Myanmar Insights To get the Info

ထိုင်းနိုင်ငံ၏ Digital Economy and Society Ministry က ဦးဆောင်သည့် TH-AI Passport အစီအစဉ်သည် ထိုင်းနိုင်ငံသားများအတွက် AI...
20/08/2026

ထိုင်းနိုင်ငံ၏ Digital Economy and Society Ministry က ဦးဆောင်သည့် TH-AI Passport အစီအစဉ်သည် ထိုင်းနိုင်ငံသားများအတွက် AI နည်းပညာကို လေ့လာအသုံးချနိုင်ရန်နှင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုများ တိုးမြှင့်ပေးရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

စီမံကိန်းအတွက် အစိုးရက ဘတ် ၁.၆ ဘီလီယံခန့် အသုံးပြုရန် စီစဉ်ထားပြီး AI model ၁၂ မျိုးမှတစ်ဆင့် လူဦးရေ ၅ သန်းအထိ AI Pro အဆင့် ဝန်ဆောင်မှုများ အသုံးပြုနိုင်ရန် ရည်ရွယ်ထားသည်။ အစိုးရ၏ ရှင်းလင်းချက်အရ ယင်းအစီအစဉ်သည် AI အသုံးပြုခွင့်ကို တစ်ဦးချင်းစီအတွက်သာ ပေးအပ်ခြင်းမဟုတ်ဘဲ နိုင်ငံသားများ၏ AI literacy နှင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုများကို ရေရှည်မြှင့်တင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

အသက် ၁၅ နှစ်နှင့်အထက် ထိုင်းနိုင်ငံသားများသည် အစီအစဉ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး အဓိကပစ်မှတ်အုပ်စုများအဖြစ် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းကဏ္ဍမှ လူများ၊ အစိုးရဝန်ထမ်းများကို ထည့်သွင်းထားသည်။ မှတ်ပုံတင်ခြင်းကို THAI ID စနစ်မှတစ်ဆင့် နိုင်ငံတစ်ဝန်း ပြုလုပ်နိုင်ရန် စီစဉ်ထားသည်။

ထိုင်းအစိုးရက AI သည် အလုပ်အကိုင်၊ ပညာရေးနှင့် စီးပွားရေးလုပ်ငန်းများတွင် ပိုမိုအရေးပါလာနေသည့်အတွက် လူထုအနေဖြင့် နည်းပညာအသစ်ကို အသုံးပြုနိုင်စွမ်းရှိရန် လိုအပ်ကြောင်း ပြောကြားထားသည်။

ဇွန်လအတွင်း ထုတ်ပြန်ခဲ့သည့် အစိုးရ၏ စစ်တမ်းတစ်ရပ်အရ ထိုင်းနိုင်ငံသား ၉၁.၂ ရာခိုင်နှုန်းသည် AI ကို သိရှိ သို့မဟုတ် ကြားဖူးပြီး ၇၂.၅ ရာခိုင်နှုန်းက နေ့စဉ်ဘဝ၊ ပညာရေး၊ အလုပ် သို့မဟုတ် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် AI ကို အသုံးပြုဖူးကြောင်း ဖော်ပြထားသည်။ ထိုအချက်အလက်များသည် ထိုင်းနိုင်ငံတွင် AI အသုံးပြုမှု ပိုမိုကျယ်ပြန့်လာနေကြောင်း ပြသနေသည်။

သို့သော် TH-AI Passport စီမံကိန်းသည် အစိုးရအသုံးစရိတ်၊ ပွင့်လင်းမြင်သာမှု၊ အချက်အလက်လုံခြုံရေးနှင့် အစိုးရဝယ်ယူရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်း မေးခွန်းထုတ်မှုများ ရှိခဲ့သည်။ အစိုးရဘက်ကမူ စီမံကိန်း၏ ဝယ်ယူရေးလုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်းနှင့် စီမံကိန်း၏ ရည်ရွယ်ချက်မှာ ထိုင်းနိုင်ငံသားများ AI နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးဖြစ်ကြောင်း ပြန်လည်ရှင်းလင်းထားသည်။

