Mizzima - News in Burmese

Mizzima - News in Burmese Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar
(19550)

Burmese News, Breaking News, Business News, Opinion, Insight &, Analysis Reports about Myanmar.

"တရုတ်ခေါင်းဆောင်တွေက နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနဲ့ တရားဥပဒေစိုးမိုးရေးစကားတွေကို ပြောလေ့ရှိပါတယ်။ လက်တွေ့မှာတော့ ...
02/10/2025

"တရုတ်ခေါင်းဆောင်တွေက နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနဲ့ တရားဥပဒေစိုးမိုးရေးစကားတွေကို ပြောလေ့ရှိပါတယ်။ လက်တွေ့မှာတော့ နိုင်ငံရေးအရ အထိခိုက်မခံတဲ့ အမှုတွေကို ကိုင်တွယ်တဲ့အခါ တရုတ်တရားရုံးတွေက တရားမျှတမှုထက် ဖိနှိပ်ချုပ်ချယ်တဲ့ ကိရိယာတွေ ဖြစ်နေပါတယ်" ဟု နိုင်ငံတ ကာလွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ (AI)မှ တရုတ်နိုင်ငံဆိုင်ရာ ဒါရိုက်တာဖြစ်သူ ဆာရတ်ဘရွက်ခ် က ပြောကြားခဲ့သည်။

အစီရင်ခံစာအတွက် အင်တာဗျူးခဲ့သော တရုတ်လူ့အခွင့်အရေး ရှေ့နေတဦးက "အာဏာပိုင်တွေက ခင်ဗျားလုပ်ဆောင်သမျှ ဘယ်လိုအပြုအမူမျိုးကိုမဆို ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်တယ်" ဟု ပြောကြားခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#လူ့အခွင့်အရေး
#ဖိနှိပ်ရန်
#ကာကွယ်သူများ
#တရုတ်

#မဇ္ဈိမသတင်းဌာန....................................................................................................

02/10/2025

အောက်တိုဘာလ ၂ ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... နမ္မတူနဲ့ မန်တုံမြို့တွေကို စစ်ကောင်မရှင်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ ဦးသေဆုံးတဲ့သတင်းနဲ့အတူ မြန်မာ့ပန်းချီလောကရဲ့ အထင်ကရ ပန်းချီဆရာကြီး ဦးလွန်းကြွယ် ကွယ်လွန်သွားတဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရ ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။

သတင်းတွေ အပြီးမှာတော့ လေး၀တီ FM က ပေးပို့ထားတဲ့ အပတ်စဉ် ရခိုင်သတင်းအစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။




#မဇ္ဈိမသတင်းဌာန

02/10/2025

အောက်တိုဘာလ ၂ ရက်၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမသတင်းအစီအစဥ်

- သာယာ၀တီထောင်ကနေ လွတ်လာတဲ့ နိုင်ကျဉ်း ၅ ဦး ထောင်ဗူး၀မှာ ပြန်လည်ဖမ်းဆီးခံရ

- မြန်မာ့အမျိုးသမီးတွေရဲ့ တောင်းဆိုချက်ကို နိုင်ငံတကာက အာရုံစိုက်ဖို့ အမေရိကန်မှာ အခမ်းအနား ကျင်းပ

- TNLA သိမ်းထားတဲ့ နမ္မတူ နဲ့ မန်တုံကို စစ်ကော်မရှင်တပ် ဗုံးကြဲ၊ စစ်ရှောင် ၃ ဦးသေဆုံး

- ကန့်ဘလူ အုန်းတောပျူရွာကင်းစခန်းကို စီးနင်းမှုမှာ ၆ ဦးကို အရှင်ဖမ်းမိပြီး လက်နက်တွေ သိမ်းဆည်းရရှိ

- ရခိုင်အမျိုးသမီး တေးသံရှင် ဆုမြတ်ထက် ပြန်လွတ်မြောက်လာ

- အသုံးစရိတ်ကို လွှတ်တော်မှာ သဘောတူညီချက်မရတာကြောင့် အမေရိကန် အစိုးရယန္တရား ရပ်တန့်နေတဲ့သတင်းနဲ့ ဒီနေ့အတွက် နောက်ဆုံးရ ရွှေဈေးနဲ့ ငွေဈေးတွေကိုလည်း တင်ဆက်ပေးသွားဖို့ ရှိနေပါတယ်။





