SHWE PYI AYE Visca Barca

30/01/2025

မန်ယူနိုက်တက်ဟာ ဘာစီလိုနာကို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ နှစ်ကြိမ် ရင်ဆိုင်ခဲ့ဖူးပါတယ်။ မန်ယူက ဘာစီလိုနာကို နှစ်ကြိမ်လုံးမှာ ရှုံးနိမ့်ခဲ့ပါတယ်။

အဲဒီခေတ်က မန်ယူဂန္ထဝင်တွေဟာ မက်ဆီနဲ့ ဘာစီလိုနာ ဘယ်လောက်ကောင်းကြောင်း သိကြပါတယ်။ မန်ယူဂန္ထဝင်တွေဖြစ်တဲ့ ဖာဒီနန်၊ ဗီဒစ်တို့ကိုယ်တိုင်မက်ဆီဘယ်လောက်ကောင်းလဲ ပြောပြထားတာကို ကြည့်ရအောင်ပါ။

17/12/2024

ကာရေဂါပြောတဲ့ မက်ဆီ-ရော်နယ်ဒို ဘယ်သူပိုကောင်းလဲဆိုတဲ့အကြောင်း နားထောင်ရအောင်ပါ။ ကာရေဂါကတော့ ရော်နယ်ဒိုဆိုတာ မက်ဆီရဲ့ လယ်ဗယ်နဲ့အဝေးကြီးလို့ ပြောခဲ့ပါတယ်။

13/12/2024

မက်ဆီဟာ သူများတွေလို မာနတွေ၊ မနာလိုခြင်းတွေမရှိပါဘူး။ ဘယ်သူ့အကြောင်းမှ မပြောဘဲ ကိုယ့်အလုပ်ကိုပဲ လုပ်ပါတယ်။

ဒါပေမယ့် မက်ဆီကိုမုန်းတဲ့လူတွေ အများကြီးရှိပါတယ်။
မက်ဆီကို မုန်းတဲ့သူတွေဟာ အများအားဖြင့် ကောင်းလွန်းလို့ မုန်းကြပါတယ်။

08/11/2024

မျက်နှာကိုအကန်ခံရပြီး ရခဲ့တဲ့ ဘာစီလိုနာကစားသမား ကူဘာဆီရဲ့ ဒဏ်ရာ။

ကူဘာဆီက ၁၇ နှစ်အရွယ်သာရှိသေးပြီး ဘာစီလိုနာအတွက် ခြေစွမ်းပြနေတဲ့ နောက်ခံကစားသမားဖြစ်ပါတယ်။

ရက်ဒ်စတားကစားသမားနဲ့ ဘောလုံးယှဉ်လုရင်း မျက်နှာကို အကန်ခံလိုက်ရသလိုဖြစ်ခဲ့တာပါ။

ဒီပွဲမှာ ဘာစီလိုနာက ၂-၅ နဲ့အနိုင်ရခဲ့ပါတယ်။

08/11/2024

အသင်းငယ်လေးတွေနဲ့တွေ့တိုင်း ပေးဂိုးမရှိအနိုင်ရတဲ့ ဘာစီလိုနာ။

ဘာစီလိုနာရဲ့ ခြေစွမ်းအတော်ထက်နေတာ အားလုံးသိပါတယ်။ ပွဲတိုင်းလိုလို ဂိုးတွေအများကြီးသွင်းပြီး အနိုင်ယူနေပေမယ့် အသင်းကြီးတွေနဲ့ဆို တစ်ဂိုး၊ နှစ်ဂိုး ပြန်ပေးရတတ်ပါတယ်။

မနက်စာမစားရတဲ့ ဘာစီလိုနာအသင်းသားတွေဟာ အသင်းငယ်တွေဆိုရင်တော့ ဂိုးမပေးဘဲ အနိုင်ယူခဲ့တာဖြစ်ပါတယ်။

08/11/2024

မက်ဆီက ကမ္ဘာ့ဘောလုံးလောကကို အနိုင်နဲ့ ပိုင်းသွားတယ်။ ရှိသမျှဖလားတွေ ယူပြီးတဲ့နောက် အမေရိကားမှာ အေးအေးလူလူပဲ မိသားစုနဲ့ သွားနှပ်နေတယ်။

