Aran Creation Click and spend 1 mins videos can be to release your stress.

Fyi For Our CountryStay Connect, Stay Strong
30/03/2025

Fyi For Our Country
Stay Connect, Stay Strong

မြန်မာပြည်အတွင်းက မြေငလျင်ဒဏ်သင့်ဒေသတွေကိုလှူဒါန်းချင်သူတွေအတွက် ကျွန်တော်တို့ Team မှအတည်ပြုပြီး စိတ်ချရတဲ့ Sources တွေကိုစုစည်းဖော်ပြလိုက်ပါတယ်။ 📢📢📢
(ထပ်တိုးများကို Post မှာထပ်မံဖြည့်သွားပါမယ်)

Source 1: Facebook မှတစ်ဆင့်လှူချင်သူများအတွက်
For Sagaing and Mandalay

https://www.facebook.com/share/p/18u5mXNvk4/

https://www.facebook.com/share/1HSa6Hki1S/?mibextid=wwXIfr

https://www.facebook.com/share/p/1DLGMLdP9u/

https://www.facebook.com/share/p/1E6ypNs4jY/

https://www.facebook.com/share/16Ns5UABDR/

https://www.facebook.com/share/p/1BnGpZwm3T/

https://www.facebook.com/share/p/15Jj4Da6ho/

https://www.facebook.com/100075594745768/posts/668732608989891/

https://www.facebook.com/share/p/1AJe4by4KR/

------------------------------------------------
Source 2: (GoFundMe မှတစ်ဆင့်လှူချင်သူများအတွက်)
https://www.gofundme.com/f/emergency-relief-myanmar?attribution_id=sl%3A5ba7b3e3-805a-4cff-bd81-fc1a7c9ee20a&lang=en_US&utm_campaign=man_sharesheet_dash&utm_content=amp13_t1-amp14_c&utm_medium=customer&utm_source=copy_link

https://www.gofundme.com/f/humanitarian-support-for-myanmar-earthquake-victims?lang=en_US&utm_campaign=fp_sharesheet&utm_content=amp13_c-amp14_t1&utm_medium=customer&utm_source=twitter&attribution_id=sl%3A000d6159-19a6-48cb-bc91-e9e05f0e23ec

https://gofund.me/54a1e570

------------------------------------------------
Source 3: Action Network မှတစ်ဆင့်လှုချင်သူများအတွက်
https://actionnetwork.org/fundraising/us-campaign-for-burma-donation-page/

------------------------------------------------

Source 4: (PayPal နဲ့လှူချင်သူများအတွက်)
https://www.advancemyanmar.org/myanmar-earthquake-appeal/?fbclid=IwZXh0bgNhZW0CMTEAAR2WeFw_0D5vzsWIns7uOvM2eP-oXiJJhsxpj9pm1ElAtl6rmh_dbYvgehY_aem_hsLOm5eXS0KyegH7JGC3YA

------------------------------------------------
Source 5: (Thai ဘတ်ဖြင့်လှူချင်သူများအတွက်)
https://www.facebook.com/share/p/15tc5eFEjV/

https://www.facebook.com/share/166HNAwKMG/

https://www.facebook.com/share/p/1C4j2X4Rfm/

https://www.facebook.com/share/1ATwd8XBL8/
------------------------------------------------

အားလုံးဘေးအန္တရာယ်အပေါင်းမှကင်း‌ဝေးပါစေကြောင်း Alex's Vlog အဖွဲ့သားများမှဆုတောင်းလိုက်ပါတယ်။
"We are deeply saddened by your loss. Our thoughts and prayers are with you and everyone affected by the earthquake."

30/03/2025

လူပျောက်ကြော်ငြာပေးပို့နိုင်ပါသည်

မကြုံစဖူး အင်အားပြင်းထန်လှသည့် ငလျင်ကြီးကြောင့် ပျောက်ဆုံးနေသူ သို့မဟုတ် အဆက်သွယ်မရဘဲဖြစ်နေသည့် မိမိတို့ဆွေမျိုးသားချင်း ညီအစ်ကိုမောင်နှမများနှင့် ပတ်သက်၍ ကြော်ငြာပေးစေလိုလျှင် မဇ္ဈိမသို့ [email protected] အီးမေးလ်ပို့၍ဖြစ်စေ၊ ဗိုင်ဘာမှတဆင့်ဖြစ်စေ ပျောက်ဆုံးနေသူ အမည်၊ အလုပ်အကိုင်၊ နောက်ဆုံးအဆက်အသွယ်ရရှိခဲ့သောအချိန်နှင့် ပျောက်ဆုံးသွားသည်ဟု ယူဆရသော နေရာတို့ကို ရေးသားပေးပို့နိုင်ကြပါသည်။ ဗိုင်ဘာကိုရယူရန် QR code ကို scan ဖတ်လိုက်ပါ။

