01/05/2026
Freelance ဆရာ/ဆရာမတွေ၊ curriculum developer တွေ၊ academic planner တွေ၊ course production လုပ်ပေးနေတဲ့သူတွေ သတိထားနိုင်ဖို့ ကျွန်မအတွေ့အကြုံတစ်ခုကို မျှဝေချင်ပါတယ်။
ဒီ post ကို drama လုပ်ချင်လို့ရေးတာမဟုတ်ပါဘူး။ ကျွန်မကိုယ်တိုင်ကြုံပြီးမှ သိလာတဲ့အရာတွေကို အခြားဆရာ/ဆရာမတွေ၊ freelancers တွေ၊ education field ထဲက professional တွေ ထပ်မကြုံရအောင် သတိထားစေလိုအတွက် ဝေမျှရခြင်း ဖြစ်ပါတယ်။
ကျွန်မဟာ မကြာခင်ကာလမှာ စမဲ့ Online GED program တစ်ခုအတွက် January ကနေ April အထိ academic planning, curriculum development, lesson planning, production planning, teacher recruitment coordination, interview arrangement, email follow-up, Zoom meeting arrangement, Notion database setup, recording timeline, and program restructuring အလုပ်တွေကို ဆက်တိုက်လုပ်ပေးခဲ့ရပါတယ်။
ဒီ project ကိုခိုင်းခဲ့တဲ့သူက ရန်ကုန်က GED Learning Center တစ်ခုရဲ့ Founder ဖြစ်ပြီး Education business လုပ်နေတဲ့သူ၊ GED program တည်ဆောက်နေတဲ့သူ၊ ဆရာ/ဆရာမတွေကို recruitment လုပ်နေတဲ့သူဖြစ်တဲ့အတွက် professional boundary, payment clarity, written agreement, scope of work စတာတွေကို ပိုနားလည်သင့်တဲ့သူပါ။
အစမှာတော့ “အကြံလေးပေးပါဦး” “ဒါလေးကြည့်ပေးပါဦး” “plan လေးပြင်ပေးပါဦး” ဆိုပြီး စခဲ့တာပါ။ နောက်ပိုင်းမှာတော့ အဲ့ဒီ “လေး” တွေဟာ Online GED program တစ်ခုလုံးအတွက် workload အကြီးစားဖြစ်လာခဲ့ပါတယ်။
ကျွန်မကို project ထဲမှာ ပိုပါဝင်လာအောင် မက်လုံးတွေလည်းပေးခဲ့ပါတယ်။ Project ပြီးသွားရင် ကျွန်မပါ RLA သင်ရင် သိန်းရာကျော်အထိရနိုင်တယ်ဆိုတဲ့ပုံစံမျိုးပြောခဲ့ပါတယ်။ Product Owner, Co-founder, Program Coordinator ဆိုတဲ့ role title တွေကိုလည်းပြောခဲ့ပါတယ်။ အဲ့ဒီ role တွေနဲ့ future income opportunity တွေကိုပြောပြီး ကျွန်မကို project ထဲမှာ ပိုတာဝန်ယူလာအောင်၊ ပိုလုပ်ပေးလာအောင် ဆွဲသွင်းခဲ့ပါတယ်။
ဒါပေမယ့် တကယ်အလုပ်လုပ်ရတဲ့အချိန်မှာ role တွေက စာရွက်စာတမ်းနဲ့မရှိဘူး။ Job description မရှိဘူး။ Payment agreement မရှိဘူး။ Hourly rate မရှိဘူး။ Scope of work မရှိဘူး။ Written agreement မရှိဘူး။ တစ်ဖက်မှာတော့ Product Owner လို၊ Co-founder လို၊ Program Coordinator လို တာဝန်ယူခိုင်းပြီး တစ်ဖက်မှာတော့ payment တောင်းတဲ့အချိန်ကျမှ “prior agreement မရှိဘူး” “scope က finalized မဖြစ်သေးဘူး” “ဒါတွေက conversation work ပဲ” “text သက်သက်ပဲ” ဆိုပြီး လျှော့ချပြောခဲ့တာပါ။
