Celo Sarpay မင်္ဂလာပါ!
ဘဝလမ်းမှ ဘဝခွန်အားတိုစာပေ နှင့် ဗဟုသုတများ Motivation, History Of Myanmar,
Knowledge များတင်ဆက်ပေးပါသည်။

This Page knowledge Shareing and History of Worldwide.

28/10/2025

ချစ်သူရှိတဲ့သူတွေ
#ဗဟုသုတရသစာပေများ #ဗဟုသုတ #ဘဝခွန်အား

ကိုယ့်စိတ်က မယူရင်ဘယ်အရာမှ မပူလောင်ဘူးကိုယ့်စိတ်ကြောင့် ကိုယ့်အတွေးတွေကိုအနှောင့်အယှက်မဖြစ်စေပါနဲ့။ ဓားတစ်လတ်ထက်အတွေးတစ်...
26/10/2025

ကိုယ့်စိတ်က မယူရင်
ဘယ်အရာမှ မပူလောင်ဘူး
ကိုယ့်စိတ်ကြောင့် ကိုယ့်အတွေးတွေကို
အနှောင့်အယှက်မဖြစ်စေပါနဲ့။
ဓားတစ်လတ်ထက်
အတွေးတစ်စကြောင့်သာ
လူကိုပို သေစေနိူင်တယ်
အဲ့ဒီအတွေးတွေ ဖြစ်လာဖို့
ကိုယ့်စိတ်ကို ထိန်းချုပ်နိူင်မှသာဖြစ်မှာပါ။
ဘယ်သူတွေ ဘာပြောနေတယ်
ဘယ်သူတွေ ဘာလုပ်နေတယ်
ဆိုတာထက် ကိုယ့်လုပ်ရပ်အပေါ်
ကိုယ်လိပ်ပြာသန့်နေရတယ်။
တန်ပြန်သက်ရောက်ပြီး
မှန်လိုကျင့်နေသမျှတော့
သူကောက်ကျစ်တိုင်း ကိုယ်ကောက်ကျစ်နေရမယ်
သူရက်စက်တိုင်းကိုယ်ရက်စက်နေရမယ်
နောက်ဆုံး သူ့အကုသိုလ်အရိပ်က
ကိုယ့်နောက်ကိုပါ ကူးပြီးလိုက်လာတတ်တယ်။
ဒါကြောင့် လူတစ်ယောက်ကို
အနိူင်ယူဖို့ စကားလုံးတွေ နဲ့နစ်နစ်နာနာပြောပြီး
အရှက်သိက္ခာ မဲ့နေဖို့မလိုဘူး
ကိုယ့်စိတ်ထဲ က ထုတ်ထားလိုက်ရင်
အလိုလိုပျောက်သွားပါလိမ့်မယ်
#လူငယ် #မေတ္တာ #ဗဟုသုတရသစာပေများ

အလှဆိုတာ ခန္ဓာကိုယ်မှာ မရှိပါဘူး။ လူသားရဲ့ ကောင်းမြတ်တဲ့လုပ်ရပ်တွေ၊ ကောင်းမွန်တဲ့အတွေးတွေ၊ နူးညံ့တဲ့စကား၊ ယဉ်ကျေးတဲ့အပြု...
26/10/2025

အလှဆိုတာ ခန္ဓာကိုယ်မှာ မရှိပါဘူး။ လူသားရဲ့ ကောင်းမြတ်တဲ့လုပ်ရပ်တွေ၊ ကောင်းမွန်တဲ့အတွေးတွေ၊ နူးညံ့တဲ့စကား၊ ယဉ်ကျေးတဲ့အပြုအမူနဲ့ ကောင်းမွန်တဲ့ အလေ့အထတွေကသာ အလှတရားဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အပြင်ပန်းသဏ္ဍာန်ဆိုတာ အချိန်နဲ့အမျှ ပြောင်းလဲသွားနိုင်ပေမယ့် လူတစ်ယောက်ရဲ့ အလှတရားဆိုတာ သူ့ရဲ့ကောင်းမြတ်မှုနဲ့ ယဉ်ကျေးမှုတွေ ပဲဖြစ်တယ်။ ဒါတွေကသာ တစ်သက်လုံး သင့်နဲ့အတူရှိနေမှာပါ။
#မေတ္တာ #လူငယ် #ဗဟုသုတ #စစ်မှန်သောအလှတရား

"ကိုယ်" ဘယ်လောက်ပဲအဖိုးတန်တဲ့လူတစ်ယောက်ဖြစ်နေပါစေတန်ဖိုးသိသူနဲ့ တွေ့မှတန်ဖိုးထားခံရမှာပါ။"ကိုယ်" ဘယ်လောက်ပဲပေးဆပ်ခဲ့တဲ့ ...
25/10/2025