#မဇ္ဈိမသတင်းဌာန

Happy Chinese New Year 🐍
29/01/2025

Happy Chinese New Year 🐍


15/12/2024

မြင်လွှာလေးပိတ်တိုင်း လှလွန်းတဲ့ မင်းရဲ့ မျက်နှာလေးလိုပဲ အလှတရားကို ရှုစားဖို့ မင်းမရှိတဲ့ ကျွန်းလေးကိုသွားရင်း … ✨

Road To Samae San Island 🏝️






08/12/2024

မင်းအချိန်တိုင်းပေးလွန်းတဲ့ မွန်းကြပ်မှုနဲ့ တူတဲ့ မြို့ပြကြီးကနေ ခေတ္တခဏ ရုန်းထွက်ရင်း ….

Bangkok To Nam Rang Beach Vibe in Thailand 🏝️






17/11/2024

ထိုင်းနိုင်ငံ မှာ မြန်မာရိုးရာ တန်ဆောင်တိုင်ရက် မှာပဲ ကျင်းပတဲ့ ပွဲတော်တစ်ခုဖြစ်တဲ့ Loy Krathong ပွဲတော်မှာဆိုရင် တစ်နိုင်ငံလုံး ဝက်ဝက်ကွဲ ပါဝင်ဆင်နွှဲကြတာကိုလည်းတွေ့ရပါတယ်

ဒီပွဲတော်မှာဆိုရင် ထိုင်းနိုင်ငံရဲ့ ရိုးရာ ယဉ်ကျေးမှု အကအလှများအပြင် နှစ်ဟောင်းမှာ ရှိတဲ့ ကိုယ်ရဲ့ မကောင်းတဲ့ ကံနိမ့်တာတွေကို ငှက်ပျောရွက်နဲ့ ပြုလုပ်ထားတဲ့ လှေလေးမှာဖယောင်းတိုင်ထွန်းပြီး နှစ်သစ်မှာ ဖြစ်ချင်တဲ့ လိုရာဆုကိုတောင်းရင်း

လှေနဲ့ မျှောတဲ့ ရိုးရာဓလေ့ကိုလည်း တစ်ဝကြီးကြည့်ရှု ရမှာဖြစ်လို့ Video ကိုအဆုံးထိကြည့်ပေးသွားပါနော်

တန်ဆောင်မုန်းလပြည့်နေ့လေးမှာ အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေရန် ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ….
15/11/2024

တန်ဆောင်မုန်းလပြည့်နေ့လေးမှာ အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေရန် ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ….

မြန်မာတွေကြားမှာ နာမည်ကြီးတဲ့ ဘန်ကောက်မြို့ရဲ့ Khao San လမ်းအကြောင်း …ဒီနေ့မှာတော့ ကျွန်တော်တို့ မြန်မာတွေကြားမှာတင်မကဘဲ...
13/11/2024

မြန်မာတွေကြားမှာ နာမည်ကြီးတဲ့ ဘန်ကောက်မြို့ရဲ့ Khao San လမ်းအကြောင်း …

ဒီနေ့မှာတော့ ကျွန်တော်တို့ မြန်မာတွေကြားမှာတင်မကဘဲ အခြား Tourists တွေကြားမှာပါ နာမည်ကြီးတဲ့ ဘန်ကောက်မြို့ရဲ့ Khao San/ ခေါက်ဆန်လမ်းအကြောင်းကို အနည်းငယ်ပြန်လည်မျှဝေချင်ပါတယ်။

ခေါက်ဆန်ဆိုတဲ့ လမ်းနာမည်က ထိုင်းဘာသာစကားနဲ့ သမိုင်းကြောင်းကို အခြေခံပြီး အဓိပ္ပာယ်နဲ့ ပေးထားတာဖြစ်ပါတယ်။ သူ့ရဲ့ အဓိပ္ပာယ်ကတော့ Khao" (ข้าว) ဆိုတာက ဆန်ကို ဆိုလိုတာဖြစ်ပြီး "San" (สาร) ဆိုတာက ကြိတ်တာကို ဆိုလိုတာဖြစ်ပါတယ်။ သမိုင်းကြောင်းတွေအရ ခေါက်ဆန်လမ်းက ဆန်ဝယ်ယူရောင်းချတဲ့ အဓိကဆန်စျေးကွက်တစ်ခုဖြစ်ခဲ့ပါတယ်။ Tourists Attraction နေရာတစ်ခုအနေနဲ့ မပြောင်းလဲခင်မှာ ဆန်ကုန်သွယ်မှုအတွက် အချက်အချာနေရာတစ်ခုအဖြစ် ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