ကျွန်မလုပ်ပေးခဲ့တာတွေက “text ပဲ” မဟုတ်ပါဘူး။ GED program တစ်ခုလုံးအတွက် academic foundation တည်ဆောက်ပေးခဲ့တာပါ။
ကျွန်မ GED 4 subjects အတွက် full lesson plan database ကို သူတို့နဲ့သတ်မှတ်ထားတဲ့ textbook အပေါ်အခြေခံပြီး စနစ်တကျတည်ဆောက်ပေးခဲ့ရပါတယ်။
RLA – Reasoning Through Language Arts: 56 lessons
Mathematical Reasoning: 69 lessons
Social Studies: 31 lessons
Science: 29 lessons
စုစုပေါင်း GED lessons 185 ခုကျော်ကို structure ချ၊ organize လုပ်၊ lesson plan ရေး၊ recording duration သတ်မှတ်၊ textbook pages နဲ့ချိတ်၊ recording timeline တွေစီ၊ teacher တွေ recording လုပ်နိုင်အောင် guide လုပ်ပေးခဲ့ရပါတယ်။
RLA တစ်ခုတည်းကိုကြည့်ရင်တောင် pages ပေါင်း ရာကျော် ကို reference လုပ်ပြီး 56 lessons တည်ဆောက် ပေးခဲ့ရပါတယ်။ Lesson တစ်ခုချင်းစီမှာ lesson number, lesson title, chapter, duration, page reference, lesson plan, recording timeline, activity breakdown, practice resources, video resources စတာတွေ ထည့်ပြီး စနစ်တကျ organize လုပ်ခဲ့ရပါတယ်။
ဥပမာ RLA Lesson 1 “Main Ideas and Details” ဆိုရင် GED Test Prep page reference, 30-minute recording duration, introduction, main idea explanation, supporting details, textbook example, GED question types, practice exercise, wrap-up အထိ minute-by-minute lesson flow ထည့်ပေးခဲ့ပြီး အသေးစိတ် ကျွန်မ ပြင်ဆင်ပေးခဲ့ပါတယ်။ ဒါဟာ ရိုးရိုး text တွေ မဟုတ်ပါဘူး။ Instructional design work ပါ။ Academic planning work ပါ။ Curriculum production work ပါ။
Math အတွက် Mathematical Reasoning 69 lessons ကို နောက်ထပ် pages ပေါင်း 200 ကျော် အထိ အခြေခံပြီး စီစဉ်ပေးခဲ့ရပါတယ်။ Social Studies အတွက် 31 lessons ကို အသေးစိတ် plan လုပ်ပေးခဲ့ရပါတယ်။ Science အတွက် 29 lessons ကိုလဲ အသေးစိတ် extra materials အနေနဲ့ သုံးနိုင်မဲ့ source တွေက တစ်ခုချင်းစီ adjust လုပ်ပြီး lesson တစ်ခုချင်းစီ အတွက် အသေးစိတ်ပြင်ဆင်ခဲ့ပါတယ်။
ဒါတင်မကပါဘူး။ Full lesson database ပြီးတဲ့နောက်မှာ GED program အတွက် 90-hour video plan ကိုလည်း ထပ်ပြီး စီစဉ်ပေးခဲ့ရပါတယ်။ Full 90-hour plan တစ်ခါ၊ production အတွက် သက်သာအောင် ထပ်ပြီး lesson တွေကို ထပ်ပြီး adjust ပြန်လုပ်၊ recording-friendly ဖြစ်အောင် ပြန် organize လုပ်ပေးခဲ့ရပါတယ်။
