KYN-Happys ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก KYN-Happys, ครีเอเตอร์ดิจิทัล, Bangkok.

27/08/2026

ဘဝရဲ့ အောင်မြင်မှုတွေ၊ ခွန်အားတွေရဲ့ အစဟာ... မိသားစုရဲ့ စည်းလုံးမှုနဲ့ ဘုရားသခင်အပေါ် ထားရှိတဲ့ ယုံကြည်ခြင်းတရားကနေ လာတာပါ.😇🙏


စစ်ဘေးရှောင် ဒုက္ခသည်ဘဝကနေ ကမ္ဘာ့အမြင့်ဆုံး UFC စင်မြင့်ဆီ ရောက်ရှိလာတဲ့ ကျွန်တော်တို့ရဲ့ မြန်မာ့ဂုဏ်ဆောင် Joshua Van ကိ...
24/08/2026

စစ်ဘေးရှောင် ဒုက္ခသည်ဘဝကနေ ကမ္ဘာ့အမြင့်ဆုံး UFC စင်မြင့်ဆီ
ရောက်ရှိလာတဲ့ ကျွန်တော်တို့ရဲ့ မြန်မာ့ဂုဏ်ဆောင် Joshua Van ကို
အနောက်တိုင်းပြိုင်ဘက်အချို့က အထင်သေးပြောဆိုတာတွေရှိခဲ့ပါတယ်။

ဟိုတစ်နေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာဆိုရင်လည်း
ပြိုင်ဘက် ပန်တိုဂျာက ဟာ မဆိုင်တဲ့ စကားလုံးတွေ၊ စိန်ခေါ်မှုတွေနဲ့ Van ကို နှိမ့်ချပြောဆိုခဲ့တာကို အားလုံး မြင်တွေ့ခဲ့ရမှာပါ။

စကားလုံးတွေနဲ့ နှိမ့်ချခံရပေမဲ့ Joshua Van ကတော့ တင်းမာမှုမရှိဘဲ
ပြိုင်ဘက်အပေါ် လေးစားမှု အပြည့်ရှိကြောင်း၊
ပန်တိုဂျာကို ကြောက်မနေသလို အထင်လေးမသေးကြောင်း
စစ်မှန်တဲ့ စိတ်ဓာတ်နဲ့ပဲ တုံ့ပြန်သွားမှာဖြစ်ကြောင်း
ရင့်ကျက်စွာ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်

ကြိုးဝိုင်းပြင်ပက စကားလုံးတွေထက် ကြိုးဝိုင်းအတွင်းထဲက
လက်သီးချက်တွေနဲ့ပဲ သက်သေပြသွားမယ့် Joshua Van ရဲ့ စိတ်ဓာတ်ကတော့
တကယ့်ကို ချန်ပီယံ အစစ်ပါပဲ! 🥊

📅 ပွဲစဉ် ကျင်းပမည့်ရက်: စက်တင်ဘာ ၂၀ ရက်
⏰ အချိန်: နံနက် ၈:၀၀ နာရီ (မြန်မာစံတော်ချိန်)
⚔️ ပွဲစဉ်: Joshua Van vs. Pantoja

Van တစ်ယောက် ထိခိုက်ဒဏ်ရာမရှိ ဘေးကင်းလုံခြုံစွာနဲ့
အနိုင်ရလဒ်ကို ဆွတ်ခူးနိုင်ဖို့အတွက် အားလုံးပဲ တူတူ
ဆုတောင်းပေးရင်း အားပေးလိုက်ကြရအောင်ဗျာ! ❤️‍🔥❤️
:..✍️

15/06/2026

အိမ်ဖြူတော်ပွဲကြီးမှာ တက်ရောက်လာခဲ့ပြီး ပရိသ/တ်တွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တဲ့ မြန်မာ့ချန်ပီယံ The Fearless" Joshua Van ရဲ့ မြင်ကွင်း။ 🇺🇲💫🇲🇲 :

28/05/2026

နားထောင်ပြီး ကျက်သီးပါ ထတယ်😌


27/05/2026

မဖြူဘာပြောပြော ပြုံးပြုံးကြီးကြည့်လိုက် နားထောင်လိုက်နဲ့ ချစ်စရာကလေးပါကွာ.. 🌸😍
စင်ပေါ်တတ်တော့လည်း လက်ကိုတွဲပေးတာ
သဘောကျလိုက်တာ🤍❤️
မမဖြူလက်မှတ်နဲ့ချန်ပီယံကြီး လက်မှတ်ပါတဲ့င်္အကျီရတဲ့သူတွေကတော့ တကယ့်ကံထူးရှင်တွေပါပဲ 💥🌸💫😍🩷


