Marketing That Makes Sense

Marketing That Makes Sense The Original

Copywriter တွေ Copy တစ်ပုဒ်စရေးတော့မယ်ဆိုရင် တစ်ခါတလေ Blank Page / Screen ကြီးငေးကြည့်ပြီး ကြောင်ပျောက်နေတာမျိုး ကြုံဖူး...
01/07/2026

Copywriter တွေ
Copy တစ်ပုဒ်စရေးတော့မယ်ဆိုရင်
တစ်ခါတလေ Blank Page / Screen ကြီးငေးကြည့်ပြီး
ကြောင်ပျောက်နေတာမျိုး ကြုံဖူးမှာပါ။

Blank Page Syndrome ဆိုပါတော့။

အဲ့လိုအချိန်တွေမှာ အထောက်အကူဖြစ်ဖို့
"The Rule of One" က အသုံးဝင်ပါတယ်။

☝🏻One Reader

☝🏻One Big Idea

☝🏻One Core Promise

☝🏻One Call-to-Action ဆိုတဲ့ Guardrail ပေါ့။

ဒါနဲ့ဆို ဟိုရောက်၊ ဒီရောက် မဖြစ်တော့ပါဘူး။
. .. .. .. ..

It's happening! နိုဝင်ဘာမှ လာမှာဆိုပေမယ့် ခုထဲကရွစိရွစိဖြစ်နေပြီ 🥱GTA World ထဲ ကားပတ်မောင်းရတဲ့အရသာကိုတော့ ဘာနဲ့မှမလဲနို...
25/06/2026

It's happening!

နိုဝင်ဘာမှ လာမှာဆိုပေမယ့် ခုထဲကရွစိရွစိဖြစ်နေပြီ 🥱

GTA World ထဲ ကားပတ်မောင်းရတဲ့အရသာကိုတော့ ဘာနဲ့မှမလဲနိုင်တာ အမှန်ပါပဲ။

ခုထိလည်း အသစ်စောင့်ရင်း ဆော့နေဆဲပါ 🎮

03/06/2026

Most marketers optimise for attention. More content, more reach, more spend. But in any high-stakes category - when someone is making a decision that costs real money, carries real risk, and cannot easily be undone - attention is not the problem. Fear is. And fear doesn’t respond to noise. It responds to one thing: evidence that you can be trusted.

So, TRUST is the product. Everything else is the pathway to it.

Five things I now know that I wish I’d understood earlier:

→ Proof before claim. Never say what you can’t back up. But more than that - build the proof first, then speak from it. The sequence matters.

→ Category over competition. The moment you’re trying to out-message a competitor, you’ve already lost the frame. Build a position specific enough that comparison becomes the wrong question.

→ Price is a symptom. If the right customer is comparing your price, something earlier in the experience failed. Premium holds when the value is felt before the invoice arrives.

→ Precision over reach. A message that lands deeply with 500 people who are ready to act is worth more than one that washes over 50,000 who aren’t. Know exactly who you’re talking to. Say nothing to anyone else.

→ Emotion is infrastructure, not decoration. In any service business, you are selling a feeling before you are selling a product. Map the fear, the hope, the moment of doubt - then design for each one deliberately. This is not manipulation. It is care, made systematic.

None of this is theoretical. Every principle above was tested in a market that will never forgive lazy thinking - and that pressure made me precise.

01/06/2026

Start Building. Stay Grateful.

1. Start before the conditions are ready.
There was no team. No pipeline. No blueprint.
Just a role that didn't exist yet - and someone who believed it could.

I learned that the right conditions don't arrive before you start.
They arrive because you start.

If someone has given you a chance before the evidence existed -
honour it with everything you have.

2. Small support carries extraordinary weight.
Not everything that helped me was big.
Sometimes it was one budget approval. One colleague. One yes.

In environments where resources are limited,
small acts of generosity matter more than people realise.

The people who gave them probably don't remember.

Notice the small hands helping you.

Thank them before they forget they helped.

3. Build something that works without you.

The real test of what you've built
is whether it holds when you're not holding it.

Systems outlast effort.

Processes outlast people.

Trust outlasts titles.

Don't just produce results. Build the thing that produces results.

4. Trust is the only metric that compounds.

Clients didn't come because of the brand.

They came because of a relationship -
built one conversation, one follow-through,
one kept promise at a time.

No budget buys it.
No title grants it.
No shortcut manufactures it.

Earn it slowly. Protect it completely.

The one thing underneath all four:

You don't build anything significant alone.

Start anyway.

Stay humble about who helped.

Build something real.

Earn trust like it's the only currency that matters -
because eventually, it is.

