Art Diary Myanmar

Art Diary Myanmar အနုပညာအ‌‌ကြောင်းအရာများကို အနုပညာဆန်စွာတင်ဆက်ပါမည်။

19/10/2025

ဆယ်စုနှစ် သက်တမ်း ရှိလာပြီ ဖြစ်တဲ့ Break The Curse...

"ကျွန်တော်တိုက နိုင်ငံခြားBand တွေလိုCamp ဝင်ပြီး မင်းဘာဂါစားမလားကိုလာသောက်မလားဆိုပြီး လုပ်လိုရတာမဟုတ်ဘူး။တခြား အလုပ်တွေလည်း လုပ်ရတယ်။အဲ့ဒါကြောင့် ကွာလတီ ကို ဦးစားပေးပြီးလုပ်တဲ့အခါ အချိန်ယူရတယ်။ဒါပေမဲ့ quantity ထက် quality ကိုပဲ ဦးစားပေးသွားမှာပါ ဆိုတဲ့ Break the curse"



18/10/2025

လူမစုံတော့လို့ ပရိတ်သတ် ကို နှုတ်ဆက်တော့မယ့် Idiots...

မြန်မာ့ဂီတလောကမှာ အရှိန်အဝါ ကြီးမားတဲ့ Idiots အဖွဲ့က Front Man Raymond ကွယ်လွန်ပြီးတဲ့နောက်ပိုင်း ငြိမ်သက်နေခဲ့ပါတယ်။
ယခု အောက်တိုဘာလ ထဲမှာတော့ သူတို့Band ရဲ့ ဒီဘက် နှစ်ပိုင်းအတွင်း ပထမဆုံး ပွဲလို့ ပြောလို့ရသလို နောက်ဆုံးပွဲလို့လည်း ဆိုနိုင်တဲ့ ဂီတပွဲ ကို ဖျော်ဖြေတော့မှာ ဖြစ်ပါတယ်။Idiots တွေ နဲ့ ခဏတာ စကား ပြောဖြစ်သမျှပါ...


17/10/2025

"လှည်းတန်းရဲ့ ရော့ခ်ဒိုင်ယာရီ"

အခုပြောပြမှာက ကမ္ဘာကျော် Deep Purple အဖွဲ့ရဲ့Smoke On The Water လောက် မကြီးကျယ်
မခမ်းနားလှတဲ့ ရော့ခ်ဒိုင်ယာရီ စာတစ်ပုဒ်ပါပဲ။ ဒီအကြောင်းကို ပြန်ပြောဖို့အတွက် နိဒါန်းကို ဒီအတိုင်း
လှည်းတန်းက စ,ရမှာ ဖြစ်ပါတယ်။

ကမာရွတ်(လှည်းတန်း)နဲ့ ရေစက်ပါတယ်လို့ထင်တယ်။ ဒီဇာတ်လမ်းတွေအားလုံး ကမာရွတ် (လှည်းတန်း)မှာ စခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်လမ်းနဲ့ ပတ်သတ်လို့ …..တချို့ကလည်း ကမ္ဘာမြေပေါ်မှာ မရှိကြတော့ဘူး။ လွန်ခဲ့တဲ့ ၂၅ နှစ်ခန့်က ဒီဇာတ်လမ်းတွေဖြစ်ဖို့ မေမေက ကျွန်တော့်ကို ငွေငါးသောင်းထုတ်ပေးခဲ့တယ်။

၂၀၀၀ ပြည့်နှစ်မှာ မေမေဟာ ကျွန်တော် နေထိုင်တဲ့ ပြင်ဦးလွင်ကိုလိုက်လာပြီး သူ့ဘဝကို အဆုံးသတ်ခဲ့တယ်။ ၂၀၀၁ ခုနှစ်၊ မေမေဆုံးပြီးတော့ ဘဝမှာ နောက်လှည့် ကြည့်စရာအကြောင်း သိပ်မရှိတော့ဘူးဆိုပြီး ရန်ကုန်မှာ ပြန်နေမယ်လို့ ဆုံးဖြတ်လိုက်တယ်။

