Myanmar Sports Best Sports Stories
(3)

Breakout fighter of the year ဖိုက်တာအဖြစ် သတ်မှတ်ခံရပြန်တဲ့  #ချင်းလေး------------MMA သတင်းတွေကို အစဉ်တစ်စိုက် ရေးသားတင်...
07/07/2025

Breakout fighter of the year ဖိုက်တာအဖြစ် သတ်မှတ်ခံရပြန်တဲ့ #ချင်းလေး
------------

MMA သတင်းတွေကို အစဉ်တစ်စိုက် ရေးသားတင်ဆက်နေတဲ့ MMAMania သတင်းဌာန က ၂၀၂၅ ခုနှစ် ၊ နှစ်ဝက်တာကာလ အတွက် သူတို့ရွေးချယ်ထားတဲ့ Breakout fighter of the year စာရင်းကို ဒီကနေ့မှာပဲ ချပြလိုက်ပါတယ်။

ပရိသတ်တွေနဲ့ ရင်းနှီးထားတဲ့ ဖိုက်တာတွေချည်းပါပဲ။

ထိပ်ဆုံးမှာတော့ ကျနော်တို့ရဲ့ ဖိုက်တာလေးက သတ်မှတ်ခံရပါတယ်။ သူ့ရဲ့ နောက်မှာ ကန့်လန်ကာ အဖွင့် ၂ ပွဲ ဆက်တိုက် ဘောနပ်ဆွတ်ခူးထားတဲ့ မဲကွန်း ဝဲမိတ်ကာ ၊ ဘရာဇီးက အာ့ဝုကြီး ဂျန်ဆေးဗား ၊ မြန်မာဖန်တွေရဲ့ အချစ်တော် လောရှည် ၊ ပွဲခပ်စိပ်စပ် နဲ့ နိုင်ပွဲဆက်နေတဲ့ ကနေဒါသူ ဂျပ်စမင်း ဂျက်စူဒါဗစ်စီးယပ် တို့ကို ရွေးချယ်သွားခဲ့ပါတယ်။

MMAMania’s 2025 mid-year awards: Breakout fighter of the year -

1. Joshua Van
2. Malcolm Wellmaker
3. Jean Silva
4. Reinier de Ridder
5. Jasmine Jasudavicius



👏👏👏

ပရိုမိုးရှင်းဟောင်း ရဲ့ ညစ်ကွက်တွေကို ဖွင့်ချလိုက်တဲ့ တာကေးရု-----------ပရဟိတဖိုက်တာကြီး တာကေးရု က အနေအေးသူပါ။ တစ်ဖက်သား...
07/07/2025

ပရိုမိုးရှင်းဟောင်း ရဲ့ ညစ်ကွက်တွေကို ဖွင့်ချလိုက်တဲ့ တာကေးရု
-----------

ပရဟိတဖိုက်တာကြီး တာကေးရု က အနေအေးသူပါ။ တစ်ဖက်သားကိုလဲ ကြမ်းတမ်းတဲ့စကားလုံးမျိုးတွေ ပြောဆိုလေ့မရှိပါဘူး။

ဒါပေမယ့် မနေ့ကတော့ ထူးထူးဆန်းဆန်း သူ့ရဲ့ ပရိုမိုးရှင်းဟောင်း K-1 က Producer ဟောင်းဖြစ်သူ မစ္စတာ Carlos Kikuta နဲ့ အွန်လိုင်းမှာ အပြန်လှန် စကားလုံးတိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ဖြစ်တာမှ တစ်ကမ္ဘာလုံးက မီဒီယာတွေ သတိထားမိသွားလောက်အောင်ကို အကြီးကျယ်ဖြစ်တာပါ။

ပြသနာ အခြေတည်က သူတို့နှစ်ယောက်ကနေ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နိုင်ငံတကာ မီဒီယာ တစ်ချို့က ONE Championship ဘဏ္ဍာရေး အကျပ်တည်းကြုံနေရပြီ ၊ ဝန်ထမ်းတွေလဲ လျှော့ချတယ် ၊ ရင်းနှီးမြုပ်နှံတဲ့သူတွေကလဲ စိတ်မရှည်တော့ဘူး စတဲ့ ပုံစံမျိုးတွေ ရေးသားလာကြပြန်ပါတယ်။

အဲဒီသတင်းတွေကို မစ္စတာ Carlos Kikuta က ပြန်ရှဲတာကနေ ဖြစ်ကြတာပါ။ သူက ဘယ်လိုပုံစံမျိုးနဲ့ ပြန်ရှဲလဲ ဆိုတော့ ONE Championship က ဒေဝါလီခံရလုစဲစဲ ၊ အနီရောင် အဆင့်ရောက်နေပြီ ဆိုတဲ့ ပုံစံမျိုးနဲ့ ရေးသားပါတယ်။