ဇွန် ၈ ရက်တွင် Digital Economy and Society Ministry ၌ TH-AI Passport စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ရန် သက်ဆိုင်ရာဌာနများပါဝင်သည့် ကော်မတီအစည်းအဝေးကို ပြုလုပ်ခဲ့သည်။ ယင်းအစည်းအဝေးတွင် ထိုင်းနိုင်ငံသားများ၏ ဒစ်ဂျစ်တယ်နှင့် AI ကျွမ်းကျင်မှုများကို အဆင့်မြှင့်တင်ရန် စီမံကိန်းကို ဆက်လက်ချဲ့ထွင်ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြသည်။

TH-AI Passport သည် ထိုင်းနိုင်ငံ၏ AI အသုံးပြုမှုကို လူအများထံ ပိုမိုကျယ်ပြန့်စွာ ရောက်ရှိစေရန် ရည်ရွယ်သည့် အစိုးရ၏ အဓိက ဒစ်ဂျစ်တယ်မူဝါဒတစ်ရပ်ဖြစ်လာနေပြီး စီမံကိန်း၏ အောင်မြင်မှုသည် အမှန်တကယ် AI အသုံးပြုသူ မည်မျှရှိလာမည်နှင့် ပြည်သူများ၏ AI ကျွမ်းကျင်မှုကို မည်မျှအထိ မြှင့်တင်ပေးနိုင်မည်ဆိုသည့် အချက်များပေါ်တွင် အဓိကမူတည်မည်ဖြစ်သည်။

ပေါ်တူဂီ လွှတ်တော်က အများပြည်သူနေရာများတွင် မျက်နှာဖုံးအုပ်မှု တားမြစ်မည့် ဥပဒေကြမ်းကို ကော်မတီအဆင့် အတည်ပြု #ပေါ်တူဂီနိ...
18/07/2026

ပေါ်တူဂီ လွှတ်တော်က အများပြည်သူနေရာများတွင် မျက်နှာဖုံးအုပ်မှု တားမြစ်မည့် ဥပဒေကြမ်းကို ကော်မတီအဆင့် အတည်ပြု

#ပေါ်တူဂီနိုင်ငံ လွှတ်တော်က အများပြည်သူအသုံးပြုသည့် နေရာများတွင် မျက်နှာဖုံးအုပ်ခြင်းကို တားမြစ်မည့် ဥပဒေကြမ်းကို ကော်မတီအဆင့်၌ အတည်ပြုလိုက်ကြောင်း သိရသည်။

အဆိုပါ ဥပဒေကြမ်းကို အာဏာရ Social Democratic Party (PSD)၊ Chega၊ Liberal Initiative (IL) နှင့် CDS ပါတီတို့က ထောက်ခံခဲ့ပြီး လက်ဝဲယိမ်းပါတီများက ကန့်ကွက်မဲပေးခဲ့သည်။

ယင်းဥပဒေကြမ်းကို Chega ပါတီက မူလတွင် “Burka Law” အမည်ဖြင့် တင်သွင်းခဲ့သော်လည်း နောက်ပိုင်းတွင် PSD ပါတီက ပြင်ဆင်ခဲ့ပြီး #အစ္စလာမ်ဘာသာဝင် #အမျိုးသမီးများ ဝတ်ဆင်သည့် မျက်နှာဖုံး / ကို တိုက်ရိုက်ရည်ရွယ်ထားသည်ဟု မထင်ရှားစေရန်၊ အများပြည်သူလုံခြုံရေးနှင့် လူပုဂ္ဂိုလ်များကို အလွယ်တကူ အတည်ပြုဖော်ထုတ်နိုင်ရေးအတွက် ဖြစ်ကြောင်း အဓိကထား ဖော်ပြထားသည်။

အတည်ပြုထားသည့် ပြင်ဆင်ချက်အရ မူလက အဆိုပြုထားသည့် ထောင်ဒဏ်များကို ပယ်ဖျက်ထားပြီး၊ မတော်တဆ သို့မဟုတ် ပေါ့ဆစွာ ချိုးဖောက်ပါက ယူရို ၁၅၀ မှ ၇၅၀ အထိ ဒဏ်ငွေ၊ ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ပါက ယူရို ၄၀၀ မှ ၃,၀၀၀ အထိ ဒဏ်ငွေ ချမှတ်သွားမည် ဖြစ်သည်။

