21/11 Creative Insights, Creative Thoughts & Creative Criticism. Join Our Sub Reddit Channel : www.reddit.com/r/logodesign_myanmar/

ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကျွန်တော် မြင်ခဲ့ ကြုံခဲ့ရတဲ့ ပြဿနာတစ်ခုပေါ့ဗျာ။ Client တစ်ဦးနဲ့ ကျနော့်ကြားမှာ ဖြစ်ခဲ့တာရယ်၊ ကျန...
29/11/2025

ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကျွန်တော် မြင်ခဲ့ ကြုံခဲ့ရတဲ့ ပြဿနာတစ်ခုပေါ့ဗျာ။ Client တစ်ဦးနဲ့ ကျနော့်ကြားမှာ ဖြစ်ခဲ့တာရယ်၊ ကျနော်နဲ့ WFH ဝန်ထမ်းတစ်ဦးရယ် ပြောဖြစ်ခဲ့တဲ့ စကားတချို့ကို ပြန်ဆန်းစစ်ရင်း ဒီ Article လေးကိုရေးဖြစ်ခဲ့ပါတယ်။

Freelancer တွေ Agency တွေကို လုပ်ငန်းတစ်ခုက အလုပ်အပ်လိုက်တာနဲ့ အဲ့ Freelancer or Agency က လုပ်ငန်းရဲ့ ဝန်ထမ်း ဖြစ်မသွားပါဘူး။ ဒါကို အလုပ်အပ်သူတွေဘက်ကလဲ Freelance / Agency / Remote / WFH စတာတွေကို ကွဲပြားနေဖို့လိုပါတယ်ဆိုတဲ့ အကြောင်းလေး တိုတိုတုတ်တုတ်ပြောချင်လို့ပါ။

Remote နဲ့ WFH ဆိုတာကတော့ လုပ်ငန်းရဲ့ လခပေး ဝန်ထမ်းအဖြစ်ခန့်အပ်ထားတာမို့လို့ ရုံးချိန်နဲ့တကွ အလုပ်လုပ်ပေးရမယ့်တာဝန် JD ထဲမှာပါပါတယ်။ Agreement စယူတဲ့အချိန်မှာ မနက်ဘယ်အချိန်ကနေ ညနေ ဘယ်အချိန်အထိ အလုပ်ရှိခြင်းမရှိခြင်းအပေါ် လုံးဝမသက်ဆိုင်ဘဲ Stand By နေပေးရမယ့်တာဝန်ရှိပါတယ်။ အလုပ်ပေါ်လာရင်တော့ အလုပ်ကို Timeline အမီလုပ်ပေးရမှာပေါ့လေ။ Remote Job ကတော့ မနက် ၉ ညနေ ၅ ရုံးချိန်အတိုင်း လုပ်ရလေ့ရှိပြီး Work From Home ကတော့ Company နဲ့ ညှိနှိုင်းပြီး Part Time or Full Time ရုံးချိန်ယူရတာမျိုးရှိနိုင်ပါတယ်။ နောက်ပြီး နားချိန် ပိတ်ရက် စတာတွေကလဲ ရုံးကပဲ စီစဉ်တာဝန်ယူပေးရတာဖြစ်ပြီး အလုပ်နားချင်ရင် ရုံးကိုခွင့်တင်ရတာမျိုးအထိ ရုံးဝန်ထမ်းတစ်ဦးလို အလုပ်လုပ်ကြရပါတယ်။ တချို့ Remote / WFH တွေက တစ်ပတ်ကို ၂ ရက်လောက် ရုံးသွားထိုင်ပေးရတာမျိုးအထိလဲ ရှိတတ်ပါတယ်။ ဒီမှာကတော့ တချို့ WFH ဆိုပြီး Freelancer တွေလိုမျိုး Freelance လုပ်ပေးနေသလိုမျိုး အလုပ်လုပ်ချင်တဲ့ / လုပ်နိုင်တဲ့အချိန်မှ လုပ်ပေးနေတာမျိုးတွေလဲ တွေ့ကြုံခဲ့ရဖူးပါတယ်။ ဒါကသတိပြုသင့်တာလေးပါ။