မက်ဆီက မနာလိုချင်စရာကောင်းလောက်အောင် ပြီးပြည့်စုံလွန်းပါတယ်။ လူတွေက မက်ဆီရဲ့ ကြိုးစားမှုကို မျက်ကွယ်ပြုဖို့ကြိုးစားကြတယ်။ ပါရမီတစ်ခုတည်းကို အားကိုးပြီး အိပ်နေရင်းနဲ့ပဲ ဒီအခြေအနေရောက်လာသလိုလို ပြောကြတယ်။

အမှန်တော့ မက်ဆီဖြတ်ကျော်ခဲ့ရတာတွေအများကြီး။ သူ့စိတ်ဓာတ် ဘယ်လောက်ကြံ့ခိုင်သန်မာအောင် နေထိုင်ခဲ့ရသလဲဆိုတာ အားလုံးအသိပါပဲ။

ကစားသမားဘဝအစောပိုင်းမှာ ကမ္ဘာ့ဖလားဖိုင်နယ်အပါအဝင် ကိုပါအမေရိကဖိုင်နယ်နှစ်ခုရှုံးတယ်။ သူ့ကိုမုန်းတဲ့သူတွေက နှစ်တွေချီပြီး လှောင်ပြောင်ခဲ့ကြတယ်။

ဒါပေမယ့် သူနောက်ဆုံးမှာ အကုန်ရခဲ့ပါတယ်။ သူ့ကိုမုန်းတဲ့သူတွေအတွက် စကားတစ်ခွန်းတောင် ပြန်မပြောခဲ့ပါဘူး။ အေးအေးလူလူပဲ ကိုယ်လုပ်စရာရှိတာ လုပ်တယ်၊ သူများအကြောင်းမပြောဘူး။

နောက်ဆုံးတော့ သူနဲ့ထိုက်တန်တဲ့ ဖလားတွေ အကုန်ရတယ်။ သူ့အနေနဲ့ ဘာဖလားယူပြီးတော့မှ သက်သေပြစရာမရှိတော့ဘူး။

အသက်လေးဆယ်ထိ ကစားစရာအကြောင်းလည်းမရှိတော့ဘူး။ ဆွာရက်ဇ်၊ အယ်လ်ဘာ၊ ဘူစီတို့လို အသင်းဖော်ဟောင်းတွေနဲ့ အပျင်းပြေကစားရင်း အမေရိကားမှာ ဂိုးတွေသွင်းတယ်။ အရင်တုန်းက ဇယားအောက်ဆုံးက အသင်းအတွက် ဖလားတွေ ယူပြတယ်။ ဒီလောက်ပဲ။

မိသားစုက အမေရိကားမှာပျော်တယ်။ မက်ဆီပွဲကို အမေရိကန်နာမည်ကြီး အဆိုတော်တွေ၊ မင်းသားမင်းသမီးတွေ လာကြည့်ကြတယ်။

မက်ဆီက ဘာဖလားအတွက်မှ ဘောလုံးကစားနေတာမဟုတ်ဘူး။ ဝါသနာအရ ဆက်ဆော့နေတယ်။ မက်ဆီပရိတ်သတ်တွေကလည်း မနာလိုချင်စရာကောင်းလောက်အောင် အပူမရှိတော့ဘူး။ ဖိအားမရှိတော့ဘူး။

အားလုံးက မက်ဆီကစားတာကို ကြည့်နေရရင်ကို ကျေနပ်ပီတိဖြစ်နေပြီ။ ငါတို့ချစ်တဲ့ကစားသမားဟာ သူ့ကစားသမားဘဝကို ဒါမျိုးအဆုံးသတ်နိုင်ပြီဆိုတာ တွေးရုံနဲ့တင် ကျေနပ်နေကြပြီ။

အင်တာမိုင်ယာမီဇယားအောက်ဆုံးရောက်လည်း ကိစ္စမရှိဘူး။ အာဂျင်တီးနားရှုံးလည်း ဘာမှမဖြစ်ဘူး။ ဘာလို့ဆို မက်ဆီဖန်တွေအတွက်က ပြည့်စုံနေပြီ။ ဘာမှမလိုတော့ဘူး။