185 lessons ကို recording production အတွက် 90-hour structure ဖြစ်အောင် ပြန်ရွေး၊ ပြန်ပြီး Plan ချ၊ subject အလိုက် phase ခွဲ၊ Foundations, Exam Techniques, Intensive Practice ဆိုပြီး video/module plan တစ်ခုလုံးကို ပြန်တည်ဆောက်ပေးခဲ့ရပါတယ်။ ဒါက “text” မဟုတ်ပါဘူး။ Course production planning ပါ။ Curriculum restructuring ပါ။ Academic judgment နဲ့လုပ်ရတဲ့ production work ပါ။
ဒါ့အပြင် 14-week GED Recording Timeline ကိုလဲ Subject တစ်ခုချင်းစီကိုလည်း ထပ်ပြီးအသေးစိတ် plan ခဲ့ရပါတယ်။ Recording course instructor တွေအတွက် Job Description & Job Specification, Academic & Production Assistant JD/JS စတာတွေကိုလည်း ရေးပေးခဲ့ရပါတယ်။
ကျွန်မလုပ်ခဲ့တဲ့အလုပ်တွေထဲမှာ
GED 4 subjects full lesson database တည်ဆောက်ပေးခြင်း၊
185 lessons ကို Institute textbook pages အလိုက် organize လုပ်ပေးခြင်း၊
lesson တစ်ခုချင်းစီအတွက် detailed lesson plan ရေးပေးခြင်း၊
recording timeline ထည့်ပေးခြင်း၊
90-hour GED video plan ထပ်ပြီးတည်ဆောက်ပေးခြင်း၊
production plan ထပ်ပြင်ပေးခြင်း၊
14-week recording master plan timeline ထပ်ပြီး စီစဉ်ပေးရခြင်း
recording course instructor အတွက် JD/JS ရေးပေးခြင်း
Academic & Production Assistant JD/JS ရေးပေးခြင်း၊
တခြား teachers ရေးထားတဲ့ lesson plans တွေကို academic review လုပ်ပေးခြင်း၊
subject alignment, test weighting, content balance, timing, practice structure တွေကို recommendation ပေးခြင်းတွေ ပါဝင်ပါတယ်။
Subject တစ်ခုချင်းစီ အပါအဝင် အကုန် 4 subjects လုံးအတွက် ကျွန်မက chapter, title, time, lesson/practice structure တွေကို review လုပ်ပေးခဲ့ရပါတယ်။ GED official test distribution နဲ့ နှိုင်းယှဉ်ပြီး content weighting analysis လုပ်ပေးခဲ့ရပါတယ်။ ဒါအပြင် data interpretation drills, timed simulation, GED-specific question formats, teacher reference resources တွေထည့်သင့်တာတွေကို recommendation ပေးခဲ့ရပါတယ်။
ဒါက “conversational work လဲ မဟုတ်သလို စာလေးစီပေးရုံလဲ မဟုတ်ပါဘူး။ Curriculum evaluation ပါ။ Academic quality control ပါ။ GED official test alignment analysis ပါ။ Teacher lesson plan review ပါ။ Students’ pass rate တိုးလာစေဖို့ academic planning လုပ်ပေးတာပါ။