ဖြည်းဖြည်း 🫩
20/05/2026

ဖြည်းဖြည်း 🫩

07/05/2026

Marketing မှာဖြစ်ဖြစ်၊ လုပ်ငန်းတစ်ခုရဲ့ ဘယ်ကဏ္ဍမှာပဲဖြစ်ဖြစ် Budget တောင်းမယ်၊ ဒါမှမဟုတ် Management ရဲ့ Approval လိုပြီဆိုရင် ‘Yes’ ဆိုတဲ့ အဖြေရဖို့ အသေချာဆုံးနည်းလမ်းကတော့ ROI (Return on Investment) ပြနိုင်ဖို့ပါပဲ။

ကိုယ်သုံးလိုက်တဲ့ ငွေနဲ့ အင်အားဟာ ကုမ္ပဏီအတွက် ဘယ်လိုအကျိုးအမြတ် ပြန်ရမလဲဆိုတာ မြင်အောင်ပြနိုင်ပြီး တကယ်လည်း ရတယ်ဆိုရင် ရေရှည်မှာ ယုံကြည်မှုတစ်ခုတည်ဆောက်နိုင်လာပါလိမ့်မယ်။ အဲဒီအခါကျရင် ရှည်ရှည်ဝေးဝေးတောင် မလိုဘဲ သူကတစ်ခုခုတောင်းဆိုပြီ၊ ပြောပြီဆိုရင် ငါတို့အကျိုးအမြတ်ရှိမှာ သေချာတယ်ဆိုတာမျိုးဖြစ်နေမှာပါ။

ဒါပေမဲ့ လက်တွေ့မှာ Egg or Chicken အခြေအနေမျိုးတွေ ရှိတတ်ပါတယ်။

Budget ရမှလည်း ROI ကို တကယ်ပြလို့ရမှာလေ... ဆိုတဲ့ အနေအထားပေါ့။

ဒေတာမရှိသေးလို့ ROI တိတိကျကျ တွက်မပြနိုင်တဲ့ အခြေအနေမှာ Management ရဲ့ ယုံကြည်မှုကို ဘယ်လိုအရယူမလဲ?

Budget Approval ရအောင် ဘယ်လို 'Approach' လုပ်မလဲ? ဆိုတာကို နောက်ပို့စ်မှာ အသေးစိတ် မျှဝေပေးသွားပါမယ်။

06/05/2026

လွန်ခဲ့တဲ့ ၄ နှစ်ဝန်းကျင်က အကောင်းဆုံးလုပ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ်အားမရတဲ့အချိန်တွေ ရှိခဲ့ဖူးပါတယ်။

အဲ့မှာအဖြေရှာတွေ့တာ အကောင်းဆုံးဆိုတာက Personal Best ("ငါအကောင်းဆုံးလုပ်နေတာပဲလေ") ဆိုတာမျိုးမဟုတ်ဘဲ Required Best ဖြစ်ဖို့ လိုတယ်ဆိုတာပါပဲ။

ကိုယ့်ရဲ့ ကန့်သတ်ချက်ထဲမှာတင် အကောင်းဆုံးလုပ်နေတာမျိုး မဟုတ်ဘဲ၊ ကိုယ်ဖြစ်ချင်တဲ့ Goal ရဲ့ စံနှုန်းကိုလိုက်ပြီး ကြိုးစားရမှာမျိုးပေါ့။

အဲ့လိုတွေးမိပြီး နောက်ပိုင်းမှ ကိုယ့်ကိုယ်ကိုယ် နည်းမှန်လမ်းမှန် ပိုအားထုတ်နိုင်လာတယ်ထင်တာပဲ။

ဖတ်မိတဲ့သူတွေအတွက်လည်း အကျိုးရှိမယ်ထင်ပါတယ် ✨

ဘန်ကောက်မြို့လယ် ကားပိတ်ချက်ကတော့ လက်လန်ပဲ၊ တစ်ခါရွေ့ဖို့ ၇ ဘဝလောက် ကြာတယ်။ ကိုယ့်ကားနဲ့ကိုယ်သာဆို တစ်ခါတလေဆို ကားကြီးပစ...
05/05/2026

ဘန်ကောက်မြို့လယ် ကားပိတ်ချက်ကတော့ လက်လန်ပဲ၊ တစ်ခါရွေ့ဖို့ ၇ ဘဝလောက် ကြာတယ်။ ကိုယ့်ကားနဲ့ကိုယ်သာဆို တစ်ခါတလေဆို ကားကြီးပစ်ထားခဲ့ပြီး လမ်းဆင်းပြေးချင်စိတ်တောင် ပေါက်လာလိမ့်မယ်။