ကမာရွတ်(လှည်းတန်း)နဲ့ ရေစက်ပါတယ်လို့ ထင်တယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က အခုလက်ရှိ နေနေတဲ့ ဗဟိုလမ်းက ပြည်ရိပ်မွန်အိမ်ရာဆိုတာ ရှိဖို့ နေနေသာသာ ဗဟိုလမ်းဆိုတာတောင် ရှိသေးတာ မဟုတ်ဘူး။ ကိုယ့်တူမလေး ကျေးဇူးကြောင့် အခုလက်ရှိ ဗဟိုလမ်း ပြည်ရိပ်မွန်အိမ်ရာမှာ နေဖြစ်ခဲ့တယ်။ နည်းနည်းတော့ အဆင့်အတန်းမြင့်တယ်။ အပေါ်ဆုံးထပ် (ရှစ်လွှာ)မှာ နေဖြစ်တယ်။ လှည်းတန်းမဟုတ်ပေမယ့် လှည်းတန်း ရပ်ကွက်ကြီးတစ်ခုလုံးကို အခန်းတံခါးပြတင်းပေါက်ကနေ
မိုးပြီးမြင်နေရတယ်။ ဟိုမှာ လှည်းတန်းခုံးကျော်တံတား။ ဟော ဒါက ယခင်(အာတီးယား)လမ်း .. စသဖြင့်။

၁၉၈၆ ခုနှစ် လွန်ခဲ့သော ၂၅ နှစ်ခန့်က လှည်းတန်းမှာ ခဏနေဖြစ်ခဲ့ဖူးတယ်။ ပန်းချီဆရာဆိုပေမယ့် ဘဝမှာ ကံအားလျောစွာ အလုပ်နှစ်မျိုး လုပ်ခဲ့မိသူအတွက် သီချင်းကိစ္စနဲ့ နေဖြစ်ခဲ့တာ ဖြစ်တယ်။
၁၉၈၆ ခုနှစ်က မေမေထုတ်ပေးတဲ့ ပိုက်ဆံနဲ့ မန္တလေးက ဟယ်ရီလင်းဆိုတဲ့ အဆိုတော်တစ်ယောက်ကို စီးရီးထုတ်ဖို့ဆိုပြီး လှည်းတန်းကမာရွတ်မှာ နေဖြစ်ခဲ့တာဖြစ်တယ်။

အဲဒီတုန်းက ကိုယ့်ညီသူငယ်ချင်းဖြစ်တဲ့ ကိုယ့်ညီလေးတွေလိုဖြစ်တဲ့ မန္တလေးက ဂျီတီအိုင်ကျောင်းဆင်း လေးတွေဖြစ်တဲ့ အင်ဂျင်နီယာပေါက်စလေးတွေဖြစ်တဲ့ ကိုမြင့်လွင်နဲ့ ကိုဝင်းတူးတို့နှစ်ယောက်ဟာ ရေကြည်ရာမြက်နုရာ ကမာရွတ်လှည်းတန်း ထန်းတပင်လမ်း ခြံဝန်းကြီးတစ်ခုထဲက ရေနံချေးတွေ မဲနေအောင်သုတ်ထားတဲ့ နှစ်ထပ်အိမ်ကြီးတစ်ခုလုံးကို အဆောင်လုပ်ထားတဲ့ အိမ်ကြီးမှာ ငှားနေကြတယ်။

