Create your mind ဗဟုသုတ နှင့် ထူးဆန်းထွေလာ ကြည့်ရန် PAGE ကို Like နှင့် Follow ပေးထားပါ။

26/08/2025

ဒီအရ_ည်ဖြန်းထားရင်သီကြားမ_င်းဆ_င်းခွဲတောင်မဖြုံဘူး
゚viralシ

အောင်မြတ်သာနှင့်ကျောင်းစောင့်သရဲကြီး+++++++++++++++++++++++++++++ကျွန်တော်နာမည်က မင်းခိုင်လို့ခေါ်တယ်။ ကျွန်တော်ဆယ်တန်းအ...
06/08/2025

အောင်မြတ်သာနှင့်ကျောင်းစောင့်သရဲကြီး
+++++++++++++++++++++++++++++

ကျွန်တော်နာမည်က မင်းခိုင်လို့ခေါ်တယ်။ ကျွန်တော်ဆယ်တန်းအောင်တော့ မိဘတွေက ဆရာအတတ်သင်သိပ္ပံကျောင်းကိုပို့ပြီး ပညာဆက်သင်စေခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော်လဲ ဆရာတစ်ယောက်ဖြစ်လာတာပေါ့ဗျာ။

ကျောင်းပြီးလို့ တာဝန်ခွဲဝေတဲ့အခါမှာလဲ ကျွန်တော််က မြို့နဲ့အလှမ်းဝေးကွာတဲ့ ရွာလေးတစ်ရွာမှာ ပညာရေးဝန်ထမ်းဘဝကို စခဲ့ရတယ်။

ရွာလေးက တောင်ခြေတစ်ခုအောက်မှာ တည်ရှိပြီး သဘာဝအငွေ့အသက်လေးတွေလဲခံစားရတဲ့အပြင် ရွာခံတွေကလဲ ရိုးသားဖော်ရွေကြတယ်ဗျ။ ကျွန်တော်ရွာကိုစရောက်တဲ့ချိန် ရွာအနောက်ဘက်မှာရှိတဲ့ ဘုန်းကြီးကျောင်းကို စတင်သတိထားမိခဲ့တယ်။

ဘုန်းကြီးကျောင်းက အုတ်ကျောင်းဖြစ်တဲ့အပြင် လက်ရာကလဲ မြို့တွေမှာမမြင်ဖူးတဲ့လက်ရာတွေနဲ့ ဆောက်လုပ်ထားခဲ့တယ်။ ဒါပေမယ့် ထူးဆန်းတာက ဘုန်းကြီးကျောင်းထဲမှာ ဘုန်းကြီးတွေ တစ်ပါးမှမရှိတာပဲ။

ရွာကျောင်းဖြစ်လို့ သီတင်းသုံးတဲ့ သံဃာတော်တွေ မရှိတာများလား၊ အခြားရွာတွေက ဖိတ်လို့ ခရီးထွက်သွားတာများလားဆိုပြီး စိတ်ထဲကနေ တွေးနေမိတာပေါ့။

ဒိလိုနဲ့ ရွာလူကြီးတွေ စီစဉ်ပေးတဲ့ အိမ်လေးမှာ ညအိပ်ပြီး မနက်ကျမှ တာဝန်ထမ်းဆောင်ရမယ့် ကျောင်းရှိတဲ့ဘက်ကို ထွက်လာခဲ့လိုက်တယ်။ စာသင်ကျောင်းလေးက အရမ်းကြီးမခမ်းနား ပေမယ့် အတန်သင့်ခိုင်မာတာကို မြင်တွေ့လိုက်ရတယ်။

ကျောင်းကိုရောက်တော့ ကျောင်းအုပ်ဆရာမကြီးက ကျွန်တော်စာသင်ရမယ့်အခန်းကို လိုက်ပြပြီး ကျောင်းမှာရှိတဲ့ အခြားဆရာမတွေနဲ့ မိတ်ဆက်ပေးခဲ့တယ်။

