Explore With Anita

Explore With Anita History only remember how you finish.

23/03/2026

How can I be CRAZY !
Based on the true story 🤭

16/03/2026

Celebrating my 7th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

Feels like London !ဆာဝါဒီခ ထုခွန် 🙏🏻မြို့ထဲနဲ့ မနီးမဝေးက ဓာတ်ပုံရိုက်လို့ကောင်းတဲ့ STARBUCKS CAFE ဆိုင်လေးကတော့ပုံမှန်အတ...
13/03/2026

Feels like London !

ဆာဝါဒီခ ထုခွန် 🙏🏻

မြို့ထဲနဲ့ မနီးမဝေးက ဓာတ်ပုံရိုက်လို့ကောင်းတဲ့
STARBUCKS CAFE

ဆိုင်လေးကတော့ပုံမှန်အတိုင်း နည်းနည်းတော့သေးတယ်။ အဓိကက အပြင်ပိုင်းက အဆောက်အဦးနဲ့ သစ်ပင်တွေကြောင့် လူအများ စိတ်ဝင်စားတဲ့ location ဖြစ်နေတာပါ။Commercial photo shoot တွေ လုပ်ချင်တဲ့သူတွေအတွက် recommend ပေးပါတယ်။

ဓာတ်ပုံ အရိုက်ခံပေးတဲ့ သူငယ်ချင်းကို ကျေးဇူးများကြီးတင်ပါတယ်။

Photo featuring - Emalie 🌻

📍Location

https://maps.app.goo.gl/CziimsW3vjzJmMJR7?g_st=com.google.maps.preview.copy

ကန်ချနာဘူရီ - ၁ညအိပ် ၂ရက်  သမိုင်း+သဘာဝ+အပန်းဖြေ တစ်ခါတည်း ခံစားချင်သူများအတွက် Perfect Trip !“မောပန်းသမျှတွေကို သဘာဝတရာ...
12/03/2026

ကန်ချနာဘူရီ - ၁ညအိပ် ၂ရက်

သမိုင်း+သဘာဝ+အပန်းဖြေ တစ်ခါတည်း ခံစားချင်သူများအတွက် Perfect Trip !
“မောပန်းသမျှတွေကို သဘာဝတရားကြီးနဲ့ မျှောချလိုက်ရအောင် “

ဘန်ကောက်ကနေ သိပ်မဝေးဘဲ သဘာဝတရားတွေနဲ့ သမိုင်းကြောင်းတွေကို တစ်နေရာတည်းမှာ အစုံအလင်းခံစားလို့ရမယ့် ကန်ချနာဘူရီကို ၁ညအိပ် ၂ရက် Trip လေးသွားရအောင်။

ဓာသုတို့ကတော့ အဖွဲ့အရမ်းတောင့်တော့ ဒါလေးတွေကို လုပ်ခဲ့ကြပါတယ်။

• ခရီးစဉ် တစ်ခုလုံးကို Fun ဖြစ်အောင်လို့ အသွား/အပြန် နှစ်ခုလုံးကို ရထားနဲ့ပဲ သွားခဲ့ပါတယ်။

• Hotel ရောက်တဲ့အချိန်က Check In ဝင်ဖို့စောနေသေးတော့ ထမင်းစားဖို့ သွားရင်းနဲ့ 𝐑𝐢𝐯𝐞𝐫 𝐊𝐰𝐚𝐢 𝐁𝐫𝐢𝐝𝐠𝐞 ကို တစ်ခါတည်း ဝင်လည်ခဲ့ကြပါတယ်။( သေမင်းတမန် ရထားလမ်းဖက်တော့ မရောက်ဖြစ်လိုက် ပါဘူး)

• ပြီးတော့ Hotel ပြန် Check In လုပ်ပြီးတာနဲ့ Instagram က အရမ်းလှတဲ့ 𝐋𝐚𝐤𝐞 𝐕𝐢𝐞𝐰 𝐂𝐚𝐟𝐞́ ကိုသွားကြပါတယ်။(အချိန်သိပ် မရရင်တော့ သွားလည်ဖို့ recommend မလုပ်ပါဘူး။သွားရတာ အရမ်းဝေးလို့ပါ။)

