9-ikigai ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก 9-ikigai, ครีเอเตอร์ดิจิทัล, Bangkok.

 #90 days report   for notification of residence of forginerGovernment Complex မှာ 90 days Report သွားလုပ်ခဲ့တဲ့ အတွေ့အက...
01/12/2024

#90 days report
for notification of residence of forginer

Government Complex မှာ 90 days Report သွားလုပ်ခဲ့တဲ့ အတွေ့အကြုံလေး share ပေးချင်ပါတယ် ခင်ဗျာ
လုပ်ဖူးတဲ့လူတွေအတွက်က မခက်ခဲပေမဲ့
ခုမှ လုပ်မဲ့လူအတွက်က information အမှန်လေးသိရရင် ပိုပြီးမြန်ဆန်သွားဖို့ရည်ရွယ်ပါသည်။

မဟာချူလာဗီဇာနဲ့ GC မှာ report တင်ခဲ့တာပါ။
ပထမအခေါက်မို့လို့ walk in သွားဖို့လိုအပ်ပါတယ် ။ online တင်မရပါခင်ဗျာ။
online ကနေတော့ report လုပ်ကြည့်ပါတယ်။ မရတာမို့ ကိုယ်တိုင် GC မှာသွားတင်ခဲ့ပါတယ်။

ကိုယ်ရောက်သွားချိန်က နေ့လည်၁၀ထိုးခါနီးပါ။ လူအရမ်းများပါတယ်။ ကိုယ်တိုကင်နံပါတ်ရှေ့မှာ လူ ၂၉၀ ယောက်ရှိပါတယ်။ ကိုယ့်အလှည့် ၃း၀၀ ကျော်မှရောက်ပါတယ်။

အဲ့ကြောင့်ကြာကြီးမစောင့်ချင်ရင် online ကနေတိုကင်ကြိုယူသွားပီး သတ်မှတ်ချိန်မတိုင်ခင် အရောက်သွားပါ ခင်ဗျာ။

https://gov.immigration1.queueonline.net/.../login.html...

Online က booking မယူဖြစ်လို့ ဟိုရောက်မှဆို passport စာအုပ်ပြပြီး ၉၀ days report လို့ပြောလိုက်လျှင် TM -47 စာရွက်ထုတ်ပေးပါတယ်။
စာရွက်ပါအချက်မ ဖြည့်ခင် မြန်သွားချင်လျှင်တော့ Token ယူမယ့် counterစာရွက် နဲ့ passport ပြလိုက်ပြီး For 90 days report လို့ပြောလိုက်ရင် တိုကင်ပေးပါတယ်
အဲတာဆိုကိုယ်က တိုကင်နံပါတ်စောစောရသွားပါမယ်
ပြီးမှ TM 47 ဖြည့်လည်းရပါတယ်။

ကိုယ့်ရဲ့ TM30 က
- Check in/ check out date ပါပါတယ်။
- Chek in date က မသွားခင်တရက် ကြို ရက်စွဲ နဲ့ ထည့်ထားပါတယ်။ဒီကြားထဲ နိုင်ငံအပြင်မထွက်ပါဘူး။
- Number of night stay က ၃၀ days ပါ။
ဗီဇာစယူတည်းက အယုဒယလိပ်စာသုံးပါတယ်။
၉၀ days report တင်မှ TM 30 Bangkok address ဝယ်လိုက်ပါတယ်။
အဲ့ကြောင့် 90 days report မယ်ဆို မိမိ TM30 ကို update သွားပါနော်။ မပြည့်စုံဘူးဆို အချိန်ကုန် ငွေကုန် လူပင်ပန်းလို့ပါ။
အတူသွားတဲ့သူငယ်ချင်းတယောက်တော့ လာအိုက ပြန်ဝင်လာပီး update မလုပ်ထားလို့တဲ့ ၈၀၀ ဘတ်ဆောင်လိုက်ရတဲ့ အပြင် နောက်ထပ်တရက်ပါထပ်သွားလိုက်ရပါတယ်
အိမ်စာချုပ် တွေကအစတောင်းကြည့်ပါတယ်
ကျွန်တော်နဲ့ counter တခုခြား ပြီးဝင်တော့ သူ့ဟာ မရတော့ ကိုယ့်ဟာ လည်းသွားပြီးလို့ ထင်လိုက်တာ ဘာမှတောင်း မကြည့်ပဲ ရသွားပါတယ်

