Yin in Thailand အကျိုးရှိတာလေးတွေ အမြဲမျှဝေပေးသွားပါမယ်🙏🙏🙏

မြန်မာသံရုံး ၃ ခုက  PV ပတ်စပို့စ် သက်တမ်းတိုးမှုဆိုင်းငံ့ထားပြီး အခြေနေကို၂လ စောင့်ကြည့်ရမှာပါ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်...
26/08/2026

မြန်မာသံရုံး ၃ ခုက PV ပတ်စပို့စ် သက်တမ်းတိုးမှုဆိုင်းငံ့ထားပြီး အခြေနေကို၂လ စောင့်ကြည့်ရမှာပါ

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်

ထိုင်း၊ ဩစတြေးလျနဲ့ စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးတွေမှာ PV (Passport for Visit) ပတ်စပို့စ်သက်တမ်းတိုးပေးမှုတွေ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။

ဩစတြေးလျရှိ မြန်မာသံရုံးက ဩစတြေးလျ၊ နယူးဇီလန်နဲ့ ပါပူဝါနယူးဂီနီမှာ PV ပတ်စပို့စ်နေထိုင်သူတွေအတွက် သက် တမ်းတိုးပေးတော့မှာမဟုတ်ကြောင်း အသိပေးကြေညာထားပါတယ်။

အလုပ်သမားသုံး PJ ပတ်စပို့စ်တွေကိုတော့ သက်တမ်း ၆ လကျန်ချိန်မှသာ သက်တမ်းတိုးလျှောက်ထားနိုင်မှာဖြစ်ပြီး၊ PE နဲ့ PT အမျိုးအစား ပြောင်းလဲလိုသူတွေအနေနဲ့ စာအုပ် သက်တမ်းမကုန်မီ ၁၂ လ ကြိုတင်လျှောက်ထားရမှာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာလည်း ဩဂုတ် ၂၅ ရက်ကစပြီး PV ပတ်စ်ပို့ သက်တမ်းတိုးလျှောက်ထားမှုတွေကို လက်ခံမပေးတော့ဘဲ ပြန်လည်ပေးပို့နေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးကလည်း ဩဂုတ် ၁၉ ရက်နေ့ကစတင်ပြီး PV ပတ်စ်ပို့ကို အခြားအမျိုးအစား ပတ်စပို့စ်အဖြစ် ပြောင်းလဲသက်တမ်းတိုးပေးခြင်းကို ရပ်ဆိုင်းထားပါတယ်။

ပြည်ပနိုင်ငံအသီးသီးမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့နဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေသိရှိစေဖို့ သက်ဆိုင်ရာ မြန်မာသံရုံးတွေရဲ့ တရားဝင်ထုတ်ပြန်ချက်တွေကို စောင့်ကြည့်ဖို့လိုအပ်ပါတယ်။

#မြဝတီမဲဆောက်မီဒီယာ
Credit to original

24/08/2026

ကိုယ်အလုပ်ကိုသေချာကြိုးစားမယ်လုပ်တိုင်း
Policy တွေပြောင်းလိုက်
ကမ္ဘာကြီး နေမကောင်းလိုက်နဲ့
ရယ်တောင် မရယ်နိုင်တော့ဘူး
PV to PJ က နယ်စပ်ကိုပြန်လဲလို့တော့ရပါသေးတယ် .တစ်နှစ်ဝန်းကျင်ကျန်သူတွေကခဏ စောင့်ကြည့်သင့်ပါတယ်နော်

ဘန်​ကောက်မြန်မာသံရံးမှာ  PV to PJ ကလုံးဝပေးမချိန်းတာမဟုတ်ပါဘူးနော် Passport မှတ်ပုံတင် အိမ်ထောင်စုစာရင်းWorkpermit မူရင်...
21/08/2026

ဘန်​ကောက်မြန်မာသံရံးမှာ PV to PJ ကလုံးဝပေးမချိန်းတာမဟုတ်ပါဘူးနော်
Passport
မှတ်ပုံတင်
အိမ်ထောင်စုစာရင်း
Workpermit
မူရင်း ရယ် မိတ္တူရယ်ယူပြီး ကိုယ်တိုင်သွားပါ
ကိုယ့်အချက်အလက်ကိုစစ်ပြီး မှန်ရင်
ဖောင်စာရွက်ထုတ်ပေးပါတယ် ပြီးရင်
၂လ နေရင်စုံစမ်းဖို့စာရွက်လေးပြန်ထုတ်ပေးပါလိမ့်မယ် အရင်က တစ်ခေါက်ပဲသွား တစ်ရက်ထဲလဲရပြီး ခုက စောင့်ကြည့်ပြီး သူတို့လဲခွင့်ကျမှလဲရတော့တာပါ တချို့ Agent တွေက သူတို့တွက် ချက်ချင်းပိုက်ဆံမထွက်တဲ့အလုပ်မို့လို့ လုံးဝ မရဘူးပြောကြမျိုးပါ အခြားသိချင်တာလဲ လာမေးလို့ရသလို ညီမတို့ကုမ္မဏီနဲ့ service ယူထားသူတွေအကုန်လုံးကို ဖောင်တင်တဲ့ရက်ရော စာအုပ်ရိုက်လို့ရမယ်ရက်ရော ကူလုပ်ပေးပါတယ်