Freelancer ကျတော့ အလုပ်လက်ခံတာလဲ ကိုယ်တိုင်လုပ်ရမယ်၊ Timeline ကလဲ ကိုယ်ကပဲသတ်မှတ်ပြီး Client နဲ့ ညှိနှိုင်းထားတဲ့ အခကြေးငွေကို စရံယူ အလုပ်လုပ်တတ်ကြပါတယ်။ အဲ့ဒီတော့ ထပ်တိုးလိုအပ်တဲ့ Information , Feedback, Deadline or Presentation Date မရောက်မချင်း မလိုအပ်တဲ့ ဆက်သွယ်မှုမျိုးတွေ သိပ်မလုပ်တတ်ကြပါဘူး။ ဒါပေမယ့် ကျနော်တို့ဆီမှာ အခုချိန်အထိ လုပ်ငန်းရှင်တချို့က Freelancer ကို အလုပ်အပ်ပြီးရင် Freelancer ကို သူတို့ရဲ့ ဝန်ထမ်းဖြစ်သွားတယ်လို့ ထင်မြင်ယူဆတတ်ကြပါတယ်။ မနက်ဆိုလဲ ဖုန်းဆက် ညသန်းခေါင်လဲဖုန်းဆက် Freelancer ရဲ့ ကိုယ်ရေးကိုယ်တာအချိန်တွေကိုပါ တခါတရံ ‌အနှောင့်အယှက်ပေးတာမျိုးတွေအထိ လုပ်တတ်ကြတာမျိုးရှိပါတယ်။

Freelancer တွေဟာ လုပ်ငန်းသဘောသဘာဝ ငွေကြေးစီမံမှု အလုပ်ပြီးမြောက်ရေးအချိန်စီမံမှု စသဖြင့် Soft Skill တွေ လေ့လာထားကြရတဲ့အပြင် တစ်ချိန်တည်းမှာ Project ၃ ခု ၄ ခု လုပ်ငန်း ၂ ခု ၃ ခု တွေအထိ တစ်ပြိုင်တည်း အလုပ်လုပ်တတ်ကြပါတယ်။ အလုပ်စလက်ခံရင်လဲ ဘယ်အချိန်မှာ အလုပ်ပြီးမြောက်ပါမယ်ဆိုတာမျိုး Client နဲ့ ကြိုတင်ညှိနှိုင်းထားရလေ့ရှိပါတယ်။ အဲ့ဒီတော့ ကိုယ်ရေးကိုယ်တာအရ ကတိမတည်နိုင်တဲ့အခါမျိုးဆိုရင် Discount ပေးတာ တောင်းပန်တာတွေကအစ တာဝန်ယူရတာမို့ တာဝန်လဲကြီးပါတယ်။

ဒါကြောင့် Freelancer ကို Rental Worker မဟုတ်ဘဲ One-Man Agency လိုမြင်ပေးသင့်ပါတယ်။

နောက်တစ်ခုက Agency ပါ။ Agency ဆိုတာ Service Company တစ်ခုပါ။ အလုပ်သမားအဖွဲ့မဟုတ်သလို အလုပ်အပ်တဲ့ Client ရဲ့ အငှါးဝန်ထမ်း အဖွဲ့လဲ မဟုတ်ပါဘူး။ Agency မှာ Organization Structure ရှိပြီး အလုပ်လုပ်ပေးနိုင်တဲ့ Team တွေ Member တွေလဲ ခွဲထားတာမျိုးရှိနိုင်ပါတယ်။ Client ကတော့ Meeting အတူထိုင်တဲ့ AE or AD တို့နဲ့ပိုပြီးထိတွေ့ရပေမယ့် နောက်ကွယ်က အင်အားက အတော်လေးပိုပြီး လုပ်ကြရတာမျိုးရှိပါတယ်။ ဆိုတော့ Agency ဟာ Client ရဲ့ လုပ်ငန်းအတွက် အထောက်အကူပြုတဲ့ လုပ်ငန်းတစ်ခုပဲမို့ မိတ်ဖက်လုပ်ငန်းလို့ခေါ်လို့ရနိုင်ပါတယ်။ Agency ကတော့ လူအင်အားပိုတောင့်တော့ သူ့တာဝန်နဲ့သူ အလုပ်တွေလုပ်ကြတာမျိုး Freelancer လို တစ်ယောက်ထဲ တာဝန်ပိနေတာမျိုး သိပ်မရှိတတ်ပါဘူး။ Agency နဲ့ Client ကတော့ Business to Business (B2B) Relationship ဖြစ်ရမှာပါ။