• ညနေအပြန်ကို ရထားဘူတာနားက ကန်ချနာဘူရီ Night Market ဝင်လည်ပြီး Hotel ပြန်လိုက်ပါတယ်။ဒီမှာတင် ပထမ ၁ရက်ပြီးဆုံးပါပြီ။

• နောက်နေ့မနက်မှာတော့ Breakfast စားပြီးတာနဲ့ check out တခါတည်းလုပ်ပြီး မှန်တံတားကို သွားလည်ကြပါတယ်။

• ပြီးတော့ အဲ့ကနေ တဆင့် 𝐖𝐚𝐭 𝐁𝐚𝐧 𝐓𝐡𝐚𝐦 ဘုရားကို သွားဖူးကြပါတယ်။ဘုရားက တောင်ထိပ်ရဲ့ဂူမှာ တည်ထားတာဆိုတော့ တော်တော်လေးတော့ တောင်ပေါ်ကို တက်ရပါတယ်။

• ဘုရားဖူးပြီးတာနဲ့ 𝐌𝐞𝐞𝐧𝐚 𝐂𝐚𝐟𝐞́ မှာ နေ့လည်စာ သွားစာကြပါတယ်။အစားအသောက် အရသာတွေက ပုံမှန် အသင့်အတင့်လောက်ပါပဲ။အဓိကကတော့ view ကြည့်ဖို့နဲ့ ဓာတ်ပုံရိုက်ဖို့ပါပဲ။ကျန်တာတော့ သိပ်ထွေထူးမရှိပါဘူး။

• 𝐌𝐞𝐞𝐧𝐚 𝐂𝐚𝐟𝐞́ ကအပြန်ကိုတော့ 𝐆𝐚𝐢𝐧𝐭 𝐑𝐚𝐢𝐧𝐭𝐫𝐞𝐞 (𝐌𝐨𝐧𝐤𝐞𝐲 𝐏𝐨𝐝 𝐓𝐫𝐞𝐞) ဝင်လည်ခဲ့ပြီး ၃းဝဝ နာရီထိုးတာနဲ့ ရထားဘူတာကို ပြန်ခဲ့ကြပါတယ်။

ခရီးစဉ် တစ်ခုလုံးကို အရမ်းအရှုတ်ရှုပ်ခတ်ပြီး နေရာအများကြီးလည်း မသွားချင်ဘူးဆိုရင် တော့ ဓာသုတို့ သွားခဲ့သလိုမျိုးလေး သွားကြည့်ဖို့ အကြံပြုပါတယ်။

I've just reached 500 followers! Thank you for continuing support. I could never have made it without each one of you. 🙏...
10/03/2026

I've just reached 500 followers! Thank you for continuing support. I could never have made it without each one of you. 🙏🤗🎉

09/03/2026

ဂေါ်ရခါးရိုးရာမိသားစု စုပေါင်းရှင်ပြုနားသအလှူ Teaser

ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက် တစ်ကိုယ်တော်ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ...ဓာသုအတွက် solo-travelling လုပ်ခြင်းက လ...
08/03/2026

ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက် တစ်ကိုယ်တော်ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ...

ဓာသုအတွက် solo-travelling လုပ်ခြင်းက လွန်ခဲ့တဲ့(၂)နှစ်လောက်က စဖြစ်ခဲ့တယ်။Forengin က travellerတွေ ကြည့်ပြီးအားကျခဲ့ရတယ်။ဒါပေမဲ့ ကိုယ်နိုင်ငံက Senior-Blogger အကို/အမတွေကို အားကျတာလည်းပါပါတယ်။ဒါပေမဲ့ ဓာသုရဲ့ ပထမဆုံး solo-trip ထွက်ဖြစ်ဖို့ စိတ်ဆွပေးတဲ့သူတွေက တော့ သူငယ်ချင်း တွေဖြစ်ခဲ့တယ်။

Solo Trip မဖြစ်ခင် Group Trip Planing ……..

