Art Media သီချင်းသစ်များ နဲ့ အနုပညာရှင်များ ရဲ ့သတင်းထူးများကိုတင်ဆက်ပေးသွားမယ့် Art media

07/07/2025

အောင်ရဲလင်းက မင်းသားတွေ ကြုံတွေရတဲ့ အချစ်ရေးနဲ့ ပတ်သတ်ပြီးမကောင်းသတင်းတွေ ကောလဟာလတွေ လုံးဝမရှိတဲ့ သူတစ်ယောက်ပါ…ဆိုတဲ့ ကိုသာဂိ

ကိုသာဂိနဲ့ အသက်(၂၀)ကျော်လောက်က စတွေ့ခဲ့တယ် အခုမတွေ့တာကြာပြီ ပြန်တွေ့တဲ့အခါမှာ အရမ်းလဲဝမ်းသာတယ် ပျော်လဲ ပျော်ပါတယ်…ဆိုတဲ့ အောင်ရဲလင်း




#ကသာဂိ

07/07/2025

မိစန္ဒီအတွက် ကိုစိုင်းက ဝေဖန်စရာလူတစ်ယောက် မဟုတ်ပါဘူး…ဆိုတဲ့ မိစန္ဒီ

စိုင်းစိုင်းခမ်းလှိုင်ရဲ့ အနုပညာအလုပ်တွေနဲ့ပတ်သတ်လို့ သူမရဲ့ အမြင်တွေကတော့…



07/07/2025

စိုင်းစည်တွမ်ခမ်းက အရမ်းချောတော့ ကြော်ငြာရိုက်တော့ ရှက်တဲ့ အခန်းတွေဆို ရင်တွေခုန်ပြီး တကယ်ကြီးရှက်နေတာ …ဆိုတဲ့ ခိုင်စု



#ခင်စု

#စင်းစီတွမ်ခမ်း

“ မချစ်သင့်သော “ဇာတ်လမ်းတွဲမှ အနုပညာရှင်များနဲ့ ဆိုင်ဖွင့်ပွဲ ကျင်းပခဲ့တဲ့ သိင်္ဂီဝင်း စိန်ရွှေရတနာဆိုင်🎉🥳🎊👏============...
06/07/2025

“ မချစ်သင့်သော “ဇာတ်လမ်းတွဲမှ အနုပညာရှင်များနဲ့ ဆိုင်ဖွင့်ပွဲ ကျင်းပခဲ့တဲ့ သိင်္ဂီဝင်း စိန်ရွှေရတနာဆိုင်🎉🥳🎊👏
==============================

သိင်္ဂီဝင်း စိန်ရွှေရတနာဆိုင် အမှတ်(၃)၊ဆိုင်ခွဲသစ်ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ(၇)ရက်နေ့က အဆိုပါဆိုင်တည်ရှိရာ Myanmar Plaza ပထမထပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်…..🎉🥳🎊👏

ပွဲ အခမ်းအနားသို့ သရုပ်ဆောင် အောင်ရဲလင်း ၊ ဟန်နရီစံ၊သိမ်မွေ့သံစဉ် ၊ ကိုသာဂိ နဲ့ ပိုင်သစ်တို့ တက်ရောက်ချီးမြှင့်ခဲ့တယ်….👏👏👏



#သိင်္ဂီဝင်းစိန်ရွှေရတနာဆိုင်



#ကိုသာဂိ





#ဟန်နရီစံ

04/07/2025

မိန်းကလေးဆိုတော့ နည်းနည်းတော့ချွဲတက်တာပေါ့…ဆိုတဲ့မေမြင့်မိုရ်

မေလေးက ပြောတယ် ကိုကြီးသမီးကတော့ ၅ပွဲပဲတဲ့…ဆိုတဲ့ နေဝင်း



04/07/2025

တစ်ခုခုလုပ်ရင် ပေါက်မယ်ဆိုတာ တွေးပြီးမလုပ်ပါဘူး…ဆိုတဲ့ ထက်ထက်(Bobby Soxer)



02 July 2025 - Infinix သည် Mobile Legends: Bang Bang (MLBB) နှင့် ပူးပေါင်းကာ ကျင်းပမည့် Infinix Campus Cup (XCC) 2025 တ...
02/07/2025

