Music Lover Videos Creators
Favorite Song Videos'
သီချင်းတွေနေ့တိုင်းတင်ပေးမှာမို့
Like&Follow နဲ့ကူညီပါအုံးဗျ😍

03/06/2025

ငယ်ဘဝ ပြန်သတိရ

02/06/2025

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

01/06/2025

ဒီဘဝ ဒီမျှ
#ခွန်ချစ်ပိုင်ဦး

24/05/2025

😘

18/05/2025

အရှင်ဘုရား နောက်ပီ😆

အရက်သောက်တော့မယ်ဆိုရင် ဒီစာပိုဒ်လေးကို ပြေးမြင်လိုက်ပါ။အိမ်တစ်အိမ်မှာအိမ်ထောင်ဦးစီး တစ်ယောက်ကအရက်သေစာကို့နေ့ညမပြတ်သောက်စ...
18/05/2025

အရက်သောက်တော့မယ်ဆိုရင် ဒီစာပိုဒ်လေးကို ပြေးမြင်လိုက်ပါ။

အိမ်တစ်အိမ်မှာ

အိမ်ထောင်ဦးစီး တစ်ယောက်က

အရက်သေစာကို့နေ့ညမပြတ်သောက်စားမူးရစ် နေမယ်ဆိုရင်ဒီအိမ်မှာသာယာမှု့မရှိတော့သလို ပျော်ရွှင်မှု့တွေလည်း ပျောက်ဆုံးနေမှာ အမှန်ပါပဲ။

တစ်ကယ်တော့

အရက်သမားတစ်ယောက်ရဲ့

ဇနီးမယားဖြစ်ရတာ့ သူငယ်ချင်းတွေကြား မိဘအသိုင်းအဝိုင်းကြား ညီကို မောင်နှမတွေ ကြားမှာ

ဘယ်လောက်မျက်နှာငယ်ရတယ် ဘယ်လောက် သိမ်ငယ်ရတယ်ဆိုတာ မစဉ်းစားကြဘူး သားသမီးတွေမှာလည်း မင်းအဖေက အရက်သမားကြီးပါလို့ ပြောရင် သူတို့အနေနဲ့ ဘယ်လောက်တောင့်အရှက်ရရှာမလဲစဉ်းစားပေါ့

အရက်ကို

စိတ်ညစ်လို့ပဲသောက်သောက်

ပျော်လို့ပဲသောက်သောက် အရက်သောက်ခြင်းကို တော့

ဘယ်ဇနီးမယားမှ မကြည်ဖြူသလို

ဘယ်သားသမီးကမှလည်း ကြိုက်မှာမဟုတ်ပါဘူး ဇနီးမယားက လင်ယောကျာ်းအပေါ် ချစ်တဲ့စိတ် အိမ်ထောင်ရေး မပြိုကွဲချင်တဲ့စိတ်ကြောင့်သာ သည်းခံပေါင်းသင်းနေကြသူတွေ တွေ့ကြရမှာပါ တစ်ခါတလေ အကြောင်းအမျိုးမျိုးကြောင့် မလွှဲမရှောင်သာ သောက်ရတဲ့အခါလည်းရှိပါတယ် ဒီလိုသောက်ခြင်းကိုတော့ မိသားစုကနားလည်ပါ တယ်။

ဒီလိုမှမဟုတ်ပဲ

မနက်အိပ်ရာထထဲက အရက်နဲ့မျက်နှာသစ်ထသူ လို ပြောခံရရင် လူကြားလို့ မကောင်းသလို မိသားစု အတွက်လည်း အတော်ကိုရှက်စရာကောင်းပါ

တယ်။

အရက်သမားမှန်ရင်

အရက်သောက်ရတဲ့အကြောင်းပြချက်တွေကို နည်းမျိုးစုံသုံးပြီးသောက်ကြတယ် တစ်ချို့က ပြောလိမ့်မယ် ငါတို့ကအရက်သောက်တာတစ်ခုပဲ ကျန်တာဘာမှမဟုတ်တာ မလုပ်ဘူး

