 
                                                                                                    31/10/2025
                                            Stranger Things - Netflix TV Series Myanmarize Title
မကြာခင် Stranger Things ဇာတ်လမ်းတွဲရဲ့ နောက်ဆုံး Season ကို Netflix မှာ ကြည့်ရတော့မှာပါ။ Hawkins မြို့မှာ ဇာတ်အိမ်တည်ထားတဲ့ ဒီ သည်းထိတ်ရင်ဖို သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွဲလေးဟာ ဒီနှစ် November 26 ရက်နေ့မှာ Part 1 စလွှင့်ပြီး Christmas မှာ Part 2 လွှင့်ရင်း New Year's Eve ဖြစ်တဲ့ December 31 ရက်နေ့မှာ ဇာတ်သိမ်းမှာဖြစ်ပါတယ်။
Rifts တွေကြောင့် ကြေမွနေသလောက်ဖြစ်နေပြီဖြစ်တဲ့ မြို့ကြီးကို ကယ်တင်ကြဖို့အတွက် Vecna ကို ရှာဖွေပြီး အဆုံးသတ်ကြရမှာပါ။
 
ဒါ့အပြင် Season 1 ကတည်းက မေးခွန်းထုတ်ခံထားရတဲ့ UpsideDown ဆိုတာဘာလဲ Will Byers ကို ဘာလို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရတာလဲ Eleven ရဲ့ အဓိကရည်ရွယ်ချက်ကရော ဘာလဲ စသဖြင့်စသဖြင့် အကုန်ဖြည်ချပေးသွားမယ့် Season လဲဖြစ်သလို အကောင်းဆုံး အဆုံးသတ်မှုတွေနဲ့ ပရိတ်သတ်တွေကို နှုတ်ဆက်သွားမယ့် Stranger Things Season ပဲဖြစ်ပါတယ်။
Halloween အမှတ်တရအနေနဲ့ Stranger Things ကို Brand Recognition လဲမပျောက်အောင်လို့ Transliteration ဖြစ်တဲ့ အသံထွက်အခြေခံတဲ့ ဘာသာပြန်မှုမျိုးကိုပဲ သုံးပြီး စထရိန်းဂျား သင်းစ် လို့ Myanmarize Title လေး ဖန်တီးလိုက်ပါတယ်ခင်ဗျ 
                   #မြန်မာ                                                  
 
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                         
   
   
   
   
     
   
   
  