ကိုယ်က အပြင်အမြဲသွားချင်တယ်၊ မြို့ထဲလည်ချင်ပတ်ချင်ရင်တော့ BTS Green Line / Blue Line တွေပေါ်မှာ နေတာ အကောင်းဆုံးပါပဲ။ Rent ကစျေးပိုပေးရပေမဲ့ အခုလိုကားပိတ်တာ တစ်မေ့တမောကြီးနဲ့ ပြန်တွက်ရင် တန်ပါတယ်။

ကားဝယ်တာကတော့ မြို့ပြင်ထွက်တာတို့၊ ပိတ်ရက်ခရီးတိုလေးတွေ မကြာမကြာသွားဖြစ်ရင် ပိုတန်မယ်ထင်၊ မြို့ထဲကားယူသွားရင်တော့ Billboard 🪧 တွေ၊ ကြော်ငြာတွေပါအလွတ်ရမယ်။

03/05/2026

အခုခေတ်မှာ "Seniority" ဆိုတာ လုပ်သက်နှစ်အရေအတွက်ထက် "Value Creation" ပေါ်မှာ ပိုပြီး အလေးသာလာပါပြီ။

ဒီ "Seniority vs. Value Creation" အယူအဆက အခုလို Digital Transformation မြန်ဆန်နေတဲ့ AI ခေတ်မှာ Game Changer ပါပဲ။ အချို့လူကြီးတွေလည်း အရင်ခေတ်ကလို ငါကတော့ လုပ်သက်ဘယ်လောက်ရှိနေပြီးသားဆိုတာမျိုးပဲ လုပ်နေလို့ သိပ်အဆင်မပြေတော့ပါဘူး။

ဆိုတော့ လူငယ်တွေရဲ့ နည်းပညာကျွမ်းကျင်မှု (Digital Savviness) နဲ့ လူကြီးတွေရဲ့ ဝါရင့်အတွေ့အကြုံ (Strategic Wisdom) ပေါင်းစပ်လိုက်ရင် ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာကို စဉ်းစားမိတာလေး ချရေးဖြစ်ပါတယ်။

ဒါကို ပိုပြီး ပြည့်စုံသွားအောင် လက်တွေ့ကျတဲ့ ရှုထောင့်အချို့နဲ့ တွေးကြည့်ရအောင်။

✅ ပထမအချက်က Data-Driven Youth + Intuitive Elders ပေါင်းစပ်ခြင်းပါ။

လူငယ်တွေက Data ကို အခြေခံပြီး "ဘာဖြစ်နေတာလဲ" ဆိုတာကို ချက်ချင်းရှာဖွေနိုင်ကြပေမဲ့၊ တကယ်ဝါရင့်တဲ့ ရှေ့မှီနောက်မှီလူကြီးတွေကတော့ သူတို့ရဲ့ ဆယ်စုနှစ်နဲ့ချီတဲ့ အတွေ့အကြုံအရ "ဘာကြောင့် ဖြစ်ရတာလဲ" ဆိုတဲ့ Context ကို ပိုမြင်ကြပါတယ်။

ဥပမာ - Marketing Campaign တစ်ခုမှာ Data အရ Performance ကျနေတာကို လူငယ်တွေက သိနိုင်ပေမဲ့၊ အဲဒါက Market Sentiment ကြောင့်လား ဒါမှမဟုတ် နိုင်ငံရေး၊ လူမှုရေး အပြောင်းအလဲတစ်ခုခုကြောင့်လားဆိုတာကို လူကြီးတွေက ပိုပြီး ခန့်မှန်းတတ်ပါတယ်။ ဒါပေမယ့် ဒီလိုကျွမ်းကျင်မှု ၂ ခုပေါင်းစပ်လိုက်ရင် Precision Marketing အတွက် အကောင်းဆုံးပါပဲ။

✅ နောက်တစ်ခုက လုပ်ငန်းရှင်တွေ၊ Senior Management တွေ စဉ်းစားသင့်တဲ့ The Power of "Ownership" and "Safe to Fail" ဆိုတဲ့အချက်ပါ။

Psychological Safety ပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းတွေလက်အောက်မှာဆို
လူငယ်တွေက သူတို့ရဲ့ Potential ကို အပြည့်အဝ ထုတ်ပြနိုင်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ရှေ့မှာဖြတ်သန်းခဲ့ပြီးတဲ့ Commercial Estate, Financial Services နယ်ပယ်တွေမှာ ဒီလိုလုပ်ပိုင်ခွင့်ပေးတဲ့ Leader တွေနဲ့ လုပ်ကိုင်ခွင့်ရလို့ Growth ဖြစ်တာ ပိုမြန်ခဲ့တာပါ။