ဥပဒေကြမ်းကို ထောက်ခံသူများက ယင်းအစီအစဉ်သည် အများပြည်သူလုံခြုံရေးကို မြှင့်တင်ပေးပြီး လူပုဂ္ဂိုလ်များကို အလွယ်တကူ ခွဲခြားအတည်ပြုနိုင်ရန် အထောက်အကူဖြစ်စေမည်ဟု ဆိုသည်။ Chega နှင့် Liberal Initiative ပါတီတို့ကလည်း ဘာသာရေးအကြောင်းပြချက်ဖြင့် မျက်နှာဖုံးအုပ်ခြင်းကို ကန့်သတ်နိုင်မည်ဟု ထောက်ခံပြောဆိုထားသည်။

သို့သော် ယင်းဥပဒေကြမ်းသည် ဥပဒေအဖြစ် အတည်မပြုရသေးဘဲ၊ ပေါ်တူဂီနိုင်ငံ၏ ဥပဒေပြုလုပ်ငန်းစဉ်အတွင်း ကျန်ရှိသည့် အဆင့်များကို ဆက်လက်ဖြတ်သန်းရဦးမည် ဖြစ်သည်။

ထိုင်းတွင် ဘတ် ၅ သန်းအထက် ငွေသားအပ်နှံပါက ငွေ၏ရင်းမြစ်ကို မဖြစ်မနေ ထုတ်ဖော်ရမည်ဘန်ကောက်၊ ဇူလိုင် ၁၂ထိုင်းနိုင်ငံရှိ ဘဏ်မ...
12/07/2026

ထိုင်းတွင် ဘတ် ၅ သန်းအထက် ငွေသားအပ်နှံပါက ငွေ၏ရင်းမြစ်ကို မဖြစ်မနေ ထုတ်ဖော်ရမည်

ဘန်ကောက်၊ ဇူလိုင် ၁၂

ထိုင်းနိုင်ငံရှိ ဘဏ်များတွင် ဘတ် ၅ သန်းနှင့်အထက် ငွေသားအပ်နှံသူများသည် ငွေ၏ရင်းမြစ် (Source of Funds) ကို မဖြစ်မနေ ထုတ်ဖော်ရှင်းလင်းရမည့် စည်းမျဉ်းသစ်ကို ယခုနှစ် စတုတ္ထသုံးလပတ်မှ စတင်ကျင့်သုံးမည်ဖြစ်ကြောင်း ထိုင်းဗဟိုဘဏ် က ထုတ်ပြန်သည်။

စည်းမျဉ်းသစ်အရ တစ်ကြိမ်တည်းဖြစ်စေ၊ တစ်ရက်အတွင်းဖြစ်စေ ဘတ် ၅ သန်းနှင့်အထက် ငွေသားအပ်နှံသူများအနေဖြင့် ငွေ၏ရင်းမြစ်နှင့် ပတ်သက်သည့် အချက်အလက်များနှင့် လိုအပ်သော အထောက်အထားစာရွက်စာတမ်းများကို ဘဏ်သို့ တင်ပြရမည်ဖြစ်သည်။

ထိုင်းဗဟိုဘဏ်၏ အဆိုအရ အဆိုပါအစီအစဉ်သည် #ငွေကြေးခဝါချမှု ၊ တရားမဝင်ငွေကြေးစီးဆင်းမှုများနှင့် အခြားဘဏ္ဍာရေးရာဇဝတ်မှုများကို ကာကွယ်တားဆီးရန်နှင့် ဘဏ္ဍာရေးစနစ်၏ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

ထို့အပြင် ဘဏ်များအနေဖြင့် အဆိုပါအဆင့်မြင့် ငွေသားအပ်နှံမှုများကို ပိုမိုတင်းကျပ်စွာ စိစစ်သွားမည်ဖြစ်ပြီး လိုအပ်ပါက ငွေ၏ရင်းမြစ်နှင့်ပတ်သက်သည့် အထောက်အထားများ ထပ်မံတောင်းခံနိုင်ကြောင်းလည်း သိရသည်။