"ကိုယ်" ဘယ်လောက်ပဲ
အဖိုးတန်တဲ့လူတစ်ယောက်ဖြစ်နေပါစေ
တန်ဖိုးသိသူနဲ့ တွေ့မှတန်ဖိုးထားခံရမှာပါ။
"ကိုယ်" ဘယ်လောက်ပဲ
ပေးဆပ်ခဲ့တဲ့ လူတစ်ယောက်ဖြစ်နေပါစေ
အလေးထားတဲ့သူနဲ့ တွေ့မှကိုယ့်ရဲ့ပေးဆပ်မှုဟာအရာထင်ပါလိမ့်မယ်။
"ကိုယ်" ဘယ်လောက်ပဲ
ရိုးသားနေပါစေ မှန်ကန်တဲ့
လူတစ်ယောက်နဲ့ ဆုံတွေ့နိုင်မှသာ
ကိုယ့်ရဲ့ ကောင်းသတင်းတွေဟာကျော်ဇောနိုင်မှာပါ ။
"ကိုယ်" ဘယ်လောက်ပဲ
အလျှော့ပေးတဲ့ လူတစ်ယောက်
ဖြစ်နေပါစေ ကိုယ့်အပေါ်
ညှာတာထောက်ထားတဲ့ လူတစ်ယောက်နဲ့
တွေ့မှ ဒါတွေကိုသိတတ်ခံစားနိုင်မှာပါ ။
တစ်ကယ်လို့ ကောင်းမွန်တဲ့
သူတွေနဲ့ မဆုံတွေ့ခဲ့ရဘူးဆိုရင်
ကိုယ့်ကိုယ်ကို ကောင်းမွန်စွာ
နေထိုင်သွားဖို့.....သတိပေးနေရင် ရပါပြီ။
#လူငယ် #မေတ္တာ #ဘဝသမား #ဆုံးမစကား

ကိုယ့်မိန်းမအပေါ် အပြစ်တွေသာမြင်နေတဲ့ ယောက်ျားတစ်ယောက်က သူမကို ဘယ်တုန်းကမှ တကယ် မချစ်ပါဘူး။ ကိုယ်မိန်းမပေါ် ချစ်ခင်ကြင်န...
25/10/2025

ကိုယ့်မိန်းမအပေါ် အပြစ်တွေသာမြင်နေတဲ့ ယောက်ျားတစ်ယောက်က သူမကို ဘယ်တုန်းကမှ တကယ် မချစ်ပါဘူး။
ကိုယ်မိန်းမပေါ် ချစ်ခင်ကြင်နာမှုရှိတဲ့သူက သူမကလွဲပြီး ကမ္ဘာပေါ်မှာ အခြားဘယ်သူ့ကိုမှ မချစ်နိုင်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အကျင်နာတရားရှိတဲ့ မျက်လုံးက ကောင်းတဲ့အရာနဲ့ ဆိုးတဲ့အရာ ခွဲခြားတတ်ပါတယ်။
ကိုယ့်ဇနီးမယားအပေါ် အပြစ်ပဲမြင်နေတတ်တဲ့သူဟာ သူမရဲ့တန်ဖိုးကို ဘယ်သောအခါမှ နားလည်နိုင်မှာမဟုတ်သလို ဘယ်တော့မှလည်း ချစ်လာမှမဟုတ်ပါဘူး။
ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကိုယ်ဇနီးမယားပေါ် အကြင်နာစိတ်နဲ့ အမြဲကောင်းမြင်တတ်တဲ့သူဟာ သူမရဲ့အမျိုးမျိုးသောအချက်တွေထဲမှာ အမြဲချစ်ခြင်းမေတ္တာကို တွေ့ရှိနေတတ်ပါတယ်။ ဒီလိုအိမ်ထောင်ရေးမျိုးဟာ အချိန်နဲ့အမျှ ပိုမိုခိုင်မာလာတတ်ပါတယ်။
#မေတ္တာ #ဗဟုသုတ #ဘဝအောင်မြင်ရေး #ချစ်ခြင်း၏အမြင်

မိန်းကလေးတွေ ငိုတဲ့အခါ ပါးစပ်ကိုလက်နဲ့အုပ်ပြီး ငိုတတ်ကြတယ်။ ယောက်ျားလေးတွေ ငိုတဲ့အခါ မျက်လုံးပေါ်လက်တင်တတ်ပါတယ်။ ဒါဟာ သဘ...
24/10/2025