ဒါ့အပြင် ဆရာ/ဆရာမ recruitment တွေကိုလည်း ကျွန်မကိုခိုင်းခဲ့ပါတယ်။ Science teacher, Math teacher, Social Studies teacher, recording instructor candidates တွေအတွက် interview ခေါ်ဆိုပေးရခြင်း၊ interview invitation email ပို့တာ၊ follow-up email ပို့တာ၊ Zoom meeting link ပေးတာ၊ interview confirmation လုပ်တာ၊ reminder ပို့တာ၊ Viber contact sharing လုပ်တာ၊ spam folder စစ်ခိုင်းတာ၊ teacher profile check လုပ်တာတွေကိုပါ ဆက်တိုက်တွေကို လုပ်ပေးခဲ့ရပါတယ်။ အဲ့အတွက်လဲ တစ်ခါမှ appreciation မရခဲ့တဲ့အပြင် လုပ်ခလစာ မပေးပဲ meeting ခေါ်ချင်တိုင်း ခေါ်တာကိုပါ မလာလို့ဆိုပြီး ကျွန်မကို lack of communication ဆိုပြီးစွပ်စွဲပါသေးတယ်။ ဒါတောင် ကျွန်မက ကိုယ် တာဝန်ယူလိုက်တဲ့ အလုပ်ကို ၁၀ ခုမှာ ၁၀ခုလုံး ပြီးအောင်လုပ်တဲ့သူပါ။
ဘယ်လောက်ထိလဲဆို လစာသာ မရတာ Job post ကိုတော့ boost လုပ်ခိုင်းသလို Candidate ရှာဖို့ Facebook post တင်ရတာ၊ job post boost လုပ်ရတာ၊ ဆရာ/ဆရာမတွေကိုဆက်သွယ်ရတာ၊ interview ချိန်းရတာ၊ interview ပေးရတာ၊ meeting link ပို့ရတာ ( meeting link ကလဲ ကျွန်မရဲ့ ကျောင်းအကောင့် ) plan update ပြောရတာတွေဟာ အလုပ်မဟုတ်ဘူးဆိုရင် ဘာကိုများ အလုပ်လို့ ခေါ်တာလဲ ဆိုတာလဲ ကျွန်မ တကယ်ပဲ ပြန်မေးချင်မိပါတယ်။
ဒီ project မှာ ဖုန်းခေါ်ဆိုမှုတွေ၊ voice notes တွေ၊ follow-up messages တွေလည်း မကြာခဏရှိခဲ့ပါတယ်။ သက်သေတွေလဲ အပြည့်ရှိသလို ဒီထဲမှာ discussion time, work time, research time, writing time, editing time, restructuring time, review time, teacher follow-up time, email drafting time, meeting setup time တွေ မပါသေးပါဘူး။
အလုပ်တွေကို ဆက်တိုက်ခိုင်းခဲ့ပေမယ့် payment အကြောင်းကိုတော့ အစကတည်းက တိတိကျကျမပြောခဲ့ပါဘူး။ January ကနေ April အထိ အလုပ်တွေကို ဆက်တိုက်ခိုင်းနေတဲ့ကာလတစ်လျှောက်မှာ ကျွန်မအတွက် payment structure ကို တိတိကျကျပြောပြီး စာချုပ်နဲ့ လုပ်ထားခြင်းမရှိသလို ကျွန်မ ကိုယ်တိုင်သင်ရမဲ့ RLA အတွက် ပိုက်ဆံကိစ္စကို ဟလဲ မဟခဲ့ပါဘူး။ အများဆုံးပြောတာဆိုရင် တခြားဆရာ/ဆရာမတွေကို ဘယ်လောက်ပေးမလဲ၊ ဘယ်လောက်တောင်းတယ်ဆိုတာမျိုးပဲရှိခဲ့ပြီး ကျွန်မရဲ့အချိန်၊ ကျွန်မရဲ့လုပ်အား၊ ကျွန်မရဲ့ professional contribution အတွက် တိတိကျကျ payment terms မပေးခဲ့ပါဘူး။
March လနဲ့ April လအစမှာ တော်တော် လေးကို ဆိုးရွားလာတဲ့ အခါ မဖြစ်တော့ဘူး contract နဲ့မှပဲ ငါဆက်လုပ်တော့မယ်ဆိုပြီး email နဲ့ အသေအချာ ကျွန်မ အတွက် responsibility, scope of work တွေကို တိတိကျကျ တောင်းခံခဲ့ပါတယ်။ ဒါမပါပဲ ဆက်မလုပ်နိုင်တော့ကြောင်း ၊ ဒါအတွက်သေချာမှပဲ ကျွန်မ အလုပ်အတွက် ဆက်လက်ညှိနှိုင်းနိုင်မယ် ဖြစ်ကြောင်း သေချာ ပြောခဲ့ပါတယ်။ အဲ့ အချိန်မှာ ကျွန်မ ဘက်က mail နဲ့သာ ဆက်သွယ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဖုန်းတွေနဲ့ဆို စကားတွေဟာ လေထဲပျောက်ပြီး ဘာမှ ကျွန်မ အတွက် မကျန်သလို လေနဲ့ပြောတဲ့ စကားလုံးတွေ လှည့်ပတ်ပြီး ပြောတာတွေကို မခံစားနိုင်တော့လို့လဲ ပါပါတယ်။ ဒီလောက် mail နဲ့တိတိကျကျ ဆက်သွယ်ပြောဆိုနေရင်းတောင်မှ ကျွန်မကိုလဲ communication မရှိလို့ဆိုပြီး ထပ်စွပ်စွဲပါတယ်။