2017 ခုနစ်မှာ သူငယ်ချင်းတွေ စုပြီး ကလောတောင်ကိုးလုံး တက်မယ်ဆိုပြီး စပြီး planning ချလိုက်ပါတယ်။ မသွားခင် နှစ်လလောက်ကို plan ချဖြစ်လိုက်ပါ တယ်။လူက စုစုပေါင်း (15 / 20)ဝန်းကျင် လောက် ဖြစ် သွားရော။ကိုယ့်မှာတော့ ပျော်တာပေါ.၊၊

ကိုယ်စီစဉ်တဲ့ ခရီးစဉ်က လူများတော့ ပျော်တာပေါ….၊၊သိပ်မကြာပါဘူး အားလုံးကိုယ်စီကိုယ်စီနဲ့ မအားကြတာနဲ့ trip အစီစဉ်က ပျက်သွားခဲ့ပါတယ်။ နောက်တော့ တစ်ယောက်ထဲထွက်မယ်ကွားဆိုပြီးတော့ ဆုံးဖြတ်ချက်ချလိုက် တယ်။(ဒီခရီးစဉ်ဖြစ်နိုင်အောင်လို့ စိတ် ဓာတ်ပိုင်းဆိုင်ရာမှာရော/ငွေကြေးပိုင်း မှာပါ အားပေးခဲ့တဲ့ ဓာသုရဲ့ အမလိုလည်းခင်ရတဲ့ သူငယ်ချင်းအမ မမမေသူ ကိုလည်း ကျေးဇူးတင်ပါတယ်။မမေသူသာ အဲ့နေက ဖုန်းဆက်ပြီး ညီမလေး တစ်ယောက်ထဲ သွားဖြစ်အောင် သွားလို့ မပြောခဲ့ရင် အခုလိုsolo traveling ဖြစ်လာခဲ့နိုင်မှာ မဟုတ်လောက်ပါဘူး….။ အခုလို့ ပြောပြပြီး ရေးဖြစ်နေမှာလည်း မဟုတ်ပါဘူး။ မမမေသူ….. Thank You.)

ခရီးထွက်ဖို့ အိမ်ကို ဘယ်လို ခွင့်တောင်မလဲ….

တိုက်ပွဲဆိုတာ တိုက်ယူရတဲ့ အမျိုးပါ။ဒီတိုင်းထိုင်နေရင်းနဲ့တော့ ဘယ်သူ့မှ လွတ်လပ်ရေးလာမပေးပါဘူး ။ဒီလိုပြော လိုက်လို့ မိဘနဲ့သားသမီးကြား ရန်တိုက်ပေးနေတယ်ထင်မိပါမယ်။ဆိုလိုတာက ကိုယ်ဖြစ်ချင် တဲ့ အရာအားလုံး မိဘနဲ့သားသမီးကြးမှာ လျှိုဝှက်ထားစရာမလိုအောင် ပွင့်လင်းပါ။ကိုယ့်မိဘက ရှေးရိုး စွဲထဲကဆိုရင် နားလည်လွယ်အောင်ပြောပြပါ/ရှင်းပြပါပါ။အစပိုင်းမှာ တော့ လစ်လျှူရှူခံရကောင်းခံရပါ လိမ့်မယ်။နောက်ပိုင်း မိဘတွေက နားလည်ပေးလာမှာပါ။အဓိကပြောချင်တာက သားသမီးတွေကလည်း မိဘ လောင်းရိပ် မမိစေနဲ့။မိဘတွေကလည်း သားသမီးလောင်းရိပ် မမိပါစေနဲ့။ကိုယ်စီးရမဲ့ ရထားက အချိန်ကိုက် ရောက်မလာသေးလို့ဆိုပြီးတော့ စိတ်ရှည်စွာနဲ့ စောင့်နေပါ။ဓာသုကတော့ အသက်(19)နှစ်အရွယ်မှာ ကိုယ့်လမ်းကြောင်းကို ကိုယ်ရှာတွေ့ခဲ့တယ်။အိမ်ကလည်း ကိုယ့်ကို အဲဒီအသက်အရွယ်မှာ ဓာသုစီးရမဲ့ ရထားလက်မှတ်ကို ပေးခဲ့ပါတယ်။ဓာသုကတော့ ရထားစီးမဲ့ လက်မှတ်ကို အစောကြီးရခဲ့တယ် ပြောရမယ်။

ခရီးစဉ်အစ ပထမဆုံးအလွဲ(Booking ရက်မှားတင်ခြင်း)