ယခင်ကလည်း #ထိုင်း ဗဟိုဘဏ်သည် ဘတ် ၅ သန်းနှင့်အထက် ငွေသားထုတ်ယူမှုများအတွက် ငွေသုံးစွဲမည့် ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြရန် သတ်မှတ်ထားပြီးဖြစ်ကာ ယခုစည်းမျဉ်းသစ်သည် ယင်းစောင့်ကြည့်မှုကို ငွေသားအပ်နှံမှုများအထိ တိုးချဲ့ကျင့်သုံးလိုက်ခြင်း ဖြစ်သည်။

ထိုင်းလက်ဖက်ရည်အေး   ကို နေ့စဉ်သောက်သုံးခြင်းကြောင့် သည်းခြေကျောက်တည်နိုင်သည်ဆိုသည့် လူမှုကွန်ရက်ပေါ်မှ ပျံ့နှံ့နေသော သတ...
08/07/2026

ထိုင်းလက်ဖက်ရည်အေး ကို နေ့စဉ်သောက်သုံးခြင်းကြောင့် သည်းခြေကျောက်တည်နိုင်သည်ဆိုသည့် လူမှုကွန်ရက်ပေါ်မှ ပျံ့နှံ့နေသော သတင်းနှင့်ပတ်သက်ပြီး ဆေးဘက်ဆိုင်ရာ တုံ့ပြန်ချက်များနှင့် ကျန်းမာရေးသတိပေးချက်များ ထွက်ပေါ်လာသည်။
ယင်းဖြစ်စဉ်မှာ ထိုင်းအမျိုးသမီးတစ်ဦးက သူမသည် ထိုင်းလက်ဖက်ရည်အေးကို ၁၀ နှစ်နီးပါးကြာ နေ့တိုင်းစွဲသောက်ခဲ့ရာမှ ခန္ဓာကိုယ်အတွင်း ကျောက်အလုံးပေါင်းများစွာ တည်ရှိနေသဖြင့် ခွဲစိတ်ဖယ်ရှားခဲ့ရကြောင်း လူမှုကွန်ရက်တွင် ပုံများနှင့်တကွ မျှဝေခဲ့ရာမှ စတင်ခဲ့ပြီး အချိုရည်နှင့် လက်ဖက်ရည်ကြိုက်သူများအကြား စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။
သို့သော် ဆေးပညာရှင်များ၏ ရှင်းလင်းချက်အရ လက်ဖက်ရည်တွင်ပါဝင်သော Oxalate ဓာတ်သည် ရေလုံလောက်စွာ မသောက်သုံးပါက ကျောက်ကပ်တွင် ကျောက်တည်ခြင်းကိုသာ အဓိက ဖြစ်ပွားစေနိုင်ပြီး၊ viral ဖြစ်နေသည့် ပို့စ်များတွင် ဖော်ပြထားသကဲ့သို့ #သည်းခြေကျောက်တည် ခြင်းကို တိုက်ရိုက်ဖြစ်ပွားစေသည်ဆိုသော အချက်မှာ ဆေးပညာအရ တိကျပြတ်သားမှုမရှိဘဲ ရောထွေးနေကြောင်း ထောက်ပြထားသည်။ သည်းခြေကျောက်တည်ခြင်းသည် ပုံမှန်အားဖြင့် ကိုလက်စထရော မြင့်မားခြင်း၊ အဆီများသောအစားအစာများ စားသုံးခြင်းနှင့် ကိုယ်အလေးချိန် လျင်မြန်စွာပြောင်းလဲခြင်းတို့ကြောင့် အဓိကဖြစ်ပွားလေ့ရှိသည်။
သို့ရာတွင် ထိုင်းလက်ဖက်ရည်အေးတွင် ပါဝင်သည့် သကြား၊ နို့ဆီနှင့် ခရင်မ်ပမာဏ အလွန်အမင်းများပြားခြင်းက လူကိုဝစေပြီး ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်စေနိုင်သောကြောင့် သည်းခြေကျောက်တည်နိုင်ခြေ အန္တရာယ်ကို သွယ်ဝိုက်သောနည်းဖြင့် မြင့်တက်စေနိုင်သည်ဟု ဆိုသည်။ ထို့ကြောင့် အဆိုပါ အချိုရည်က သည်းခြေကျောက်ကို တိုက်ရိုက်ဖြစ်စေသည်ဟူသော အချက်မှာ အတည်မပြုနိုင်သေးသော်လည်း၊ မည်သည့်အချိုရည်ကိုမဆို အလွန်အကျွံသောက်သုံးခြင်းနှင့် ရေဓာတ်ပြည့်ဝအောင် မနေထိုင်ခြင်းတို့သည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သဖြင့် ချင့်ချိန်သောက်သုံးရန်နှင့် ရေများများသောက်ရန် ပညာရှင်များက အကြံပြုထားသည်။