ကျောင်းမှာက ဒေါ်မြင့်အေးနဲ့ ဒေါ်လှသိန်းဆိုတဲ့ဆရာမနှစ်ယောက်အပြင် စံမောင်လို့ခေါ်တဲ့အထွေထွေလုပ်သား ဆရာတစ်ယောက်ရှိနေခဲ့တယ်။

နေ့လည်ထမင်းစားချိန်ရောက်တော့ ကိုစံမောင်က ကျွန်တော်ဆီလာပြီး ရွာမှာနေရတာအဆင်ရဲ့လား၊ ဘာတွေလိုအပ်လဲဆိုပြီး လာမေးရာကနေ ကျွန်တော်တို့ နှစ်ယောက် စတင်ရင်းနှီးခဲ့ကြတယ်။

ကိုစံမောင်က ပျော်ပျော်နေတတ်ပြီး မျက်နှာကလဲ အမြဲ‌ပြုံးရွှင်နေတတ်တာကြောင့် အချိန်ခဏလေးအတွင်း ကျွန်တော်တို့နှစ်ယောက် အဖွဲ့ကျသွားခဲ့တယ်။

ရွာက ရိုးမအစပ်တောင်ခြေမှာဆိုတော့ ညဘက်တွေဆိုအအေးပိုတတ်တာကြောင့် ကိုစံမောင်က သူ့အိမ်မှာရှိတဲ့ ထင်းခြောက်လေးတွေယူလာပေးတတ်တယ်။

ဒီနေ့ညလဲ သူ့ဘကြီးလာပေးတဲ့ ဆတ်သားခြောက် သုံးမျှင်းကိုကိုင်ပြီး အိမ်ကိုရောက်ချလာခဲ့တယ်။

“ ဗျို့ ဆရာလေး… ထမင်းစားပြီးပြီလားဗျ”

“ စားပီးပီဗျ… ဒါနဲ့ ဘယ်ကနေ ဘယ်လိုရောက်ချလာတာလဲ”

“ ဆရာလေးဆီပဲလာတာ… မနက်ဖြန်က ကျောင်းပိတ်ရက်ဆိုတော့ ဒီည ဆတ်သားခြောက်ဖုတ်လေးဝါးရင်း စကားပြောမလို့ဗျ”

“ ကျုပ်လဲ ပျင်းနေတာနဲ့ အတော်ပဲဗျို့၊ ခဏလေးနော် ရေနွေးကြမ်းခရားယူလိုက်ဦးမယ်”

ကျွန်တော်လဲ ရေနွေးကြမ်းခရားကို ယူပြီး အိမ်အောက်ကိုဆင်းလာတော့ ကိုစံမောင်က ထင်းခြောက်တွေနဲ့ မီးဖိုနေတာမြင်လိုက်ရတယ်။

“ ဒီရက်ပိုင်း အတော်အေးလာတယ် ဆရာလေးရဲ့၊ ကျုပ်တို့က ဒီမှာနေတာကျင့်သားရနေလို့ ဘာမှမဖြစ်ပေမယ့် ဆရာလေးကတော့ အခုမှရောက်တာဆိုတော့ ကျန်းမာရေးဂရုစိုက်ဦး”

“ ကျုပ်က ဒီလောက်အအေးကိုခံနိုင်ပါတယ်ဗျာ၊ မြို့မှာနေတယ်ဆိုပေမယ့် အရမ်းကြီးနုဖတ်မနေပါဘူး”

ကျွန်တော်စကားကြောင့် ကိုစံမောင်က သွားကြီးဖြီးနေအောင်ရယ်လိုက်ပြီး ဆတ်သားခြောက်တစ်မျှင်းကို မီးဖိုထဲပစ်ထည့်ကာ

“ ဆရာလေး… ရွာထဲဘက်ကို လိုက်ကြည့်ပြီးပြီလား”

“ သေချာတော့မရောက်သေးဘူးဗျ၊ ဘာဖြစ်လို့လဲ”

“ ရွာထဲဘက်ရောက်ရင် အုတ်ကျောင်းထဲမဝင်နဲ့နော်”

“ အုတ်ကျောင်းဆိုတာ ‌ထုံးဖြူဖြူတွေသုတ်ထားတဲ့ ကျောင်းကိုပြောတာလား”