Safe to Fail ဆိုတာက သေးငယ်တဲ့ Project လေးတွေမှာ Risk Control လုပ်ပြီး စမ်းသပ်ခွင့်ပေးတာမျိုးပေါ့။

Ownership ကကျ "မင်းကို ငါယုံကြည်တယ်၊ ဒီ Project ကို မင်းစိတ်ကြိုက် Lead လုပ်ကြည့်" ဆိုတဲ့ စကားတစ်ခွန်းနဲ့ လူငယ်တစ်ယောက်ကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိတဲ့ Leader တစ်ယောက်ဖြစ်အောင် တွန်းပို့ပေးလိုက်တာပါပဲ။ လူငယ်တွေဘက်ကလည်း အကောင်းဆုံးကြိုးစားဖို့တော့ လိုတာပေါ့။

✅ နောက်ထပ်ကြုံဖူးတဲ့ ခေတ်မီတဲ့လူကြီးတွေဆီမှာ တွေ့ရတတ်တဲ့ အချက်ကတော့ Intellectual Humility ပါ။ "ငါအကုန်မသိဘူး၊ ငါ့ထက်ငယ်တဲ့သူဆီကလည်း ငါသင်ယူရမယ်" ဆိုတဲ့ စိတ်ထားရှိတဲ့ လူကြီးတွေက ခေတ်နဲ့အညီ အမြဲတမ်း Fresh ဖြစ်နေတတ်ပါတယ်။ အလားတူပဲ လူငယ်ဘက်ကလည်း "ငါသိတာ အကုန်မဟုတ်သေးဘူး၊ Experience က ပေးတဲ့ Wisdom ကို ငါယူရမယ်" ဆိုတဲ့ Mindset ရှိဖို့ လိုပါတယ်။

ဒီလိုတွေလုပ်ပိုင်ခွင့်ပေးလာရင် ROI focus vs. Creative Freedom ကိုလည်း ချိန်ညှိရပါမယ်။

လုပ်ငန်းရှင်တွေက Result ကိုပဲ ကြည့်တာဖြစ်လို့ လူငယ်တွေအနေနဲ့ မိမိရဲ့ Creative Ideas တွေကို ROI (Return on Investment) အနေနဲ့ Present လုပ်တတ်ဖို့ (Convert လုပ်တတ်ဖို့) လိုပါတယ်။

ဒါမှသာ လူကြီးတွေဘက်က ယုံယုံကြည်ကြည်နဲ့ Invest မှာဖြစ်သလို၊ လူငယ်တွေ လုပ်ပိုင်ခွင့် (Empowerment) လည်း ပိုရလာမှာပါ။

ပေးချင်တဲ့ Message ကတော့
"Long-term ကြည့်တတ်တဲ့ Lens" ကို တပ်ဆင်ထားတဲ့ Digital Native လူငယ်တစ်ယောက်ဟာ လုပ်ငန်းခွင်မှာ တကယ့်ကို Fast-Track ဖြစ်သွားမှာပါ။ Impact တွေအရမ်းကောင်းဖို့တော့ လိုတာပေါ့၊ အဲ့တာမှ ကိုယ်က Unstoppable ဖြစ်မှာပါ။

Audience Persona သတ်မှတ်ခြင်းBusiness တစ်ခုမှာ ကိုယ့် Audience ကို မသိတာဟာ ကိုယ်မသိတဲ့နေရာတစ်ခုကို GPS မကြည့်ဘဲ လျှောက်သ...
02/05/2026

Audience Persona သတ်မှတ်ခြင်း

Business တစ်ခုမှာ ကိုယ့် Audience ကို မသိတာဟာ ကိုယ်မသိတဲ့နေရာတစ်ခုကို GPS မကြည့်ဘဲ လျှောက်သွားနေသလိုပါပဲ။

ကိုယ့်မှာဒေတာတွေ တိတိကျကျ မရှိသေးခင် (ChatGPT တောင် မပေါ်သေးတဲ့အချိန်) လက်ရှိဦးဆောင်နေတဲ့ Brand အတွက် Market အသစ်တွေကို ကျွန်တော် In-House Marketer အနေနဲ့ ဘယ်လိုဖောက်ခဲ့လဲဆိုတဲ့ အတွေ့အကြုံကို အခြေခံပြီး Audience Persona သတ်မှတ်ပုံလေး မျှဝေပေးချင်ပါတယ်။