ဘန်ကောက်၊ ဇူလိုင် ၆ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အသက် ၆၁ နှစ်အရွယ် တက္ကစီယာဉ်မောင်းတစ်ဦးက မြန်မာနိုင်ငံသား ၅ ဦး၏ ရိုက်...
06/07/2026

ဘန်ကောက်၊ ဇူလိုင် ၆

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အသက် ၆၁ နှစ်အရွယ် တက္ကစီယာဉ်မောင်းတစ်ဦးက မြန်မာနိုင်ငံသား ၅ ဦး၏ ရိုက်နှက်တိုက်ခိုက်မှုခံခဲ့ရသည်ဟု စွပ်စွဲကာ တရားမျှတမှုရရှိရေး တောင်းဆိုထားကြောင်း က ဇူလိုင် ၆ ရက်တွင် ဖော်ပြသည်။

ယာဉ်မောင်း Supachai ၏ အဆိုအရ ဖြစ်စဉ်မှာ ဧပြီ ၁၂ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘန်ကောက်
ရှိ မိုချစ်ဘတ်စ်ကားဂိတိ မှ စမွတ်ပကန်ခရိုင် ဘန်ဖီးလီရှိ ဟိုတယ်တစ်ခုသို့ မြန်မာနိုင်ငံသား အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးကို ပို့ဆောင်ပေးရန် ခရီးစဉ်လက်ခံခဲ့သည်ဟု ဆိုသည်။

လမ်းခရီးအတွင်း ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်ရှားရန် အမြန်လမ်းအသုံးပြုလိုခြင်းရှိ၊ မရှိ မေးမြန်းခဲ့ရာ ခရီးသည်များက နောက်ဆုံးတွင် သဘောတူသဖြင့် ၅၀ ဘတ် အမြန်လမ်းကြေးကို မိမိက ကြိုတင်ပေးဆောင်ခဲ့ကြောင်း ၎င်းက ပြောသည်။

ခရီးဆုံးသို့ ရောက်ရှိချိန်တွင် Ride-hailing App တွင် ယာဉ်ခ ၇၂၀ ဘတ် ပြသခဲ့ပြီး အမြန်လမ်းကြေး ၅၀ ဘတ် ထည့်သွင်း၍ စုစုပေါင်း ၇၇၀ ဘတ် တောင်းခံခဲ့ရာ ခရီးသည်များက အပိုငွေတောင်းခံသည်ဟု စွပ်စွဲကာ ၅၀ ဘတ်ကို ပေးဆောင်ရန် ငြင်းဆိုခဲ့ကြောင်း Supachai က ဆိုသည်။

ထို့နောက် ရှေ့ခုံတွင် ထိုင်နေသည့် ထိုင်းဘာသာစကား ပြောဆိုနိုင်သူ အမျိုးသားတစ်ဦးက ၎င်းအား ဓာတ်ပုံရိုက်ရန် ကြိုးစားခဲ့ပြီး ကန့်ကွက်ခဲ့သဖြင့် အချင်းများမှု ဖြစ်ပွားကာ မျက်နှာကို အကြိမ်ကြိမ် ထိုးနှက်ခံရပြီး သတိလစ်သွားခဲ့သည်ဟု ၎င်းက ပြောသည်။ သတိလစ်နေစဉ် ခရီးသည် ၅ ဦးစလုံးသည် ယာဉ်ခမပေးဘဲ ထွက်ပြေးသွားကြောင်းလည်း ဆိုသည်။