ဇာတ်လမ်းကမှတ်တမ်း ဆိုသလိုပဲ။ဇာတ်လမ်းက အခုမှစတာ တစ်ယောက်ထဲ သွားဖို့ဆုံးဖြတ်ပြီးနောက် Booking ရက်ကို ပြန်တင်လိုက်တယ်။နှစ်ညအိမ်သုံး ရက်ကို ကလောက တောင်ကိုးလုံးခရီးစဉ်ကို ရွေးလိုက်ပါတယ်။သောကြာနေ့ ညကို ကားစီးရမဲ့ဟာကို နားကြားလွဲပြီး စနေနေ့ကို ကားလက်မှတ်ဖြတ်လိုက် တယ်။Guide အကိုဖုန်းဆက်တော့ “ဒီနေ့လာရမှာလေ ဆိုပြီးတော့ ပြန်ပြော တော့…” ခရီးစဉ်ကို နောက်တစ်ပတ်ပြန်ဆုတ်လိုက်ရပြန်တယ်။အဲ့မှာ အတွေ့ အကြုံရလိုက်တာက တစ်ယောက်ထဲခရီးထွက်ရင် ထပ်ခါထပ်ခါပြန်စစ်ဆိုတဲ့ သင်ခန်းစာကို ရလိုက်တာပါပဲ၊၊(Double Check)

ကလောရောက်ပြီး ဒုတိယအလွဲ(ကလောကိုကျော်၍ အောင်ပန်းရောက်သွားခြင်း)

ဓာသုက အဲ့တုန်းက မန္တလေးမှာ ကျောင်းတက်နေတာဆိုတော့ ကားက မန္တလေးကနေပဲ စီးလိုက်တယ်။ည (၈)နာရီ ကလော-မန္တလေးကားကို စီးဖြစ်လိုက်တယ်။ဓာသုက ကားဆိုလည်း အရမ်းမူးတက်တာ။အဲ့တာကြောင့် ကိုယ့်ကိုကို အရမ်းထိန်းပြီးသွားခဲ့ရတယ်။ဆေးကလည်းသောက်ဖို့ ကြောက်တာက တစ်ကြောင်းဆိုတော့ ခေါင်းကပ် plaster တွေ/ဂျင်းတွေ ကပ်ပြီးသွားလိုက်ရတယ်။Air Con အနံတွေမခံနိုင်လို့ maskတပ်သွားတာ ကလောရောက်တဲထိ မမူးတဲ့အပြင် အောင်ပန်းထိတောင်ပါ သွားသေးတယ်။အမှန်က အိပ်ပျော်လို့ပါသွားတာ မဟုတ်ပါဘူး။ကားပေါ်က ကောင်းလေးက ဂိတ်ဆင်းလား၊ကားကွင်းဆင်းမှာလားလို့ လာမေးတော့ ကိုယ်လည်း ကားကွင်းအကြီးကြီးရှိတယ်ထင်ပြီးး ကားကွင်းဆင်းမယ်ပြောလိုက်တာ….တော်သေးတယ် တောင်ကြီးပါမသွားလို့..။အောင်ပန်ကနေ တစ်ယောက်ထဲ ည(3:30)ကို ဆိုင်ကယ်ကယ်ရီသမားနဲ့ ကလော ပြန်လှည့်လာတော.. “ကယ်ရီသမားက ..ငါ့တူမ ကလောဘယ်သူ့ဆီလာတာလည်းတဲ့ ….ကိုယ်ကလည်း ဉီးဉီးရဲကြီးဆီလာတာလေ ဉီးလေးလို့ပြောလိုက်တော့။ဉီးလေး ခများ ကယ်ရီခတောင် အများကြီးမတောင်ပဲ ဈေးစစ်ထားသလောက်နဲ့အဆင်ပြေသွား ရော..။တအောင့်နေမှာ သူဘာလို့ ဓာသုကို ဈေးအများကြီးမတောင်းတာလည်း အဲ့လောက်မနက်အစောကြီးကိုပေါ့ ဆိုပြီးစဉ်းစားနေတာ။ နောက်တော့မှာ အဖြေရှာလို့ရတယ်….ဓာသုတို့ Guide အကိုရီးနာမည်က ဉီးဉီးရဲ ဖြစ်နေတော့ သူကရဲ အစစ်ထင်ပြီး ဈေးလျှော့ပေးလိုက်တယ်လို့ပဲ တွေးမိလိုက်တယ်။” အဖြစ်က ဝတ္ထုတစ်ပုဒ်ထွက်တယ်။
ဪဒါနဲ့ ကားပေါ်က အမကြီးတစ်ယောက်က ကလောပြန်လှည့်ခါနီးကို ပြောလိုက်သေးတယ် “ညီမလေး သတိနဲ့သွားနော်…အခုက ဆွဲလားရားလားတွေ ခေတ်စားနေတာနော်…တဲ့”။