ကိုယ့်တစ်ယောက်စာဆိုရင် ရန်ကုန် ဘယ်မှာနေနေဖြစ်တယ်။ မြေနီကုန်းမှာ ဓာတ်ပုံဆိုင်ဖွင့်ထားတဲ့
ဦးလေးရဲ့အိမ်ကလည်းရှိတယ်။ ဒါပေမယ့် ဟယ်ရီလင်းရဲ့ စီးရီးသွင်းဖို့ မန္တလေးကတစ်ပါတည်း တီးဝိုင်းခေါ်လာတော့ အဲ့သလိုကိုယ်တတ်နိုင်တဲ့ ငွေကြေးလောက်နဲ့ပဲ အဆောင်ငှားနေမှဖြစ်မှာဆိုတော့ အခုနကထန်းတပင်လမ်းထဲက အဆောင်မှာပဲ ကိုမြင့်လွင်တို့အဆက်အသွယ်နဲ့ပဲ နေဖြစ်ခဲ့တာဖြစ်တယ်။

မနှစ်က လွှင့်ဖြစ်ခဲ့တဲ့ မြဝတီက ကျွန်တော့်ရဲ့ရှင်သန်နေသောသီချင်းများ အစီအစဉ်မှာ ပြောခဲ့သလို တီးဝိုင်းနာမည်ကို "စကြာဝဋာမီးပြတိုက်များ" ပေးထားပြီး Lead ဂစ်တာကို အဲဒီတုန်းက ကိုအောင်နိုင်နောက်(ပီလွန်)က တီးပါတယ်။ အခု ကွယ်လွန်သွားပါပြီ။ Drums က ဟင်နရီ ကိုမြဝင်းက တီးပေးပါတယ်။ Bass ဂစ်တာကိုတော့ လက်ရှိမြန်မာပြည့်ရဲ့ Rock Monster ဖြစ်တဲ့ လေးဖြူက တီးပါတယ်။ သူတို့အားလုံး ကမာရွတ်လှည်းတန်း ထန်းတပင်လမ်းက အဆောင်မှာ နေသွားသူတွေပေ့ါ။ (ကိုမြဝင်းနဲ့လေးဖြူက မန္တလေး တက္ကသိုလ်ကပေါ့) သိတဲ့အတိုင်းပါပဲ။ ကမာရွတ်လှည်းတန်းဆိုတာကတော့ အနယ်နယ်အရပ်ရပ်က ပညာသင်ယူဖို့ပဲဖြစ်ဖြစ်...အနုပညာနယ်ပယ်မှာ တိုးဖို့ပဲဖြစ်ဖြစ်၊ သွားရေးလာရေး စားရေးသောက်ရေးကအစ အစစ အဆင်ပြေပါတယ်။

မနက်ပိုင်း Breakfast ဆိုရင်လည်း အဖိုးနည်းဝန်ပါ။ နေ့လည်စာ Lunch ကျပြန်တော့ ငွေစကြေးစ အနည်းငယ်နဲ့ သန့်သန့်ရှင်းရှင်း သပ်သပ်ခပ်ခပ်နဲ့ပြီးတယ်။ မြို့ထဲ Downtown သွားချင်ရင်လည်း ကားမှတ်တိုင် ဆယ်ခုမကျော်ဘူး။ ကျွန်တော်တို့ စီးရီးအသံသွင်းဖို့ Date ယူထားတဲ့ စတူဒီယိုကလည်း အိုအေစစ်စတူဒီယို။ ရှစ်မိုင်အကျော်မှာ အခု ၅၁ ကားစီးရသွားရင် ဘာကြာတာမှတ်လို့ ခဏပဲ။

အဲဒီခေတ် အဲဒီကာလတုန်းက ပိုက်ဆံငါးသောင်းဆိုတာ အတိုင်းအတာတစ်ခုအထိ တော်တော်အသုံးခံပါတယ်။ အနည်းဆုံး စီးရီးခွေကြမ်း၊ တစ်ခုတော့ လုပ်လို့ရတယ်။ လွမ်းစရာကောင်းအောင် ပြန်ပြောနေတာလို့တော့ … မထင်လိုက်ပါနဲ့။ အဲဒီတုန်းက ကိုအောင်မင်းတို့၊ ကိုမြတ်ကျော်သိန်းတို့ မောင်နှမလေးယောက် LEO အဖွဲ့ကို ဟာမိုနီ ငှားလိုက်တာ ပိုက်ဆံခုနှစ်ထောင်ပဲ ပေးရတယ်။