မှန်ပါတကယ်

မဟုတ်တာမလုပ်သလို့

ဟုတ်တာလည်း ဘာတစ်ခုမှ မလုပ်တော့ဘူး စီးပွားရေး လူမှု့ရေး ကျန်းမာရေး ဘာဆိုဘာမှ မလုပ်တော့သလို အရက်ကလွဲရင် ကျန်တာ ဘာကိုမှ စိတ်မဝင်စားတော့ပဲ အရက်သာ သူ့ဘဝ ဖြစ်ပြီး ...နောက်ဆုံးတော့ အရက်ရဲ့ကျေးကျွန်

ဘဝနဲ့ပဲ ဘဝကို ဇာတ်သိမ်းကြရပါတယ်

စိတ်ညစ်တိုင်းသာ

အရက်သောက်ကြေးဆိုရင် တစ်လောကလုံးက အရက်သမားတွေပဲ ဖြစ်နေမှာပေါ လူတိုင်းမှာ အဆင်မပြေမှု့တွေ စိတ်ညစ်စရာတွေက အခြေခံ လူသားတိုင်းမှာ

ကြုံတွေ့နေရတဲ့ အရာတွေလေ ပျော်လို့အရက်သောက်တယ်ဆိုရင်လည်း တစ်ခြားနည်းတွေနဲ့ပျော်လို့ရပါတယ် အရက်သောက်မှ ပျော်ရမှာ မဟုတ်ပါဘူး ။

အကောင်းဆုံးကတော့

အရက်ကို လုံးဝမသောက်ပါနဲ့

မနေနိုင်လို့ သောက်ရင်အတိုင်းအတာနဲ့ သောက် ပါ

လူက အရက်ကိုပဲ သောက်တာပဲဖြစ်ပါစေ.. အရက်က လူကိုသောက်တဲ့အဆင့်ထိ မရောက်ပါ စေနဲ့။...

# #ထိုင်းရောက်ရွှေမြန်မာ #တွေးပြီးမှတင်ပါ #လူငယ်တွေသိထားသင့်တယ် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #စာအုပ်စာပေလူ့မိတ်ဆွေ

ဒုသနသော(စ/ဆုံး)-------------------အပြင်မှာမိုးတွေသည်းနေသလောက် မြသာအာခေါင်တွေခြောက် ရေတွေငတ် လက်တွေတုန်။မျှော်လင့်ခြင်းအရ...
17/05/2025

ဒုသနသော(စ/ဆုံး)
-------------------
အပြင်မှာမိုးတွေသည်းနေသလောက် မြသာအာခေါင်တွေခြောက် ရေတွေငတ် လက်တွေတုန်။
မျှော်လင့်ခြင်းအရောင်တွေဖြာလဲ့နေတဲ့မျက်ဝန်းတစ်စုံကတော့ဖြင့် မြသာရင်ထဲဖောက်ထွင်းဝင်လာနေရာယူနေပုံက နှလုံးသားအစုံ တဒိတ်ဒိတ်ခုန်ထွက်ရတော့မလိုသာပေ။
"မဖြစ်ပါဘူးမှုံနံသာရယ်..မသင့်တော်ပါဘူး လူပြောစရာတွေဖြစ်ကုန်မှဖြင့်.."
"အို..ဘယ်သူပြောမှာလဲ ကိုမြသာနဲ့မှုံပဲသိမှာကိုဟာ"
"မဖြစ်ပါဘူး မလုပ်ပါရစေနဲ့...ငါ..ငါ.အပြင်သွားပြီးစောင့်နေမယ် နင်ထွက်လာခဲ့ မကြာစေနဲ့မှုံနံသာ"
"တော်..ကိုမြသာ..ရိုးလွန်း အလွန်းလိုက်တာ မှုံ့ကိုမသနားတော့ဘူးလားကိုမြသာရယ်..ဟင့်.ဟင့်"
"ငါ နင့်ကိုသနားလို့လာခေါ်တာလေ..ဒါကိုနင်က..တော်ပြီဟာ ငါအပြင်မှာပဲစောင့်နေမယ်"

အခန်း(အခန်း၂)