မိန်းကလေးတွေ ငိုတဲ့အခါ ပါးစပ်ကိုလက်နဲ့အုပ်ပြီး ငိုတတ်ကြတယ်။
ယောက်ျားလေးတွေ ငိုတဲ့အခါ မျက်လုံးပေါ်လက်တင်တတ်ပါတယ်။
ဒါဟာ သဘာဝက ပြောနေတဲ့အချက်ပါ။
မိန်းကလေးတွေရဲ့ အပြစ်အများစုက နှုတ်ကနေ ဖြစ်တတ်ပြီး၊
ယောက်ျားလေးတွေရဲ့ အပြစ်က မျက်လုံးကနေ ဖြစ်တတ်လို့ပါ။
#ဗဟုသုတ #ဘဝသမား #မျက်ရည်

အချိန်က မျက်နှာလွှဲသွားတဲ့အခါ ခြင်္သေ့ကိုတောင် ခွေးတွေဝိုင်းဟောင်တတ်ကြတယ်။ ဒါပေမယ့် တစ်ခုသိထားရမှာက ခင်ဗျားမှာအပြစ်မရှိဘ...
24/10/2025

အချိန်က မျက်နှာလွှဲသွားတဲ့အခါ ခြင်္သေ့ကိုတောင် ခွေးတွေဝိုင်းဟောင်တတ်ကြတယ်။ ဒါပေမယ့် တစ်ခုသိထားရမှာက ခင်ဗျားမှာအပြစ်မရှိဘူး အခြေအနေက မျက်နှာသာမပေးသေးတာပါ။ မှန်ကန်တဲ့ အချိန်ဆီကိုရောက်ဖို့ အချိန်အနည်းငယ် ကြာတတ်ပါတယ်။
#ဗဟုသုတ #လူငယ် #ငွေရဲ့တန်ဖိုး #ဘဝသမား

ငွေကြေးစီမံ ခန့်ခွဲမှုဝင်ငွေ ထွက်ငွေကို မချိန်ဆဘဲပိုက်ဆံကို စည်းမဲ့ ကမ်းမဲ့ သုံးစွဲသူအများစုဟာငွေ ကြေး ကြပ်တည်းခြင်းဆိုတ...
23/10/2025

ငွေကြေးစီမံ ခန့်ခွဲမှု
ဝင်ငွေ ထွက်ငွေကို မချိန်ဆဘဲ
ပိုက်ဆံကို စည်းမဲ့ ကမ်းမဲ့ သုံးစွဲသူအများစုဟာ
ငွေ ကြေး ကြပ်တည်းခြင်းဆိုတဲ့ လမ်းကို
ရောက်မှန်း မသိ ရောက်ကြတော့တာပါပဲ။

သူများ သုံးတိုင်း လိုက်မသုံးနဲ့.....
ငွေကို သူများ ဘယ်လို ရှာသလဲ.သိအောင်လုပ်။

သူ့များထက် ကိုယ်က ငွေဘယ်လောက်
ပိုရှာလိုက်မယ်လို့တွေးပြီး လက်တွေ့
ရှာနိုင်အောင် ကြိုးစားပါ။

မရှာနိုင်ရင် သုံးချင်ရာသုံးဖို့ စိတ်မကူးနဲ့
ကြပ်တည်းခြင်း လမ်းစကို ရောက်သွားမယ်..။

ငွေကြေး ကြပ်တည်းခြင်းလမ်းစ ကိုရောက်သွားကြတဲ့
လူတွေ အများစုကလည်း-- အဲဒီလမ်းထဲက ပြန်မထွက်နိုင်ကြဘူး။
တစ်လ ပြီး တစ်လ လည်နေတော့တာပဲ။

အဲ ဒီ တော့
ကိုယ် ကိုယ်တိုင်... ဘယ်လမ်းကို ရောက်နေပြီလဲ….မေးပါ..။
ကြပ်တည်းခြင်း လမ်းကို မဝင်မိဖို့ သတိပြုပါ။
#လူငယ် #မေတ္တာ #ဗဟုသုတ #ဘဝသမား

တစ်စုံတစ်ယောက်ကို ပျော်ရွှင်စေဖို့အတွက် သင့်ကို နာကျင်အောင် လုပ်နေရတဲ့ လက်တွဲဖော်ဆိုရင် ချက်ချင်းဖြတ်လိုက်ပါ။ ဘဝလက်တွဲဖေ...
23/10/2025