“ ဟုတ်တယ်ဗျ… အဲဒီအုတ်ကျောင်းက သရဲအရမ်းခြောက်တာ”

“ ဒါဆို စိတ်ဝင်စားသွားပြီ၊ ကျွန်တော်က သရဲတ‌စ္ဆေတွေအကြောင်း အရမ်းစူးစမ်းချင်တာ”

“ မလုပ်ပါနဲ့ဆရာလေးရယ်… အဲဒီအုတ်ကျောင်းထဲကိုဝင်ပြီး ရူးသွားမှ ကျွန်တော်တို့ကလေးတွေကို စာသင်ပေးမယ့်သူ လျော့သွားပါဦးမယ်”

“ နေပါဦး ကိုစံမောင်ရ၊ အဲဒီအုတ်ကျောင်းက ဘုန်းကြီးကျောင်းမဟုတ်လား”

“ အုတ်ကျောင်းက ဘုန်းကြီးကျောင်းမဖြစ်ခင်က သူဌေးဦးဘိုးထော်ပိုင်တာ၊ သူက ဒီနယ်တစ်ဝိုက်မှာရှိတဲ့ လယ်တွေကိုပိုင်တဲ့ လယ်သူဌေးတစ်ယောက်ပေါ့ဗျာ၊ သူက အရမ်းချမ်းသာသလို မိန်းမကလဲများတယ်ဗျ၊ သူမဆုံးခင်မှာ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို သားသမီးတွေဆီခွဲပေးပြီး ဒီတိုက်ကိုတော့ ဘုန်းကြီးကျောင်းလှူခဲ့တာပဲ”

“ ဒါဆို သရဲခြောက်တယ်ဆိုတာက ဘယ်အချိန်ကစဖြစ်တာလဲ”

“ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကထင်တာပဲ၊ အဲဗျာ..စကားကောင်းနေတာ ဆတ်သားခြောက် ညှော်နေပြီဗျ”

ကိုစံမောင်က မီးပုံထဲမှာရှိနေတဲ့ ဆတ်သားခြောက်မျှင်းကို တုတ်နဲ့ကော်ထုတ်လိုက်ပြီး ပြာတွေကို ခါထုတ်လိုက်တယ်။

“ ဆရာလေး… စားဗျ၊ ဒါမျိုးက ရွာမှာပဲ အစစ်ရတာ”

ကျွန်တော်လဲ ကိုစံမောင် ကမ်းပေးတဲ့ ဆတ်သားခြောက်ဖုတ်ကို ဖဲ့ကာဝါးလိုက်ပြီး ရေနွေးကြမ်းတစ်ခွက်ကို မှုတ်သောက်လိုက်တယ်။

“ ကိုစံမောင်… တိုက်ကျောင်းရာဇဝင်လေး ဆက်ပါဦးဗျ”

“ ပြောရမယ်ဆိုရင် အဲဒီတုန်းက ကျောင်းထိုင်တဲ့ ဦးစန္ဒိမာဆိုတာ ကျုပ်နဲ့ ဆွေမကင်းမျိုးမကင်းပဲ၊ ဒီလိုနဲ့ ကျုပ်က ဘုန်းကြီးကျောင်းသား ဖြစ်လာတာပေါ့ဗျာ၊ အဲဒီအချိန် ရွာမှာက စာသင်ကျောင်းမရှိသေးတော့ ဘုန်းကြီးကျောင်းမှာပဲ စာသင်ရတာ၊ တိုက်ကျောင်းထဲမှာက အခန်းပေါင်း ၅၅ခန်းတောင်ရှိတယ်ဗျ”

“ ဘယ်လို… အခန်းပေါင်း ၅၅ခန်း ဟုတ်လား”

“ ဟုတ်တယ်ဆရာလေးရ… ကျုပ်သေချာကိုရေထားတာ၊ နောက်မှသိရတာက ဦးဘိုးထော်ဆိုတဲ့လူကြီးက မိန်းမ၅၅ယောက်ယူထားတာတဲ့ဗျာ”

“ မြတ်စွာဘုရား… ဒီလောက်မိန်းမအများကြီး တစ်အိမ်ထဲထားတယ်ပေါ့လေ”