02 July 2025 - Infinix သည် Mobile Legends: Bang Bang (MLBB) နှင့် ပူးပေါင်းကာ ကျင်းပမည့် Infinix Campus Cup (XCC) 2025 တွင် GT 30 Pro ကို ပထမဆုံးအကြိမ် ပြိုင်ပွဲအဆင့်တွင် အသုံးပြုမည်ဖြစ်ပြီး Infinix၏ ကမ္ဘာလုံးဆိုင်ရာ Esports သဘောထားမူဝါဒကို နောက်တစ်ဆင့် မြှင့်တင်
ဤပြိုင်ပွဲသည် အရှေ့တောင်အာရှရှိ တက္ကသိုလ်ကျောင်းသားများအတွက် Professional အဆင့် Esports Platform တစ်ခုကို ဖန်တီးပေးထားခြင်းဖြစ်သည်။ ပါဝင်မည့်နိုင်ငံများတွင် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ မလေးရှား၊ မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံတို့ ပါဝင်သည်။ GT 30 Pro ၏ ပြိုင်ပွဲအဆင့် စွမ်းဆောင်ရည်ကို ကျောင်းသားကစားသမားများ ပထမဆုံးအကြိမ် ရရှိလာမည့် အခွင့်အလမ်းတစ်ရပ်လည်းဖြစ်သည်။
XCC PH ပြိုင်ပွဲ၏ချန်ပီယံ National University မှ NU Bulldogs အသင်းသည် သူတို့၏ အောင်မြင်မှုကို Infinix PH အဖွဲ့နှင့် MPL PH Talent များဖြစ်တဲ့ Hans နှင့် Brigida တို့နဲ့အတူ ပျော်ရွှင်စွာအောင်ပွဲခံခဲ့ကြသည်။
Universitas Sebelas Maret Solo မှ Little Pikaa အသင်းသည် Yogyakarta မြို့ရှိ Plaza Ambarrukmo ၌ ပြုလုပ်ခဲ့သည့် XCC Indonesia Grand final တွင် ချန်ပီယံဆုကို ရရှိခဲ့သည်။
Mobile Esports သည် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ပရိသတ် ၆၄၁ သန်းအထိ ရှိလာမည်ဟု (Newzoo) ခန့်မှန်းထားသည့်အတိုင်း အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသည်။
Infinix သည် နောက်မျိုးဆက်သစ် ကစားသမားများအတွက် Gaming Phone များ၏ စွမ်းဆောင်ရည်ကို ပိုမိုဆန်းသစ်အောင်ပြန်လည်ပုံဖော်လျက်ရှိသည်။ GT 30 Pro ကို အရှေ့တောင်အာရှရှိ အဓိကဈေးကွက်များဖြစ်သည့် MLBB Professional League၊ MLBB Development League နှင့် MLBB Myanmar Super League တို့၏ လာမည့်ရာသီပြိုင်ပွဲများအတွက် တရားဝင်ပြိုင်ပွဲဖုန်းအဖြစ် သတ်မှတ်ခဲ့
MLBB Super League Myanmar ပြိုင်ပွဲ၏ချန်ပီယံ Mythic Seal အသင်းသည် GT Champion Set ဆုနှင့် ပြိုင်ပွဲအတွက် သတ်မှတ်ထားသော Infinix GT 30 Pro အသစ်ကို ဂုဏ်ယူစွာ လက်ခံရရှိထားပြီး
Esports အတွက် အထူးဒီဇိုင်းထုတ်ထားသည့် Infinix GT 30 Pro တွင် MediaTek Dimensity 8350 Ultimate 5.5G Gaming Chipset၊ 144Hz AMOLED ဖန်သားပြင် နှင့် Infinix ၏ All-Day Full FPS System တို့ ပါရှိသည်။ All-Day Full FPS System သည် အပူထိန်းပေးသည့် MagCase နှင့် အားသွင်းရင်း အအေးခံပေးသည့် MagCharge Cooler တို့ကို ပေါင်းစပ်ထားပြီး ဤစနစ်သည် ဂိမ်းကြာကြာကစားစဉ် ဖုန်းပူမလာအောင် ကာကွယ်ပေးပြီး frame rate မြင့်မားစွာ ဆက်လက်ရရှိသည်။ MLBB တွင် 120FPS ဖြင့် ကစားရန် အတည်ပြုခံရသည့် GT 30 Pro သည် Smooth Graphic၊ delay နည်းခြင်းနှင့် ပြိုင်ပွဲကစားသမားများ လိုအပ်သည့် တုံ့ပြန်မှုမြန်နှုန်းတို့ကို ပေးစွမ်းနိုင်စွမ်းရှိသည်။
