CHM PLAY ဝါသနာရှင်တို့အတွက် ဝါသနာရှင်များရဲ့တင်ဆက်မှု။

By Champs Hub Myanmar Co., Ltd.

👏 မြန်မာကစားသမားမောင်မောင်လွင်ကတော့ လရောင်းအသင်းနဲ့ပွဲစဥ်မှာ ဒီနှစ်ရာသီအတွက်ပထမဆုံးသွင်းဂိုးကိုရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ...
17/02/2025

👏 မြန်မာကစားသမားမောင်မောင်လွင်ကတော့ လရောင်းအသင်းနဲ့ပွဲစဥ်မှာ ဒီနှစ်ရာသီအတွက်ပထမဆုံးသွင်းဂိုးကိုရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။



ချင်းရိုင်းယူနိုက်တက်ကိုရှုံးနိမ့်ခဲ့တဲ့ ဥထိုင်းဌာနီအသင်း။--------------------------------------  ထိုင်းလိဂ်(၁) အပတ်စဥ်(...
16/02/2025

ချင်းရိုင်းယူနိုက်တက်ကိုရှုံးနိမ့်ခဲ့တဲ့ ဥထိုင်းဌာနီအသင်း။
--------------------------------------
ထိုင်းလိဂ်(၁) အပတ်စဥ်( ၂၂ ) ရဲ့ပွဲစဥ်တစ်ပွဲဖြစ်တဲ့ ချင်းရိုင်းယူနိုက်တက်အသင်းနဲ့ ဥထိုင်းဌာနီအသင်းတို့ရဲ့ပွဲစဥ်ကို ယမန်နေ့ညကယှဥ်ပြိုင်ကစားခဲ့ပြီး ( ၁ - ၀ ) ရလဒ်နဲ့ အိမ်ရှင်ချင်းရိုင်းအသင်းက အနိုင်ရရှိခဲ့ပါတယ်။

အဆိုပါပွဲစဥ်မှာ မြန်မာကစားအောင်သူဟာ ပွဲပြီးဆုံးခါနီး ၉၃ မိနစ်အထိပါဝင်ကစားခဲ့ရပြီး ချင်းရိုင်းယူနိုက်တက်ကစားသမား ဝင်းနိုင်ထွန်းကတော့ ပွဲကစားချိန် ၉၃ မိနစ်မှ လူစားလဲဝင်ရောက်ခွင့်ရခဲ့တာဖြစ်ပါတယ်။

စိုးမိုးကျော်ကတော့ ယမန်နေ့ကပွဲစဥ်မှာလည်းပါဝင်ကစားခဲ့ခြင်းမရှိဘဲ အသင်းရဲ့အရံလူစားမှာပဲ ပါဝင်ခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။


ဗိုလ်လုပွဲ ပထမအကျော့မှာရှုံးနိမ့်ခဲ့တဲ့ ကျော်မင်းဦးတို့အသင်း။-------------------------------------- MFL Challenge Cup ဗ...
16/02/2025

ဗိုလ်လုပွဲ ပထမအကျော့မှာရှုံးနိမ့်ခဲ့တဲ့ ကျော်မင်းဦးတို့အသင်း။
--------------------------------------
MFL Challenge Cup ဗိုလ်လုပွဲ၊ ပထမအကျော့ပွဲစဥ်ကို ယမန်နေ့ညက ယှဥ်ပြိုင်ကစားခဲ့ပြီး ပီဒီအာအမ်အသင်းဟာ ဆီလန်ဂေါအသင်းကို ( ၃ - ၂ ) ရလဒ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။

