LMT - Mindset “Be A Piece Of Peace” အေးချမ်းမှုရဲ့ အစိတ်အပိုင်းလေးတစ်ခုဖြစ်ပါစေ။”
Telegram Link - https://t.me/lmtmindset

17/08/2026

Stoic ဝါဒဧ့အခြီခံ ဒေါက်တိုင်တစ်ခုဖြစ်တေ Courage (သတ္တိ)

"ဘဝဧ့ အနှစ်သာရနန့် တန်ဖိုးရှိရေ ဘဝတစ်ခုအဖြစ်
ရှင်သန်နိုင်ဖို ကျနော်ရို ဇာလုပ်ရဖိုလဲဆိုစွာကို ဗဟိုပြုထားပါရေ။

Stoicism ဆိုစွာ အနောက်နိုင်ငံတိမှာ တစ်ချိန်က ကောင်းခေတ်စားခရေ လူထုကျင့်စဉ်တစ်ခုဖြစ်ပြီးကေ၊ ချမ်းသာသူဖြစ်စီ၊ ဆင်းရဲသူဖြစ်စီ၊ အာဏာရှိသူဖြစ်စီ၊ ရုန်းကန်နေရသူဖြစ်စီ "ကောင်းမွန်ရေ ဘဝ" (The Good Life) ကို ပိုင်ဆိုင်နိုင်ဖိုအတွက် ကျင့်သုံးခကတ်စွာဖြစ်ပါရေ။

နောက် Videoချေတိအတွက် Page ကို Like & Follow လုပ်ထားပီးကတ်ပါ။

LMT - Mindset


16/08/2026

ဖြူစင်ရိုးသားမှုနန့်မိတ္တာကို ထီတွီ့လိုက်ရကေ
လူတိစွာ လှိုက်ခနဲဖြစ်အောင်ထိ တိန်ညွန့်တတ်ကတ်ပါရေ...။

LMT-mindset

15/08/2026

လူတစ်ယောက်စွာ မုန်းရဖို့အရာကို အမှန်မုန်းတတ်ကေ
ချစ်ရဖို့အရာကိုလေ့ အမှန်ချစ်တတ်လာပါလိမ့်မေ....။

LMT-Mindset

09/08/2026

Living in the Present- "ဘဝနန့် အမှန်တကယ် ဆုံတွေ့ခြင်း"

"ဘဝမှာ အခက်အခဲတိ ၊ ဆုံးရှုံးမှုတိနန့် ကြုံရရေအခါ‌ ဒေအရာတိကို ငြင်းဆန်ဖို့ မကြိုးစားပါကေ့။ ငြင်းဆန်လီလီ စိတ်ဒဏ်ရာက ပိုပနာကြီးလာလီပါ။ လောကသဘာဝတရားက သူ့အတိုင်းသူ ဖြစ်ပျက်နိန်ရေအတွက် ၊ ဘဝဧ့ အပြောင်းအလဲတိကိုလေ့ မေတ္တာစိတ်နန့် လက်ခံလိုက်နိုင်ဖို့လိုပါရေ။

LMT-Mindset

06/08/2026

အကူအညီတစ်ခုဧ့ တန်ဖိုးကိုဇာနန့်တိုင်းတာသင့်လေး…?

အကူညီတစ်ခု ဇာလောက်ထိ တန်ဖိုးရှိရေဆိုစွာကို တိုင်းတာရေအခါ ကိုယ့်အကူညီကြောင်း တခြားလူတိဇာလောက်အကျိုးအမြတ်ရလားလေဆိုရေ အချက်ကို စီစစ်ကြည့်ပြီးမှ တကယ့်အဖြေမှန်ကို ရရှိနိုင်ဖို့ဖြစ်ပါရေ။

Mindset

# life

04/08/2026

အဓိပ္ပာယ်ရှိရေ ဘဝ

LMT- Mindset

04/08/2026

🔥"ဘဝကို ၁၈၀ ဒီဂရီ ပြောင်းလဲပီးဖို့ Atomic Habits စာအုပ်ထဲက အရေးကြီးဆုံး သင်ခန်းစာ( ၅ )ခု"🔥