“ မယုံမရှိနဲ့ဗျို့… တကယ်ထားတာဗျ၊ တစ်ခန်း တစ်ခန်းကလဲ အကျယ်ကြီးပဲ၊ ကျုပ်ဆို အခန်းနံပါတ်၃၆ကနေ ရွှေနားကပ်တစ်ရံ ရလာခဲ့သေးတယ်”

“ အမယ် တယ်ဟုတ်ပါလား…အခန်းနံပါတ်တွေ တောင်မှတ်မိနေတယ်ပေါ့လေ”

“ မှတ်မိဆို ဦးဘိုးထော်က အခန်းတစ်ခန်းဆီမှာ နံပါတ်တွေ ထွင်းထားတာကိုး၊ အဲဒီထဲမှာ အခန်းနံပါတ်၄၈ကိုတော့ ရှေးဟောင်းကြေးသော့နဲ့ခတ်ပြီးအသေပိတ်ထား တာ၊ ကျောင်းထိုင်ဘုန်းကြီးအဆက်ဆက်လဲ ဒီအခန်းကိုလုံးဝမဖွင့်ဖို့မှာခဲ့တယ်ဆိုပဲ”

“ စိတ်ဝင်စားဖို့တော့ကောင်းနေပြီဗျ၊ ဆက်ပြောပါဦး”

“ ဇာတ်လမ်းကအခုမှစမှာ ဆရာလေးရေ… တစ်ရက်မှာတော့ အဲဒီအခန်းသော့ပြုတ်နေပြီး အခန်းတံခါးကလဲပွင့်လျက်သားဖြစ်နေတယ်ဗျ”

“ ဟင်… ဘယ်သူက ဖြုတ်သွားတာလဲ”

“ မသိလိုက်ဘူးဆရာလေး၊ အဲဒီနေ့က ကျောင်းကထိန်ဆိုတော့ လူအဝင်အထွက်လဲများသလို၊ လော်စပီကာသံတွေကလဲဆူညံနေတာကိုး၊ ဒါကိုအခွင့်ကောင်းယူပြီး တံခါးကိုရိုက်ဖျက်သွားတာ၊ ကျုပ်စိတ်ထင် အထဲမှာ တစ်ခုခုရှိမယ်ဆိုတဲ့အထင်နဲ့ ဖျက်သွားတာလို့ပဲထင်တယ်”

“ အထဲမှာရော ဘာတွေ တွေ့လဲ”

“ ဘာမှထွေထွေထူးထူးမရှိပါဘူးဗျာ၊ ကျွန်းကုတင်တစ်လုံးရယ်၊ အဝတ်အစားတစ်စုံပဲရှိတာ”

“သူခိုးကလဲ ဘာမှမရှိတော့ အတော်စိတ်ပျက်သွားမှာ”

“ သူစိတ်ပျက်တာအရေးမကြီးဘူးဆရာလေးရဲ့၊ အဲဒီနေ့ကစပြီး တိုက်ကျောင်းတစ်ခုလုံး ဘယ်သူမှနေမရအောင် ခြောက်လှန့်မှုတွေ စတော့တာပဲ”

“ ဘယ်လိုတွေ ခြောက်လှန့်တာလဲ၊ကိုစံမောင်ရော ခြောက်ခံထိသေးလား”

“ ဘယ်ပြောကောင်းမလဲဗျာ၊ ထိတာပေါ့ဗျ၊ တစ်ရက် ကျုပ်အိပ်နေရင်း ခြေထောက်က လေပေါ်မြောက်တက်သွားလို့ကြည့်လိုက်ရင် မျက်တွင်းဟောက်ပက်နဲ့လူတစ်ယောက်က ခြေထောက်ကိုဆွဲထားတာမြင်ရတယ်၊ ကျုပ်‌ဆို အဲဒီမြင်ကွင်းကြောင့် တစ်ပတ်လောက် ဖျားသွားတာ၊ အခြားကောင်တွေလဲ ထိသေးတယ်၊ ကျုပ်သူငယ်ချင်း ‌စံကွေးဆိုရင် ခေါင်းအုံးကိုမှီပြီး စာကျက်နေရင်း လက်တစ်ဖက်က ခေါင်းကို လာကုတ်နေလို့ လှည့်ကြည့်လိုက်တာ မီးလောင်ထားတဲ့အရည်ပြားနဲ့ လူတစ်ယောက်ဖြစ်နေတာတဲ့ဗျာ၊ အဲဒီကောင်ဆို ဒီအဖြစ်ကြောင့် အခုထိ ရူးကြောင်ကြောင်ဖြစ်နေတုန်းပဲ”