ဆီလန်ဂေါအသင်းရဲ့အသင်းခေါင်းဆောင်ဖြစ်တဲ့ Safuwan Baharudin ဟာ ပထမပိုင်းပွဲကစားချိန် (၁၂)မိနစ်ကတည်းက တိုက်ရိုက်အနီနဲ့ထုတ်ပယ်ခံလိုက်ရတဲ့အတွက် လက်ကျန်မိနစ်တွေမှာ ပီဒီအာအမ်အသင်းအနေနဲ့ တစ်ယောက်အသာ အနေအထားနဲ့ကစားခဲ့ရပေမယ့် အနိုင်ရခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ မြန်မာကစားသမားကိုကျော်မင်းဦးကို ယခုပွဲစဥ်နဲ့ပက်သက်ပြီးမေးမြန်းခဲ့ရာမှာ " ကျွန်တော်တို့ ကောင်းကောင်းမွန်မွန်ကစားနိုင်ခဲ့ကြပါတယ် ၊ ကျွန်တော်တို့အခွင့်အရေးတွေလည်းရခဲ့တယ် ဒါပေမယ့် ကျွန်တော်တို့ ဂိုးတော့မသွင်းနိုင်ခဲ့ဘူး ။ ဒါကြောင့်မို့လို့လည်း ကျွန်တော်တို့ (၃-၂ )နဲ့ ရှုံးရတာပါ။ လာမယ့်အပတ်စနေနေ့မှာ ဒုတိယအကျော့ကစားဖို့ကျန်နေပါသေးတယ်။ ကျွန်တော်တို့အစွမ်းကုန်ကြိုးစားသွားမှာပါ " လို့ ပြန်လည်ဖြေကြားထားတဲ့ ဗွီဒီယိုကိုလည်းမြင်တွေ့ခဲ့ရပါတယ်။



🇲🇾 MFL Challenge Cup ဗိုလ်လုပွဲစဥ် (ပထမအကျော့) 🏆ယနေ့ ( ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ) ဒေသစံတော်ချိန် ည ၉ နာရီမြန်မာစံတော်ချိန် ...
15/02/2025

🇲🇾 MFL Challenge Cup ဗိုလ်လုပွဲစဥ် (ပထမအကျော့) 🏆
ယနေ့ ( ဖေဖော်ဝါရီလ ၁၅ ရက်နေ့ )
ဒေသစံတော်ချိန် ည ၉ နာရီ
မြန်မာစံတော်ချိန် ည ၇ နာရီခွဲ
ဆီလန်ဂေါအသင်းနှင့် ပီဒီအာအမ်အသင်း



မြန်မာကစားသမားတွေ ပြိုင်ဘက်အဖြစ်တွေ့ဆုံကြမယ့်ယခုတပတ် ထိုင်းလိဂ်ပွဲစဥ်များ။ --------------------------------------ထိုင်းလ...
14/02/2025

မြန်မာကစားသမားတွေ ပြိုင်ဘက်အဖြစ်တွေ့ဆုံကြမယ့်ယခုတပတ် ထိုင်းလိဂ်ပွဲစဥ်များ။
--------------------------------------
ထိုင်းလိဂ်(၁)ရဲ့အမှတ်ပေးဇယားမှာ ရမှတ်သိပ်မကွာတဲ့အသင်းတွေဖြစ်တဲ့အပြင် နိုင်ပွဲတွေကိုယ်စီလိုအပ်နေကြတဲ့အသင်းတွေဖြစ်လို့ ဒီတပတ်ထိုင်းလိဂ် အပတ်စဥ် (၂၂)ဟာ အကြိတ်အနယ်ရှိလာမယ့် ရက်သတ္တပတ်လည်းဖြစ်လို့နေပါတယ်။

ပထမအကျော့ပွဲစဥ်မှာတော့ ဥထိုင်းဌာနီအသင်းဟာ ချင်းရိုင်းယူနိုက်တက်အသင်းကို ( ၃ - ၀ ) ရလဒ်နဲ့ ဂိုးပြတ်အနိုင်ယူထားနိုင်ခဲ့ပြီး လမ်ဖူး(န်)ဝါရီယာအသင်းဟာလည်း လရောင်းအသင်းကို (၄ - ၁ ) ရလဒ်နဲ့ အိမ်ကွင်းပွဲစဥ်မှာ အနိုင်ရထားခဲ့ပါတယ်။

ဒုတိယအကျော့ပွဲစဥ်အဖြစ် ယခုတပတ်မှာတွေ့ဆုံယှဥ်ပြိုင်သွားမှာဖြစ်ပြီး ထိုင်းလိဂ်(၂)မှာ ကစားနေကြတဲ့ စည်သူအောင်နဲ့သန်းပိုင်တို့ဟာလည်း လာမယ့်စနေနေ့မှာ ပြိုင်ဘက်တွေအဖြစ်ရင်ဆိုင်ကစားရဖို့ရှိနေပါတယ်။