အဲဒီမှာ တာကေးရု က "ဒါက လုပ်ငန်းတူ အချင်းချင်း တိုက်ခိုက်ရမယ့် နေရာမဟုတ်ဘူး ၊ အခြားသော ကစားနည်းတွေ ၊ အခြားသော ဖျော်ရေး ကစားနည်းတွေနဲ့ ယှဉ်ပြီး တိုက်ခိုက်ရမှာ။ K-1 Producer နေရာမှာ လုပ်ကိုင်ခဲ့တဲ့ ရာထူးကြီး ဝန်ထမ်းဟောင်းတစ်ယောက်က (Carlos Kikuta) အခြားသော ပရိုမိုးရှင်းတစ်ခုကို လိုက်ပြီး တိုက်ခိုက်နေတာ K-1 သိက္ခာကျသလို ၊ ဒီနယ်ပယ်အတွက်လဲ အကျည်းတန်စေတယ်။ စင်မြင့်ထက်မှာ ကိုယ့်ဘ၀ ရပ်တည်မှုအတွက် တိုက်ခိုက် ထိုးနှက်ပြနေကြတဲ့ ဖိုက်တာတွေအပေါ်ကိုလဲ မလေးစားရာရောက်ပါတယ်" ဆိုပြီး မှတ်ချက်ပေးပါတယ်။

ဘာလို့လဲ ဆိုတော့ တာကေးဟာ K-1 နှစ်ပေါင်းများစွာ လက်တွဲပြီးမှ ONE Championship ကို ရောက်လာခဲ့သူဖြစ်လို့ ဒီလိုရေးတာ နေမှာပါ။

အဲဒီမှာ Carlos Kikuta ကလဲ အခုလို ပြန်လည် ချေပ ပါတယ်။

" ငါက ဘ၀နဲ့ရင်းပြီး တိုက်ခိုက်နေကြတဲ့ ဖိုက်တာတွေအပေါ် လေးစားမှု ရှိလွန်းလို့ကို ဒီလိုပြောနေတာ ဘာလို့လဲ ဆိုတော့ ဖိုက်တွေကို ညှစ်ထားတဲ့ Management ပုံစံမျိုးကိုတော့ လက်ပိုက်ကြည့်မနေနိုင်ဘူး။ နောက်ကွယ်က လှိုက်စားနေရင် ရှေ့တန်းမှာ ဘယ်လောက်ထိပဲ ကြိုးစားတိုက်ခိုက်ပါလေ ၊ ထိုက်တန်တဲ့ ခံစားခွင့်ရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့်ကို အသံကုန် အော်ဟစ်ပြောနေတာ ၊ အဲဒီလိုမျိုး မမြင်နိုင်ဘူးလား" ဆိုပြီး ချေပ ပါတယ်။

အဲဒီလို Management အကြောင်းတွေ စကားထဲ ပါလာချိန်မှာတော့ တာကေးရုကလဲ သူ့ရဲ့ K-1 ဖိုက်တာဘ၀တုန်းက ညှစ်ခံခဲ့ရတာတွေကို အခုလို တစ်ရစ်ခြင်း ဖွင့်ချသွားခဲ့ပါတယ်။

" ကျေးဇူးပြုပြီး K-1 က ဖိုက်တာတွေနဲ့ ထိုက်တန်တာတွေကို ပြန်ပြီးပေးနိုင်အောင် အရင်ဆုံး လုပ်ပြပါဦး။ ထိုးကြေးက မျှတမှုရှိရမယ် ၊ ဒဏ်ရာပြသနာတွေအတွက် ကုသစာရိတ် ပေးနိုင်ရမယ် ၊ ဖိုက်တာတွေကို ပရော်ဖက်ရှင်နယ်ဆန်ဆန် ဆက်ဆံပေးနိုင်ရပါမယ်။

တစ်ရက်ထဲနဲ့ ၃ ပွဲထိုးရတဲ့ Tournament ပြိုင်ပွဲတွေမှာ ဆိုရင် ဖိုက်တာတွေဟာ ဒဏ်ရာတွေ ပရပွနဲ့ အဆုံးသတ်ရတာပါ။ ဒါပေမယ့် ထိုးကြေးရတော့ တစ်ပွဲစာလေးပဲ ရကြပါတယ်။

တကယ်လို့များ ဒဏ်ရာကြီးကြီးမားမားရလို့ ဆေးရုံမှာ ခွဲစိတ်ကုသမှုတွေ ခံယူရတယ် ဆိုရင်တောင် ဖိုက်တာတွေက ကိုယ့်အိတ်ထဲကစိုက်ပြီး ကုသကြရပါတယ်။

ပြည်တွင်းမှာ ကျင်းပတဲ့ ပြိုင်ပွဲမျိုး မဟုတ်ဘူးဆိုရင် ပွဲမထိုးခင် အချိန်ထိ ဖိုက်တာတွေက ဟိုတယ်အခန်းခတွေကို ကိုယ့်ဖာသာ စိုက်ထုတ်ပေးရပါတယ်။