"ကျနော်ရို့ ဘဝမှာ ကြီးမားရေ အပြောင်းအလဲတိအတွက် ကြီးကြီးမားမားတိလုပ်ဖို့လိုရေလို့ထင် ပါလာ ။

ကမ္ဘာ့အရောင်းရဆုံး Atomic Habits စာအုပ်က ဘဝကို ပြောင်းလဲပစ်ဖို့ဆိုစွာ နိစိုင် လုပ် နိန်ရေ အသေးအမွှား အလေ့အထချေတိကစရေလို့ ဆိုထားပါရေ။

ဒေ Video မှာ ဒေစာအုပ်ထဲက ဘဝကို အမှန်တကယ် ပြောင်းလဲပီးနိုင်ဖို့ အရေးကြီးဆုံး သင်ခန်းစာ ၅ ခုကို မျှဝီလိုက်ပါရေ။

LMT-Mindset

03/08/2026

"ငါးပီးစားသူထက် ငါးမျှားနည်းသင်ပီးသူကိုပိုတန်ဖိုးထားပါ "

"ဘဝဆိုရေ ပင်လယ်ပြင်ကြီးထဲမှာ တကယ့်အဖိုးတန်ဆုံး လက်ဆောင်စွာ အသင့်ချက်ပြုတ်ပြင်ဆင်ထားရေ ငါးတစ်ကောင် မဟုတ်ပါ။ ပိုက်ကွန်ကို ဇာပိုင်ကိုင်လိုပစ်ရဖို့လဲ၊ ငါးမျှားချိတ်ကို ဇာပိုင်ဇာနည်းတတ်ရဖို့ လေး ဆိုရေ 'အရည်အသွေး' နန့် 'ပညာ' ပင်ဖြစ်ပါရေ။

LMT- Mindset

"လူ့အဖွဲ့အစည်းအတွက် လူကောင်းတစ်ယောက်ဧ့ အရီးပါမှု "အသိပညာ၊ အတတ်ပညာ၊ အာဏာ သို့မဟုတ် ငွေကြေးရှိသူတစ်ယောက်စွာ လူကောင်းတစ်ယော...
28/07/2026

"လူ့အဖွဲ့အစည်းအတွက် လူကောင်းတစ်ယောက်ဧ့ အရီးပါမှု "

အသိပညာ၊ အတတ်ပညာ၊ အာဏာ သို့မဟုတ် ငွေကြေးရှိသူတစ်ယောက်စွာ လူကောင်းတစ်ယောက် ဖြစ်ပါက ယင်းစွမ်းအားတိကို လူ့အဖွဲ့အစည်း တိုးတက်ရီးနန့် အများပြည်သူ အကျိုးအတွက် အသုံးချဖို့ဖြစ်ပြီးကေ မကောင်းရေလူတစ်ယောက် ဖြစ်ခပါက ပျက်စီးရာပျက်စီးကြောင်းအတွက် အသုံးချမိနိုင်ပါရေ။

ရီစက်ချေတိ စုစည်းရာက ပင်လယ်သမုဒ္ဒရာ ဖြစ်လာရေပိုင် "လူကောင်းတစ်ယောက်ချင်းစီ၏ စိတ်ဓာတ်နန့် အပြုအမူတိ "စုစည်းမိမှလေ့ ငြိမ်းချမ်းပြီးကေတိုးတက်တေ လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးနိုင်ဖို့ဖြစ်ပါရေ။

လူကောင်းတစ်ယောက်အဖြစ် နေထိုင်ပီးခြင်းစွာ ကိုယ်တိုင်အတွက်တောင်မကဘဲ ပတ်ဝန်းကျင်နန့် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အလင်းရောင်ပီးစွမ်းနိုင်ရေအကြီးမားဆုံး တန်ဖိုးဖြစ်ပါရေ။

LMT-Mindset

ที่อยู่

Soi 5/1, , PS Villa Village, Nong Khaem
Bangkok
10160

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ LMT - Mindsetผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์