:

27/05/2026

တောင်ပေါ်ခေါင်ရည်နဲ့ မဖြူ🌸💫😍

:

ရိုးရာ ဝတ်စုံလေးနဲ့ သီဆိုဖျော်ဖြေတင်ဆက်ပေးသွားတဲ့ မဖြူဖြူကျော်သိန်းရဲ့ပုံရိုပ်တချို့။ 😇💫🇲🇲  :
27/05/2026

ရိုးရာ ဝတ်စုံလေးနဲ့ သီဆိုဖျော်ဖြေတင်ဆက်ပေးသွားတဲ့ မဖြူဖြူကျော်သိန်းရဲ့ပုံရိုပ်တချို့။ 😇💫🇲🇲 :

ကျွန်တော်တို့ရွာက လူဦးရေ (၅၀၀) နဲ့ (၁၀၀၀) ကြားလောက်ပဲရှိမယ်ထင်တယ်။ အမေက သမီး (၃) ယောက်မွေးပြီးနောက် သားယောင်္ကျားလေးတစ်ယ...
27/05/2026

ကျွန်တော်တို့ရွာက လူဦးရေ (၅၀၀) နဲ့ (၁၀၀၀) ကြားလောက်ပဲရှိမယ်ထင်တယ်။ အမေက သမီး (၃) ယောက်မွေးပြီးနောက် သားယောင်္ကျားလေးတစ်ယောက်ရရင် ဘုရားအမှုတော်မှာ ဆပ်ကပ်ခိုင်းမယ်လို့ ဆုတောင်းခဲ့တယ်။ အဲဒီလိုနဲ့ ကျွန်တော် မွေးဖွားလာခဲ့တယ်။

ကျွန်တော် အသက် (၁၁) နှစ်ဝန်းကျင်မှာ အမေရိကန်ကို ပြောင်းရွှေ့ခဲ့ရတယ်။ ဒီကိုရောက်တော့ အမေမျှော်လင့်ထားသလို လူကောင်းလေးတစ်ယောက် မဖြစ်လာခဲ့ဘူး။ ကျောင်းမှာ ပြဿနာရှာတဲ့သူတွေများတော့ ရန်ပွဲတွေနဲ့ပဲ ကြုံခဲ့ရတယ်။

တစ်နေ့မှာ အမေ့ကို ပြောခဲ့တယ် —
“ကျွန်တော် တရားဟောဆရာ မဖြစ်နိုင်ဘူးအမေ… တရားဟောဆရာဆိုတာ လိမ္မာယဉ်ကျေးပြီး လူတွေအတွက် ပုံသက်သေကောင်းဖြစ်ရတဲ့သူတွေပါ။ ကျွန်တော် အဲဒီလိုမနေတတ်ဘူး” လို့…

အမေလည်း တကယ်စိတ်မကောင်းဖြစ်ခဲ့ရတယ်။

ကျွန်တော်က ဘောလုံးမှာ ထူးချွန်တယ်။ ကျောင်းမှာ ညာတောင်ပံကစားတယ်။ နောက်ပိုင်းကျတော့ တိုက်ခိုက်ရေးဘက်ကို ပြန်ရောက်လာခဲ့တယ်။ ဒီအားကစားကို တကယ်ဝါသနာပါတာ အမေ့ကို ပြောပြတော့ သဘောမတူပေမဲ့ Gym ဖိုးကိုတော့ အမေစိုက်ပေးခဲ့တယ်။

ကျွန်တော် ဒီနယ်ပယ်မှာ အာရုံစိုက်ပြီး ကြိုးစားလာတဲ့အခါ အိပ်ချိန်၊ စားချိန်မှန်လာတယ်။ သူငယ်ချင်းတွေနဲ့ လျှောက်သွားတာတွေ မရှိတော့ဘူး။ နေထိုင်မှုပုံစံ ပြောင်းလဲလာတော့ အမေလည်း ဝမ်းသာလာခဲ့တယ်။