အိုအေစစ် စတူဒီယိုမှာ ခနပြောတဲ့ LEO အဖွဲ့ ကျွန်တော့်စီးရီးမှာ ပထမဆုံးစပြီး ဟာမိုနီလိုက်တဲ့ သီချင်းက အခုလေးဖြူဆိုပြီးပေါက်သွားတဲ့ " ကမ္ဘာကြီးက လုံးပြီးဝိုင်းနေတော့" သီချင်းပါ။ အဲဒီသီချင်းကိုမှသူတို့ ပထမဆုံးရွေးပြီး ဟာမိုနီလိုက်ဖြစ်တာကိုလည်း အံ့သြရပါတယ်။ ဟာမိုနီဆိုပြီး အင်ဂျင်နီယာအခန်းထဲ လာပြီး သူတို့နားထောင်တော့လည်း အစက ရုပ်သိပ်မထွက်သေးတဲ့ သီချင်းဟာ အဲဒီကျမှ ဂျာမန်စစ်တပ်ကြီးချီလာသလား အောက်မေ့ရတယ်။ နားထောင်ရတာ စိတ်တက်ကြွဖို့ သိပ်ကောင်းသွားတယ်။ LEO အဖွဲ့ကိုယ်တိုင်လည်း တော်တော် ACTIVE ဖြစ်သွားပုံ ရပါတယ်။

အဲဒီတုန်းက ဇော်ဝင်းထွဋ်ဆိုရင် အိုအေစစ်ကို ရောက်ရောက်လာပြီး ကျွန်တော်တို့အဖွဲ့ကို မသိမသာ အကဲခတ်ပါတယ်။ အဲဒီ JUDAS PRIEST သီချင်းကိုလည်း "အေးဗျာ..အဲဒီသီချင်းကို အစက ကျွန်တော်လည်းလုပ်ဖို့ပါပဲ။ အခု ခင်ဗျားတို့လုပ်သွားတော့လည်း ကောင်းပါတယ်" ဆိုပြီး လွတ်တဲ့ငါးမှကြီးတဲ့ ပုံမျိုးနဲ့ ပြောပါတယ်။ အိုအေစစ်မှာ သီချင်းသွင်းတော့ ကိုယ်ကဘာမှမတီးတတ်တော့ တချို့အချိန်တွေ အားပါတယ်။

ဆရာဦးဇော်မြင့်(ဇော်ဇော်အောင်)နဲ့လည်း လက်ဖက်ရည်ဆိုင်မှာ အနည်းအကျဉ်း Talking ပွားဖြစ်ပါတယ်။ အဲဒီတုန်းက ဆရာ တက္ကသိုလ်မှာပဲ ရှိပါသေးတယ်။ သူနဲ့စကားပြောရတာလည်း တစ်ခါတစ်ခါ အတော်တက်ကြွစရာ ကောင်းပါတယ်။ တစ်ခါတစ်ခါတော့လည်း Modernism တွေအကြောင်း ပြောဖြစ်တယ်။ အရိုးပေါ်အရွက် မဖုံးရအောင်ဆိုတာကို သူက လက်ခံချင်ပုံမရဘူး အရွက်နဲ့ချည်း အနုပညာဖြစ်အောင် လုပ်ပြချင်တဲ့စိတ်မျိုး သူ့မှာ ရှိပုံရပါတယ်။