#မဇ္ဈိမသတင်းဌာန

02/10/2025

တရုတ်စစ်ရေးပြပွဲ လက်နက်တွေက ထိုင်ဝမ်ရဲ့ အချိုးမညီ စစ်ပွဲကို တန်ပြန်ဖို့ ရည်ရွယ်တယ်လို့ ပညာရှင် ပြော

Focus Taiwan

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) က ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ ၂၀၂၅ "တရုတ် အောင်ပွဲနေ့ စစ်ရေးပြပွဲအခမ်းအနား" အတွင်း ပွဲထုတ်ပြသခဲ့တဲ့ ခေတ်မီလက်နက်စနစ် အများအပြားက ထိုင်ဝမ်ရဲ့ အချိုးမညီ စစ်ပွဲ (asymmetric warfare) ကို တန်ပြန်ဖို့ ရည်ရွယ်ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တဦးက မကြာသေးခင်က ပြောပါတယ်။

#တရုတ်
#ထိုင်ဝမ်
#လက်နက်

#မဇ္စျိမသတင်းဌာန

02/10/2025

ဒီတပတ်ရဲ့ My india အစီအစဉ် | 02 October 2025

အမေရိကန်ပြည်ထောင်စုဟာ အိန္ဒိယသွင်းကုန်တွေကို ၂၅% အခွန်တိုးမြှင့်ကောက်ခံခဲ့သလို ဒဏ်ကြေးတွေလည်း ထပ်ချ

အိန္ဒိယနိုင်ငံမှာ အခြေခံအဆောက်အအုံတွေကို အရှိန်အဟုန်မြှင့် တည်ဆောက်နေခြင်းက ဘိလပ်မြေ၊ သံမဏိနဲ့ PVC ပိုက်ကဲ့သို့ ဆက်စပ်လုပ်ငန်းတွေကို တိုးတက်လာစေရန် တွန်းအားပေးနေ

ကက်ရှမီးယား ပန်ဒစ်လူမျိုးတွေဟာ ဝါဆတ် နာဂ် ပရာချင် မန္ဒိရ် ဘုရားကျောင်းမှာ ဘာသာရေးအခမ်းအနားတစ်ခုဖြစ်တဲ့ ဟာဝမ်ကို ပြန်လည်ကျင်းပ

အိန္ဒိယရဲ့ ဖက်ရှင်လောကဟာ ကြွယ်ဝတဲ့ အမွေအနှစ်တွေနဲ့ ရဲရင့်တဲ့ တီထွင်ဖန်တီးမှုတွေကြောင့် ကမ္ဘာကို ဆက်လက်ပြီး အံ့အားသင့်စေပါတယ်




#မဇ္ဈိမသတင်းဌာန
---------------------------

02/10/2025

"စစ်ကောင်စီကြိုးပမ်းနေသည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ”
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂)ရက်နေ့၊ ယနေ့မြန်မာစံတော်ချိန် ည (၆:၀၀) နာရီ အချိန်တွင် စစ်ကောင်စီက နိုင်ငံတကာတွင် တရားဝင်ရေးကြိုးပမ်းနေမှု၊ အတုအယောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်မှုများ၊ တရားမဝင် ငြိမ်းချမ်းရေးစကားဝိုင်း၊ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကျင်းပမည့် အချက်အလက်များ နှင့် ဖြစ်ပေါ်လာနိုင်သည့် အလားအလာများ၊ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများနှင့်အတူ အရှိန်အဟုန်မြှင့်တင်ကာ ဆန့်ကျင်တော်လှန်သွားမည့်ကိစ္စရပ်များအပေါ် ဆွေးနွေးမည့်စကားသံများအား တိုက်ရိုက်ထုတ်လွှင့်နေခြင်း ဖြစ်ပါသည်။


တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တွင် ဆွေးနွေးမည့်သူများမှာ

- ဦးဝင်းပေါ်မောင်
ပူးတွဲဥက္ကဋ္ဌ
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ-ကိုရီးယား

- ဒေါ်သဉ္ဇာရွန်းလဲ့ရီ
Deputy Director
အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှု ကော်မတီ (ASECC-SIF)
NUCC, JCC-TJ

- ဒေါ်ခိုင်သဉ္ဇာအေး@ဖောင်ရိုး
မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု MLA
နိုင်ငံရေးအကျဉ်းသူဟောင်း