ဘန်ကောက်မြို့လယ်ခေါင်မှာရှိတဲ့ ခေါက်ဆန်လမ်းမှာဆိုရင် စည်ကားနေတဲ့ ပတ်ဝန်းကျင်၊ Street foods တွေနဲ့ စျေးဝယ်ထွက်စရာနေရာတွေအပြင် သွားရလာရလွယ်ကူတာကြောင့် လည်ပတ်စရာနေရာတစ်ခုအနေနဲ့ နာမည်ကြီးလာတာဖြစ်ပါတယ်။

ခေါက်ဆန်လမ်းပေါ်ကို ခြေလှမ်းလိုက်တာနဲ့ ထိုင်းရိုးရာဆိုင်တွေအပြင် ထူးခြားတဲ့ အဆာပြေစားစရာတွေနဲ့ အားလုံးကို ဆွဲဆောင်နေတဲ့ Steet Food ဆိုင်တွေက ကြိုဆိုနေမှာဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာတွေကြားမှာဆိုရင် Mango Sticky Rice လို့ခေါ်တဲ့ သရက်သီးကောက်ညှင်းအုန်းနို့စမ်း၊ Pad Thai (ဖက်ထိုင်း) တွေက လူကြိုက်များကြပါတယ်။ ပြီးရင်တော့ ထူးထူးဆန်းဆန်းအစားစာတွေကို စားရတာကြိုက်တဲ့သူတွေဆိုရင် အင်းဆက်မျိုးစုံကိုလည်း ခေါက်ဆန်လမ်းမှာ တွေ့နိုင်ပါသေးတယ်။

Shopping ထွက်လို့ကောင်းတယ်ဆိုပြီး နာမည်ကြီးတဲ့ ခေါက်ဆန်လမ်းမှာဆိုရင် အမှတ်တရပစ္စည်းတွေ၊ Handmade လက်ဝတ်ရတနာတွေနဲ့ စျေးသက်သာတဲ့ Fashion ပစ္စည်းမျိုးစုံကိုလည်း ဝယ်ယူလို့ရနိုင်ပါတယ်။

ညနေဘက်ရောက်လာတာနဲ့အမျှ ခေါက်ဆန်လမ်းမှာ Street Perfomance တွေ၊ Bar အမျိုးမျိုးနဲ့ ဂီတသံစဉ်တွေက ပါတီတစ်ခုလိုမျိုးဖြစ်လာတာကြောင့် ဘန်ကောက်မြို့ရဲ့ Night Life ကို ကောင်းကောင်းခံစားလို့ရတဲ့နေရာတစ်ခုဖြစ်လို့ လူအတော်များများက ဒီလမ်းကိုသဘောကျနှစ်သက်ကြတာဖြစ်ပါတယ်။

စိတ်ပင်ပန်းတာတွေ ဖြေဖျောက်ဖို့အတွက် အကောင်းဆုံးနေရာတစ်ခုဖြစ်တာကြောင့် ဘန်ကောက်မြို့ကို ရောက်ခဲ့ပါဆိုရင် သွားလည်ဖို့ မမေ့နဲ့ကြဦးဗျ ….

10/11/2024

ဒါတွေကို သိသွားပြီဆိုရင် ထိုင်းကို အခုပဲ လာလို့ရပြီတဲ့ 🤔
ဘာတွေလဲဆိုတာသိချင်ရင်တော့ Video ကိုသာ ဆုံးအောင်ကြည့်လိုက်တော့ ….

27/10/2024

ဒါတွေကို သိသွားပီဆိုရင်တော့ ထိုင်းနိုင်ငံမှာနေဖို့ အခက်အခဲ မရှိ (Part - 2) 👌




သီတင်းကျွတ်လပြည့်ညလေးမှာ အားလုံးပဲ ချစ်ရတဲ့ မိသားစုနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ Aran Creations Page မှ ဆ...
17/10/2024

သီတင်းကျွတ်လပြည့်ညလေးမှာ အားလုံးပဲ ချစ်ရတဲ့ မိသားစုနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ Aran Creations Page မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျ … 🥰

နိုင်ငံတိုင်းမှာ နိုင်ငံနဲ့ လူမျိုးရဲ့ မတူညီတဲ့ Cultural Values တွေ ရှိကြပါတယ်။ ဒီလိုပဲ ထိုင်းနိုင်ငံမှာလည်း သတိထားရမယ့်...
16/10/2024

နိုင်ငံတိုင်းမှာ နိုင်ငံနဲ့ လူမျိုးရဲ့ မတူညီတဲ့ Cultural Values တွေ ရှိကြပါတယ်။ ဒီလိုပဲ ထိုင်းနိုင်ငံမှာလည်း သတိထားရမယ့် Curtural Values တွေ ရှိပါတယ်။ 😇