စာချုပ်တွေကလဲ အလိုလျှောက်ကြီး သက်တမ်းတိုးနေတဲ့ အချက်တွေ ဖြစ်တဲ့အတွက် ဖိုက်တာတွေဟာ စာချုပ်ကြီးတွေနဲ့ ပိတ်မိကြပါတယ်။ စာချုပ်ကာလအတွင်း နှုတ်ထွက်ဖို့ ကြိုးစားမယ် ၊ အခြား ပရိုမိုးရှင်းကို ပြောင်းဖို့ ကြိုးစားမယ်ဆိုရင် ရတဲ့ ထိုးကြေးထက် အဆပေါင်းများစွာပိုတဲ့ လျော်ကြေးမျိုး ပြန်ပေးရဦးမှာပါ။

စာချုပ်သက်တမ်း ကုန်ပြီထားလိုက်ပါတော့ ၊ နောက်ထပ် ၆ လ အထိ အခြားနေရာမှာ သွားထိုးလို့မရအောင် စာချုပ်ပါ အချက်လက်တွေက ထိန်းချုပ်ထားဆဲပါပဲ။

အဲဒီလို ပရိုမိုးရှင်းမျိုးက အခြား ပရိုမိုးရှင်းတစ်ခုကို "ဖိုက်တာတွေကို ညစ်တွန်း ထားတယ်ဆိုပြီး ပြောလို့ရလား? နောက်ကွယ်က Management က လှိုက်စားနေတယ် လို့ ပြောနိုင်လို့လား?

ONE Championship မှာလဲ ပြသနာတွေ မရှိဘူး မဟုတ်ဘူး ရှိပါတယ်။ ဒါပေမယ့် ငါ့ဘ၀မှာတော့ ပထမဆုံးအကြိမ် ပရော်ဖက်ရှင်နယ်ကျကျ ဆက်ဆံခံရတာ ဒီရောက်မှပဲ ကြုံဖူးတယ်။

ထိုးကြေးရတယ် ၊ ဘ၀နဲ့ရင်းပြီး ထိုးရဲလောက်တဲ့ ထိုးကြေးမျိုးကို ရတယ်။ ဒဏ်ရာတွေ ၊ ဆေးဝါးကုသစာရိတ်တွေကို ကာဗာ လုပ်ပေးတယ်။

ခင်ဗျား အနေနဲ့ ဖိုက်တာတွေ အပေါ် တကယ်ပဲ စေတနာရှိလို့ စိုးရိမ်တယ် ၊ စိတ်ပူတယ် ၊ ဒီနယ်ပယ်ကြီး အတွက် စဉ်းစားပေးတယ် ဆိုတာ ဘာဖြစ်လို့ Social Media ပေါ်မှာ တင်နေတာလဲ။ ONE Championship က လူတွေကို တိုက်ရိုတ်လှမ်းပြီး ပြောလို့ မရဘူးလား" ဆိုပြီး တုန့်ပြန်သွားခဲ့ပါတယ်။

ဘရော်နီကာ မဖြစ်မနေ စောင့်ကြည့်ရမယ့် ၂ ပွဲ----------------ကျနော်တို့ ဖိုက်တာ ဘရော်နီကာ က ချန်ပီယံခါးပတ်မှန်းထားတယ် ဆိုတာ ...
06/07/2025

ဘရော်နီကာ မဖြစ်မနေ စောင့်ကြည့်ရမယ့် ၂ ပွဲ
----------------

ကျနော်တို့ ဖိုက်တာ ဘရော်နီကာ က ချန်ပီယံခါးပတ်မှန်းထားတယ် ဆိုတာ ဂျူနီယာ ကို အနိုင်ရတဲ့ပွဲအပြီးမှာ ကတည်းက အတိလင်းပြောထားပြီးပါပြီ။

လက်ရှိ အက်တမ်ဝိတ် မွေထိုင်း အမျိုးသမီး ဝိတ်တန်း အခင်းကျင်းအရ သူမ အနေနဲ့ ချန်ပီယံခါးပတ် စိန်ခေါ်ခွင့်ရဖို့လဲ သိပ်မဝေးပါဘူး။ ဒီဝိတ်တန်းမှာကစားနေတဲ့ ဖိုက်တာအရေတွက် မများသလို ၊ ချန်ပီယံ ခါးပတ် စိန်ခေါ်ခွင့် ပေးရမယ့်သူ မရှိလို့ အသစ် ခေါ်ယူထားတဲ့ မျက်နှာသစ်ဖိုက်တာတွေကို တန်းပြီး အခွင့်ရေးပေးနေတာ ကြည့်ရင် သိသာပါတယ်။

ဇူလိုင်လ ၁၂ ရက် ၊ လာမယ့် စနေနေ့ မနက်ပိုင်းမှာတော့ ONE Championship က ONE Fight Night 33 ပြိုင်ပွဲ ကျင်းပသွားမှာပါ။ ဒီပြိုင်ပွဲက ချန်ပီယံ ဖြစ်ဖို့ မှန်းထားတဲ့ ဘရော်နီကာ မဖြစ်မနေ စောင့်ကြည့်ရမယ့် ပြိုင်ပွဲ တစ်ခုဖြစ်ပါတယ်။