Supachai သည် ဘန်ဖီလိ ဆေးရုံတွင် သတိပြန်လည်ရရှိခဲ့ပြီး ညာဘက်မျက်လုံးအရိုးကျိုးခြင်း၊ ဦးခေါင်းဒဏ်ရာရရှိခြင်းနှင့် ဦးနှောက်အတွင်း သွေးယိုစီးခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း ဆရာဝန်များက စစ်ဆေးတွေ့ရှိခဲ့သည်ဟု ပြောသည်။ ထို့အပြင် ညာဘက်မျက်လုံးမှာ အမြင်အာရုံ အပြီးအပိုင် ဆုံးရှုံးသွားခဲ့ပြီး ယခုအချိန်အထိ ခေါင်းကိုက်ခြင်းနှင့် မူးဝေခြင်းများ ဆက်လက်ခံစားနေရသဖြင့် တက္ကစီယာဉ်မောင်းအဖြစ် ဆက်လက်လုပ်ကိုင်နိုင်ခြင်း မရှိတော့ကြောင်းနှင့် မသန်စွမ်းသူအဖြစ် မှတ်ပုံတင်ထားရကြောင်း သိရသည်။

ဆေးရုံမှ ဆင်းပြီးနောက် Bang Kaew ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သော်လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့သည် သံသယရှိသူများ၏ အမည်နှင့် နိုင်ငံကူးလက်မှတ်နံပါတ်များသာ ရရှိခဲ့ပြီး နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ဆက်သွယ်ရန် အချက်အလက်များကို မရရှိခဲ့သဖြင့် သံသယရှိသူများကို ခြေရာခံဖမ်းဆီးရန် ခက်ခဲနေကြောင်း Supachai က ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုအကူအညီပေးရေးအဖွဲ့ Sai Mai Tong Rod မှတစ်ဆင့် တရားမျှတမှုရရှိရေး တောင်းဆိုထားပြီး ဖြစ်စဉ်ဖြစ်ပွားပြီး သုံးလနီးပါးကြာမြင့်လာသည့်တိုင် သံသယရှိသူများကို မဖမ်းဆီးနိုင်သေးကြောင်း သိရသည်။ (Khaosod English)

ဗေဒင်နက္ခတ်ပညာရှင် ဒေါက်တာဖေဉာဏ် (ရဟန်းဘွဲ့: အရှင်ပညာဝံသ) သည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ စန္ဒကူးမြိုင် သာသ...
03/07/2026

ဗေဒင်နက္ခတ်ပညာရှင် ဒေါက်တာဖေဉာဏ် (ရဟန်းဘွဲ့: အရှင်ပညာဝံသ) သည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ စန္ဒကူးမြိုင် သာသနာ့ရိပ်သာတွင် တောရဆောက်တည်၍ တစ်ပါးတည်း သီတင်းသုံးနေစဉ် ဇူလိုင်လ ၂ ရက် နံနက်ပိုင်းက ကျောင်းဆောင်အတွင်း၌ သ-တ်ဖြတ်ခြင်းခံရပြီး ပျံလွန်တော်မူသွားကြောင်း နီးစပ်သူများနှင့် လုံခြုံရေးရဲတပ်ဖွဲ့ထံမှ သိရှိရပါသည်။
နံနက်ပိုင်းတွင် သွားရောက်ပင့်ဖိတ်ရာ ပြန်လည်တုံ့ပြန်မှုမရှိခြင်း၊ ဖုန်းခေါ်ဆို၍မရခြင်းတို့ကြောင့် နီးစပ်သူများက တံခါးရိုက်ဖွင့်ကြည့်ရှုရာမှ ကျောင်းဆောင်အတွင်း သွေးအိုင်ထဲ၌ လဲကျပျံလွန်တော်မူနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ငွေကြေးလုယက်မှုကြောင့် ဖြစ်နိုင်ကြောင်း နီးစပ်သူအချို့က သုံးသပ်ထားကြသည်။
ထားဝယ်ဇာတိဖြစ်သူ ဒေါက်တာဖေဉာဏ်သည် ခေတ် အဆက်ဆက် ဗိုလ်ချုပ်မှူးကြီးဟောင်း #သန်းရွှေ လက်ထက်မှစ၍ #သမ္မတဦးသိန်းစိန် အစိုးရလက်ထက်အထိ နိုင်ငံတော်အဆင့် အကြီးအကဲများ၏ အခါတော်ပေးနှင့် ပြက္ခဒိန်အကြံပေး ဝေဒပညာရှင်အဖြစ် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။ ထို့အပြင် လက်ရှိ နိုင်ငံတော်အကြီးအကဲ၏ ဖခင်ဖြစ်သူနှင့်လည်း ရင်းနှီးကျွမ်းဝင်မှုရှိခဲ့သည့် "မင်းဆရာ" တစ်ဦးအဖြစ် ထင်ရှားကျော်ကြားသူလည်း ဖြစ်သည်။
လက်ရှိတွင် အဆိုပါ သ_တ်ဖြတ်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူအား ဖမ်းဆီးရမိနိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