ရီးရဲမက်ဒရစ် ချန်ပီယံလိဂ် ၅ နှစ်ဆက်ထပ်ရလည်း သိပ်မဖြုံဘူး။ အာဆင်နယ် ချန်ပီယံလိဂ်ရသွားလည်း ပြုံးပြုံးပဲ။ မန်ယူ ပရီးမီးယားလိဂ်လိုချင်လည်း ယူသွားလိုက်။

ကျန်တာသိပ်မလိုဘူးလေ၊ မက်ဆီကမ္ဘာ့ဖလားရခဲ့ပြီ။ ငါတို့ချစ်တဲ့ ကစားသမားဟာ ဘောလုံးကို ပြီးပြည့်စုံခဲ့ပြီ။ ဒီလောက်ဆို ငါတို့မနက်ခင်းမှာ နိုးထလာခြင်းဟာ အဓိပ္ပာယ်ရှိနေပြီ။

06/11/2024

ငါ့ထက် အပုံကြီးသာတဲ့ဖလားတွေ ရလို့တဲ့
ငါ့ကို လာမော်ကြွားတယ်
မယ်မင်းကြီးမက။

အေးလေ ဝမ်းသာပါတယ်။

“အသိုင်းအဝိုင်းတောင့်တယ်
ခြေစွမ်းထက်တယ်၊ လူဝယ်နိုင်တယ်
ချန်ပီယံလိဂ် ၁၅လုံးရတယ်တဲ့...” တဲ့
ငါက အေးအေးဆေးဆေးပဲ၊ လူသေကောင်လို
ငါက လူသေကောင်လို အေးအေးဆေးဆေးပဲ။

“မင်းတို့
ငါ့လို မနက်စာမစားဘဲတိုက်ပွဲဝင်ရရင်
ခက်မယ် ”

အေး ခက်မယ်။ ။

24/09/2024
09/09/2024

၂၀၂၄ ခုနှစ်ရဲ့ ဘော်လွန်ဒေါ ဆန်ကာတင် ၃၀ စာရင်းထွက်ပြီးတဲ့နောက် ဘယ်သူကရနိုင်ခြေအရှိဆုံးလဲဆိုတာကို ပရိတ်သတ်တွေက ဝေဖန်သုံးသပ်ကြပါတယ်။

နောက်ဆုံးအဆင့်ကို ချက်ချင်းသွားရရင် အယောက်သုံးဆယ်ထဲက အကောင်းဆုံး သုံးယောက်ကို ရွေးထုတ်ကြတာပါ။ အားလုံးသိကြတဲ့အတိုင်း မန်စီးတီးရဲ့ ရိုဒရိုနဲ့ ရီးရဲလ်မက်ဒရစ်က ဗင်နီးရှပ်နဲ့ ဘယ်လင်ဂမ်တို့ဖြစ်ပါတယ်။

ဒီသုံးယောက်ထဲကမှ ဘယ်သူက ရနိုင်ခြေအရှိဆုံးလဲ။ ဘယ်သူက အထိုက်တန်ဆုံးလဲဆိုတာကို ထပ်ပြီး ဝေဖန်ကြရမှာ ကျွန်တော့်တို့ရဲ့ အလုပ်ပဲဖြစ်ပါတယ်။

ဒီနှစ်မှာ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက ခန့်မှန်းရမလွယ်ကူတဲ့အချက်ပါ။ ၂၁ နှစ်အကြာ မက်ဆီရော၊ ရော်နယ်ဒိုပါ ဆန်ကာတင် သုံးဆယ်စာရင်းမှာ မပါတဲ့ ပထမဆုံးသောနှစ်လည်းဖြစ်ပါတယ်။

နာမည်ကျော်ဘောလုံး ဝေဖန်သုံးသပ်တွေက သူတို့ရဲ့ အကြိုက်ဆုံးသုံးယောက်ကို ရွေးရာမှာ ရိုဒရီနဲ့ ဗင်နီးရှပ်ကို အားလုံးနီးပါးက ရွေးချယ်ပြီး ကျန်တစ် ယောက်နေရာမှာ ဘယ်လင်ဂမ်၊ ဟာလန်း၊ အမ်ဘာပေ၊ လောက်တာရို မာတီးနက်ဇ် စတဲ့ ကစားသမားတွေကို ရွေးကြပါတယ်။