မနက် (4:00) မနက်စာဝင်စားတော့…..

ကလောဈေးအဝင်ပေါက်နားမှာ ဂေါ်ရခါးလဖ္ဘက်ရည်ဆိုင်တစ်ဆိုင်ရှိပါတယ်။ဓာသုရောက်သွားတော့ အဲ့ဆိုင်လေးဖွင့်နေတာနဲ့ အဲ့ဆိုင်ပဲထိုင်ဖြစ်လိုက်တယ်။ဝင်ဝင်ချင်းမှာ “အကို...ဘာစားမလဲတဲ့” ကိုယ့်ပုံစံကို ပြန်ကြည့်တော့လဲ သူခေါ်တာမမှားပါဘူးလို့ စိတ်ထဲပြန်မြိုသိပ်လိုက်တယ်။ခနနေတော့ မှာထားတဲ့ မုန့်တွေလာချတဲ့အချိန် ကိုယ်လည်းအားကျမခံ slowmo အကွက်နဲ့ ဆံပင်ရှည်ခါးချ လိုက်တော့မှာ ဟားးး....ဟိုထောင့်ဆုံးဝိုင်း စောကြီးကွာတဲ့…” ဪ…အေ အော..။ကလောခရီးစဉ်ကို ပြန်ပြန်ပြောပြရင် ပြောပြနေရင်းနဲ့ကို ကိုယ်တကယ် အခုသွားနေရတဲ့အတိုင်း ခံစားရတယ်။ဘယ်အချိန် ပြောပြော သွားခဲ့တဲ့အချိန်ရဲ့ မူလပထမခံစားချက်က ပျောက်ပျက်မသွားဘူး..။ဘဝမှာ ပထမဆုံးဆိုတဲ့ အရာတွေက တစ်ချိန်ပြန်ပြောရင် အရမ်းအမှတ်တရတွေရှိပြီး အရသာရှိတယ်ဆိုတာကို ဓာသုဒီခရီးသွားပြီးတော့ တကယ်ယုံလိုက်ပါတယ်။
ခရီးမထွက်ရဘူး…အိမ်ကပေးမထွက်ရဘူးဆိုလို့ စိတ်အားမငယ်ပါနဲ့.။မိဘတွေက သားသမီးတွေလွှတ်လပ်ခွင့်ပေးပါတယ်။Timing မကိုက်သေးလို့ ကိုယ့်အလှည့်မရောက်သေးဘူးလို့ မှတ်ယူလိုက်ပါ။ကိုယ့်စီးရမဲ့ ရထားက အချိန်ကိုက် မရောက်လာသေးလို့ ပြင်ဆင်စရာလေးတွေနဲ့ ကြိုတင်ပြင်ဆင်ပြီးစောင့်နေပါ။


Never miss the train even you don’t have a ticket. ရထားလက်မှတ်မရှိခဲ့ရင်တောင် ကိုယ်စီးရမဲ့ ရထားကို ဘယ်တော့မှ အလွှတ်မခံပါနဲ့။ (ရထားလက်မှတ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရအောင်ကြိုးစားပါ။)

နောက်ပိုင်းတွေမှာလည်း အခုလိုပဲ ခရီးသွားအကြောင်းနဲ့ပတ်သတ်တဲ့ အ ကြောင်းအရာတွေကို တင်ပေးသွားမှာဖြစ်လို့ page ကို Like & See First လုပ်ထားဖို့ မမေ့နဲ့နော်….။

ချစ်တဲ့
ဓာသု

ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00

เบอร์โทรศัพท์

09787630010

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Explore With Anitaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Explore With Anita:

แชร์