မုတ်ဒါဟန် (Mukdahan) တွင် ၁၂ နှစ်အရွယ် ယောက်ျားလေးတစ်ဦး မောင်းနှင်သည့် ထရပ်ကား တိုက်မိသဖြင့် သံဃာတော် ၅ ပါး ပျံလွန်တော်မ...
02/07/2026

မုတ်ဒါဟန် (Mukdahan) တွင် ၁၂ နှစ်အရွယ် ယောက်ျားလေးတစ်ဦး မောင်းနှင်သည့် ထရပ်ကား တိုက်မိသဖြင့် သံဃာတော် ၅ ပါး ပျံလွန်တော်မူ

ထိုင်းသတင်းစာမျက်နှာတစ်ခုဖြစ်သည့် Ejan ၏ ဖော်ပြချက်အရ မုတ်ဒါဟန်ခရိုင်တွင် ဖြစ်ပွားခဲ့သော လမ်းဘေးယာဉ်တိုက်မှုတစ်ခုကြောင့် ဗုဒ္ဓဘာသာ သံဃာတော် ၅ ပါး ပျံလွန်တော်မူပြီး အခြားသူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်မှုသည် သံဃာတော်အပါး ၃၀ ခန့် နံနက်ခင်း ဆွမ်းခံကြွနေစဉ် နာစီနွန်လမ်းပေါ်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
သံဃာတော် ၅ ပါးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် ပျံလွန်တော်မူခဲ့ပြီး၊ ၂ ပါးမှာ စိုးရိမ်ရသည့် ဒဏ်ရာများ ရရှိထားကာ အခြားသံဃာတော်အချို့မှာလည်း ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ကြသည်ဟု Ejan က ဖော်ပြထားသည်။
ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ကားကို special needs ၁၂ နှစ်အရွယ် ယောက်ျားလေးတစ်ဦးက မောင်းနှင်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းသည် မတော်တဆမှုမဖြစ်ပွားမီ ဖခင်ဖြစ်သူ၏ ပစ်ကပ်ထရပ်ကားကို ခွင့်ပြုချက်မရှိဘဲ ယူဆောင်မောင်းနှင်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုသော်လည်း ယင်းအချက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
မုတ်ဒါဟန်ဆေးရုံကမူ ဒဏ်ရာရရှိသူများကို ကုသရန်အတွက် အရေးပေါ် သွေးလှူဒါန်းကြပါရန် နှိုးဆော်တောင်းဆိုထားကြောင်း သိရသည်။

ဂျပန်ဗီဇာကြေး ဇူလိုင် ၁ ရက်မှ ၅ ဆခန့်တိုး၊ Single Entry ၂၁၁,၃၀၀ ကျပ်ဖြစ်လာဂျပန်နိုင်ငံသည် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်မှစတ...
01/07/2026