အနုပညာအပေါ် ကန့်သတ်ချက်တွေ စည်းမျဉ်းဥပဒေသတွေကို သူမုန်းတီးနေပုံပါပဲ။ (တောင်သူလယ်သမားဂျာနယ်မှာ ငါးမြောင်တောင်ပိုးအကြောင်း ဆောင်းပါး တစ်ပုဒ်တလေရေးပြီး ကိုယ့်ကိုကိုယ် စာရေးဆရာ)လို့ထင်နေသူနဲ့ ဇော်ဇော်အောင် ကြမ်းတစ်ပြေးတည်း မထိုင်နိုင်ပါဘူးလို့ အဲ့သလိုမာန်တက်ပြီး ဆရာဦးဇော်မြင့်က ပြောပါတယ်။

အဲဒီ ၁၉၈၆ ခုနှစ်တုန်းက အိုအေစစ်စတူဒီယိုမှာ ကျွန်တော်တို့ကြိုးပမ်းခဲ့တဲ့ ဟယ်ရီလင်းရဲ့စီးရီးဟာ ကံမကောင်း အကြောင်းမလှစွာနဲ့ မထွက်ဖြစ်ခဲ့ဘူးဆိုပေမယ့် အဲဒီကမှ မြန်မာပရိသတ်အတွက် HEAVY METAL ဆိုတဲ့ တေးဂီတအမျိုးအစား တစ်မျိုး၊ သော်ဒီဝေ၊ ဟယ်ရီလင်း၊ လေးဖြူ၊ အငဲ… စတဲ့ Rock Artist တွေကိုတော့ မွေးဖွားပေးနိုင်ခဲ့ပါတယ်။ စီးရီးသွင်းပြီးလို့ ဆရာကောင်းမြတ်က Mixdown ဆွဲပေးတဲ့ညကိုလည်း ပြန်ပြောင်း သတိရမိတယ်။

နေ့သစ်များအကြောင်း၊ ကမ္ဘာကြီးကလုံးပြီးဝိုင်းနေတော့၊ ဂန္ထဝင်မြောက်အိမ်အပြန် သီချင်းတွေကို ပြန်နားထောင်ပြီး မျက်ရည်ဝိုင်းမိတယ်။ အားလုံးပြီးဆုံးသွားတော့ ည ၂ နာရီကျော်ပြီ၊ လှည်းတန်းထန်းတပင်လမ်းကအဆောင်ပြန်ဖို့ စောနေသေးတယ်။ မင်္ဂလာဒုံဘက်မှာ ကျိုက္ကလို့ဘုရားပွဲရှိတယ်။ ဘုရားပွဲဈေးသွားပြီး လက်ဖက်ရည်သောက်ပြီး မနက် ၅ နာရီလောက်မှ ကျွန်တော်တို့အဖွဲ့ လှည်းတန်းပြန်ရောက်တယ်။

အခုပြောပြနေတာတွေ အားလုံးကတော့ ၁၉၈၆ ခုနှစ်လောက်က ရော့ခ်ဒိုင်ယာရီတစ်ပုဒ်ပါပဲ။ အဲဒီအထဲက လူတချို့ဟာ ကမာရွတ်လှည်းတန်း တစ်ဝိုက်မှာ နေထိုင်သွားခဲ့ဖူးတယ်။ တချို့ဟာ .. ကမ္ဘာမြေပေါ်မှာ မရှိတော့ပဲ သေဆုံးသွားကြပြီ။ တချို့ကတော့ ကျွန်တော်တို့နိုင်ငံရဲ့ တစ်ခဲနက် လက်ခုပ်သံတွေရတဲ့ Celebrity တွေဖြစ်နေကြတယ်။ တချို့လှည်းတန်းကလူတွေ မသိကြပေမယ့် သော်ဒီဝေတို့ လေးဖြူတို့၊ ဟယ်ရီလင်းတို့ဆိုတာ ဟောဒီ…ငါတို့လှည်းတန်းထန်းတပင်လမ်း ဟိုနားကအဆောင်မှာ နေသွားတာပါကွာလို့ ပြောကောင်းပြောမယ့်သူတွေ ရှိနေလိမ့်မယ်။

