်အခဲဖြစ်နေလျင်ပင်နတ်တွေက လူရောင်ဖန်ဆင်းပြီးဆွမ်းလာကပ်တဲ့အထိ အင်မတန်စောင့်ရှောက်ကြတယ်။

🙏🙏🙏🙏🙏
(ပါမောက္ခချုပ်ဆရာတော်ကြီး)
ဒေါက်တာနန္ဒမာလာဘိဝံသ
တရားတော်များမှ

Credit..

#အရှင်ကိတ္တိသာရ မှ
ဓမ္မဒါနအဖြစ်ပြန်လည်မျှဝေပါသည်

22/08/2024

သေခါနီးကာလ ... စဉ်းစားကြည့်စမ်း
မိမိအင်မတန် ချစ်မြတ်နိုးနေတဲ့ ခန္ဓာအိမ် ၊ မိမိ အင်မတန် ချစ်မြတ်နိုးနေတဲ့ သားငယ် သမီးငယ် ဇနီးငယ် မြေးငယ် ပစ္စည်းတွေ
နောက်ဆုံး ဘယ်တော့မှ မတွေ့ကြရတော့ဘူး
တစ်ယောက်နဲ့ တစ်ယောက် ခွဲရတော့မယ် ...
အခု ခဏလေး ခွဲတာတောင်မှ ဘယ်လို ဖြစ်နေလဲ ... ?
ဟိုမှာ
နောက်ထပ် ဘယ်တော့မှ မတွေ့သော ခွဲခြင်းဖြင့် ခွဲရတော့မယ် .....
အဲဒီ အချိန်မှာ ဝမ်းမနည်း ဘူးလား ?
ဝမ်းနည်းတယ်
ဝမ်းနည်းတယ်
အဲဒီမှာ
ဒီ ဓာတ်ကို နိုင်အောင် နှိမ်နှင်းနိုင်တဲ့ စွမ်းအားတွေက ကြိုတင်ပြင်ဆင်မှု မရှိရင် မဖြစ်နိုင်ဘူး
အဲဒီ အခါကျမှ ဝမ်းနည်းနေတဲ့ စိတ်နဲ့ ဘဝကို အဆုံးသတ်သွားခဲ့ရင် .....
သမ္မောဟ မရဏ လို့ခေါ်တယ် .. တွေတွေ ဝေဝေ နဲ့ ဘဝကို အဆုံးသတ်ရတယ် မည်တယ်။
ဒီထက်ပိုဆိုးတာက ... မကောင်းတဲ့ ဒုစရိုက် အမျိုးမျိုးတွေကို လွန်ကျူးခဲ့ဘူးတယ် .. မကောင်းတဲ့ အကုသိုလ် အမျိုးမျိုးတွေကို လွန်ကျူးခဲ့ဘူး တဲ့ အတွက် ထို ပုဂ္ဂိုလ် သေခါနီးကာလမှာ
မကောင်းတဲ့ နိမိတ်တွေ ထင်လာပြီဆိုတဲ့ အခါကျမှ
ဝမ်းနည်းကြေကွဲပြီး ဘဝကို အဆုံးသတ်ခဲ့ရရင်
ဒီပုဂ္ဂိုလ်ရဲ့ သေနည်းဟာလည်း
သမ္မောဟ မရဏ ပဲ။
နောက်တစ်နည်းက အဲဒီ ပုံစံမျိုးတော့ မရှိဘူး
ဒါပေမယ့် သေခါနီးမှာ အားကိုးရာ တစ်ခု ရှာဖွေတယ် ... သီလပိုင်း ကြည့်လိုက်တော့လည်း အားမကိုးရ ... သမာဓိကြည့်လိုက်တော့လည်း အားကိုးလို့ မရ ... ပညာပိုင်း ကြည့်လိုက်တော့လည်း အားကိုးလို့ မရ
ဘာမှပြန်ပြီး တရားတွေက နှလုံးသွင်းလို့က မရတော့ ဘာဖြစ်လာလဲ ?
ပူပန်သောကတွေ ဖြစ်လာပြီ
အဲဒီလိုနဲ့ ဘဝကို အဆုံးသတ်ရရင်လည်း
ဒါလည်း သမ္မောဟ မရဏ ပဲ ။
အဲဒီလို သမ္မောဟ မရဏ နဲ့ သေခဲ့ရင်တော့
ကောင်းရာ သုဂတိ ရောက်ပါ့မလား ?
မရောက်တော့ဘူး ။
မိမိတို့ ကောင်းရာ သုဂတိ ရောက်မယ်ဆိုရင် ရောက်နိုင်တဲ့ နည်းကောင်း လမ်းကောင်း စနစ်ကောင်းကြီးတွေ ရှိရဲ့သားနဲ့
ဒီ မိမိအတွက် အရေးကြီးတဲ့ လုပ်ငန်းခွင်တွေကို မလုပ်ပဲ
သူတပါးအတွက် သားအတွက် သမီးအတွက် ဇနီးအတွက် မြေးအတွက် ဘဝကို အချိန်တွေ အများကြီး အသုံးချနေကြမယ် ဆိုရင်
အဲဒီလို ပုဂ္ဂိုလ်လောက် မိုက်တဲ့ ပုဂ္ဂိုလ် ရှိဦီးမလား?
မရှိတော့ဘူး !
သတိထားကြပါ ။