ကျွန်တော်က တော့
-TM 47 စာရွက်ရယ်
- TM ၃၀ စာရွက်ရယ်
- ၉၀ days report ရက်ချိန်းဖြတ်ပိုင်းလေးရယ်
- ဒါလေးပဲပေးလိုက်ရပါတယ်
အဲနေ့ က ၅ ယောက်သွားတာ ၂ ယောက်ပဲရ ပြီး ၃ ယောက်က မရခဲ့ပါဘူး

မရတဲ့ ၂ ယောက်ကတော့ အယုဒယ immigiration မှာ တနှစ်ဝင်ထားတာမို့
နောက်နေ့ Ayyutaya ကိုပဲသွားလိုက်တာ ဘာမှတောင်းပဲ မိနစ်ပိုင်းလေးပဲကြာပြီး
ရလာတယ်လို့ သိရပါတယ်

90 days reoprt က သတ်မှတ်ရက်မတိုင်ခင် 15 ရက်စောပြီး လုပ်လို့ရသလို 7 ရက်နောက်ကျခွင့်ရှိပါတယ်။

ရက်ကျော်သွားရင် fine 2000 ဘတ်ဆောင်ရပါတယ်။
Report မလုပ်ထားတာကို ဖမ်းမိရင် 5000 ဘတ်ပါဒဏ်ကြေးက။
=============

90 days report ဘယ်ချိန်မှာလုပ်ရမှာလဲ

ထိုင်းနိုင်ငံအတွင်းမှာ ဘယ်ဗီဇာနဲ့နေနေ ရက် ၉၀ တခါပြည့်တိုင်း 90 days report တင်ရပါတယ်။
(TR visa ကတော့ report တင်စရာမလိုပါဘူး။ extention တိုးတဲ့အချိန် officer ကပြောလို့ report ရတာမျိုးတော့ရှိပါတယ်)
ထိုင်းနိုင်ငံအပြင် ထွက်တာမျိုးဆို ပြန်၀င်လာတဲ့ရက်ကို ၁ရက်ဆိုပီး ရေတွက်နိုင်ပါတယ်။

ဘယ်မှာ 90 days report တင်ရမလဲ

မိမိနေထိုင်ရာ Province ရဲ့ Immigration မှာ report တင်ရပါမယ်။
ဥပမာ- Bangkok မှာနေရင် Grovement complex, Nonthaburi မှာနေရင် Nonthaburi က Immigration, Samut Prakan မှာနေရင် Samut Prakan Immigration ပါ။
90 days report အတွက်လိုအပ်တဲ့စာရွက်စာတမ်းတွေက

- TM.47 form
- Passport
- အရှေ့မှာတခါ report ဖူးရင် report ရင်ပေးတဲ့ စလစ်လေးလိုပါတယ်။ (မပါလို့မရပါဘူးနော်။ လုံး၀လိုပါတယ်။ မပါလာလို့ပြန်လွှတ်ခံရတဲ့သူတွေအများကြီးပါပဲ)
- TM6 (ကားနဲ့ထိုင်းကို၀င်တဲ့သူတွေဆို TM6 လိုပါတယ်။ လေယာဥ်နဲပြန်၀င်သူကမလိုပါဘူး) ကျွန်တော်ကတော့မ ဖြည့်ခဲ့ပါ
- TM30

Online ကနေ 90days report ဘယ်လိုတင်မလဲ

https://tm47.immigration.go.th/tm47/ #/login
ကနေ Register လုပ်ပီးတင်လို့ရပါတယ်။ ဖောင်ဖြည့်ပီး submit လုပ်လိုက်ရင် လက်ခံကြောင်း email ၀င်ပါတယ်။
၁ရက်လောက်ကြာရင်တော့ success ဖြစ်လား reject ဖြစ်လား email ထပ်ပြန်ပို့ပါတယ်။

ကိုယ်တိုင်သွားတင်မယ်ဆို

၁) အပေါ်ကပြောသလို Document တွေပြင်ဆင်ပါ။ TM47 ဖောင်ကိုကြိုထုတ်ပီး ဖြည့်သွားတာ ပိုအဆင်ပြေပါတယ်။