“ အတော်ဆိုးဆိုးပဲဗျာ… နောက်တော့ရော ဘယ်လိုဖြစ်သွားလဲ”

“ ကျောင်းထိုင်ဘုန်းကြီးတွေလဲ ပရိတ်ကမ္မဝါရွတ်ကြတာပေါ့၊ ဒါပေမယ့် အဲလိုရွတ်ရင် ခဏတော့ငြိမ်သွားတယ်၊ တစ်ရက်နှစ်ရက်ကြာရင် အရင်ထက်ပိုပြီး သောင်းကျန်းတာဗျ၊ နောက်ဆုံး ဘယ်သူမှ မနေရဲတော့ပဲ ကျောင်းကိုပါစွန့်ပြီး ထွက်ပြေးကြကုန်တယ်၊ ဒါကြောင့် အုတ်ကျောင်းဆိုရင် ရွာထဲကလူတွေ ခပ်ဝေးဝေးကရှောင်ကြတယ်၊ ဆရာလေးလဲ အရဲစွန့်ပြီးမသွားနဲ့ဦးနော်”

“ မသွားပါဘူးဗျာ… ကိုစံမောင် ပြောတာနဲ့တင် ကျောချမ်းနေပြီ”

“ ဒါဖြင့် အချိန်လဲနောက်ကျနေပြီဆိုတော့ ကျုပ်ပြန်လိုက်ဦးမယ်၊ မနက်ကျရင် ရွာထဲမှာ အလှူတစ်ခုသွားဖို့ရှိတယ်၊ အသင့်လုပ်ထားဦး”

“ ကျုပ်အသင့်ပြင်ထားလိုက်ပါမယ်၊ ကိုစံမောင်လဲ ဖြေးဖြေးပြန်ဦး”

“ သွားပြီဆရာလေးရေ”

ကိုစံမောင် ထွက်သွားတော့ ကျွန်တော်လဲ မီးပုံကိုငြိမ်းပြီးအိမ်ပေါ်ကိုတက်လာခဲ့လိုက်တယ်။ အိပ်ယာထဲရောက်တဲ့အထိ တိုက်ကျောင်းရဲ့ဖြစ်စဉ်ကခေါင်းထဲကိုဝင်လာတာကြောင့် တော်ရုံနဲ့အိပ်မပျော်ပဲ ညနက်မှသာ အိပ်ပျော်သွားခဲ့တယ်။
+++++

“ ဆရာလေး ထည့်စားနော် အားမနာနဲ့”

အလှူမှာဝိုင်းလုပ်နေတဲ့ ရီရီက ဟင်းပန်းကန်းတွေကို ရှေ့တိုးပေးလိုက်တာကြောင့် ဘေးမှာ ရှိနေတဲ့ ကိုစံမောင် မျက်နှာရွဲ့လိုက်ပြီး

“ ထိုင်နေတာ နှစ်ယောက်ကို ဘယ်နှယ့် ဆရာလေးရှေ့ပဲ ဟင်းတွေထိုးပေးနေတာလဲ”

“ စံမောင် နင်က ဒီရွာသားလေ ဆရာလေးက ဧည့်သည်ဆိုတော့ ဧည့်ခံရတာပေါ့”

“ ကိုစံမောင်… ဘယ်လိုဖြစ်နေတာလဲ”

ကျွန်တော်လဲ ရှက်ကိုးရှက်ကန်းနဲ့ ကိုစံမောင်ကိုကြည့်ကာပြောလိုက်ပြီး ထမင်းကိုသာ ခေါင်းမဖော်တမ်းစားနေလိုက်တယ်။