ဘာလို့လဲ ဆိုတော့ အဓိက ခေါင်ပွဲကြီးက အမျိုးသမီး အက်တမ်ဝိတ် မွေထိုင်း ချန်ပီယံခါးပတ် စိန်ခေါ်ပွဲ ဖြစ်သလို ၊ နောက်ထပ် အမျိုးသမီး မွေထိုင်းပွဲ တစ်ပွဲလဲ ပါနေလို့ပါပဲ။

ကျနော့် ယူဆချက် တစ်ခုကို ပြောရရင် ဒီပြိုင်ပွဲမှာ အက်တမ်ဝိတ် မွေထိုင်း အမျိုးသမီး မွေထိုင်းပွဲ ၂ ပွဲကို ထည့်သွင်းထားတာ တိုက်ဆိုင်မှုမျိုး မဟုတ်ပါဘူး။ အနိုင်ရတဲ့ ဖိုက်တာတွေကို နောက်တစ်ပွဲမှာ ထိပ်တိုက်တွေ့ပေးဖို့ ကြိုပြီး လမ်းခင်းထားတယ်လို့ ဆိုကြည့်ချင်ပါတယ်။

လက်ရှိချန်ပီယံ အလီရှာ ရိုဒရီဂွက် က မျက်နှာသစ် ဖိုက်တာ ဆွီဒင်သူ Johanna Persson နဲ့ ချန်ပီယံ စိန်ခေါ်ပွဲ ထိုးရမှာပါ။

စွမ်းဆောင်ရည်ကောင်းတစ်ချို့ ချပြထားတဲ့ ပိုလန်သူ မာတီနာ ကတော့ မက္ကဆီကိုသူ မျက်နှာသစ်ဖိုက်တာ Cynthia Flores နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဒီနှစ်ပွဲစလုံးက ဘရော်နီကာ စောင့်ကြည့်ရမယ့် တွဲဆိုင်းတွေ ဖြစ်ပါတယ်။ ဒီဖိုက်တာတွေဟာ တစ်ကွေ့ကွေ့မှာတော့ ဘရော်နီကာ နဲ့ ထိပ်တိုက်တွေ့လာမယ့်သူတွေပါ။

အထူးသဖြင့် ချန်ပီယံ ခါးပတ်မှန်းနေတဲ့ ဘရော်အနေနဲ့ ဒီပြိုင်ပွဲမှာ ဘယ်လို အခင်းကျင်းတွေ ထပ်ဖြစ်တယ် ၊ ဘယ်သူတွေ ဘယ်လို လက်စွမ်းပြကြတယ် ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ခက်ခက်ခဲခဲဖြေရှင်းရမယ့် ပုစ္ဆာတစ်ပုဒ်-------------------အနေအေးပြီး စကားနည်းပေမယ့် ပန်တိုဂျာ ဘယ်လောက်ထိ စွမ်းဆောင်ရည်ကောင...
06/07/2025

ခက်ခက်ခဲခဲဖြေရှင်းရမယ့် ပုစ္ဆာတစ်ပုဒ်
-------------------

အနေအေးပြီး စကားနည်းပေမယ့် ပန်တိုဂျာ ဘယ်လောက်ထိ စွမ်းဆောင်ရည်ကောင်းတဲ့ ချန်ပီယံလဲ ဆိုတာ ပရိသတ်တိုင်း သိပါတယ်။

လက်ရှိမှာ ချန်ပီယံ စိန်ခေါ်ပွဲ ၅ ပွဲ ဆက်တိုက်ထိုးပြီး ၊ ပွဲတိုင်းကို အောင်ပွဲခံထားပြီးပါပြီ။

ချန်ပီယံခါးပတ်ကိုလဲ ၄ ကြိမ် ထိ အောင်အောင်မြင်မြင် ကာကွယ်ပြထားပါတယ်။

UFC မှာ လက်ရှိ ချန်ပီယံခါးပတ် ကိုင်ထားတဲ့ ချန်ပီယံတွေ အကုန်လုံးကို ကြည့်လိုက်မယ်ဆိုရင် ပန်တိုဂျာ က သက်တမ်းအရှည်ကြာဆုံး ချန်ပီယံ ဖြစ်နေတာ တွေ့ရမှာပါ။

ဒါတင် မကသေးပါဘူး။

လက်ရှိ ဖလိုင်းဝိတ်တန်း Ranking သတ်မှတ်ချက် ထိပ်ဆုံး ၁၀ ယောက်စာရင်းဝင် ဖိုက်တာတွေ အကုန်လုံးကို သူက တစ်ယောက်မှ ရှုံးနိမ့်ထားခြင်း မရှိသေးပါဘူး။

အဲဒီ ၁၀ ယောက်ထဲမှာ သူက စုစုပေါင်း ၆ ယောက်ထိ ရင်ဆိုင်ကစားခဲ့ဖူးပါတယ်။

ချန်ပီယံဟောင်း မိုရီနို ကို ၃ ကြိမ် ၊ ကိုင်ကာရာဖရန့် ကို ၂ ကြိမ် ၊ ဘရန်ဒန် ရိုဗာ ကို ၂ ကြိမ်။