နောက်မှ mail ထဲမှာ ကျွန်မက ဒီအလုပ်တွေကို အချက်အလက်နဲ့ သက်သေနဲ့ တစ်ခုချင်းစီ ထောက်ပြတော့မှ “ဘယ်လောက်ပေးရမလဲ” ဆိုတဲ့စကား စတင်ထွက်လာတာပါ။ တကယ်တမ်း ကျွန်မဘက်က ကျွန်မ လုပ်ခဲ့ရတဲ့ အလုပ်တွေ ထက်တောင်မှ အများကြီးလျှော့ပြီး payment ပြောတော့လဲဲ agreement မရှိဘူးဆိုပြီး အမောင့်ကို subject တစ်ခု ထဲ သင်တဲ့ လုပ်ခလစာ ပမာဏ လောက်ကိုပဲ offer လုပ်ပါတယ်။ အလုပ်လုပ်ခိုင်းနေတဲ့အချိန်မှာတော့ professional work လိုယူသုံးခဲ့ပြီး၊ payment တောင်းတဲ့အချိန်ကျမှ “prior agreement မရှိဘူး” “hourly rate မသတ်မှတ်ထားဘူး” “scope က finalized မဖြစ်သေးဘူး” ဆိုပြီး ပြန်လျှော့ချလာခဲ့ပါတယ်။
အစကတည်းက Employer / business owner / founder ဘက်က clarity မပေးခဲ့တာပါ။ အလုပ်တောင်းတုန်းကတော့ အလုပ်လိုယူပြီး၊ ပေးချေရမယ့်အချိန်ကျမှ “conversation” “exploratory discussion” “text” လို့ပြောတာက professional contribution ကိုလျှော့ချတာပါ။
ပိုဆိုးတာက ကျွန်မကို “လောလောဆယ်စာမသင်နဲ့ဦး” ဆိုတဲ့ပုံစံနဲ့ပါ ပြောခဲ့တာပါ။ ကျွန်မဘက်မှာ teaching work ရှိနိုင်တာ၊ income ရနိုင်တာတွေရှိပေမယ့် ဒီ project ဘက်မှာလုပ်စရာအများကြီးရှိတယ်ဆိုပြီး project tasks တွေထဲ ဆက်ဆွဲထားခဲ့ပါတယ်။ တစ်ဖက်မှာ future income, RLA teaching opportunity, သိန်းရာကျော်ရနိုင်တယ်ဆိုတဲ့မက်လုံးတွေပြောပြီး တစ်ဖက်မှာတော့ unpaid planning work တွေကို ဆက်လုပ်ခိုင်းခဲ့တာပါ။
ကျွန်မဘက်က professional boundary တောင်းတဲ့အချိန်၊ written clarity တောင်းတဲ့အချိန်ကျမှတော့ ပြောပုံက ပြောင်းသွားပါတယ်။ ကျွန်မလုပ်ခဲ့တာတွေကို professional work အဖြစ်မမြင်တော့ဘဲ “conversation” “text” “exploratory discussion” ဆိုပြီး လျှော့ချပြောလာခဲ့ပါတယ်။
ရက်ပိုင်း အကြာလောက်မှ တောင်းပန်စာပို့ခဲ့ပါတယ်။ အဲ့ဒီတောင်းပန်စာထဲမှာတောင် သူကိုယ်တိုင် “you built over 185 lessons from scratch, designed the full program plan twice, conducted interviews on my behalf, and even boosted job postings out of your own pocket all because I asked you to” ဆိုပြီး ကျွန်မလုပ်ပေးခဲ့တဲ့ scope ကို ပြန်ပြီး confirm ထားပါတယ်။ 185 lessons ကျော်၊ full program plan twice, interviews, job posting boost ဒါတွေကို သူ့ကိုယ်တိုင်ရေးထားပါတယ်။