တစ်စုံတစ်ယောက်ကို ပျော်ရွှင်စေဖို့အတွက် သင့်ကို နာကျင်အောင် လုပ်နေရတဲ့ လက်တွဲဖော်ဆိုရင် ချက်ချင်းဖြတ်လိုက်ပါ။ ဘဝလက်တွဲဖော် ဖြစ်ဖြစ် မိတ်ဆွေဖြစ်ဖြစ် သင့်ရဲ့ ပျော်ရွှင်မှုနဲ့ ဂုဏ်သိက္ခာကို စွန့်လွှတ်ရမယ်ဆိုရင် အဲဒါဟာ မိတ်ဆွေ မဟုတ်တော့ဘဲ အကျဉ်းကျနေသလို ဖြစ်နေပါလိမ့်မယ်။ အကျဉ်းထောင်ကနေ လွတ်မြောက်ဖို့ဟာ အကောင်းဆုံးဆုံးဖြတ်ချက်ပါပဲ။
#ဗဟုသုတ #မေတ္တာ

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့ကြိုးစားနေတဲ့ အမျိုးသမီးမို့နေရာတိုင်း မချိုသာနိုင်တာကိုတော့ နားလည်ပါ...လူတွေက သိပ်သဘောကော...
22/10/2025

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့
ကြိုးစားနေတဲ့ အမျိုးသမီးမို့
နေရာတိုင်း မချိုသာနိုင်တာကိုတော့
နားလည်ပါ...
လူတွေက သိပ်သဘောကောင်းလွန်းရင်
သူက သိပ်ကြင်နာတတ်တာဆိုပြီး
တွေးရမယ့်အစား...
သူက သိပ်အတာဆိုပြီး
လိမ်ဖို့ ညာဖို့လောက်တွေးကြတာမို့
စွာသင့်သလောက်စွာဖို့ လေ့ကျင့်ထားပါတယ်...
#လူငယ် #မေတ္တာ #ငွေရဲ့တန်ဖိုး #ဗဟုသုတ

မိန်းမတစ်ယောက် သိမ်မွေ့ခြင်းဟာ မပြောပလောက်တဲ့ ကိုယ်အမူအရာမှန်ပေမယ့် သိမ်သိမ်မွေ့မွေ့ နေတတ်တဲ့ အမျိုးသမီးအတွက် အဖေ အတွက်ရ...
22/10/2025

မိန်းမတစ်ယောက် သိမ်မွေ့ခြင်းဟာ မပြောပလောက်တဲ့ ကိုယ်အမူအရာမှန်ပေမယ့် သိမ်သိမ်မွေ့မွေ့ နေတတ်တဲ့ အမျိုးသမီးအတွက် အဖေ အတွက်ရော ခင်ပွန်းသည်အတွက်ပါ ဂုဏ်သိက္ခာ မြင့်တတ် စေပါတယ်။ အမျိုးသမီးရဲ့ တကယ့်အလှအပဟာ သူမရဲ့ စရိုက်လက္ခဏာတွေပါ။ ဒါတွေက မိသားစုတစ်ခုလုံးရဲ့ ဂုဏ်ကို မြှင့်တင်ပေးပါတယ်။
#ဗဟုသုတ #လူငယ် #ဘဝသမား #မိသားစု

ခင်ပွန်းဆိုတာ မီးအိမ်နဲ့တူပါတယ်။ ကိုယ်တိုင်လောင်ကျွမ်းရင်း သင့်ဘဝကို အလင်းပေးသူပါ။ ဒါကြောင့် ခင်ပွန်းရဲ့ အားသာချက်ဖြစ်ပါ...
21/10/2025

ခင်ပွန်းဆိုတာ မီးအိမ်နဲ့တူပါတယ်။
ကိုယ်တိုင်လောင်ကျွမ်းရင်း သင့်ဘဝကို အလင်းပေးသူပါ။
ဒါကြောင့် ခင်ပွန်းရဲ့ အားသာချက်ဖြစ်ပါစေ၊ အားနည်းချက်မဖြစ်ပါစေနဲ့။
ဘာလို့ဆို ချမ်းသာဆင်းရဲ၊ ဘဝအဆုံးတိုင် ခင်ပွန်းပဲ အတူရှိနေမှာမို့ပါ။
သူအပြင်မှာ ဘယ်လောက်ပဲ အခက်အခဲတွေနဲ့ ရုန်းကန်နေရပါစေ၊
အိမ်ပြန်ရောက်တဲ့အခါ သူ့ဦးနှောက်ထဲက ပထမဆုံးအတွေးမိတာက
“ကိုယ့်ဇနီး ကိုယ့်မိသားစု ပျော်ရွှင်နေဖို့ပါပဲ"။
#လူငယ် #ဗဟုသုတ #ဗဟုသုတရသစာပေများ #ခင်ပွန်း

ที่อยู่

Bangkok Wattana
Bangkok
10110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Celo Sarpayผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์