🇲🇲 မြန်မာပလေယာတွေရဲ့ ရက်သတ္တပတ်လား 🔥✅ အောင်သူ ( Player of the week )✅ မောင်မောင်လွင် ( Top stats of the week )✅ လွင်မိုး...
12/02/2025

🇲🇲 မြန်မာပလေယာတွေရဲ့ ရက်သတ္တပတ်လား 🔥
✅ အောင်သူ ( Player of the week )
✅ မောင်မောင်လွင် ( Top stats of the week )
✅ လွင်မိုးအောင် ( Goals of the week )
✅ ဇော်မင်းထွန်း ( Player of the match )

ထိုင်းလိဂ်မှာကစားနေကြတဲ့ မြန်မာပလေယာတွေဖြစ်တဲ့ အောင်သူ၊မောင်မောင်လွင်၊လွင်မိုးအောင် နဲ့ ဇော်မင်းထွန်းတို့ဟာ ယခုတပတ်ပွဲစဥ်တွေမှာ ပုံစံကောင်းတွေကိုပြသခဲ့ပြီး မြန်မာပလေယာတွေရဲ့ ရက်သတ္တပတ်လားလို့ထင်မှတ်ရလောက်တဲ့အထိ သက်ဆိုင်ရာထိုင်းလိဂ်အသင်းတွေနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေကိုပြသနိုင်ခဲ့ပါတယ်။


🙌🏻 ယနေ့ညပွဲစဥ်မှာ တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးပေးခဲ့တဲ့အောင်သူ 🇲🇲--------------------------------------ထိုင်းလိဂ်အပတ်စဥ် (...
10/02/2025

🙌🏻 ယနေ့ညပွဲစဥ်မှာ တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးပေးခဲ့တဲ့အောင်သူ 🇲🇲
--------------------------------------
ထိုင်းလိဂ်အပတ်စဥ် (၂၁)ရဲ့ နောက်ဆုံးပွဲစဥ်ဖြစ်တဲ့ ဥထိုင်းဌာနီအသင်းနဲ့ နွံဘူဝအသင်းတို့ရဲ့ပွဲစဥ်မှာ မြန်မာကစားသမားအောင်သူဟာ တစ်ဂိုးသွင်းယူခဲ့ပြီး ဂိုးဖန်တီးမှုတစ်ကြိမ်ကိုလည်းပြုလုပ်ခဲ့ပါတယ်။

ပွဲစဥ်ဟာ ( ၃ - ၀ )ရလဒ်နဲ့ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး မြန်မာကစားသမားအောင်သူကတော့ ဒဏ်ရာကပြန်သက်သာလာပြီး ပါဝင်ကစားခဲ့တဲ့ပွဲစဥ်တွေမှာ ဂိုးပါဝင်ပက်သက်မှုတွေရှိနေတာကိုလည်းမြင်တွေ့ရပါတယ်။



🇲🇲 𝐌𝐚𝐮𝐧𝐠 𝐌𝐚𝐮𝐧𝐠 𝐋𝐰𝐢𝐧 𝐨𝐧 𝐟𝐢𝐫𝐞 🔥ပွဲကစားချိန် - ၉၀ မိနစ် ✅ပြိုင်ဘက်ဂိုးပေါက်အခြမ်းပေးပို့မှု - ၁၂ ကြိမ် ✅ဘောလုံးယှဉ်လုယူမှု ...
10/02/2025