ကျွန်တော်ကတော့ GC ကို Bang sue ကနေ အနီရောင်စီးရထားစီးပြီး laksi ထိ စီးပါတယ်
၂၀ ဘတ်ပါ အဲကနေမှ ပန်းရောင် လိုင်းကိုစီးပြီး GC မှာ ဆင်းပါတယ်၊
Chang Wattjana 7 alley ဆိုတဲ့ လမ်းထောင့်နဲ့ ပန်းခြံမှာ GC က ပို့ပေးတဲ့ ferry ရှိပါတယ်။ ပိုက်ဆံမပေးရပါဘူး ၀◌င်ပေါက် ၄ မှာချပေးပါတယ် ၁၀ မိနစ်တခါထွက်ပါတယ်ခင်ဗျာ

တချို့အချက်တွေကို Share by ariel ဆိုတဲ့ အမ page ကနေမှီငြမ်းထားပြီး ကျွန်တော်ကိုယ်တိုင် သွားတဲ့ အတွေ့ကြုံနဲ့ပေါင်းရေးထားပါတယ်ခဗျာ

ကျွန်တော်တို့ မြန်မာတွေ အဆင်ပြေကြပါစေခင်ဗျာ
အပန်းမကြီးဘူးဆို ကျွန်တော့် page လေး like လုပ်ပေးခဲ့ ရင်ကျေးဇူးတင်မိမှာ အမှန်ပါပဲခဗျာ။

At comment
TM 47 --

မုတ်ဆိတ် ကိုကိုတွေရဲ့ ဘဝက......
07/07/2024

မုတ်ဆိတ် ကိုကိုတွေရဲ့ ဘဝက......

🇹🇭Bangkok Job Expo Thailand 2024 June 28-30 Time⏲ 11:00 am to 9:00 location🖲 - QUEEN Sirikit National Convention Center ...
30/06/2024

🇹🇭
Bangkok Job Expo Thailand 2024

June 28-30
Time⏲ 11:00 am to 9:00
location🖲 - QUEEN Sirikit National Convention Center
Floor- LG
🚌
- လိုင်းကားနဲ့ဆိုhlong Toei မှာဆင်းပြီး လမ်းလျောက်ရင် ၁၀ မိနစ်ပါ

🚋
- MRT ရထားနဲ့ဆို
QUEEN Sirikit National Convention Center Entry ဝင်ပေါက် ၃ ကထွက်ရင် Conventionဆီ တိုက်ရိုက် ပါပဲ လမ်းတောင်သိပ်လျောက်စရာမလိုပါ...

ထိုင်းအလုပ်ကိုင်အခွင့်လမ်းတွက် ဒီပြပွဲက ကျင်းပနေတာ ဒီနေ့နဲ့ပါဆို
၃ရက်ရှိပါပြီး နောက်ဆုံးပါဒီနေ့..
ခု မှ သွားမယ့်ညီကိုတွေ အတွက်ဆို ည ၉နာရီထိဆို မှီပါသေးတယ်

ထိုင်းလူမျိုးအတွက်အဓိက ထားပြီးတော့ဝန်ထမ်းခေါ်ယူတာများပြီး
ထိုင်းဘာသာ စကားတတ်ရင် နေထိုင်ခွင့် အထောက်ထား နဲ့ work permit တွေရှိရင်
လာ အို / မြန်မာ / ကမ္ဘောဒီယားတွေလည်း ခေါ်ယူပါတယ်တဲ့
IT✴
hotel 🏬
Foodစတဲ့🥘

Shopping Mall
Big C / Lottus / Makro

နယ်ပယ်အတွက် လိုအပ်တဲ့ ဝန်ထမ်းတွေအတွက်ပါ
ကျန်တဲ့ Field တွေလည်းရှိပါတယ်
..ကျွန်တော်ဝင်မေးခဲ့တဲ့ Honda ကဆို ထိုင်းလူမျိုးအတွက်ပဲတဲ့
... နာမည်ကြီး Tesco Lotus ကဆို ထိုင်းစကားရရင် မြန်မာလူမျိုးပါ ယူတယ်တဲ့ မြန်မာတယောက်ဆို ဝင်လုပ်တာ မြန်မာပြည်ပြန်သွားတာ ခုထိ ပြန်ထွက်လာလို့မရ လို့ တဲ့ သူဆိုရင်
တလ ထိုင်းဘတ် 20000 လောက်ရတယ် လို့ ပြပွဲက tesco က ပြောပြလို့သိရပါတယ်