အခုဥပမာအနေနဲ့ကို ထိုင်းမှာ Premium Brand တွေကြား ရေပန်းစားတဲ့ (ခေါင်းလည်းစားတဲ့) International Segment တစ်ခုဖြစ်တဲ့ Arabic Affluent Community ကို Digitally ဘယ်လိုချဉ်းကပ်မလဲ စဉ်းစားကြည့်ရအောင်။

✅ အရင်ဆုံး Physical Data ကနေ Digital Strategy ဖြစ်အောင် တွေးကြည့်ပါ။

Digital Strategy တစ်ခုကို အခန်းထဲမှာပဲ ထိုင်ဆွဲနေမယ့်အစား ပြင်ပမှာ နေ့စဉ်တွေ့မြင်နိုင်တဲ့အချက်အလက် (Physical Data) ကို အရင်
ကြည့်ဖို့ လိုပါတယ်။

ဥပမာ

Lifestyle Observation အနေနဲ့ ထိုင်းမှာဆိုရင် အာရပ်တွေ စုဝေးရာနေရာ (ဥပမာ- Nana, Sukhumvit) ကို လေ့လာကြည့်ပါ။

သူတို့ ဘယ်လိုစားသောက်ဆိုင်မှာ ထိုင်လဲ?

ဘယ်လိုဝန်ဆောင်မှုကို သဘောကျလဲ?

သူတို့ ဘယ်လို High-end Device တွေ (iPhone, Samsung Z-Fold စသဖြင့်) ကိုင်လဲ?

ဘယ်လို Luxury Brand တွေကို စွဲလမ်းလဲ?

ဒါတွေဟာ Digital Ads run တဲ့အခါ Interest & Behavior Targeting အတွက် အဖိုးတန်တဲ့ Data တွေ ဖြစ်လာပါတယ်။

✅ Broad Targeting vs. Focused Testing ဘယ်ဟာပိုကောင်းလဲ?

ကိုယ့်မှာရထားတဲ့ Resource အပေါ်မူတည်ပါတယ်။

Broad Run တာက Machine Learning ကို အခွင့်အရေးပေးတာ မှန်ပေမဲ့၊ တစ်ဖက်မှာလည်း ကိုယ့်ရဲ့ Critical Thinking ကနေ ထွက်လာတဲ့ Concept ကို အမြန်ဆုံး Test လုပ်ဖို့ လိုပါတယ်။

Concept-First Approach လို့ပြောနိုင်မယ့် "သူတို့က ဒါတွေကို ကြိုက်လောက်တယ်" ဆိုတဲ့ ခိုင်မာတဲ့ အယူအဆ (Hypothesis) တစ်ခု ရှိနေရင် Algorithm နဲ့ AI ကိုပဲ ပုံအပ်ထားတာထက် ကိုယ်တိုင်က Market ကို ဦးဆောင်ပြီး ပုံဖော်နိုင်သွားပါတယ်။

ကိုယ့်မှာ Limited Resources (Time, Budget, Support, etc) ဖြစ်နေရင် ဒီပုံစံလုပ်ကြည့်ပါ။

✅ အဲ့လိုတွေ တွေးပြီးစ Run ပြီးတာနဲ့ Feedback Loop တစ်ခုစတည်ပါ။

Audience တစ်ခု ခိုင်မာလာဖို့ဆိုတာ စတင်ခဲ့တဲ့ Thinking ကနေ ရလာတဲ့ Initial Data တွေကို ပြန်သုံးသပ်ရာကနေ လာတာပါ။

• ဘယ် Message ကို သူတို့ ပို Click လုပ်လဲ?

• ဘယ်လို Visual က သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ ပို Connect ဖြစ်လဲ? (ဥပမာ- အာရပ်စာက ညာကနေ ဘယ်ကို ဖတ်တာမျိုး၊ Color အသုံးပြုပုံ စတာတွေပေါ့။)

ဆိုတော့ ပေးချင်တဲ့ Message က ဒီလို Audience အကြောင်း သိဖို့ဆိုတာ ဒေတာတွေကို ထိုင်ကြည့်နေရုံနဲ့ မရပါဘူး။ "လူတွေရဲ့ နေထိုင်မှုပုံစံကို စူးစမ်းတတ်တဲ့စိတ် (Curiosity)" နဲ့ "အချက်အလက်တွေကို ချိတ်ဆက်တွေးတောနိုင်တဲ့ Critical Thinking" ပေါင်းစပ်မှသာ မမြင်ရတဲ့ Invisible Audience ကနေ ခိုင်မာတဲ့ Loyal Customer တွေ ဖြစ်လာမှာပါ။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Marketing That Makes Senseผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์