02/09/2025
UFC ရဲ့ ဂန္ထဝင်ကြီးတွေတောင် "မြန်မာ" အကြောင်းပြောနေကြပြီ🥰
-------------
ဗန် က ကမ္ဘာ့အကောင်းဆုံး ပရိုမိုးရှင်း UFC စင်မြင့်ထက်မှာ မြန်မာကိုယ်စားပြုပြီး ၊ မြန်မာ့အလံကြီး တကားကားနဲ့ လွှင့်ထူပြတော့ တစ်ကမ္ဘာလုံးက "မြန်မာ" ဆိုတဲ့ ဝေါဟာရကို ရင်းနှီးနေကြပါပြီ။
ကမ္ဘာကျော်ဖိုက်တာတွေ ၊ MMA လောက က မီဒီယာသမားတွေ ၊ ဖန်တွေ အကုန်အစုံပါပဲ။
အခုတော့ နိုင်ငံတကာမှာ ပီပီသသထွက်ဖို့ ခဲရင်းတဲ့ "မြန်မာ" ဆိုတဲ့ အသံထွက်တောင် အတော်ကြီး ပီပြင်လာနေပါပြီ။
ပြီးခဲ့တဲ့လ က UFC ရဲ့ ဂန္ထဝင် ချန်ပီယံဟောင်းကြီးတွေ ဖြစ်တဲ့ DJ နဲ့ DC တို့ မျက်နှာချင်းဆိုင်ပြီး စကားစမြည်တွေ ပြောကြပါတယ်။
အဲဒီမှာ လာမယ့် ကာလတစ်ခုအတွင်း အမေရိကား ကိုယ်စားပြု ချန်ပီယံတွေ ပေါ်လာနိုင်သေးတဲ့ အကြောင်း ပြောဆိုကြရာ DJ က လောလောဆယ် ချန်ပီယံခါးပတ် စိန်ခေါ်ခွင့်ရထားတဲ့ ဆန်ဟေဂန် ၊ ဂျော့ရှုအာဗန် တို့ အကြောင်း ထည့်ပြောပါတယ်။
UFC မှာ Commentator လုပ်နေတဲ့ ဒန်နီရယ် ကော်မီရာ (DC) ကြီးက "ဗန် က မြန်မာ က ၊ အမေရိကားက မဟုတ်ဘူး။ မြန်မာ အကြောင်း မသိဘူးလား" ဆိုပြီးတောင် ပြောတာပါ။
သူတို့ပြောတာတော့ အမှတ်တမဲ့ ပေါ့ပေါ့ပါးပါး ပါပဲ။
ဒါပေမယ့် ကိုယ့်နိုင်ငံအကြောင်း ၊ ကိုယ့်နိုင်ငံရဲ့ နာမည်ကို ပီပီသသကြီး ပြောနေတော့ ကျေနပ်တာပေါ့ဗျာ။
ကျေးဇူးတင်ပါတယ် ချင်းလေးရေ.....
#မူရင်းရေးသားသူအားCrd