ထိုင်းနိုင်ငံမှာ တချို့အပြုအမူတွေက သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှုတွေကို မလေးစားရာရောက်တယ်လို့ ယူဆကြပါတယ်။ ဒါဆိုရင် ကျွန်တော်တို့အနေနဲ့ ဘယ်လိုအချက်တွေကို အဓိက သတိထားရမလဲ ⁉️

💥 ဘုရင်စနစ်ကို မထီမဲ့မြင်ပြုခြင်း

ထိုင်းနိုင်ငံနဲ့ ထိုင်းလူမျိုးတွေက Royal Family နဲ့ ဘုရင်စနစ်ကို အလွန်ကြည်ညိုလေးစားကြတာကြောင့် ဘုရင်စနစ်ကို ကဲ့ရဲ့အပြစ်တင်တာမျိုး လှောင်ပြောင်တာမျိုးက ပြစ်မှုအကြီးကြီးအထိဖြစ်နိုင်ပြီး ဥပဒေအရပါ အပြစ်ပေးခံရနိုင်ပါတယ်။

💥 တစ်စုံတစ်ယောက်ရဲ့ ဦးခေါင်းကို ထိခြင်း

ထိုင်းယဉ်ကျေးမှုမှာ ဦးခေါင်းက ခန္ဓာကိုယ်ရဲ့ အမြင့်မြတ်ဆုံး အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားကြတာကြောင့် လူတစ်ယောက်ယောက်ရဲ့ ဦးခေါင်းကို ထိတာက မလေးစားတဲ့အပြုအမူတစ်ခုလို့ မြင်ကြလေ့ရှိပါတယ်။

💥 ခြေထောက်ကို ညွှန်ပြခြင်း

ခြေထောက်တွေက ခန္ဓာကိုယ်ရဲ့ အနိမ့်ဆုံးနဲ့ အညစ်ပတ်ဆုံး အစိတ်အပိုင်းလို့ သတ်မှတ်ကြတာကြောင့် ခြေထောက်ကို စားပွဲပေါ်တင်တာ ကုလားထိုင်ပေါ်တင်တာမျိုးနဲ့ တစ်ခုခုကို ခြေထောက်နဲ့ ညွှန်ပြတာမျိုးကို ရှောင်ကြဉ်ရပါမယ်။

💥 Public Area မှာ ဆူညံစွာပြောဆိုခြင်း

Public Area တွေ ဒါမှမဟုတ် လူရှေ့သူရှေ့မှာ ဒေါသထွက်ပြီး အော်ဟစ်ပြောဆိုတာတွေ အသံအကျယ်ကြီးတွေနဲ့ ငြင်းခုံပြီး ဆူဆူညံညံနဲ့ စကားပြောဆိုမယ်ဆိုရင် ထိုင်းလူမျိုးတွေရဲ့ အထင်သေးခြင်းကို ခံရမှာပါ။

💥 ဘာသာရေးဆိုင်ရာ အရာဝတ္တုများကို အလေးမထားခြင်း

ဘုရားကျောင်းတွေနဲ့ ဘာသာရေးနေရာတွေမှာ အမြဲလေးစားသမှုရှိနေရပါမယ်။ မသင့်လျော်တဲ့ဝတ်စားဆင်ယင်မှုတွေကို ဝတ်ဆင်တာမျိုး၊ အခြားသူတွေကို အနှောက်အယှက်ဖြစ်စေမယ့် အပြုအမူမျိုးတွေ ပြုလုပ်တာမျိုးကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

ဒါကတော့ ကျွန်တော်ထိုင်းနိုင်ငံမှာ နေထိုင်ရင်း သတိထားမိသလောက် အချက်အလက်လေးတွေကို သိထားသင့်တယ်လို့ ထင်တာကြောင့် ပြန်လည်မျှဝေပေးလိုက်တာပါ။
ကိုယ်က ဒီနိုင်ငံမှာ Foreigner တစ်ယောက်ဖြစ်တဲ့အတွက် ဒီနိုင်ငရဲ့ Cultural Values ကို နားလည်ပြီး လေးလေးစားစားဆက်ဆံမယ်ဆိုရင် ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ရဲ့ နိုင်ငံကိုလည်း တဖန်ပြန်ပြီး လေးလေးစားစားနဲ့ ဆက်ဆံခြင်းကို ခံရမှာဖြစ်ပါတယ်။ 🇹🇭 🇲🇲
ဒီတော့ ကျွန်တော်မျှဝေထားတဲ့ အချက်လေးတွေကို သတိထားဖို့ မမေ့နဲ့ဦးဗျ …

ที่อยู่

Bangkok
10250

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Aran Creationผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์