Live ကို တိုက်ရိုက် ကြည့်ရှုနိုင်မည့် တော်လှန်ရေးအင်အားစုများ၊ သတင်းမီဒီယာများ၏ FB စာမျက်နှာများမှာ

- National Unity Consultative Council အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ
- Public Voice Television
- Ctum Myanmar
- Khit Thit Media
- Federal FM
- Ayeyarwaddy Times
- Anti-junta Forces Coordination Committee - Mandalay
- General Strike Coordination Body - GSCB
- Mizzima - News in Burmese - မဇ္ဈိမ
- Interim Chin National Consultative Council
- Myanmar Labour News
- Justice Wave
- Pen47
- ConnectBurma
- Youths Union - Center လူငယ်များသမဂ္ဂ- ဗဟို
- Red Peacock
- နွေဦးအောင်လံ

Live Talk Show: Reject the Military Junta’s Illegal Sham Election

Date & Time: October 2, 2025 (Thursday) 6:00 PM (Myanmar Time)
As the military junta continues its attempts to gain international legitimacy through sham peace processes and preparations for an illegal Sham election, this live talk show will confront these efforts head-on. The discussion will examine the regime’s deceptive narratives, expose the risks and consequences of its illegal electoral plan, and amplify the voices of revolutionaries calling for resistance. Together with the people, we aim to accelerate the momentum of the revolution through truth, dialogue, and collective action.

Featured Speakers:

* Winn Paw Maung⁩
Co-Chairperson
Junta Denouncing Committee Korea

* Thinzar Shunlei Yi
Deputy Director (ASECC-SIF)
NUCC, JCC-TJ

* Daw Khiang Thinzar Aye @ Poung Yoe
Myanmar Labour Alliance (MLA)
Former Political Prisoner

Watch Live On:
- National Unity Consultative Council – NUCC
- Public Voice Television
- CTUM Myanmar
- Khit Thit Media
- Federal FM
- Ayeyarwaddy Times
- Anti-Junta Forces Coordination Committee – Mandalay
- General Strike Coordination Body – GSCB
- Mizzima (Burmese News)
- Interim Chin National Consultative Council
- Myanmar Labour News
- Justice Wave
- Pen47
- ConnectBurma
- Youths Union – Center
- Red Peacock
- NwayOo AungLan

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၂ အောက်တိုဘာ ၂၀၂၅ )စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အုန်းတော ပျူစောထီးရွာ ကာကင်းစခန်းကို...
02/10/2025

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၂ အောက်တိုဘာ ၂၀၂၅ )

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အုန်းတော ပျူစောထီးရွာ ကာကင်းစခန်းကို ဝင်ရောက်စီးနင်းခဲ့ရာ လက်နက်ခုနစ်လက်နှင့် စစ်သုံ့ပန်း ၆ဦးဖမ်းမိကြောင်း ကန့်ဘလူခရိုင်ပကဖ လှုပ်ရှားရေးတပ် ဒုတပ်ရင်း မှူး ဗိုလ်ပိုင်ချဲပြောဆိုချက်ကို ကိုးကား၍ People’s Spring သတင်းတွင် ဖော်ပြထားသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ကန့်ဘလူ
#အုန်းတောပျူရွာ

#မဇ္ဈိမသတင်းဌာန
#နေ့စဉ်မှတ်စု....................................................................................................

02/10/2025

အောက်တိုဘာလ ၂ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ စျေးနှုန်းများ


#နောက်ဆုံးရစျေးနှုန်းများ

#မဇ္ဈိမသတင်းဌာန

ရန်ကုန်တွင် စစ်မှုထမ်း မပါရေး အမျိုးသမီးများ လစဉ်ငွေပေးနေရ YTမဇ္ဈိမ။ ။ ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် အမျိုးသမီးမျာ...
02/10/2025

ရန်ကုန်တွင် စစ်မှုထမ်း မပါရေး အမျိုးသမီးများ လစဉ်ငွေပေးနေရ

YT

မဇ္ဈိမ။ ။ ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် အမျိုးသမီးများပါ စစ်မှုမထမ်းရရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် စစ်ကော်မရှင်တပ်အား ငွေပေးနေရကြောင်း ဒေသခံအမျိုးသမီးများက ပြောသည်။