အဲလက် ပီရက် ၊ စတိ အာစေး ၊ မာနယ်ကပ် တို့ကို ၁ ကြိမ်စီ အနိုင်ရထားပါတယ်။

ဒီလိုမျိုး စွမ်းဆောင်ရည်ကောင်းထားတဲ့ မှတ်တမ်းတွေကြောင့် ပန်တိုဂျာ ကို လွယ်လွယ်နဲ့ ဖြိုဖို့တော့ လွယ်မယ် မထင်ပါဘူး။

ဘရာဇီးသားကြီးက အသက် ၃၅ နှစ် ရှိပါပြီ။ ပရော်ဖက်ရှင်နယ် ဖိုက်တာဘ၀မှာ စုစုပေါင်း ၃၅ ပွဲ ထိုး ၊ ၃၀ ပွဲ နိုင် ၊ ၅ ပွဲ ရှုံးနိမ့်ထားပါတယ်။

ရှုံးခဲ့တဲ့ ပွဲတွေက ဒိုင်အဆုံးဖြတ်တွေနဲ့ ဖြစ်ပြီး ၊ သူ့ရဲ့ ဖိုက်တာဘ၀မှာ ပြိုင်ဘက်တစ်ယောက်ကို ပွဲကစားချိန်အတွင်း အလဲထိုးခံရတာမျိုး ၊ ချုပ်ကွက်နဲ့ ပွဲသိမ်းခံရတာမျိုးတွေ လုံး၀ မခံခဲ့ရဖူးပါဘူး။

ကျနော်တို့ ဖိုက်တာလေးကတော့ ဒီပွဲက ဒိုင်အဆုံးဖြတ်ထိ ရောက်မှာ မဟုတ်ဘူးလို့ အခိုင်မာ ဆိုထားပါတယ်။

ပြိုင်ဘက်တွေက သူ့ကို ရှိန်လွန်းနေတဲ့အတွက် ရှေ့ကပွဲတွေမှာ အသာစီးရခဲ့တာဖြစ်ပြီး ၊ သူကတော့ ကွင်းထဲမှာ စိုးရိမ်မှု အလျဉ်းမရှိတဲ့ ပုံစံမျိုးနဲ့ ကစားသွားမယ်လို့ ဆိုပါတယ်။

ကမ္ဘာ့အကောင်းဆုံး ပရိုမိုးရှင်း UFC မှာ ချန်ပီယံဖိုက်တာတစ်ယောက်ကို လွယ်လွယ်နဲ့ ဖြိုလို့မရတာ အားလုံး အသိပါပဲ။

သို့သော် MMA ပွဲတွေရဲ့ ထုံးစံအတိုင်း ဘာမှ ကြိုပြောထားလို့ မရဘူးဆိုတာလဲ ရှိနေပြန်ပါတယ်။

ခွန်အားသုံးပြီး တိုက်ခိုက်ရတဲ့ ကစားနည်းဖြစ်လို့ ဒီနယ်ပယ်မှာ အချိန်တန်ရင်တော့ အသက်ရွယ်ရ ချန်ပီယံတွေလဲ ပလ္လင်ပေါ်က ဆင်းပေးရတာချည်းပါပဲ။

အဲဒီတော့ အသက် ၃၅ နှစ်အရွယ်က သော့ချက်တစ်ခု ဖြစ်မလား?

ဗန် ထက် အတွေ့ကြုံပိုင်း ပိုများခဲ့တဲ့ ပြိုင်ဘက်တွေကိုတောင် အနိုင်ယူပြပြီးသားမို့ ဒီပွဲက သူ့အတွက် စာမဖွဲ့လောက်ဘူးလား?

စောင့်ကြည့်ကြတာပေါ့ဗျာ။

 သူ့ရဲ့ နိုင်ပွဲကို ဂျော်တာအတွက် ရည်ဇူးသွားတဲ့ ပေါ်တူဂီဖိုက်တာ ဂူစတာဗို အိုလီဗဲရား------------လီဗာပူး ပရိသတ်တွေရဲ့ အချစ်...
06/07/2025



သူ့ရဲ့ နိုင်ပွဲကို ဂျော်တာအတွက် ရည်ဇူးသွားတဲ့ ပေါ်တူဂီဖိုက်တာ ဂူစတာဗို အိုလီဗဲရား
------------

လီဗာပူး ပရိသတ်တွေရဲ့ အချစ်တော် တိုက်စစ်ကစားသမား ဂျော်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ကားအက်ဆီးဒင့် မတော်တဆဖြစ်ပြီး ဆုံးပါးသွားခဲ့ပါတယ်။

အဲဒီအတွက် ဘောလုံး လောက အသိုင်းဝိုင်း တစ်ခုလုံးက စိတ်မကောင်းဖြစ်မိတဲ့ စတေးတပ်တွေ ၊ မိသားစုအတွက် ထပ်တူထပ်မျှခံစားမိတဲ့ ကိုယ်ချင်းစာတရားတွေကို ပုံစံအမျိုးမျိုးနဲ့ ဖော်ပြခဲ့ကြပါတယ်။

