13/12/2019
#ကျနော့်မှာ...
KTV မှာ အလုပ်လုပ်နေတဲ့
သူငယ်ချင်း "အောင်ခိုင်" ဆိုတာရှိတယ်။
သူက အဲ့ဒီမှာ မန်နေဂျာ။
အားလုံးက သူကို..
'ဂျာရီး ဂျာရီး' နဲ့ ခေါ်ကြတာ။
ခေါ်ကြမှာပေါ့၊
အဲ့ဆိုင်က ကောင်မလေးတွေကို
သူက ဂျာ တာကိုး..
အဲလေ မန်နေဂျာလုပ်ပြီး စီမံခန့်ခွဲတာကိုး။
တရက်ကတော့ လမ်းကြုံလို့
သူ့ဆိုင်ဝင်လည်ဖြစ်တယ်။
"ဂျာရီးက ထမင်းစားခန်းထဲမှာ'' ဆိုလို့
ဝင်သွားလိုက်တယ်။
အထဲရောက်တော့...
ဆရာက ကောင်မလေးတစ်ယောက်ကို
ငေါက်နေတာ...
"ညည်းက ဘာဖြစ်လို့ အဲ့ဧည့်သည်နဲ့
မထိုင်ချင်တာလဲ''
"အဲ့လူကြီးတွေက
ဏှာဘူးကြီးတွေ ဂျာရီးရဲ့''
ဆိုတော့...
ဂျာရီးအောင်ခိုင် ပြန်ပြောလိုက်တဲ့
စကားက မှတ်သားလောက်တယ်
ဘာတဲ့...
"ဟဲ့... ကလေးမ၊ ဘယ်သူတော်ကောင်း
သူုမြတ်လောင်းမှ KTV ကို မလာဘူး၊
လခွမ်း...
KTV ပါဆိုမှ တဏှာရူးပဲ လာမှာပေါ့၊
သူတော်ကောင်းတွေ့ချင်
တရားစခန်းသာ သွား"... တဲ့။
အင်း...
သူ့ဆီလာလည်မိမှ ကိုယ်ပါ တဏှာရူးဖြစ်ကရော...
ဒါနဲ့ နာမည်ပျက်တဲ့အတူတူ
မထူးပါဘူးလေ ဆိုပြီး
၃ ဆက်ရှင် ဝင်ဆိုခဲ့လိုက်တယ်
အေးတာပဲ
😁😁😁😁
Crd...😜😜😜