ကျွန်တော်က အချိန်တိုင်း တိုက်ခိုက်ရေးအကြောင်းပဲ တွေးနေမိတော့တယ်။ Gym က ဆရာတွေကတောင် ကျွန်တော် (၃) ရက်လောက်ပျောက်သွားရင် “ဘယ်မှာလဲ? ဘယ်နေ့ပြန်လာမှာလဲ?” ဆိုပြီး ဖုန်းဆက်ခေါ်ကြတယ်။

သူတို့က “မင်းမှာ ထူးခြားမှုတစ်ခုရှိတယ်” လို့ အမြဲပြောကြတယ်။ ကျွန်တော်တော့ မသိပါဘူး။ ဒါပေမဲ့ သူတို့မြင်ထားတဲ့ အရာတစ်ခုတော့ ရှိနေခဲ့မှာပါ။

ဒီလိုနဲ့ ခဏအတွင်းမှာပဲ အောင်မြင်မှုတွေ ရလာခဲ့တယ်။

တရားဟောဆရာ မဖြစ်ခဲ့ပေမဲ့ အမေကတော့ အမြဲဆုတောင်းပေးခဲ့တယ်။ ကျွန်တော်လည်း ဘုရားဆီမှာ အမြဲဆုတောင်းဖြစ်တယ်။ UFC ထိရောက်လာပြီး နိုင်ပွဲတွေ ဆက်တိုက်ရလာတဲ့အချိန်မှာတော့ “ဘုရားကို သိပ်မလိုတော့ဘူး” ဆိုတဲ့ အတွေးမျိုး ဝင်လာခဲ့တယ်။ နည်းနည်း ဘဝင်မြင့်လာခဲ့တယ်။

အဲဒီနောက် Johnson နဲ့ပွဲမှာ အလဲထိုးနဲ့ ရှုံးနိမ့်ခဲ့တယ်။

ပွဲကစားနေရင်းကို “ဒီနေ့ ငါရှုံးတော့မယ်” ဆိုတာ ခံစားမိနေခဲ့တယ်။

အဲဒီရှုံးပွဲက ကျွန်တော့်ကို သတိပေးလိုက်တာပါပဲ။
ဘုရားနဲ့အတူ မရှိရင် ဘာမှ မတတ်နိုင်ဘူးဆိုတာ ပိုနားလည်လာတယ်။

ဒီအကြောင်းတွေကို လူတိုင်းကို မပြောပြဖြစ်ဘူး။ ဘာလို့လဲဆိုတော့ လူတိုင်းက ဘုရားကို ယုံကြည်တာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ကျွန်တော်နဲ့ ဘုရားကြားမှာတော့ အားလုံးသိတယ်။

လူတိုင်းအတွက် ဘုရားက ပန်းတိုင်တစ်ခုစီ သတ်မှတ်ပေးထားပြီးသားပါ။ ဒါပေမဲ့ ဘာလို့ နောက်ကျနေကြလဲဆိုရင် ဘုရားမကြိုက်တဲ့ လမ်းကြားတွေထဲ ဝင်နေကြလို့ပဲ။

အဲဒီရှုံးပွဲကနေ အများကြီး သင်ယူခဲ့ရတယ်။ နိမ့်ချတဲ့စိတ်နဲ့ ဘုရားနဲ့အတူ လျှောက်လှမ်းဖို့ ပိုနားလည်လာတယ်။

အခုဆိုရင် ဘာပဲလုပ်လုပ် ဘုရားကို အရင်ဆုတောင်းပြီးမှ စတင်တယ်။ Pantoja နဲ့ပွဲတုန်းကလည်း အချိန်တိုင်း ဆုတောင်းနေခဲ့တယ်။ အသင်းတော်တွေ အများကြီးကလည်း ကျွန်တော့်အတွက် ဆုတောင်းပေးခဲ့ကြတယ်။

ဘုရားနဲ့အတူ လျှောက်လှမ်းရင် အရာရာအောင်မြင်နိုင်တယ်ဆိုတာ သက်သေပါပဲ။

ပွဲပြီးတိုင်းမှာလည်း ကျွန်တော် အမြဲပြောဖြစ်တာတစ်ခုရှိတယ် —

“ဒီအောင်မြင်မှုတွေဟာ ကျွန်တော့်အစွမ်းကြောင့် မဟုတ်ပါဘူး။ ကျွန်တော့်ကို ကယ်တင်ခဲ့တဲ့ သခင်ယေရှုခရစ်တော်ကြောင့်သာ ဖြစ်ပါတယ်။”

Credit:✍️

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ KYN-Happysผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์