Infinix ၏ အမှုဆောင်အရာရှိချုပ် Tony Zhao က "Infinix အနေနဲ့ Esports ကို ပြိုင်ပွဲတစ်ခုထက်ပိုတဲ့ အရာအဖြစ် မြင်ပြီး ဒါဟာ ပါရမီ၊ ရည်မှန်းချက်နဲ့ ဆန်းသစ်တီထွင်မှုတွေအတွက် ကမ္ဘာလုံးဆိုင်ရာ ပလက်ဖောင်းတစ်ခုပါ" ဟု ပြောကြားခဲ့သည်။ "အရှေ့တောင်အာရှဟာ ကမ္ဘာ့အထင်ရှားဆုံး Esports အသိုင်းအဝိုင်းတွေထဲက တစ်ခုပါ။ GT 30 Pro နဲ့ Campus Cup တို့ကတော့ ဒီဒေသရဲ့ နောက်မျိုးဆက်ကစားသမားတွေကို သူတို့ရဲ့ Gaming စွမ်းရည်မြှင့်တင်ပြီး ကမ္ဘာ့အဆင့်မှာ ယှဉ်ပြိုင်နိုင်ဖို့ လိုအပ်တဲ့ ကိရိယာတွေနဲ့ အားဖြည့်ပေးနေပါတယ်" ဟု ဆက်လက်ရှင်းပြခဲ့သည်။
MLBB Professional ပြိုင်ပွဲများ၏ တရားဝင်ပြိုင်ပွဲဖုန်းအသစ် Infinix GT 30 Pro ကို MPL Malaysia Season 15 Playoffs ကာလအတွင်း
MOONTON Games ၏ Esports Eco System ရဲ့ Head ဖြစ်တဲ့ Ray Ng က "Infinix နှင့်အတူ နောက်ထပ်စိတ်လှုပ်ရှားဖွယ် MLBB ပြိုင်ပွဲရာသီကို ကြိုဆိုပါသည်။ Infinix Campus Cup ကဲ့သို့သော လုပ်ငန်းများသည် Professional ဂိမ်းကစားနိုင်မှုများကို မြှင့်တင်ရန်နှင့် နောက်မျိုးဆက်ပါရမီရှင်များအား အကောင်းဆုံးပြိုင်ပွဲအတွေ့အကြုံများပေးရန် ကျွန်ုပ်တို့ ရဲ့ မျှဝေလက်ခံထားသောရည်မှန်းချက်ကို အားပေးရာ‌ရောက်ပါသည်" ဟုပြောကြားခဲ့သည်။
Infinix Campus Cup ပြိုင်ပွဲကို မေလတွင် အရည်အချင်းစစ်ပြိုင်ပွဲများဖြင့် စတင်ပြီး ဇူလိုင်လ ၆ ရက်နေ့တွင် ဖိလစ်ပိုင် SM Mall of Asia Music Hall ၌ Grand Final ဖြင့် အဆုံးသတ်မည်ဖြစ်သည်။ National University (ဖိလစ်ပိုင်) မှ NU Bulldogs၊ Universiti Sains Malaysia (မလေးရှား) မှ USM Vendetta၊ Universitas Sebelas Maret Solo (အင်ဒိုနီးရှား) မှ Little Pikaa၊ Paññāsāstra International School (ကမ္ဘောဒီးယား) မှ Team TDN နှင့် KMD College (မြန်မာ) မှ Creepy Gang အပါအဝင် နိုင်ငံအသီးသီး၏ ချန်ပီယံများသည် အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ဆုငွေနှင့် Infinix ၏ အထူး Esports ဆိုင်ရာဆုများအတွက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး Professional အဆင့် ဂိမ်းကစားမှုကို လူတိုင်းလက်လှမ်းမီနိုင်ရန် Infinix ၏ ရည်မှန်းချက်ကို အထိမ်းအမှတ်ကို မှတ်သားထားမည်ဖြစ်သည်။
Grand Finals အတွက် ပြင်ဆင်ရာတွင် နိုင်ငံတကာချန်ပီယံအသင်းများသည် MLBB ပရော်ဖက်ရှင်နယ်အသင်းများဖြစ်သည့် Aurora Gaming (Philippines), ONIC Esports (Indonesia), HomeBois (Malaysia), Duck Rice Esports (Cambodia) နှင့် Mythic Seal (Myanmar) တို့နှင့်အတူ လေ့ကျင့်ကြမည်ဖြစ်သည်။