အဓိက ကတော့ ချက်ချင်းဗျူးတာမဟုတ်ပဲ သူတို့ ပေးထားတဲ့ QR code Scan ဖတ်ပြီး
မိမိရဲ့ CV form ကို ပို့ပေးရမှာဖြစ်ပါတယ်
အောက်က comment တွေမှာ CV form ပို့လို့ ရအောင်ကျနော် ရိုက်ခဲ့တဲ့ QR code လေးတွေ share လုပ်ထားပေးပါတယ်ခဗျာ

ကျွန်တော်တို့ မြန်မာပြည်က ညီအကိုမောင်နှမတွေ အလုပ်ဆင်ပြေကြ​ဖို့
ရည်ရွယ်ပါတယ်…

Bangkok Suvarnabhumi air port မှာ Self service check in ကိုကိုယ်တိုင် လုပ်လို့ရပါသည် ။___________Bangkok ကနေ YGN ကို ပြန...
25/06/2024

Bangkok Suvarnabhumi air port မှာ Self service check in ကိုကိုယ်တိုင် လုပ်လို့ရပါသည် ။
___________
Bangkok ကနေ YGN ကို ပြန်တဲ့ အခါ သွားနေကြသမားအတွက်တော့မခက်ပေမဲ့ တယောက်တည်း ခုမှပြန်တဲ့လူတွေ ရည်ရွယ်ပြီးရေးတင်ပါတယ်
ကျွန်တော်ကတော့ MRT အပြာလိုင်းPetchaburi ကနေ ( ALP) air port link အနီ ရောင် Makkaesan ကနေ Suvarnbhumi ကို စီးပါတယ်။

Air port link ကနေ စီးရင် လမ်းမပိတိတဲ့ အတွက် စီးဖြစ်တာများပြီး ကိုယ်မှန်းတဲ့အချိန်တိုင်း ကွက်တိ ချိန်လို့ရတဲ့အတွက် အစီးများခြင်းဖြစ်ပါသည်။
လေဆိပ်ကို ရောက်တာနဲ့ Departure 4 floor ကို lift ကနေတတ်သွားပါတယ်
အပေါ်ရောက်တာနဲ့ LED board မှာ ကိုယ်ထွက်တဲ့ လေယာဉ်အမှတ်နဲ့ လေကြောင်းလိုင်းရှာလိုက်လျှင်
Row A,B, c စသဖြင့် ဘယ် row မှာ ကိုယ် Check in လုပ်ရမလဲ ဆိုတာပြပါတယ်
Counter မှာ တန်းစီပြီး Self Service Check in စက်မှာ ကိုယ်သွားမယ့် လေကြောင်းလိုင်းကို ရွေးပြီး
Step by Step informmation ဖြည့်ပြီးရင် စက်ကနေ Sticker လေးထွက်လာ ရင် မိမိ အိတ်မှာ ကပ်လိုက်ရုံပါပဲ
ကိုယ်တွေ သွားတုန်းကတော့
စက်မှာ ကိုယ်သွားတဲ့ လေကြောင်းလိုင်း မပါတဲ့အတွက် ကိုယ်တိုင်စမ်းသပ်လို့မရပဲ သူများ Check in လုပ်တာလေးပဲ inform share ပေးလို့ရတဲ့အတွက် ကိုယ်တိုင် လုပ်ဖူးတဲ့လူရှိရင်လည်း Sharing လုပ်ပေးလို့ရပါတယ်။
Photo နဲ့ အောက်မှာ ရသလောက်လေး တော့ မှတ်ခဲ့ပါတယ်ဗျာ
Inform လိုတာရှိရင်လည်း ဖြည့်ခဲ့ပေးဖို့မေတ္တာ ရပ်ခံပါတယ်ခဗျာ

Lao View Restaurant   FOODS
11/06/2024

Lao View
Restaurant

FOODS

09/04/2024

6 လနဲ့ လကနုနုလေးရှိသေးတယ် 😁

ที่อยู่

Bangkok
10500

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ 9-ikigaiผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์