ကျနော်တို့ရဲ့ ရှုပ်ထွေးလာတဲ့ နိုင်ငံရေးအခြေအနေတွေ နောက်ပိုင်းမှာ လုပ်ငန်းရှင်တွေက အထက်ပါ မတူညီတာတွေကို ထည့်မတွက်ကြတော့ဘဲ ငွေပေးခိုင်းထားတာမို့လို့ သူတို့ရဲ့ အလုပ်သမားပဲဆိုပြီး ပြန်လည်ယူဆလာတာကိုတွေ့ရသလို Remote / WFH တွေလုပ်နေတဲ့ ဝန်ထမ်းတချို့ကလဲ Freelance လုပ်နေသည့်အလား အချိန်ပြည့် အပြင်ရောက်နေတာမျိုးတွေပါ ကြားရတွေ့ရ မြင်ရလာခဲ့တာ မနည်းတော့သလိုပါပဲ။

နိဂုံးအနေနဲ့ကတော့ Client တွေ လုပ်ငန်းရှင်တွေဘက်ကလဲ ကျနော်တို့ Creative လောကသားတွေကို Title အလိုက် ခွဲခြားမြင်ပေးကြဖို့ရယ် ကျနော်တို့ Creative သမားတွေဘက်ကလဲ ကိုယ့်တာဝန်နဲ့ ဝတ္တရားတွေကို တိတိကျကျ သိနေ ဆန်းစစ်နေဖို့လဲ လိုအပ်နေပြန်ပါပြီဆိုတဲ့အကြောင်း...

with peace ✌️

You can leaves you thoughts in the comments.
Comment မှာ မိတ်ဆွေရဲ့ အထင်အမြင်လေးလဲရေးသွားနိုင်ပါတယ်။

One Piece Season 2 အတွက် Episode Title Card လေးတွေ ထွက်လာပါပြီ။ Season 2 မှာတော့ Character အသစ်တွေချည်းမြိုင်မြိုင်ဆိုင်...
27/11/2025

One Piece Season 2 အတွက် Episode Title Card လေးတွေ ထွက်လာပါပြီ။ Season 2 မှာတော့ Character အသစ်တွေချည်းမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ တွေ့ရတော့မှာပါ။

Client က Design မှာ Logo လေးကို ၂ လက်မ တိတိ ထားပေးပါလို့ တောင်းဆိုတဲ့အခါ …21/11
25/11/2025

Client က Design မှာ Logo လေးကို ၂ လက်မ တိတိ ထားပေးပါလို့ တောင်းဆိုတဲ့အခါ …

21/11

 La Burma မှာစတင် ဝယ်ယူ အားပေးနိုင်ပြီဖြစ်တဲ့ 21/11 ရဲ့ Myanmarize Title Design များ 🤘🏻https://vivalaburma.com/artists/t...
25/11/2025

La Burma မှာစတင် ဝယ်ယူ အားပေးနိုင်ပြီဖြစ်တဲ့ 21/11 ရဲ့ Myanmarize Title Design များ 🤘🏻

https://vivalaburma.com/artists/twentyone11/

fans

21/11

လေဖန်ကြမယ် Creative Podcast - Episode 01 - Part 2Episode 01 - Part 2 မှာတော့ Industry Insight လေးတွေရယ်၊ Freelance Tips ...
23/11/2025

လေဖန်ကြမယ် Creative Podcast - Episode 01 - Part 2

Episode 01 - Part 2 မှာတော့ Industry Insight လေးတွေရယ်၊ Freelance Tips & Tricks လေးတွေရယ်၊ တခြား Design တွေနဲ့ပတ်သက်တာအပြင် မြင်နေတွေ့နေရတဲ့ ပြဿနာလေးတွေရယ်ကို လေဖန်ဖြစ်ထားကြပါတယ်။

ပိုပြီး ကြည့်ရတာ ပေါ့ပေါ့ပါးပါးဖြစ်အောင်လို့ Pop-up Text လေးတွေပါ လိုက်ထည့်ထားပါတယ်ခင်ဗျ။

21/11

#လေဖန်ကြမယ် #မြန်မာ

Episode 01 - Part 2 မှာတော့ Industry Insight လေးတွေရယ်၊ Freelance Tips & Tricks လေးတွေရယ်၊ တခြား Design တွေနဲ့ပတ်သက်တာအပြင် မြင်နေတွေ့နေရတဲ့ ပြဿနာလေး....