“ ဆရာလေး… ကျွန်တော်တို့ရွာသားလုပ်မလား”

“ စကားကအဆက်စပ်မရှိလိုက်တာဗျာ၊ ကျွန်တော်က အခုလဲ ဒီရွာသားတစ်ယောက် ဖြစ်နေပြီပဲ”

“ အာ… အဲလိုပြောတာမဟုတ်ဘူးလေ၊ တကယ့်ရွာသားစစ်စစ်လုပ်ဖို့ပြောနေတာ၊ ဆရာလေး ဘယ်သူ့ကိုသဘောကျလဲ မျက်စိဝေ့ကြည့်လိုက်စမ်းပါ၊ ကျုပ် အောင်သွယ်လုပ်ပေးပါ့မယ်”

“ ကျုပ်ဘာသာ အေးဆေး စာပဲသင်ပါ့မယ်၊ ကဲဗျာ ထမင်းသာစားစမ်းပါ”
ဆက်ဖတ်ရန်
https://ev.loecar.net/?go=d6271745

ဘွားမယ်စိန်နှင့်ကဝေမလေးရှင်ညိုပါဝင်သော ဘုရားကုန်းရွာသူ(စဆုံး)“ခင်မြမှုန်….ခင်မြမှုန်…ခင်မြမှုန်…”ဟူသောခေါ်သံနှင့်တကြော်က...
06/08/2025

ဘွားမယ်စိန်နှင့်ကဝေမလေးရှင်ညိုပါဝင်သော ဘုရားကုန်းရွာသူ

(စဆုံး)

“ခင်မြမှုန်….ခင်မြမှုန်…ခင်မြမှုန်…”

ဟူသောခေါ်သံနှင့်တကြော်ကြော်အော်ဟစ်၍
ပြေးလွှားနေခဲ့သည်။
ထိုလူသည်အသက်အားဖြင့် နှစ်ဆယ်ကျော်မျှ
ရှိချေလေပြီ။
အမည်သည်က မောင်မြတ်ဟုခေါ်၏။
မောင်မြတ်သည် မျက်ခုံးမျက်လုံးကောင်းကောင်းဖြင့်
လူချောတစ်​ယောက်ပင်ဖြစ်သည်။
သို့သော် ယခုမောင်မြတ်သည်က ဆံပင်များရှုပ်ပွ၍ မျက်နှာအထက်၌ ဖုန်များဖြင့် မည်းညစ်နေခဲ့သည်။

“ခင်မြမှုန်…နှမရေ…နှမရဲ့…
ဘယ်ဆီများရောက်နေတာလဲကွယ်…”

“မောင်မြတ်ရာ…လာပါ…အိမ်ကိုပြန်ကြရအောင်ပါ…
မင်းအမေလည်းမင်းကိုလိုက်ရှာနေတာကွ…”

နံဘေးရှိ သူငယ်ချင်းတစ်စုမှာ မောင်မြတ်ကို
ချော့မော့၍ခေါ်နေကြသည်။
မောင်မြတ်ကတော့နှုတ်မှ ခင်မြမှုန်ဆိုသည့်အမည်ကို
အော်ရင်း သူငယ်ချင်းများခေါ်ဆောင်ရာသို့
လိုက်သွားခဲ့တော့၏။
မောင်မြတ်ကိုအားလုံးက စိတ်နှောက်သွားသည်
ဟုပြောကြသည်။
တချို့ကတော့မနာလိုသူမှပြုစားသည်ဟု ဆိုကြ၏။
သူတို့ပြောတာလည်းမှန်ပေသည်။
မောင်မြတ်ယခုလိုပြောင်းလဲသွားခြင်းမှာ
မြန်ဆန်လွန်းလှသည်။
မောင်မြတ်၏မိဘများမှာ အင်တိုင်းရွာ၌
လယ်ပိုင်၊ယာပိုင်သူဌေးများဖြစ်ကြသည်။
သူငယ်ချင်းများနှင့် ဘုရားပွဲသွားရာမှအပြန်တွင်
မောင်မြတ် စိတ်များမှုမမှန်ဖြစ်လာခဲ့သည်။