ရန်ကုန်တိုင်းရှိ မြို့နယ်အများစုတွင် ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးများက အစည်းအဝေးများဆင့်ခေါ်ပြီး အမျိုးသမီးများရှိသည့် နေအိမ်များလည်း လစဉ်ငွေပေးရန် ခပ်စိပ်စိပ် ပြောဆိုမှုများ ပြုလုပ်လာခြင်းဖြစ်သည်ဟု မြောက်ဥက္ကလာပ၊ မရမ်းကုန်း၊ လှိုင် စသည့်မြို့နယ်များတွင် နေထိုင်သည့် အမျိုးသမီးအချို့က ပြောသည်။

ထို့အပြင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသမီးများရှိသည့် နေအိမ်များအနေဖြင့် စာရင်းအတိုင်း ဝင်ငွေပေါ်မူတည်၍ ၅၀,၀၀၀ ကျပ်မှသည် ၅၀၀,၀၀၀ ကျပ်အထိ ပေးရခြင်းရှိသည်ဟု ဒေသခံများက ပြောသည်။ လစဉ်ကြေးများအား စစ်ကော်မရှင်လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက နေအိမ်အထိ လက်နက်များကိုင်ဆောင်ကာ လာရောက်ကောက်ယူခြင်းရှိကြောင်းလည်း သိရသည်။

“ လတိုင်း လစဉ်ငွေ ၅၀,၀၀၀ ကျပ်ပေးရမယ်။ မပေးနိုင်ရင် သူတို့ပြောသလို စစ်မှုထမ်းပေးရမယ်တဲ့။ ‌လစဉ်ငွေပေးပြီး ပေါ်တာဆွဲခံရရင်တော့ သူတို့ဘက်ကတာဝန်ယူမှာလားလို့မေးတော့ အဲဒါတော့တာဝန်မယူဘူးတဲ့” ဟု မရမ်းကုန်းမြို့ခံ အမျိုးသမီးတဦးက ပြောသည်။

ထိုသို့ လစဉ်ငွေများ ပေးနေသည့် ကာလများအတွင်း ပေါ်တာဆွဲခံရခြင်းအပါအဝင် စစ်မှုထမ်းဆင့်ခေါ်ခံရပါကလည်း တာဝန်ယူမည်မဟုတ်ကြောင်း အစည်းအဝေးတွင်ပင် ပြောကြားခြင်းရှိသည်ဟု ရန်ကုန် ဒေသခံအမျိုးသမီးအချို့က ပြောသည်။ လက်ရှိကာလတွင် ငွေကြေးဖောင်းပွများ၊ ကုန်စျေးနှုန်းမြင့်တက်မှုများကြောင့် အနည်းနှင့်အများ အကျပ်အတည်းရှိနေကြစဉ် ယခုလို တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ မိမိတို့၏ လုပ်အားခများ ပေးနေရပြီး အချိန်မရွေး စစ်မှုထမ်းဆင့်ခေါ်ခံရနိုင်သည့် အခြေအနေဖြင့် ရင်ဆိုင်နေရသည်ဟု အမျိုးသမီးများက ပြောသည်။

“ ကိုယ်လုပ်တဲ့လစာကို သူတို့ကို လတိုင်းထောက်ပံ့ရမယ်ဆိုတော့ အဆင်မပြေဘူးလေ။ အခုလည်း ဓားပြတိုက်နေတာပဲ လက်နက်ပြပြီးတော့” ဟု အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။

ထို့အပြင် စစ်ကော်မရှင်သတ်မှတ်ထားသည့် စစ်မှုထမ်းဥပဒေအတွင်း အကျုံးဝင်သည့် အမျိုးသမီးများအနေဖြင့်လည်း စစ်မှုထမ်းရန် ဆင့်ခေါ်မခံရရေးအတွက် ကျောင်းအတက်ပြရခြင်း၊ နိုင်ငံပြင်ပသို့ ရရာနည်းလမ်းဖြင့် ထွက်ခွာရန် ပြင်ဆင်ခြင်းတို့ကို ပြုလုပ်နေကြရကြောင်း သိရသည်။

“ အစ်မကတော့ အသက်ကျော်သွားပြီ။ ဒါပေမယ့် အိမ်မှာ တူမလေးရှိနေတာလေ၊ သူက ၂၀ ဝန်းကျင်လေးဆိုတော့ အခု သူ စစ်မှုထမ်းမပါဖို့ စီစဉ်နေရတာ။ အပေါ်လမ်းကလည်း ထင်သလောက် မလွယ်ဘူး၊ ဘယ်လောက်ပဲ အချိတ် အဆက်ရှိရှိ ပွဲစားငှားငှားလေနော် အကုန်လုံး သူတို့လက်ထဲမှာဆိုတော့ ဘာမှမှ မလုံခြုံနေတာ” ဟု မြောက်ဥက္ကလာပမြို့နယ်မှ အမျိုးသမီးတဦးက ပြောသည်။​

စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ သာမန်အရပ်သား အမျိုးသားများတွင် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း နှင့် အမျိုးသမီးများတွင် ၁၈ နှစ်မှ ၂၇ နှစ်အတွင်းဖြစ်ပြီး ဆရာဝန်၊ အင်ဂျင်နီယာကဲ့သို့သော အတတ်ပညာရှင်များ သည် အမျိုးသားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု စစ်မှုထမ်းသက်ကို သတ်မှတ်ထားသည်။ အမျိုးသမီးများကို နှစ်နှစ်အထိ စစ်မှုထမ်းရန် စစ်တပ်က ဆင့်ခေါ်နိုင်ပြီး အရေးပေါ်အခြေအနေသတ်မှတ်ပါက စစ်မှုထမ်းကာလကို ငါးနှစ်အထိ သက်တမ်းတိုးနိုင်ကြောင်း စစ်ကော်မရှင်က ဆိုထားသည်။

ထို့ပြင် စစ်ကော်မရှင်က စစ်မှုထမ်း အသက်အတွင်း အကျုံးဝင်သူများအား ပြည်ပထွက်ခွာခွင့် တင်းကျပ်လာမှုများ ပြုလုပ်လာသဖြင့် ရန်ကုန်သာမက ပြည်တွင်း၌ နေထိုင်သည့် စစ်မှုထမ်းစာရင်းပါဝင်သူများ၊ စာရင်းကောက်ယူခြင်း ခံရသူများသည် ပြည်ပထွက်ခွာရန် အခက်အခဲများကြုံနေရပြီး ပြည်တွင်းတွင် စိုးရိမ်စိတ်များဖြင့် ရှင်သန်နေရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

လက်ရှိတွင် စစ်ကော်မရှင်က စစ်မှုထမ်းသင်တန်းအပတ်စဉ် (၁၇) အား ဖွင့်လှစ်နေပြီဖြစ်ပြီး အပတ်စဉ် (၁၈) အတွက် ပေါ်တာဆွဲခြင်း၊ လမ်းသွားလမ်းလာများအား ဖမ်းဆီးခြင်း၊ စာရင်းဖြင့် ဆင့်ခေါ်ခြင်း အပါအဝင် လူစုဆောင်းခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများနှင့် စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၏ ဖော်ပြချက်များအရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

ဓါတ်ပုံ - နေပြည်တော်၌ ၂၀၂၄ ခု၊ မတ်လ ၂၇ ရက်နေ့က ကျင်းပသည့် (၇၉) နှစ်မြောက် တပ်မတော် နေ့အခမ်း အနား၌ မြင်တွေ့ရသော စစ်ကော်မရှင်လက်အောက်ခံ စစ်သမီးအချို့။ (AFP)

#စစ်ကော်မရှင်
#စစ်မှုထမ်းသင်တန်း
#ပေါ်တာဆွဲခြင်း
#ရန်ကုန်တိုင်း

#မဇ္ဈိမသတင်းဌာန....................................................................................................

သာယာ၀တီထောင်မှ လွတ်ရက်စေ့ လွတ်မြောက်လာသူ အမျိုးသမီးအပါဝင် နိုင်ကျဉ်း ၅ ဦးကို ထောင်ဗူး၀တွင် ပြန်လည်ဖမ်းဆီး ရောင်နီ  မဇ္ဈိ...
02/10/2025

သာယာ၀တီထောင်မှ လွတ်ရက်စေ့ လွတ်မြောက်လာသူ အမျိုးသမီးအပါဝင် နိုင်ကျဉ်း ၅ ဦးကို ထောင်ဗူး၀တွင် ပြန်လည်ဖမ်းဆီး