🇲🇲 𝐌𝐚𝐮𝐧𝐠 𝐌𝐚𝐮𝐧𝐠 𝐋𝐰𝐢𝐧 𝐨𝐧 𝐟𝐢𝐫𝐞 🔥

ပွဲကစားချိန် - ၉၀ မိနစ် ✅

ပြိုင်ဘက်ဂိုးပေါက်အခြမ်းပေးပို့မှု - ၁၂ ကြိမ် ✅

ဘောလုံးယှဉ်လုယူမှု -၁၇ ကြိမ် ( ၁၁ ကြိမ်အောင်မြင် ) ✅

ဘောလုံးပြန်လည်ဆည်ယူမှု - ၉ ကြိမ် ✅

လျှောထိုးဖြတ်ထုတ်မှု - ၇ ကြိမ် ( ၆ ကြိမ်အောင်မြင်) ✅

ဖြတ်တင်ပေးပို့မှု - ၄ ကြိမ် ✅

ရှင်းထုတ်မှု - ၃ ကြိမ် ✅

ပြစ်ဒဏ်ဘော ရယူပေးမှု - ၂ ကြိမ် ✅

ယခုတပတ်ဆူခိုထိုင်းအသင်းနဲ့ပွဲစဥ်က မြန်မာကစားသမားမောင်မောင်လွင်ရဲ့ ကွင်းတွင်းစွမ်းဆောင်ရည်တွေကို ထိုင်းလိဂ်(၁)ရဲ့ တရားဝင်ဖေ့ဘုတ်စ်စာမျက်နှာက ယခုလိုဖော်ပြထားတာကိုမြင်တွေ့ခဲ့ရပါတယ်။

ဒီနှစ်ရာသီ လမ်ဖူး(န်)ဝါရီယာအသင်းမှာ မောင်မောင်လွင်အတွက် ပွဲကစားချိန်တွေနည်းပါးနေပေမယ့် ပွဲထွက်ကစားရတဲ့အချိန်တိုင်းမှာတော့ ပုံစံကောင်းတွေပြသနေဆဲဖြစ်ပါတယ်။



သုံးပတ်ဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ သီဟဇော်။--------------------------------------ကမ္ဘောဒီးယားပရီးမီးယားကလပ် နာဂဝေါအသင...
10/02/2025

သုံးပတ်ဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ သီဟဇော်။
--------------------------------------
ကမ္ဘောဒီးယားပရီးမီးယားကလပ် နာဂဝေါအသင်းမှာသွားရောက်ကစားနေတဲ့ မြန်မာကစားသမားသီဟဇော်ဟာ ယခုတပတ် Ministry of Interior FA အသင်းနဲ့ပွဲစဥ်မှာလည်း ဒုတိယမြောက်ဦးဆောင်ဂိုးကိုသွင်းယူခဲ့ပြီး ပွဲစဥ် (၁၉)ကနေ (၂၁)အထိ သုံးပတ်ဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

နာဂဝေါအသင်းရဲ့တတိယမြောက်ဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့အပြင် ကမ္ဘောဒီးယားပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး အဆင့် (၂၆) နေရာမှာရပ်တည်လျက်ရှိပါတယ်။



ဇော်မင်းထွန်းရဲ့တစ်လုံးတည်းသောခေါင်းတိုက်သွင်းဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဘန်ကောက်အက်(ဖ်)စီ။----------------------------------...
10/02/2025

ဇော်မင်းထွန်းရဲ့တစ်လုံးတည်းသောခေါင်းတိုက်သွင်းဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဘန်ကောက်အက်(ဖ်)စီ။
--------------------------------------
မြန်မာဝါရင့်နောက်ခံလူတစ်ဦးဖြစ်တဲ့ ဇော်မင်းထွန်းကတော့ မနေ့ကယှဥ်ပြိုင်ကစားခဲ့တဲ့ ချိုင်းနတ်ဟွန်းဘေလ်အသင်းနဲ့ပွဲစဥ်မှာ ယခုပွဲစဥ်အတွက်တစ်လုံးတည်းသောသွင်းဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပြီး ဘန်ကောက်အက်(ဖ်)စီအသင်းအတွက် နိုင်ပွဲကိုဖော်ဆောင်ပေးခဲ့ပါတယ်။

ဘန်ကောက်အက်(ဖ်)စီအသင်းရဲ့ပွဲထွက်လူစာရင်းမှာပါဝင်ခဲ့တဲ့ ဇော်မင်းထွန်းဟာ ဒုတိယပိုင်းပွဲကစားချိန် ( ၆၉)မိနစ်မှာ အသင်းအတွက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲကစားချိန် ( ၇၆ ) မိနစ်မှာလူစားလဲခံခဲ့ရပါတယ်။

ဘန်ကောက်အက်(ဖ်)စီအသင်းဟာ ယခုတပတ်ချိုင်းနတ်အသင်းနဲ့ပွဲစဥ်ကို ( ၁ - ၀ ) ရလဒ်နဲ့အနိုင်ရရှိခဲ့တဲ့အတွက် ထိုင်းလိဂ်(၂)ရဲ့ အဆင့်(၄)နေရာမှာရပ်တည်လျက်ရှိပြီး တန်းတက်ဖို့အတွက် အလားအလာကောင်းတွေရှိနေဆဲဖြစ်ပါတယ်။