တိုက်ခိုက်ရေးလောကနဲ့ ဘောလုံးလောက သိပ်ပြီး ဆက်စပ်မှု မရှိပေမယ့် ဖိုက်တာတချို့ကလဲ ဂျော်တာအတွက်စိတ်မကောင်းဖြစ်မိတဲ့အကြောင်း ထုတ်ဖော်ပြသခဲ့ပါတယ်။

လီဗာပူး အသင်းရဲ့ အမာခံပရိသတ် ပက်ဒီ ပင်းဘလက်က ဟိုတနေ့ကပဲ သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားသွားခဲ့တာပါ။

မနေ့ညက ကျင်းပခဲ့တဲ့ PFL Europe ပြိုင်ပွဲမှာ ဂျော်တာကို ရည်စူးပြီး အောင်ပွဲခံခဲ့တဲ့ ဖိုက်တာတစ်ယောက် ပေါ်ထွက်ခဲ့ပါတယ်။

သူ့ရဲ့ နာမည်က ဂူစတာဗို အိုလီဗဲရား ဖြစ်ပြီး ၊ ပေါ်တူဂီ ကိုယ်စားပြု ဖိုက်တာပါ။

ပြိုင်ဘက်ကို လှပလွန်းတဲ့ လက်ပြန်တံတောင်ရိုတ်ချက်နဲ့ ပွဲသိမ်းပြီး ၊ ပထမချီမှာပဲ အမှောက်သိပ်ပြနိုင်ခဲ့ပါတယ်။

ဒီစွမ်းဆောင်ရည်ကြောင့် သူဟာ ဆီးမီးဖိုင်နယ် အဆင့်ကိုပါ တက်ရောက်ခွင့်ရမှာပါ။

ပွဲအပြီးမှာတော့ ဂျော်တာ ရဲ့ နာမည်နဲ့ နံပါတ် ရေးထိုးထားတဲ့ ဂျာစီနဲ့ အောင်ပွဲခံသွားခဲ့ပါတယ်။

သတင်းတွေ အရတော့ လီဗာပူး အသင်းဟာ ဂျော်တာရဲ့ ကျန်ရှိနေသေးတဲ့ လက်ကျန်စာချုပ်သက်တမ်းကာလ အတွက် လစာတွေ အကုန်လုံးကို မိသားစုထံ ဆက်လက်ပေးချေသွားမယ်လို့ သိရပါတယ်။

05/07/2025

မနေ့က ဂျော့ရှူအာဗန် vs. ဘရန်ဒန် ရိုဗာ တို့ ထိုးသွားတဲ့ ပွဲကို The Fights | 2025 Half-Year Awards ဆုမှာ ထိပ်ဆုံးကနေ သတ်မှတ်ခဲ့ပါတယ်။

ဒီကနေ့မှာတော့ ကျနော်တို့ ဖိုက်တာလေးကို The Fighters | 2025 Half-Year Awards ဆု စာရင်းမှာ ထပ်ပြီး ထည့်သွင်းလိုက်ပြန်ပါပြီ။

UFC က ချန်ပီယံတစ်ချို့ ၊ ဒိတ်ဒိတ်ကျဲ ဖိုက်တာကြီးတွေကို ကျော်ဖြတ်ပြီး သတ်မှတ်ခံရတာပါ။

ဂုဏ်ယူပါတယ် ညီလေး 👏👏👏

05/07/2025

ဂျော့ရှုအာဗန် ရဲ့ အင်တာဗျူးမှာ ကောက်နှုတ်ချက်များ
-------------

ကမ္ဘာကျော် ပရိုမိုးရှင်း UFC က ပွဲစဉ်တွေကို CANAL+ Sports MM FG မှာ ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ။

 2025 နှစ်ဝက်အကောင်းဆုံး သတ်မှတ်ခံလိုက်ရတဲ့ ဗန် vs. ရိုဗာပွဲ------------------ပရိသတ်များခင်ဗျ။ အခု ဇူလိုင် လ ထဲကို ရောက်...
05/07/2025



2025 နှစ်ဝက်အကောင်းဆုံး သတ်မှတ်ခံလိုက်ရတဲ့ ဗန် vs. ရိုဗာပွဲ
------------------

ပရိသတ်များခင်ဗျ။ အခု ဇူလိုင် လ ထဲကို ရောက်နေပြီမို့ ၊ နှစ်တစ်ဝက်ကျိုးပြီလို့ ပြောလို့ရပါတယ်။

ဒါ့ကြောင့် ကမ္ဘာ့အကောင်းဆုံး ပရိုမိုးရှင်း UFC က ပထမနှစ်ဝက် အကောင်းဆုံး ၅ ပွဲကို ဆွဲထုတ်ပြီး 2025 Half-Year Awards အဖြစ် သတ်မှတ်လိုက်ပါတယ်။

အဲဒီထဲမှာ ကျနော်တို့ ဖိုက်တာလေး မကြာခင်က ထိုးသတ်သွားတဲ့ ပွဲက ထိပ်ဆုံးနေရာကနေ သတ်မှတ်ခံရပါတယ်။