မှုံနံသာနဲ့ကိုမြသာကငယ်ကထဲကသူငယ်ချင်း။
မြသာရဲ့အချစ်ဦးမလေး။
ခုတော့ အကိုရွှေသာ့မယား။
မြသာချစ်ခဲ့ပေမယ့် မှုံနံသာအချစ်တွေက လက်ရဲဇက်ရဲ ကိုရွှေသာအပေါ်ပုံကြခဲ့လေသမျှ ခဲလေသမျှ သဲရေကျ ရင်နာနာနဲ့စွန့်လွှတ်ခဲ့ရ။ ကြိတ်ဆွေး အုံပုံးဆွေးကြီးမြသာ။
မမြင်ချင် မျက်စိမှိတ်ထားခဲ့သော်လဲမရ။
တစ်အိမ်ထဲအတူနေ။
မကြည့်ချင်မြင်လျှက်သား။
ကိုရွှေသာ မှုံနံသာအချစ်တွေရပြီးအိမ်ထောင်ပြုကြတော့ တွတ်တီးတွတ်တာ ပလီပလာ စကားအထွေထွေကြားမှာ နားကိုစောင်ပတ် အံတင်းတင်းကြိတ် အတွင်းဆွေး ဆွေးသမျှ ဘယ်ညာလူးလှိမ့် အိပ်ပျော်အောင်အိပ်ရ။
အိပ်မရရင်တော့ အပြင်ထွက် ကင်းတဲစောင့်ကြသူတွေနဲ့သွားအိပ်ခဲ့ရတာ နှစ်ကိုပေါက်လာရပြီပေါ့။

အစပိုင်းအိမ်ထောင်ဦးသာယာသလောက် နောက်ပိုင်းမသာယာ။
ရန်တကျက်ကျက်က တစ်ခါလဲမက နှစ်ခါလဲမရ။
လင်မယားကြား ဝင်ပါလို့ ကိုရွှေသာထိုးချက်တွေက မြသာ ပါး နဖူး လက်မောင်း ကျောပြင်မှာ အကြိမ်ကြိမ်ကျခဲ့ရတာ ဘယ်မှာရေတွက်နိုင်လိမ့်မတုန်း။
မှုံနံသာ ခန္ဒာကိုယ်ပေါ် ကိုရွှေသာ့ထိုးချက်တွေ မကြရောက်စေဖို့အရေး မြသာပေးဆပ်ရတာ တန်ခဲ့သလား မတန်ခဲ့သလား မြသာမသိ။
ကိုမြသာစိတ်ထဲ အချစ်ဦးမလေး မှုံနံသာ ကိုရွှေသာ အနှိပ်စက်မခံရဖို့။
မြသာမရှိတဲ့အချိန်ရန်အဖြစ်ကောင်းလို့ အညိုအမဲစွဲနဲ့ မှုံနံသာ မြို့ပေါ်တက်ပြီး တည်းခိုခန်းငှားနေလို့ လိုက်စုံစမ်းပြီး လာခေါ်ရတာ မြသာ။

အခေါ်ကောင်းတဲ့မြသာ။ မှုံနံသာပြောစကားမှာ ယခုလိုအဖြစ်က....
ကိုရွှေသာ သူမကိုနှိပ်စက်ကလူပြုရတာက သူမ ကလေးမရလို့တဲ့။
ကိုရွှေသာနဲ့ကလေးမရတော့ မြသာကို ကလေးရအောင် လုပ်ပေးပါလားတဲ့။
ရလာတဲ့ကလေး ကိုရွှေသာကလေး။ တချက်ခုတ်နှစ်ချက်ပြတ် အစီအစဥ်ကြီးနဲ့ ပြောလာသူမှုံနံသာ။
လူကြားမကောင်းသူကြားမကောင်း။
မြသာအဖြစ်က ကျွဲနှစ်ကောင်ခတ်တဲ့ကြားကမြေဇာပင်။
မြေဇာပင်မြသာ လေအရှိန်ကြောင့် အမြစ်ကျွတ်မထွက်ခဲ့ရပေမယ့် ခန္ဓာကိုယ်က ဆန္ဒကိုသိက္ခာနဲ့ထိန်းနေရလို့ ရိန်းတိမ်းယိုင်တိုင်။