အကယ်၍ အင်္ဂလန်သာ ယူရိုရခဲ့ရင် ဘယ်လင်ဂမ်က ဘောလွန်ဒေါသေချာပေါက်ရလိမ့်မယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။

အမှန်တော့ ဒီဆုကို ရဖို့က တကယ်ကိုမလွယ်ကူပါဘူး။ မက်ဆီ၊ ရော်နယ်ဒို ခေတ်ကုန်သွားလို့သာ ဗင်နီးရှပ်တို့ ဘယ်လင်ဂမ်တို့က ဆန်ကာတင်ထဲပါလာတာပါ။ တကယ်တော့ သူတို့က တစ်ရာသီလုံးမှ ဂိုး ၃၀ တောင်ပြည့်အောင် မသွင်းနိုင်ခဲ့ကြပါဘူး။

ဒါပေမယ့်လည်း သူတို့ထက်ပိုကောင်းတဲ့ ကစားသမားကိုလည်း ဒီနှစ်မှာ ရှာမရပါဘူး။ ဒါကြောင့် မက်ဆီ-ရော်နယ်ဒိုတို့ရဲ့ အကောင်းဆုံးအချိန်တွေကို မှီလိုက်တာကိုက ကျွန်တော်တို့ ကံတော်တော်ကောင်းတယ်လို့ဆိုရမှာပါ။

ဘောလုံးလောကမှာ အကောင်းဆုံး ကစားသမားဆုတွေကို များသောအားဖြင့် ဂိုးများများသွင်းတဲ့သူ၊ တိုက်စစ်ကစားသမားတွေကပဲ ရကြပါတယ်။ ပရိတ်သတ်တွေကိုယ်တိုင်ကလည်း ဂိုးသွင်းတဲ့သူကိုသာ ပိုပြီးကောင်းတယ်ထင်ကြပါတယ်။

ဒါပေမယ့်လည်း ဘောလုံးဟာ ၁၁ ယောက်ပါဝင်ကစားရတဲ့ ကစားနည်းဖြစ်ပြီး တစ်သင်းလုံး ဟန်ချက်ညီမှ အောင်မြင်တာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဘောလုံးပွဲစဉ်တစ်ခုပြီးသွားရင် အရမ်းကောင်းတဲ့ ကွင်းလယ်လူတွေ၊ နောက်ခံလူတွေကို မေ့နေတတ်ကြပြီး ဂိုးသွင်းတဲ့တိုက်စစ်ကစားသမားတွေနဲ့ သူတို့ရဲ့ ဂိုးတွေကိုသာ မျက်လုံးထဲမှာ ကျန်နေခဲ့တတ်ပါတယ်။

ဒီနှစ်ရဲ့ ရနိုင်ခြေအရှိဆုံးကစားသမားတွေကို ပြန်ကြည့်ရအောင်ပါ။

ပထမဆုံးတစ်ယောက်က ဗင်နီးရှပ်ပါ။ သူ မနှစ်ကရာသီမှာ ချန်ပီယံလိဂ်၊ လာလီဂါနဲ့ စပိန်စူပါဖလားရခဲ့ပါတယ်။ ဒီအတောအတွင်း ၂၆ ဂိုးသွင်းပြီး ၁၂ ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။

နောက်တစ်ယောက်က ဘယ်လင်ဂမ်ပါ။ သူက ကွင်းလယ်ကစားသမားဖြစ်ပေမယ့် အံ့ဩလောက်စရာကောင်းအောင် ၂၇ဂိုးသွင်းပြီး ၁၇ ကြိမ်ဖန်တီးခဲ့ပါတယ်။ သူလည်း ဗင်နီးရှပ်နည်းတူ ဖလားသုံးလုံး ရခဲ့ပါတယ်။