ဒါပေမယ့် အဲ့နောက်ပိုင်း payment ပြောတဲ့အချိန်ကျတော့ “prior agreement မရှိဘူး” “hourly rate မရှိဘူး” “scope final မဖြစ်သေးဘူး” ဆိုပြီး ပြန်လျှော့ချလာပါတယ်။
တောင်းပန်တယ်။ ပြီးတော့ ပြန်လျှော့ချတယ်။
အလုပ်လုပ်ပေးခဲ့တာကို အသိအမှတ်ပြုတယ်။ ပြီးတော့ payment ပြောတဲ့အချိန် “conversation” လို့ပြောတယ်။
ကျွန်မရဲ့ time, expertise, labour, trust ကိုယူသုံးတယ်။ ပြီးတော့ professional boundary တောင်းတဲ့အချိန်ကျမှ availability နဲ့ commitment ကို မေးခွန်းထုတ်တယ်။
ဒါဟာ ကျွန်မအတွေ့အကြုံအရ professional labour ကို မမျှတစွာ အသုံးချခံရတယ်လို့ ယူဆမိပါတယ်
Founder တစ်ယောက်အနေနဲ့ ဒီလိုအခြေခံ professional process တွေ မသိတာလား၊ ဒါမှမဟုတ် သိသိကြီးနဲ့ တမင် professional labour ကိုယူသုံးခဲ့တာလားဆိုတာတော့ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ GED နဲ့ ပတ်သတ်ပြီး Learning center ဖွင့်ထားတဲ့သူ၊ education business လုပ်နေတဲ့သူ၊ ဆရာ/ဆရာမတွေကို recruit လုပ်နေတဲ့သူတစ်ယောက်အနေနဲ့ role clarity, written agreement, scope of work, payment terms ဆိုတာတွေ မလိုအပ်ဘူးလို့ တွေးရလောက်တဲ့ အထိ တကယ်ပဲ မသိတာလားဆိုတာ သူကိုယ်တိုင်ပဲ သိပါလိမ့််မယ်။
ကျွန်မဘက်ကတော့ ယုံကြည်ပေးမိခဲ့တာကိုပဲ ကိုယ့်ကိုယ်ကို အပြစ်တင်ပါတယ်။ Written agreement မရှိဘဲ အလုပ်စခဲ့တာ ကျွန်မအမှားပါ။ Role မသတ်မှတ်ခင် အလုပ်တွေ ဆက်လုပ်ပေးခဲ့တာ ကျွန်မအမှားပါ။ “နောက်ပိုင်း formalize လုပ်မယ်” ဆိုတဲ့စကားတွေကို ယုံခဲ့တာ ကျွန်မအမှားပါ။ Product Owner, Co-founder, Program Coordinator, သိန်းရာကျော်ရမယ်ဆိုတဲ့ မက်လုံးတွေကို နားထောင်ခဲ့မိ ယုံကြည်ပြီး အလုပ်တွေ ဆက်လုပ်ပေးခဲ့တာ ကျွန်မအမှားပါ။
ဒါပေမယ့် ကျွန်မအမှားရှိတယ်ဆိုတာနဲ့ ပဲတစ်ဖက်လူက ကျွန်မရဲ့အချိန်၊ ပညာ၊ expertise, communication labour, academic planning work တွေကို မတရားယူသုံးခွင့်ရတယ်လို့ မဆိုလိုပါဘူး။ ကျွန်မယုံကြည်ခဲ့တာကို အခွင့်ကောင်းယူပြီး professional labour ကိုယူသုံးခဲ့တာဖြစ်တဲ့အတွက် ကျွန်မဘက်က ဒါကို educators တွေအတွက် or professional role တစ်ခုခုမှာ လုပ်နေသူတိုင်းအတွက် sharing လုပ်ပေးရမဲ့ အရာလို့ ယူဆမိပါတယ်။
ဒီ post ကိုရေးတာ တိုက်ခိုက်ဖို့မဟုတ်ပါဘူး။ ကျွန်မလိုမျိုး နောက်နောင် ဘယ် educator, teacher, curriculum developer, academic planner, freelancer မှ မဖြစ်အောင် မျှဝေပေးတာပါ။ ဆရာ/ဆရာမတွေဆိုတာ စေတနာနဲ့ကူညီပေးတတ်ကြတယ်။ အကြံပေးတတ်ကြတယ်။ အလုပ်ကိုစိတ်ပါလက်ပါလုပ်ပေးတတ်ကြတယ်။ ကိုယ်က တာဝန် တစ်ခု ယူလိုက်ပြီဆိုတာနဲ့ တာဝန်ကျေတာထပ် ပိုပြီး စေတနာထားခဲ့တယ်။ ဒါပေမယ့် အဲ့ဒီစေတနာကို professional boundary မရှိတဲ့လုပ်ငန်းရှင်တွေက free labour အဖြစ်ယူသုံးတာမျိုး မဖြစ်သင့်ပါဘူး။