Pricing and availability: Region to update accordingly�Infinix GT 30 Pro ဖုန်းကို Blade White၊ Shadow Ash နှင့် Dark Flare (ဤအရောင်ကို Master Edition bundle တွင်လည်းရရှိမည်) အရောင်များဖြင့် ရရှိမည်ဖြစ်ပြီး 8+256 GB၊ 12+256 GB နှင့် 12+512GB memory များဖြင့် ထုတ်လုပ်သွားမည်ဖြစ်သည်၊ဈေးနှုန်းများမှာ ဒေသအလိုက်ကွဲပြားမည်ဖြစ်ပြီး အချက်အလက်အပြည့်အစုံများကို ဖုန်းထုတ်လုပ်သည့်အချိန်တွင် ကြေညာသွားမည်ဖြစ်သည်။

About Infinix
၂၀၁၃ ခုနှစ်တွင် တည်ထောင်ခဲ့သော Infinix သည် နည်းပညာများအဆင့်မြှင့်တင်ရန်၊ ဒီဇိုင်းဆန်းသစ်မှုနှင့် စွမ်းဆောင်ရည်မြင့်မားစွာ ရည်မှန်းထားသော နာမည်ကြီးတံဆိပ်တစ်ခုဖြစ်သည်။ ဤတံဆိပ်သည် နေ့စဉ်ဘဝကို ပိုမိုကောင်းမွန်စေမည့် စမတ်ကျပြီး ပျော်ရွှင်ဖွယ်ကောင်းသော Mobile အတွေ့အကြုံများကို ပေးစွမ်းလျက်ရှိသည်။ Smart Phone များအပြင် Infinix သည် TWS နားကြပ်များ၊ Smart Watch၊ Laptop၊ Tablet၊ Smart TVများစသည့် ထုတ်ကုန်များကိုပါ ထုတ်လုပ်လျက်ရှိပြီး Smart ပစ္စည်းများ၏ စနစ်တစ်ခုကို ကျယ်ပြန့်စွာ တည်ဆောက်လျက်ရှိသည်။ လက်ရှိတွင် Infinix ထုတ်ကုန်များကို အာဖရိက၊ လက်တင်အမေရိက၊ အရှေ့အလယ်ပိုင်း၊ တောင်အာရှနှင့် အရှေ့တောင်အာရှအပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံနှင့်ဒေသပေါင်း ၇၀ ကျော်တွင် ရရှိနိုင်သည်။
For more information, please visit: http://www.infinixmobility.com/

About Mobile Legends: Bang Bang
Mobile Legends: Bang Bang သည် ကမ္ဘာတစ်ဝှမ်းရှိ အလွန်ရေပန်းစားသော မိုဘိုင်း Multiplayer Online Battle Arena (MOBA) ဂိမ်းတစ်ခုဖြစ်ပြီး အသင်းအဖွဲ့လိုက်လုပ်ဆောင်မှုနှင့် နည်းဗျူဟာများမှတစ်ဆင့် လူမှုအသိုင်းအဝိုင်းများကို ပေါင်းစည်စေသည်။ MLBBသည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၈၀ ကျော်တွင် အများဆုံးကစားသည့် ထိပ်တန်း ၁၀ ဂိမ်းစာရင်းဝင်ဖြစ်ကာ ဆော့ကစားသူ ၁.၅ ဘီလီယံကျော်နှင့် လစဉ်ဆော့ကစားသူ ၁၁၀ သန်းရှိသည်။ အာရှပစိဖိတ်ဒေသတစ်လွှားတွင် ကျယ်ကျယ်ပြန့်ပြန့်ရှိနေပြီး Multiplayer Online Game အဖြစ် နိုင်ငံပေါင်း ၁၃၉ နိုင်ငံတွင် ကစားနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ Esports များတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက်လျက်ရှိသည်။

Rising Show with Eaindra Kyaw Zin Mediaမိတ်ဆက်ပွဲအခမ်းအနားကို Wyndham Grand Hotelတွင် ကျင်းပပြုလုပ်=====================...
02/07/2025

Rising Show with Eaindra Kyaw Zin Mediaမိတ်ဆက်ပွဲအခမ်းအနားကို Wyndham Grand Hotelတွင် ကျင်းပပြုလုပ်
=================================

ဝါသနာရှင် သရုပ်ဆောင်ကောင်းများစွာရဲ့ အရည်အချင်းကို ဖော်ထုတ်ပေးမယ့် နိုင်ငံကျော်အကယ်ဒမီ မင်းသမီး အိန္ဒြာကျော်ဇင်မှ ဒိုင်အဖြစ်ရွေးချယ်သွားမှာဖြစ်တဲ့ အစီအစဉ်နာမည်လေးကတော့ “Rising Show With Eaindra Kyaw Zin”ပဲဖြစ်ပါတယ်….