အခန်း(အခန်း၃)

မှုံနံသာကိုမြို့ကနေခေါ်လာပြီးမကြာပါဘူး
"မြသာ"
"ဘာလဲမှုံ"
" နင့်အကို မြို့ကကောင်မလေးတစ်ယောက်နဲ့ရှုပ်နေတယ်လို့သတင်းကြားတယ် ငါဘယ်လိုလုပ်ရမလဲ ငါ..ငါ ကလေးလိုချင်တယ်ဟာ"
"ဗုဒ္ဓေါ လုပ်လာပြန်ပြီဟ"
နဂိုထဲကမှ စျန်မခိုင်ယိုင်နဲ့နေတာ ဘယ်လိုနှလုံးသားမျိုးနဲ့ထပ်ပြီးမျက်ကွယ်ပြုရပြန်ဦးမှာလဲ မှုံနံသာရယ်။
ငုံးဆူလူမသိ စိတ်ထဲမှာ အကောင်းနဲ့အဆိုး တိုက်ပွဲဆင်နေရတာ ကိုယ်ပါမှုံရယ်။
စိတ်အတွင်းထဲကပြစ်မှားမိပေမယ့် အပြင်မှာကာယကံမပါအောင်ထိန်းချုပ်နေရတာ ဘယ်လောက်ဆိုးလဲဆိုတာ မြသာသိပေမယ့်မှုံမသိ။
မှုံ...မင်းသိရက်နဲ့များလား.....။
အိမ်မှာက အကိုရွှေသာမရှိရင် မျက်မမြင်နားမကောင်းတဲ့အဖေအိုနဲ့မြသာ မှုံနံသာပဲရှိတာ။

အခန်း(အခန်း၄)

ကိုရွှေသာအလုပ်ကိစ္စနဲ့မြို့တက်သွားတဲ့ပထမနေ့။
"အင်း...အား ဗိုက်တွေနာလိုက်တာ. အားကယ်ကြပါဦး"
"မှုံ..မှုံ.. ဘာဖြစ်လို့လဲ"
"မြသာ မှုံ့ကိုကယ်ပါဦး မခံနိုင်ဘူး အား... နာလိုက်တာ"
"အစားမှားလို့လားမှုံရယ် ဒီအချိန်ကြီးဒုက္ခပါပဲ"
"သြော် မြသာ နင်နော်ငါ့ကိုကြည့်နေရက်သလား...ဆေး ဆေးလိမ်းပေးပါ အိုး..အား နာတယ် ဟင့်ဟင့်"
"ငါလိမ်းပေးမယ် လူဆေးဘယ်မှာလဲ "
Linkကိုနှိပ်ပြီးဆက်ဖတ်ပါ
https://book.dfaviral.com/or-a-gamer-seeking-high-performance-graphics-theres-likely-a-model-thats-perfect-for-your-needs/
Linkကိုနှိပ်ပြီးအစအဆုံးဖတ်လို့ရပါတယ်နော်
Facebook မှာစာအရှည်ကြီးတင်လို့မရတာကိုနားလည်ပေးပါခင်ဗျာ

ပရလောကဇာတ်လမ်းများကို အောက်က Youtube Channel တွင်လည်းနားဆင်နိုင်ပါတယ်ခင်ဗျာ
https://yt.psee.ly/7hn3n5

😭
14/05/2025

😭

ဘာပြောရမှန်းတောင်မသိတော့ဘူး😭ကလေးတို့

13/05/2025

သဘင်သည်မလေးနှင်းဆီ

ဘာပြောရမှန်းတောင်မသိတော့ဘူး😭ကလေးတို့
13/05/2025

ဘာပြောရမှန်းတောင်မသိတော့ဘူး😭ကလေးတို့

08/05/2025

အားလုံးဘဲ မဂ်လာနံနက်ခင်းလေးပါ ဗျ
ဆန္ဒနဲ့ဘဝ တစ်ထပ်ထဲဖြစ်ပါစေဗျ🙏🙏🙏

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Music Loverผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์