ဂျပန်ဗီဇာကြေး ဇူလိုင် ၁ ရက်မှ ၅ ဆခန့်တိုး၊ Single Entry ၂၁၁,၃၀၀ ကျပ်ဖြစ်လာ

ဂျပန်နိုင်ငံသည် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်မှစတင်၍ ဗီဇာထုတ်ပေးခများကို သိသိသာသာတိုးမြှင့်လိုက်ပြီး မြန်မာနိုင်ငံတွင် Single Entry Visa ကြေးကို ယခင် ၄၂,၃၀၀ ကျပ်မှ ၂၁၁,၃၀၀ ကျပ်သို့လည်းကောင်း၊ Multiple Entry Visa ကြေးကို ၈၄,၅၀၀ ကျပ်မှ ၄၂၂,၅၀၀ ကျပ်သို့လည်းကောင်း တိုးမြှင့်သတ်မှတ်လိုက်သည်။ အိန္ဒိယနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအတွက် Single Entry နှင့် Multiple Entry Visa ကြေးကို ၁၁,၇၀၀ ကျပ်အဖြစ် ဆက်လက်ထားရှိထားပြီး၊ ယင်းကဲ့သို့ သက်သာနေခြင်းမှာ ဂျပန်နှင့် အိန္ဒိယအကြား သဘောတူညီချက်နှင့် အပြန်အလှန် (reciprocal) ဗီဇာကြေးသတ်မှတ်မှုများကြောင့်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် Transit Visa ကိုလည်း ဇူလိုင် ၁ ရက်မှစတင်ကာ ရပ်ဆိုင်းသွားမည်ဖြစ်သည်။ ထို့ကြောင့် ဂျပန်နိုင်ငံသိုဝင်ရောက်လိုသူများအနေဖြင့် Short-term Stay (Tourism စသည်) ဗီဇာကို လျှောက်ထားရန် လိုအပ်မည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တာချီလိတ်မြို့ ဝမ်ကောင်း၊ မကာအိုခမ်း၊ ဆန်ဆိုင်း -က၊ ဆန်ဆိုင်း-ခ ရက်ကွပ်အတွင်း ရေများဝင်...
30/06/2026

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တာချီလိတ်မြို့ ဝမ်ကောင်း၊ မကာအိုခမ်း၊ ဆန်ဆိုင်း -က၊ ဆန်ဆိုင်း-ခ ရက်ကွပ်အတွင်း ရေများဝင်ရောက်နေ

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် ဇူလိုင် ၈ ရက်တွင် စတင်မည်မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား သာမ...
30/06/2026

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် ဇူလိုင် ၈ ရက်တွင် စတင်မည်

မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် အပြန်အလှန် #ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၈ ရက်မှ စတင်အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

အဆိုပါ အစီအစဉ်အရ နှစ်နိုင်ငံ နိုင်ငံသားများသည် အခြားနိုင်ငံသို့ ဗီဇာမလိုဘဲ ဝင်ရောက်နိုင်မည်ဖြစ်ပြီး သတ်မှတ်ထားသည့် ကာလအတွင်း ခရီးသွားခြင်း၊ မိသားစုနှင့် မိတ်ဆွေများထံ သွားရောက်လည်ပတ်ခြင်း၊ စီးပွားရေးမဟုတ်သော ခရီးစဉ်များအတွက် နေထိုင်ခွင့် ရရှိမည်ဖြစ်သည်။

သို့သော် ဗီဇာကင်းလွတ်ခွင့်ဖြင့် နေထိုင်နိုင်သည့် ရက်ကာလနှင့် အခြား စည်းကမ်းသတ်မှတ်ချက်များကို နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း လိုက်နာရမည်ဖြစ်ပြီး အလုပ်လုပ်ကိုင်ခြင်း၊ ပညာသင်ကြားခြင်း သို့မဟုတ် ရေရှည်နေထိုင်လိုပါက သက်ဆိုင်ရာ ဗီဇာအမျိုးအစားကို ဆက်လက်လျှောက်ထားရမည်ဖြစ်သည်။

ယခု ဗီဇာကင်းလွတ်ခွင့် အစီအစဉ်သည် #မြန်မာ နှင့် #ဘယ်လာရုစ် နှစ်နိုင်ငံအကြား ခရီးသွားလာမှု၊ လူမှုရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ที่อยู่

Bang Na Nuea
Bangkok
10260

เบอร์โทรศัพท์

+9595025340

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Myanmar Insightsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Myanmar Insights:

ทางลัด

แชร์