📸 တနင်္လာနေ့ပွဲစဥ်အတွက် အကြိုလေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်နေကြတဲ့ မြန်မာကစားသမားအောင်သူနဲ့ စိုးမိုးကျော်တို့ရဲ့ပုံရိပ်မျာ...
08/02/2025

📸 တနင်္လာနေ့ပွဲစဥ်အတွက် အကြိုလေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်နေကြတဲ့ မြန်မာကစားသမားအောင်သူနဲ့ စိုးမိုးကျော်တို့ရဲ့ပုံရိပ်များ။

Photo - Uthai Thani FC




ထိုင်းလိဂ်(၁)မှာ ပထမဆုံးသွင်းဂိုးကို သွင်းယူခဲ့တဲ့လွင်မိုးအောင်။--------------------------------------ယမန်နေ့ညကယှဥ်ပြိုင...
08/02/2025

ထိုင်းလိဂ်(၁)မှာ ပထမဆုံးသွင်းဂိုးကို သွင်းယူခဲ့တဲ့လွင်မိုးအောင်။
--------------------------------------
ယမန်နေ့ညကယှဥ်ပြိုင်ကစားခဲ့တဲ့ ထရူးဘန်ကောက်ယူနိုက်တက်အသင်းနဲ့ လရောင်းအသင်းတို့ရဲ့ပွဲစဥ်မှာ မြန်မာကစားသမားလွင်မိုးအောင်ဟာ ဒုတိယမြောက်ဦးဆောင်ဂိုးကိုသွင်းယူခဲ့ပြီး ထိုင်းလိဂ်(၁)မှာ ပထမဆုံးသွင်းယူခဲ့တဲ့ သွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။

ပြီးခဲ့နှစ်ဘောလုံးရာသီ ထိုင်းလိဂ်(၂)မှာတော့ လွင်မိုးအောင်ရဲ့သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေကိုမကြာခဏဆိုသလိုမြင်တွေ့ခဲ့ရပြီး လရောင်းအသင်းရဲ့တန်းတက်ခရီးစဥ်မှာလည်း အရေးပါတဲ့ကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။

ဒီနှစ်ရာသီ ထိုင်းလိဂ်(၁)မှာတော့ လွင်မိုးအောင်အနေနဲ့ အစောပိုင်းကာလတွေမှာရုန်းကန်ခဲ့ရပြီး ဘရာဇီးလူမျိုးနည်းပြ Carlos Eduardo Parreira ရဲ့လက်ထပ်မှာ ပုံမှန်ပွဲထွက်ခွင့်တွေပါပျောက်ဆုံးခဲ့ရပါတယ်။

နည်းပြအပြောင်းအလဲနဲ့အတူ လွင်မိုးအောင်အတွက် ပုံမှန်ပွဲထွက်ခွင့်ပြန်လည်ရရှိခဲ့ပြီး ယမန်နှစ်ကဥထိုင်းဌာနီအသင်းရဲ့နည်းပြဖြစ်တဲ့ ကျကရက်ဖန့်(ထ်) ပန်ပီး(Jukkapant Punpee) ရဲ့လက်ထပ်မှာ ပွဲစဥ်တိုင်းနီးပါး ပါဝင်ကစားခွင့်ရခဲ့ပြီး ယမန်နေ့ကပွဲစဥ်မှာတော့ ဒီနှစ်ရာသီအတွက်ရော ထိုင်းလိဂ်(၁)မှာပါ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

လွင်မိုးအောင်တို့အသင်းဟာ ထရူးဘန်ကောက်ယူနိုက်တက်အသင်းကို အဝေးကွင်းမှာ (၂-၂)ရလဒ်နဲ့ သရေကျအောင်စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် လက်ရှိဇယားရပ်တည်မှု အဆင့်(၁၃)မှာ ရပ်တည်လျက်ရှိပြီး တန်းဆင်းဇုန်ဖိအားရှိနေတဲ့အချိန်မှာ အသင်းကြီးတစ်သင်းဆီက ရမှတ်ကိုခွဲယူနိုင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။



ที่อยู่

Phra Nakhon

เบอร์โทรศัพท์

+66965916470

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ CHM PLAYผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง CHM PLAY:

แชร์