ပုံစံ အသစ်ပြောင်းထားတဲ့ 'လေဖန်ကြမယ်' Creative Podcast Episode အသစ်တွေပြန်လာပါပြီ။ဒီ Episode မှာတော့ Pixel Drop Founder က...
22/11/2025

ပုံစံ အသစ်ပြောင်းထားတဲ့ 'လေဖန်ကြမယ်' Creative Podcast Episode အသစ်တွေပြန်လာပါပြီ။

ဒီ Episode မှာတော့ Pixel Drop Founder ကိုထက်အောင်နဲ့အတူ လတ်တလော မြင်ရကြားရနေတဲ့ Creative Industry အကြောင်း ရောက်တတ်ရာရာ လေဖန်ထားကြပါတယ်။

https://youtu.be/eXcfga-duJk

#လေဖန်ကြမယ်

ပုံစံ အသစ်ပြောင်းထားတဲ့ 'လေဖန်ကြမယ်' Podcast Episode အသစ်တွေပြန်လာပါပြီ။ဒီ Episode မှာတော့ Pixel Drop Founder ကိုထက်အောင်နဲ့အတူ လတ်တလေ...

'လေဖန်ကြမယ်' Creative Podcast New Edition ကို 21/11 ရဲ့ YouTube Channel လေးမှာ ဒီနေ့ညက စပြီး ပုံစံအသစ်နဲ့ မြင်ရပါတော့မယ်...
22/11/2025

'လေဖန်ကြမယ်' Creative Podcast New Edition ကို 21/11 ရဲ့ YouTube Channel လေးမှာ ဒီနေ့ညက စပြီး ပုံစံအသစ်နဲ့ မြင်ရပါတော့မယ်နော်။

အခုနောက်ပိုင်း 'လေဖန်ကြမယ်' Episode အသစ်တွေကို ကျနော်ရယ် Special Guest Host တစ်ယောက်ရယ်နဲ့အတူ တခြားသော Guest Creative တွေကိုပါခေါ်ပြီး စားရင်းသောက်ရင်း Creative Industry နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ရောက်တတ်ရာရာ လေဖန်ကြမယ့် ပုံစံအဖြစ်ပြောင်းထားပါတယ်။

Untitled, Non-Scripted Podcast တွေဖြစ်မှာမို့လို့ အကြောင်းအရာတွေ အသစ်အဆန်းဖြစ်စေမယ်လို့ ယုံကြည်ပါတယ်ခင်ဗျ။
YouTube Channel /.eleven လေးကို Subscribe လေးလုပ်ပြီး အားပေးကြပါဦးနော်ဗျ။

21/11

#လေဖန်ကြမယ်

Happy Tai New Year 2120! မႂ်ႇသုင် ပီႊမႂ်ႇတႆး ႒႑႒႐ ၶႃႈသျှမ်းနှစ်သစ် 2120 မှာ ပြည်တွင်းပြည်ပ တိုင်းရင်းသား ပြည်သူပြည်သားမျ...
19/11/2025

Happy Tai New Year 2120! မႂ်ႇသုင် ပီႊမႂ်ႇတႆး ႒႑႒႐ ၶႃႈ

သျှမ်းနှစ်သစ် 2120 မှာ ပြည်တွင်းပြည်ပ တိုင်းရင်းသား ပြည်သူပြည်သားများအားလုံး ငြိမ်းချမ်းခြင်းများစွာဖြင့် ကိုယ်စိတ်ကျန်းမာပြီး လိုအင်ပြည့်ဝသော နှစ်သစ်ကို ချီတက်နိုင်ကြပါစေခင်ဗျာ 🙏🙏🙏

21/11

Moana x Morphlingby 21/11
18/11/2025

Moana x Morphling

by 21/11

Frankenstein - Movie Myanmarize TitleGuillermo del Toro ရဲ့ Frankenstein ကားကတော့ Netflix မှာထုတ်လွှင့်လိုက်ပါပြီ။ Del T...
13/11/2025