#ကျေးဇူးတော်ရှင် ဖားအောက်တောရဆရာတော်ကြီး 👏👏👏

#ကောင်းမှုတစ်ခုနေ့စဥ်ပြုပါ
❝ သဗ္ဗဒါနံ_ဓမ္မဒါနံ_ဇိနာတိ ❞ အလှူအားလုံးတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။
❝ ဓမ္မစကား_နေ့တိုင်းကြားက_စိတ်ထားဖွေးမြတ်_သိဉာဏ်ထက်၏။ ❞
#မူရင်း Post ပိုင်ရှင်အားကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်။🙏🏻

05/06/2024

တချို့လူတွေက မိဘတွေကို ဘယ်တော့မှ စကားကောင်းကောင်း မပြောတတ် ဒါပေမယ့် အခြားသူနဲ့ကျ
ကိုယ့်ကိုကိုယ်နှိမ့်ချကြတယ်

တစ်ချို့လူတွေက မိဘတွေနဲ့ တွန့်တိုတွန့်တိုတတ်ပေမယ့် သူငယ်ချင်းအ‌ပေါင်းဖော်တွေနဲ့ကျတော့ ယှက်ရောတယ် ဘယ်လောက်ကုန်ကုန်

လူအချို့က မိဘကို ဝန်ထုပ်ဝန်ပိုးအဖြစ် ရှုမြင်ကြတယ် ဒါပေမယ့် တခြားသူတွေနဲ့တော့ အနစ်နာခံနိုင်တယ်။

မိဘတွေကို ချစ်တယ်လို့ ပြောရတာ ရှက်စရာလို့ တချို့က ထင်ကြတယ်။ ဒါပေမယ့် တခြားလူတွေနဲ့တော့ ချိုသာတဲ့စကားတွေ အမျိုးမျိုးပြောလို့နေတယ်

လူအချို့က မိဘများ၏ စိုးရိမ်ပူပန်မှုကို စိတ်အနှောင့်အယှက်အဖြစ် ရှုမြင်ကြတယ် ဒါပေမယ့် ကိုယ်မသိတဲ့လူဆီက စိုးရိမ်ပူပန်မှုကိုပြေးရှာကြတယ်။

တစ်ချို့လူတွေက သူတို့အတွက် အရာရာတိုင်းကို လုပ်ပေးခဲ့တဲ့ မိဘတွေကို ကျေးဇူးတင်တယ်လို့ ဘယ်တော့မှ မပြောခဲ့ဘူး ဒါပေမယ့် တခြားလူတွေက နည်းနည်းလေး ကောင်းတာလုပ်‌ပေးရင် ကျေးဇူးအရမ်းတင်ကြတယ်။

တစ်ချို့လူတွေက မိဘတွေ ဘယ်လောက်ဝမ်းနည်းကြေကွဲရတယ်ဆိုတာ ဘယ်တော့မှ ဂရုမစိုက်ဘူး။ ဒါပေမယ့် တစ်လောကလုံးရဲ့ ခံစားချက်တွေကို အရမ်းဂရုစိုက်နေတယ်

အဲဒါကို မှတ်ထားပါ!! တစ်ကမ္ဘာလုံးက မင်းကို ကျောခိုင်းရင်တောင် နားလည်ဖို့ အဆင်သင့်ဖြစ်မယ့်သူ နှစ်ယောက်ပဲရှိ
တယ် အဲ့ဒါမိဘပဲ ပြီးတော့ မင်းကိုဘယ်သူမှမချစ်‌
တော့တဲ့နေ့မှာမင်းကိုထာ၀ရချစ်‌နေမှာ❤️.....

မင်း ပြုစုစောင့်ရှောက်ဖို့ မိဘမရှိတဲ့အချိန်မှ သို့မဟုတ် မင်းချစ်ဖို့ အမေအ‌ဖေမရှိတဲ့‌နေ့မှ ဒီအ‌ကြောင်းတွေ တွေးတက်ပြီးမဖြစ်ပါစေနဲ့ နောင်တရလိမ့်မယ်

#မိဘအားကိုးရသောသားသမီးများဖြစ်ကြပါစေ🙏

မိဘကိုချစ်သူတိုင်းဒီစာအားShare မျှဝေပေးပါ❤️

:

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Uncle pyae phyoผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์