သော်ဒီဝေ




မုဒိတာဖြင့်
သော်ဒီဝေ
မေလ ၂၂ ရက် ၂၀၁၀

မြန်မာ့ ရော့ခ်ဂီတလောကအတွက် သီချင်းပေါင်းများစွာ ရေးသားခဲ့သူ တေးရေး သော်ဒီဝေ ယနေ့ ညနေမှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ဂန္...
16/10/2025

မြန်မာ့ ရော့ခ်ဂီတလောကအတွက် သီချင်းပေါင်းများစွာ ရေးသားခဲ့သူ တေးရေး သော်ဒီဝေ ယနေ့ ညနေမှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။

ဂန္ဓဝင်မြောက် အိမ်အပြန် ခရီးစပြီပေါ့

ဘဝသစ်မှာ အေးချမ်းသာယာပါစေဗျာ...

14/10/2025

ငါ ဒီကောင့်ကို ​ောက်ရမ်း သတိရတယ်ကွာ" ဆိုတဲ့ ဖိုးလုံး အသံက နားထဲက မထွက်။သီချင်းရဲ့ မုဒ်အရ စီးမြောနေပေမယ့် စိတ်တွေကို ဖောက်မြင်နေရတယ်။
သီချင်းတွေ တပုဒ်ပြီး တပုဒ် ။ သတိရမှုတွေ တရစ်ပြီး တရစ်။Idiots ရဲ့ အသွေးအသားထဲက ချန်ခဲ့ သီချင်း ကို ရေမွန် မရှိပဲ ဆိုရတဲ့ ပထမဆုံး အမှတ်တရ တခုကို မှတ်တမ်း အဖြစ် ဖော်ပြလိုက်ပါတယ်။

Idiots အဖွဲရဲ့ Farewell ပွဲအတွက် ကနဦး သီချင်းတိုက်မှုများ ကို စတင်နေပြီ ဖြစ်ပြီး မိတ်ဖက်Band တွေက အဆိုတော်များ ပါဝင် အားဖြည့်ကြမယ်လို သိရပါတယ်။





Idiots Farewell ပွဲအတွက် သီချင်းတိုက်နေကြပြီ ဖြစ်တဲ့ အဖွဲ့သားများ...IDIOTS ရဲ့ Vocal နေရာမှာ ပိုးကြီး က ဆိုပါမယ်...
14/10/2025

Idiots Farewell ပွဲအတွက် သီချင်းတိုက်နေကြပြီ ဖြစ်တဲ့ အဖွဲ့သားများ...

IDIOTS ရဲ့ Vocal နေရာမှာ ပိုးကြီး က ဆိုပါမယ်...

10 လပိုင်း 12 ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ 1012 Gathering Night Show က ဂီတသမားတို့ရဲ့ ပုံရိပ်များ... Photo-Art Diary Team
13/10/2025

10 လပိုင်း 12 ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ 1012 Gathering Night Show က ဂီတသမားတို့ရဲ့ ပုံရိပ်များ...



Photo-Art Diary Team

13/10/2025

အမှတ်ရစရာ လွမ်းစရာပွဲတခုအတွက် Idiots တွေ စတူဒီယိုထဲ ပြန်ဝင်ပြီ

Idiots တို့နဲ့ အမှတ်တရ လွမ်းစရာအင်တာဗျုး ကို မကြာခင်မှာ Art Diary Page မှာ ဝင်ရောက်ကြည့်ရှုလို့ရပါပြီ။

12/10/2025

1012 Show Live

12/10/2025





လှိုင်ဦးမော် နှင့် လိမ္မော်သီး
11/10/2025

လှိုင်ဦးမော် နှင့် လိမ္မော်သီး

10/10/2025

"သီချင်းတွေ ထဲ က ရန်ပိုင်ရဲ့ ဘဝ"



ที่อยู่

78/6 Muban Si Phet Soi 30, Nong Khang Phlu, Nong Khaem
Bangkok
10160

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Art Diary Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์