ထိုင်းမှာ PV to PJ လုံးဝလဲလို့မရတော့ဘူး မြန်မာပြန်ကိုပြန်ရမယ်ဆိုတာ မဟုတ်ဘူးနော်လက်ရှိ ထိုင်းနိုင်ငံမှာ PV Passport သက်တမ...
19/08/2026

ထိုင်းမှာ PV to PJ လုံးဝလဲလို့မရတော့ဘူး မြန်မာပြန်ကိုပြန်ရမယ်ဆိုတာ မဟုတ်ဘူးနော်

လက်ရှိ ထိုင်းနိုင်ငံမှာ PV Passport သက်တမ်းတိုးမယ်ဆိုရင် form တင်ပြီး နေပြည်တော်ကအရင်စီစစ်ပြီးမှ တိုးခွင့်ပြု မပြု အကြောင်းပြန်မှာပါ

ခွင့်မပြုရင် မြန်မာပြည်ပြန်ပြီးမှတိုးရမယ်
ခွင့်ပြုရင် ထိုင်းမှာပဲတိုးလို့ရမယ် 🥰
အရင်လို နေ့ချင်း မရတော့တာ လုံးဝမရတော့တာမဟုတ်ပါဘူးလို့😒😒😒
ဘာလို့အတင်းတွေ ဇွတ်ပြန်ခိုင်းနေကြ
တာတုန်းလို့🙄
#

17/08/2026

လွမ်းလိုက်တာ ပုဂံရယ်

16/08/2026

သူ ေဋ္ဌးဖြစ်ဖို့ နာရီ ပိုင်းသာလိုတော့သည်
အားလုံးပဲကံကောင်းကြပါစေ

08/08/2026

2:0 နဲ့ ရှုံးသွားပါတယ်
#ဘောလုံး

07/08/2026

ကားရဲ့အရှိန်က တကယ်ကြောက်စရာကြီး

ထိုင်းနိုင်ငံ၊ ဒေဘ်ဆိရင် နွန်းသဘူရီ (Debsirin Nonthaburi) ကျောင်းတွင် ဝမ်းနည်းဖွယ် ကျောင်းတွင်း ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခ...
07/08/2026

ထိုင်းနိုင်ငံ၊ ဒေဘ်ဆိရင် နွန်းသဘူရီ (Debsirin Nonthaburi) ကျောင်းတွင် ဝမ်းနည်းဖွယ် ကျောင်းတွင်း ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ဆရာ/ဆရာမ နှစ်ဦး သေဆုံးပြီး အနည်းဆုံး ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။ သံသယရှိသူ ကျောင်းသားလုလင်ကိုလည်း အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးလျက် တွေ့ရှိခဲ့ရသည်။
သောကြာနေ့နံနက်ပိုင်းက နွန်းသဘူရီခရိုင်ရှိ ထင်ရှားသော အထက်တန်းကျောင်းတစ်ခုတွင် ကျောင်းသားလုလင်တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဆရာ/ဆရာမ နှစ်ဦး သေဆုံးကာ အနည်းဆုံး ၁၅ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် အဆိုပါကျောင်းသားသည် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။
အဆိုပါ ပစ်ခတ်မှုသည် ဩဂုတ်လ ၇ ရက် နံနက်ပိုင်းအချိန်တွင် ဘန်းကရုဲအိ (Bang Kruai) မြို့နယ်ရှိ ဒေဘ်ဆိရင် နွန်းသဘူရီ ကျောင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းသားများနှင့် ဝန်ထမ်းများအကြား အလွန်အမင်း ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ရဲတပ်ဖွဲ့၊ အရေးပေါ် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် ကယ်ဆယ်ရေးသမားများသည် ကျောင်းဝင်းအတွင်း ပိတ်မိနေသူများကို ဘေးကင်းစွာ ရွှေ့ပြောင်းပေးရန်၊ အခင်းဖြစ်ပွားရာ ဝန်းကျင်ကို ထိန်းချုပ်ရန်နှင့် အရေးပေါ် ဆေးဝါးကုသမှုများ ပေးအပ်နိုင်ရန် ကျောင်းဝင်းအတွင်းသို့ အလျင်အမြန် ရောက်ရှိလာခဲ့ကြသည်။
The Nation Thailand မှ ဘာသာပြန်ကူးယူသည်

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Yin in Thailandผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์