Frankenstein - Movie Myanmarize Title

Guillermo del Toro ရဲ့ Frankenstein ကားကတော့ Netflix မှာထုတ်လွှင့်လိုက်ပါပြီ။ Del Toro က Frankenstein ရဲ့ဇာတ်ကြောင်းတွေထဲက မိသားစုဒရာမာတွေ၊ စွန့်ပစ်ခံရတာတွေနဲ့ ခွင့်လွှတ်ခြင်းရဲ့ အရေးပါပုံတွေကို ဒီဇာတ်ကားနဲ့ လှလှပပ ရိုက်ပြသွားပါတယ်။ လုံးဝခမ်းနားပြီး ပြန်ပြန်ကြည့်မိစေတဲ့ ရိုက်ကွင်း ရိုက်ကွက်တွေနဲ့ အရသာရှိလွန်းလို့ Critics တွေက ချီးကျူးနေကြရတဲ့ Del Toro ရဲ့ လက်ရာပါပဲ။

ရုပ်ရှင်ထဲက Environment တွေကတော့ လုံးဝအမိုက်စားတွေပါပဲ။ Oscar Isaac ရဲ့ မာနကြီးတဲ့ Victor Frankenstein က အသက်ဝင်လွန်းပြီး Jacob Elordi ရဲ့ Creature ဇာတ်ရုပ်ကတော့ လုံးဝ ဇာတ်တစ်ခုလုံးကို ဆွဲခေါ်သွားတာပါ။ Bernie Wrightson ရဲ့ Frankenstein Artwork တွေအတိုင်း Make-up တွေပြင်ဆင်ထားတဲ့ အထဲကနေမှ စိတ်နူးညံ့နေပြီး လူသားတွေနဲ့ ဆက်သွယ်နိုင်ဖို့ တောင်းတနေတဲ့ သတ္တဝါ တစ်ယောက်ကို အသက်ဝင်နေအောင် Jacob Elordi က သရုပ်ဆောင်ပြသွားပါတယ်။

တကယ့်ကို Guillermo del Toro ရဲ့ ခေတ်သစ် ဂန္တဝင်လက်ရာမြောက်တဲ့ ဇာတ်ကားကြီးတစ်ကားပါပဲ။ မကြည့်ရသေးရင်တော့ ကြည့်ကြည့်ဖို့ တိုက်တွန်းပါတယ်ဗျာ။

Frankenstein ရဲ့ Title က ပထမ Poster တွေမှာတော့ လက်ရေးနဲ့ ရေးထားတဲ့ စာသားကို သုံးထားတာဖြစ်ပြီး Taiwan-American Visual Artist James Jean ရဲ့ Artwork နဲ့အတူ IMAX Poster ထွက်လာတဲ့အခါမှာတော့ နောက်ထပ် Gothic Style Title Design တစ်ခုထပ်ထွက်လာပါတယ်။ အဲ့ဒါကြောင့် ကျနော် ဒီတစ်ခေါက်မှာတော့ ၂ မျိုးလုံးကို Myanmarize Title အနေနဲ့ ဆွဲဖြစ်သွားပါတယ်။

21/11

#မြန်မာ

Affinity မှာ မြန်မာစာ မှန်အောင်ရေးမယ်Video Link - https://youtu.be/NDZQ_Pfs-Soမြန်မာ ယူနီကုဒ်ဖောင့် မမှန်တဲ့ Affinity မှ...
11/11/2025

Affinity မှာ မြန်မာစာ မှန်အောင်ရေးမယ်

Video Link - https://youtu.be/NDZQ_Pfs-So

မြန်မာ ယူနီကုဒ်ဖောင့် မမှန်တဲ့ Affinity မှာ မြန်မာစာ မှန်အောင် ဘယ်လိုရေးကြမလဲ? ဆိုတာကို Walk-through Video လေး ရိုက်ထားပါတယ်ခင်ဗျ။

မြန်မာယူနီကုဒ်ဖောင့် မမှန်တဲ့ Affinity မှာ မြန်မာစာ မှန်အောင် ဘယ်လိုရေးကြမလဲ? ဆိုတာကို Walk-through Video လေး ရိုက်ထားပါတယ်ခ.....

住所

Nakano-ku, Tokyo

電話番号

+959456030321

ウェブサイト

https://www.behance.net/saimoondesign, https://www.tiktok.com/@21.11creative

アラート

21/11がニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

21/11にメッセージを送信:

共有する