ထိုအစီအစဉ်လေးကို ဝါသနာရှင်သရုပ်ဆောင်များနှင့်အဆိုတော်များ ပါဝင်ယှဉ်ပြိုင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်…👏👏👏



゚viralシfypシ゚

01/07/2025

ရုပ်ရှင်မှာသီချင်းလေးတွေနဲ့ ချိတ်ဆက်ရတာ ကြိုက်နှစ်သက်တယ်…ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်



#စိုင်းစိုင်းခမ်းလှိုင်

30/06/2025

ပေးဆပ်ပြီး ချစ်တက်တဲ့ ကောင်မလေး တစ်ယောက်ပါ…ဆိုတဲ့ မေတိုးခိုင်



#မေတိုးခိုင်

Canal + Myanmar က ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လာမယ့်ရာသီသုံးခုစာ အထိ တစ်ဦးတည်း မူပိုင်ခွင့်နဲ့ တရားဝင်လိုင်စင်ရယူကာ မြန်မ...
29/06/2025

Canal + Myanmar က ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လာမယ့်ရာသီသုံးခုစာ အထိ တစ်ဦးတည်း မူပိုင်ခွင့်နဲ့ တရားဝင်လိုင်စင်ရယူကာ မြန်မာနိုင်ငံမှာ ထုတ်လွှင့်ပြသမည်ဖြစ်
=============================

Canal + Myanmar “Glitter Night of Canal +”ပွဲ အခမ်းအနားကို ဇွန်လ ၂၇ ရက် ညနေ ၅ နာရီခွဲက ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပခဲ့ရာ နာမည်ကျော်အားကစားသမားတွေ၊ အနုပညာရှင်တွေဖြစ်တဲ့ မောင်မောင်လွင်၊ လုံးချော၊ ဇော်နိုင်ဝင်း၊ ထွန်းထွန်း၊ ရဲလွင်ဦး၊ အဲလစ်အုန်း၊ ဝေလာရီ၊ မေတိုးခိုင် စတဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်….👏👏👏

ကမ္ဘာ့ဘောလုံးကြယ်ပွင့် ဘောလုံးအသင်းတွေနဲ့ ပြိုင်ဆိုင်မှုပြင်းထန်ပြီး စိတ်လှုပ်ရှားဖွယ်ရာ ပွဲစဉ်တွေပါဝင်တဲ့ ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲကြီးကို CANAL+ Myanmar မှာ လာမယ့်ဘောလုံးရာသီကနေစပြီးတော့ တစ်ရာသီစာ ပွဲ ၃၈၀ လုံးစာ သုံးရာသီဆက်တိုက် တိုက်ရိုက်ထုတ်လွှင့်ပြသပေးမယ်လို့ဆိုပါတယ်….

ပရီးမီးယားလိဂ်ပွဲစဉ် ပရိသတ်တွေအနေနဲ့ (၂၀၂၅ -၂၆)(၂ဝ၂၆ – ၂၇) နဲ့ (၂ဝ၂၇ – ၂၈) ဘောလုံးရာသီတွေအတွင်း CANAL+ ရုပ်သံလိုင်းတွေနဲ့ Canal + APP မှာ အားကစားသမားတွေနဲ့ အင်တာဗျူးတွေ၊ မဂ္ဂဇင်းအစီအစဉ်တွေ ပွဲစဉ်ဟိုက်လိုက်တွေနဲ့ ပရီးမီးယားလိဂ်က သီးသန့်ဖန်တီးထားတဲ့ ရုပ်သံအစီအစဉ်တွေကို ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်…👏👏👏

+Myanmar

Night Of CANAL+

28/06/2025

ခေါင်းအစ ခြေအဆုံး လှချင်ရင် မမကိတ်ရဲ့ Product တွေကိုသုံးပါ…ဆိုတဲ့ Saimakhan (BS & HS product Founder)

မလေးရှားနဲ့ စင်္ကာပူမှာ Instock ဝယ်ယူလို့ရနေပါပြီ….


ที่อยู่

Tha Sai Luat Subdistrict
Bangkok
10100

เบอร์โทรศัพท์

+959420031592

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Art Mediaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Art Media:

แชร์