ဥက္ကဌကြီး ဒေနာ၀ှိုက်ဆိုရင် "ပရိုမိုးရှင်း သမိုင်းကြောင်းတစ်လျှောက် ထာ၀ရ အကောင်းဆုံး ၁၀ ပွဲ စာရင်းဝင် ပွဲမျိုး" ဆိုတဲ့ ပြောဆိုမှုတွေကို သဘောကျတဲ့ အကြောင်း မှတ်ချက်ပေးခဲ့တာပါ။

ဒီပွဲက UFC သမိုင်းကြောင်း တစ်လျှောက် ဖိုက်တာနှစ်ယောက်စလုံးက significant strikes အရေတွက် အကြိမ် ၂၀၀ နဲ့ အထက် ထုတ်သုံးနိုင်တဲ့ ပထမဆုံးသော ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့အပြင် ဖလိုင်းဝိတ်တန်း သမိုင်းကြောင်း တစ်လျှောက် ထိထိမိမိ ထိုးပြနိုင်တဲ့ significant strikes အရေတွက် အများဆုံးပွဲ (၄၁၉ ကြိမ်) ဖြစ်သလို ၊ UFC ပရိုမိုးရှင်း သမိုင်းကြောင်း တစ်လျှောက် ၃ ချီထိုးခဲ့တဲ့ ပွဲစဉ်တွေ အားလုံးမှာ significant strikes အရေတွက် အများဆုံးပွဲလဲ ဖြစ်ပါတယ်။

ဒီလိုသော အကြောင်းရင်းတွေကြောင့် အခုလို သတ်မှတ်ခံရတာ သိပ်တော့ မထူးဆန်းပါဘူး။

လက်ရှိ အချိန်မှာတော့ ဒီပွဲ တစ်ပွဲထဲနဲတင် Fight of the Night ဆု ၊ Fight of the Month ဆု ၊ 2025 Half-Year Award ဆုတွေကို သိမ်းကြုံး ရယူထားပါပြီ။

2025 Half-Year Awards သတ်မှတ်ခံရတဲ့ စုစုပေါင်း ၅ ပွဲ -

1 – Joshua Van vs Brandon Royval
2 – Jack Della Maddalena vs Belal Muhammad
3 – Nazim Sadykhov vs Nikolas Motta
4 – Merab Dvalishvili vs Umar Nurmagomedov
5 – Alexander Volkanovski vs Diego Lopes

  ကို လိုက်ငြိနေတဲ့ မာနယ်ကပ်-------UFC 317 ပြိုင်ပွဲမှာ ဗန်က မာနယ်ကပ်ရဲ့ နေရာကို လူးစားဝင် ထိုးပေးခဲ့တာ ဆိုတာ အားလုံးသိပ...
05/07/2025

ကို လိုက်ငြိနေတဲ့ မာနယ်ကပ်
-------

UFC 317 ပြိုင်ပွဲမှာ ဗန်က မာနယ်ကပ်ရဲ့ နေရာကို လူးစားဝင် ထိုးပေးခဲ့တာ ဆိုတာ အားလုံးသိပါတယ်။

ဒါပေမယ့် ပွဲထိုးနေချိန်မှာတော့ မာနယ်ကပ် က " တစ်ညတည်း နှစ်ယောက်စလုံးကို တစ်ပြိုင်နက်ကြိတ်ပစ်လို့ရတယ်" စတေးတပ် တင်ခဲ့ပါတယ်။

အဲဒီအကြောင်း နဲ့ ပတ်သက်လို့ ဗန်ကို မှတ်ချက်ပေးဖို့ မေးကြချိန်မှာတော့ "အာ့ဆိုလဲ ဘာလို့ နှုတ်ထွက်သွားလဲ ၊ ဖင် ကြိမ်လုံးနဲ့ အဆော်ခံရမယ့် အရေးကနေ ငါ ကယ်ပေးလိုက်လို့မို့ ၊ ကျေးဇူးတောင် ပြန်တင်ရဦးမယ်" ဆိုပြီး ခပ်ထေ့ထေ့လေး တုန့်ပြန်လိုက်ပါတယ်။

ဒါကို မာနယ်ကပ် က ဆတ်ဆတ်ထိမခံဖြစ်ပြီး အခုလို ချက်ခြင်း ထ ပြောပါတယ်။

"ကယ်ပေးတယ် ဟုတ်လား? ငါ နှုတ်ထွက်လိုက်တာက မင်းတို့နှစ်ယောက်စလုံးကို သနားလို့ ငဲ့ညှာသလိုတောင် ဖြစ်သွားတာပါ။ ဘာလို့လဲ ဆိုတော့ မင်းတို့နှစ်ယောက်စလုံးပေါ် ငါထိုးပြမယ့် စတိုင်မျိုးနဲ့ ဆိုရင် လူတွေက ဝိတ်ကျောကြီးနဲ့ အနိုင်ကျင့်တယ် ဆိုပြီးတောင် ထင်ချင် ထင်ကြမှာပါ" ဆိုပြီး ထပ်လေတိုက်သွားခဲ့ပါတယ်။