နောက်တစ်ယောက်က လောက်တာရိုမာတီးနက်ဇ်ပါ။ မာတီးနက်ဇ်က ၃၅ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ရှစ်ကြိမ်ရှိခဲ့ပါတယ်။ သူက ကိုပါအမေရိကဖလားအပါအဝင် စီးရီးအေနဲ့ အီတလီပြည်တွင်းဖလားအချို့ကိုပါရရှိခဲ့ပါတယ်။

နောက်ဆုံးတစ်ယောက်ကတော့ စပိန်နဲ့ မန်စီးတီးရဲ့ အသက်သွေးကြော ရိုဒရီဖြစ်ပါတယ်။ ရိုဒရီက ကွင်းလယ်ခံစစ်ကစားသမားဖြစ်ပေမယ့် ၁၂ ဂိုးသွင်းပြီး ၁၅ ကြိမ်ဖန်တီးခဲ့ပါတယ်။ သူက စပိန်နဲ့အတူ ယူရိုချန်ပီယံဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်၊ ကလပ်ကမ္ဘာ့ဖလား၊ ဥရောပစူပါဖလားစတာတွေကို အကုန်ရထားပါတယ်။ ယူရ်ိုပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း သူပဲရခဲ့ပါတယ်။ သူက တစ်နှစ်ကျော်ကာလမှာ FA ဖလားဗိုလ်လုပွဲမတိုင်ခင်ထိ ရှုံးပွဲမရှိခဲ့သူဖြစ်ပါတယ်။

ဒီကစားသမားတွေက ဒီနှစ်ဘောလွန်ဒေါအတွက် ရနိုင်ခြေအရှိဆုံးကစားသမားတွေပါ။ အောက်တိုဘာ ၂၈ မှာ ဘယ်သူရမလဲဆိုတာ သိရမှာပါ။ ဘယ်သူက အထိုက်တန်ဆုံးလဲ၊ ဘယ်သူရနိုင်ခြေအရှိဆုံးလဲဆိုတာ ဝင်ရောက်မှတ်ချက်ပြုကြဖို့ ဖိတ်ခေါ်ပါတယ်။

09/09/2024

“ကျွန်တော့် နံပါတ်မဟုတ်မှန်းသိပါတယ်။ ဒါက မက်ဆီနံပါတ်ဆိုတာလည်း ကျွန်တော်တို့အားလုံး သိပါတယ်။ ဒီနံပါတ်ကို ကိုယ်စားပြုဖို့ တတ်နိုင်သမျှအကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ အသင်းဖော်တချို့က မက်ဆီမရှိချိန်မှာ ကျွန်တော်ဝတ်သင့်တယ်လို့ ပြောကြပါတယ်။ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိခဲ့ပါဘူး။ ဒါပေမယ့် တကယ်ကောင်းတဲ့ တာဝန်တစ်ခုဖြစ်ခဲ့ပါတယ်”

ပေါ်လိုဒီဘာလားက မက်ဆီအသင်းကနေ ခဏနားတဲ့အချိန် နံပါတ် ၁၀ ဝတ်ပြီးကစားခဲ့တဲ့အပေါ် အခုလိုပြောခဲ့တာပါ။

သူက အဲဒီပွဲမှာပဲဂိုးလည်း သွင်းနိုင်ခဲ့ပါတယ်။

04/09/2024

နိုင်ငံလက်ရွေးစင်အသင်းကနေ အနားယူသွားတဲ့ ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ကို သူ့အချစ်ဆုံးသူငယ်ချင်း မက်ဆီက ဆုတောင်းပေးထားပါတယ်။

“မင်းက ကွင်းတွင်း၊ ကွင်းပြင်မှာ ပြိုင်စံရှားပါပဲ။ အများကြီး ချစ်တယ်ကွာ” ဆိုပြီးတော့ မက်ဆီက Instagram မှာ တင်ခဲ့တာပါ။

#ဘောလုံး #ဘောလုံးပွဲ #မက်ဆီ #အာဂျင်တီးနား #ဆွာရက်ဇ်

ที่อยู่

211 16 Soi Damnoen Klang Nuea, Wat Bowon Niwet, Phra Nakhon
Bangkok
10200

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ SHWE PYI AYEผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์