Professional work ကို professional work လို့ခေါ်ရပါမယ်။
Lesson plan ဖန်တီးတာ အလုပ်ပါ။
Curriculum structure ချတာ အလုပ်ပါ။
Online GED program တစ်ခုလုံး design လုပ်တာ အလုပ်ပါ။
90-hour course plan ချတာ အလုပ်ပါ။
Production plan ပြန်စီစဉ်တာ အလုပ်ပါ။
Teacher recruitment follow-up လုပ်တာ အလုပ်ပါ။
Interview email ပို့တာ အလုပ်ပါ။
Zoom meeting စီစဉ်တာ အလုပ်ပါ။
Learning Program တစ်ခု system ဆောက်တာ အလုပ်ပါ။
Academic review and recommendation ပေးတာ အလုပ်ပါ။
ညနက်မနက်မရွေး message/call ဖြေပြီး project ကိုရွှေ့ပေးတာလည်း အလုပ်ပါ။
ဒါတွေကို text သာသာ, conversational work လို့လျှော့ချပြောလို့မရပါဘူး။
ကျွန်မ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အရာ နဲ့ ပတ်သတ်ပြီး ဆရာ/ဆရာမတွေ၊ freelancers တွေ၊ academic workers တွေအတွက် ကျွန်မအကြံပေးချင်တာကတော့
အလုပ်မစခင် စာချုပ်ယူပါ။
Role ကို written ထားပါ။
Scope of work ကို written ထားပါ။
Hourly rate / project rate ကို written ထားပါ။
Payment schedule ကို written ထားပါ။
Revision limit ကို written ထားပါ။
After-hours communication boundary ထားပါ။
“ဒါလေးပဲ” ဆိုတဲ့ task တွေကိုလည်း track လုပ်ပါ။
Call, voice note, meeting, follow-up, document review အကုန် work အဖြစ်သတ်မှတ်ပါ။
“နောက်ပိုင်း income ကောင်းမယ်” ဆိုတဲ့စကားကို မယုံခင် current work payment ကိုသတ်မှတ်ပါ။
“Co-founder / Product Owner / Program Coordinator ဖြစ်နိုင်တယ်” ဆိုတဲ့စကားကို written agreement မပါဘဲ မယုံပါနဲ့။
Founder ဖြစ်တာနဲ့ အခြားသူရဲ့အချိန်ကို free သုံးခွင့်ရတာမဟုတ်ပါဘူး။ GED Learning center ဖွင့်ထားတာနဲ့ ဆရာ/ဆရာမတွေ၊ freelancers တွေ၊ academic staff တွေရဲ့ labour ကို “help” လို့ခေါ်ပြီးယူခွင့်မရှိပါဘူး။ Start-up ဖြစ်တာနဲ့ professional labour ကို မမျှတပဲ ပေးချေပြီးသုံးခွင့်မရှိပါဘူး။ စာချုပ်မပေးခဲ့တာကို payment မပေးဖို့အကြောင်းပြချက်အဖြစ် မသုံးသင့်ပါဘူး။
အလုပ်က အလုပ်ပါ။
ကူညီတာနဲ့ exploitation က မတူပါဘူး။
တောင်းပန်တာနဲ့ တာဝန်ယူတာလည်း မတူပါဘူး။
စာချုပ်မပေးခဲ့တဲ့သူက အလုပ်ပြီးမှ “စာချုပ်မရှိဘူး” ဆိုပြီး payment ကို အများကြီးနှိမ့်ချဖြစ်တာ မဖြစ်သင့်ပါဘူး။
Teachers တွေ ကျွန်မလို မျိုး မကြုံဖို့အတွက် ဆုတောင်းရင်း သတိပေးရင်း sharing လုပ်ရင်း Professional work ကို free labour အဖြစ် အသုံးချခံရတာတွေ ရပ်တန့်သင့်ပါပြီ။