04/07/2025

UFC ကို ရောက်ဖို့ နီးစပ်နေပြီဖြစ်တဲ့ #ဘူချက်ချာ
------------

ONE Championship နဲ့ စာချုပ်သက်တမ်းကုန်သွားပြီဖြစ်တဲ့ ဟဲဗီးဝိတ်တန်းက ဘူချက်ချာ ဟာ UFC ကို ရောက်ဖို့ နီးစပ်နေပါပြီ။

သူဟာ ONE Championship ဖိုက်တာဘ၀ နောက်ဆုံးပွဲကို မနှစ်က နိုဝင်ဘာလမှာ ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။

ကဲ....မြန်မာကိုယ်စားမပြုဘူး လို့ တချို့ ဘုကလန့်တိုက်ခဲ့ကြလို့မြန်မာ ကိုယ်စားပြုကြောင်းလဲ ချပြပြီးပြီမြန်မာ့အလံကြီး တကားက...
04/07/2025

ကဲ....မြန်မာကိုယ်စားမပြုဘူး လို့ တချို့ ဘုကလန့်တိုက်ခဲ့ကြလို့

မြန်မာ ကိုယ်စားပြုကြောင်းလဲ ချပြပြီးပြီ

မြန်မာ့အလံကြီး တကားကားနဲ့ ကမ္ဘာ့အကောင်းဆုံး MMA Platform ပေါ်မှာလဲ လျှောက်ပြပြီးပြီ

မြန်မာလို မပြောတတ်ဘူးလား ဆိုပြီး မေးကြလို့

မြန်မာလိုလဲ ကြိုးစားပြီး အင်တာဗျူး ဖြေသွားပြီ

အသက် ၇ နှစ်လောက် ကတည်းက ဒီမြေကနေ စွန့်ခွာသွားတဲ့ ချာတိတ်တစ်ယောက်အနေနဲ့

ဒီနိုင်ငံ ၊ ဒီလူမျိုး ၊ ဒီရေ ဒီမြေတွေပေါ်မှာ အဲဒီလောက်ထိ ခင်တွယ် သံယောဇဉ်ဖြစ်ဖို့ဆိုတာ အတော်ကို မလွယ်တဲ့ ကိစ္စပါ

ဖိုက်တာလေးကတော့ သူက မြန်မာကပါ ၊ မြန်မာဆိုတာ ဘယ်လိုပါ ဆိုတာတွေကို

ကမ္ဘာ့အလယ်မှာ သိမ်ငယ်စိတ် အလျဉ်းမရှိ ၊ ပွင့်ပွင့်လင်းလင်းကြီး ချပြပြီးပြီ

ချပြလိုက်တိုင်းလဲ ဂုဏ်ယူချင်စရာကောင်းလောက်တဲ့ စွမ်းဆောင်ရည်မျိုးတွေနဲ့ချည်းပဲ။

အဲဒီတော့ ဒီတစ်ခါ ဝန်းရံအားပေးကြရမှာ ကျနော်တို့ အလှည့်ပါ

ဒီအရွယ်လေး နဲ့ ကြမ်းတမ်းလွန်းတဲ့ တိုက်ခိုက်ရေးလောကမှာ သူလုပ်ပြနေတာ တာဝန်ကျေတာထက် ပိုလွန်းနေပါပြီ

ဒါပေမယ့် သူကတော့ ပန်းတိုင်မရောက်သေးဘူး ၊ ချန်ပီယံ ခါးပတ်တွေ အကြိမ်ပေါင်းများစွာ ရယူချင်သေးတယ် ဆိုပြီး ဖွင့်ဟ သွားပါတယ်။

သူ့ရဲ့ ရည်မှန်းချက်တွေ ဆက်ပြီး အကောင်ထည်ဖော်နိုင်ဖို့ ကျနော်တို့ တစ်နိုင်ငံလုံး တာဝန်ကျေကြတာပေါ့ဗျာ ......

Joshua “ The Fearless “ Van 💪💪

The whole country is always behind you.

04/07/2025

မိုးဟေကို နဲ့ တွေ့ခွင့်ရသွားတဲ့ ဗန်
---------------

ဒီမနက်မှာ Canal+ ကနေ ဦးစီးပြီး ဗန် ရဲ့ UFC 317 နိုင်ပွဲအတွက် သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။

အဲဒီလို လုပ်နေတဲ့ အချိန်မှာ CANAL+ Sports MM FG က ဗန် ကို surprise အကြီးကြီး တိုက်ချလိုက်ပါတယ်။

အဲဒါကတော့ ဗန် သဘောကျ အားပေးတယ် ဆိုတဲ့ မင်းသမီး Moe Hay Ko နဲ့ တွေ့ဆုံပေးလိုက်တာပါ။

Joshua “ The Fearless “ Van

-----

ကမ္ဘာကျော် UFC ပွဲစဉ်တွေကို Canal+ မှာ တရားဝင် ကြည့်ရှုနိုင်ပါပြီ ခင်ဗျ။

ที่อยู่

Bangkok
10560

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Myanmar Sportsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Myanmar Sports:

แชร์