ရောင်နီ

မဇ္ဈိမ။ ။ပဲခူးတိုင်း၊ သာယာ၀တီထောင်တွင် လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား ငါးဦးကို ထောင်ဗူး၀တွင် ပြန်လည်ဖမ်းဆီးကာ အကြမ်းဖက်ပုဒ်မဖြင့် ထပ်မံ တရားစွဲရန်ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (အောက်တိုဘာလ ၁ရက်)တွင် သာယာဝတီအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၆ ဦး၊ အခြားအကျဉ်းသား ၁၄ ဦး စုစုပေါင်း ၃၀ ဦးတို့သည် လွတ်ရက်စေ့သဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ထိုသ်ို့ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၁၆ ဦးထဲမှ ခြောက်ဦးကို ထောင်ဗူး၀အရောက်တွင် စစ်ကော်မရှင် လက်အောက်ခံ ပြည်ထဲရေးဌာနက ရဲကားဖြင့် သာယာဝတီရဲစခန်းသို့ ပြန်လည်ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူများအနက် နိုင်ကျဉ်း တဦးကို ပြန်လွတ်ပေးခဲ့သော်လည်း ကျန်ရှိ နိုင်ကျဉ်း ငါးဦးကို သာယာ၀တီအကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်လိုက်ပြီး အကြမ်းဖက်ပုဒ်မ ၅၂ ဖြင့် ထပ်မံတရားစွဲဆိုရန် ပြင်ဆင်နေကြောင်း PPNM က ဖော်ပြသည်။

၎င်း နိုင်ကျဉ်း ငါးဦးသည် ယခင်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)တို့ဖြင့် အကျဉ်းကျခံရပြီးနောက် လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာသူများဟု PPNM က ဆိုသည်။

ပြန်လည်ဖမ်းဆီးခံရသည့် နိုင်ကျဉ်း ငါးဦးအနက် အမျိုးသမီးတဦးအပါအဝင် လေးဦး၏ အမည်ကိုလည်း PPNM က အတည်ပြုထုတ်ပြန်ထားသည်။

“ မြန်မာပြည်မှာ စစ်တပ်ရဲ့ ဖိနှိပ်မှုက ဘယ်လောက်ဆိုးဝါးလာလဲဆိုတဲ့ အခြေအနေပဲ၊ နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်နေတယ်ဆိုတဲ့ အခြေအနေကို ထင်ထင်ရှားရှားပြသနေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။

အကျဉ်းထောင်ထဲဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့လွတ်မြောက်မှုဟာ တော်လှန်ရေးရဲ့ အရွေ့ပေါ်ပဲ မူတည်ပါတယ်။ ဒါကြောင့် လုပ်စရာရှိတာကို ပိုမိုအကောင်းဆုံးအားစိုက်ပြီး လုပ်ဖို့ လိုအပ်ပါတယ်။” ဟု PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦး ပြောသည်။

နိုင်ငံရေးအကျဉ်းသားများအား မဟုတ်မမှန်သည့် စွပ်စွဲမှုများဖြင့် အကြမ်းဖက်ပုဒ်မများတပ်ကာ ပြန်လည်ဖမ်းဆီးခြင်းသည် အပြစ်မဲ့သူများ၏ လူ့အခွင့်အရေးကို ထိခိုက်စေသည့်အတွက် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း PPNM က ထုတ်ပြန်ထားသည်။

စစ်ကော်မရှင်၏ နိုင်ငံရေးအကျဉ်းသားများအပေါ် လူအခွင့်အရေးချိုးဖောက်မှုများအား ကျူးလွန်နေခြင်းကို လူအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် စောင့်ကြည့်မှုများပြုလုပ်ကြရန်လည်း PPNM က တိုက်တွန်းသည်။

လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသားများအား နောက်အမှုများတပ်ကာ ထောင်ဗူး၀တွင် ပြန်လည်ဖမ်းဆီးမှုများကို အာဏာသိမ်းစစ်ကော်မရှင်က ၂၀၂၃ ခုနှစ်မှ စတင်ကာ ပြုလုပ်လာခြင်း ဖြစ်ကြောင်း PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ယခုနှစ် ၂၀၂၅ ခုနှစ်အတွင်း NLD ပါတီ၊ လူငယ်တာဝန်ခံ မမိုးဆန်းဆုကြည်အပါအဝင် လွတ်ရက်စေ့နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကို စစ်ကော်မရှင်က ထောင်ဗူး၀မှာပင် ပြန်လည်ဖမ်းဆီးပြီး နောက်ထပ်အမှုများဖြင့် တရားစွဲဆိုထားကြောင်း PPNM က ပြုစုထားသည့် အချက်အလက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

ဓာတ်ပုံ - သာယာ၀တီအကျဉ်းထောင်။ ပဲခူးတိုင်း၊ သာယာ၀တီအကျဉ်းထောင်မှ လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား ငါးဦးကို ထောင်ဗူး၀တွင် ပြန်လည်ဖမ်းဆီးကာ အကြမ်းဖက်ပုဒ်မဖြင့် ထပ်မံ တရားစွဲရန်ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ထားသည်။

#စစ်ကော်မရှင်
#နိုင်ငံရေးအကျဉ်းသား
#သာယာ၀တီထောင်
#ထောင်ဗူး၀

#မဇ္ဈိမသတင်းဌာန....................................................................................................

ထိုင်းနိုင်ငံတွင် အိမ်မွေးတိရစ္ဆာန်သုံးထုတ်ကုန်များရောင်းချသော SmartHeart က ကြီးမှူးကျင်းပသည့် ၁၅ ကြိမ်မြောက် ထိုင်းနိုင...
02/10/2025

ထိုင်းနိုင်ငံတွင် အိမ်မွေးတိရစ္ဆာန်သုံးထုတ်ကုန်များရောင်းချသော SmartHeart က ကြီးမှူးကျင်းပသည့် ၁၅ ကြိမ်မြောက် ထိုင်းနိုင်ငံတကာအိမ်မွေးတိရစ္ဆာန်မျိုးစုံပြပွဲကို "Annyeong: Pet Adventure In Korea" ဆောင်ပုဒ်ဖြင့် ဘန်ကောက်မြောက်ပိုင်း မူအန်ထုန်ဌာနီရှိ Impact Exhibition Hall 7-8 တို့တွင် အောက်တိုဘာ ၉ ရက်မှ ၁၂ ရက်အတွင်း နံနက် ၁၀ နာရီမှ ည ၈ နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။

ကိုရီးယားရှိ နာမည်ကျော်နေရာများကဲ့သို့ ဖန်တီးထားသည့် ဇုန်အမျိုးမျိုးတွင် အိမ်မွေးတိရစ္ဆာန်ပေါင်း ၂၀,၀၀၀ ကျော် ပြသထားမည်ဖြစ်သည်။ Pet Playground Zone တွင် ကြောင်နှင့်ခွေးများ အထိန်းပြိုင်ပွဲ၊ ခွေးများအတွက် နံရံတက်ပြိုင်ပွဲ၊ ၃၈ ကြိမ်မြောက် ပစ်ဘူးခွေး အလေးဆွဲချန်ပီယံပြိုင်ပွဲ၊ UDC The Star ကဲ့သို့သော ပြိုင်ပွဲများနှင့် ကိုရီးယားစတိုင် ဂိမ်းများစွာ ပါဝင်မည်ဖြစ်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ထိုင်း
#ကိုရီးယားစတိုင်
#အိမ်မွေးတိရစ္ဆာန်

#မဇ္ဈိမသတင်းဌာန....................................................................................................

ที่อยู่

Bangkok

เว็บไซต์

http://onelink.to/jnuwak, https://eng.mizzima.com/

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Mizzima - News in Burmeseผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Our Story

About Us

Mizzima, derived from the Pali for middle or moderate and chosen for its inference of an unbiased and independent media, was established in 1998 in New Delhi, India, by veterans of Myanmar’s 1988 pro-democracy uprising. Founder Soe Myint and co-founder Thin Thin Aung participated in the movement for democracy and they were in exile in India as refugees. Since its founding the aim of Mizzima has been to provide high quality news relating to Myanmar while contributing toward freedom of expression and the realization of an inclusive and democratic Myanmar for all the country’s peoples.

Mizzima operated for nearly 15 years as an exile-based media organization, with a liaison office in Chiang Mai, Thailand, complimenting the organization’s headquarters in India. However, in the wake of domestic reforms in Myanmar implemented following the onset of parliamentary governance in 2011, Mizzima, in 2012, became the first formerly exile-based media organization to gain incorporation as a local media entity, registering in Myanmar as Mizzima Media Co. Ltd.

Today, Mizzima produces an array of multi-media products and can claim to be one of the top five private media houses in Myanmar. Our current production lines include our long-standing Burmese and English language websites (www.mizzimaburmese.com and www.mizzima.com) along with a digital daily newspaper in Burmese and weekly English language magazine. Moreover, in 2017 Mizzima was awarded one of five licenses to operate an independent Free-to-Air digital TV channel (www.mizzima.tv). This crowning achievement is further recognition of Mizzima as a major media power in Myanmar, buttressing our national outreach and influence.