“ဟဲ့…ငါ့သားအသွားတုန်းကအကောင်းပါ…
အခုဘယ်လိုတောင်ဖြစ်လာရတာလဲ”

မောင်မြတ်အမေမှာ သားဖြစ်သူကိုကြည့်၍
ရင်နာနာဖြင့်ပြောရှာသည်။

“ကျုပ်တို့လည်းဒီကောင့်ကိုဂရုစိုက်ပါတယ်အရီးရယ်…
ရုတ်တရက်ကြီး နေထိုင်မကောင်းဖြစ်လာလို့…
ဆေးဆရာပင့်ပြီးလည်းကုပေးခဲ့ကြတာပါ…
ဒါပေမယ့် သက်သာလာတော့
အခုလိုဖြစ်လာတာပဲအရီးရဲ့…ကျုပ်တို့လည်း
စဥ်းစားလို့ကိုမရပါဘူးဗျာ…”

သူငယ်ချင်းများမှာလည်း ကိုယ့်အမှားဖြစ်မှာစိုး၍
ဖြစ်သမျှကိုပြောပြကြရှာသည်။

“ခင်မြမှုန်…ခင်မြမှုန်…အစ်ကိုလာခဲ့မယ်နော်…
ခင်မြမှုန်…”

“ခင်မြမှုန်ကဘယ်သူလဲ…ငါ့သား…
ဟောသည်ဘက်ကမင်းချစ်လှပါတယ်ဆိုတဲ့
သမီးလေးမိနှောင်းကိုရောမမှတ်မိတော့ဘူးလား
ငါ့သားရယ်…”

မောင်မြတ်၏ချစ်သူ ခင်နှောင်းမှာတော့ မောင်မြတ်ကို
ကြည့်ရင်း မျက်ရည်များသာကျနေရှာသည်။
မောင်မြတ်သည်က ခင်နှောင်းကိုပင်မမှတ်မိတော့ပေ။
မောင်မြတ်၏နှုတ်မှ ခင်မြမှုန်ကိုသာ တမ်းတလို့နေခဲ့၏။

တစ်ရက်မှာတော့…

“ခင်မြမှုန်…နှမလေး…အစ်ကိုနှမလေးကိုလိုက်ရှာနေတာ…
အခုမှပဲတွေ့တော့မယ်နှမလေးရယ်…”

“ရှင်…ရှင်…ဘယ်သူလဲ…”

ရှင်ညိုတစ်ယောက် ခြံရှေ့၌ပေါက်နေသော ကြက်ဟင်းခါးပင်မှ ကြက်ဟင်းခါးသီးများကို
ခူးယူနေချိန် လူတစ်ယောက်ကအနားသို့ရောက်လာပြီး
သူ၏လက်ကိုဆွဲယူခြင်းကိုခံလိုက်ရသည်။
အစပိုင်း၌ရှင်ညိုဒေါသထွက်သွားသည်။
သို့သော် သေချာကြည့်မိတော့ သာမာန်လူမဟုတ်ဘူး
ဆိုတာ ရှင်ညိုသိလိုက်ရ၏။

“မမ…ဘာဖြစ်လို့လဲ…ဟင်…အမေရေ…
အဘွားရေ…ဘယ်ကအရူးကြီးလဲမသိဘူး…
မမကိုလက်ဆွဲနေတယ်…လာကြပါဦး…
ဟေ့လူ…ကျုပ်အစ်မလက်ကိုလွှတ်နော်…
တုတ်… တုတ်ဘယ်မှာလဲ…”

ခြံပြင်ထွက်လာလာခြင်းမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်
နန်းကြိုင်အော်ဟစ်၍ဘွားမယ်စိန်တို့ကိုခေါ်လေသည်။
အနီးရှိတုတ်ကိုရှာပြီး…ရိုက်ဖို့ဟန်ပြင်လေတော့…

“ညီမလေး…ခဏလေးပါ…
သူ့ကြည့်ရတာ စိတ်ကပုံမှန်မဟုတ်ဘူး…
ဒီကအစ်ကို…လာပါ…ကျုပ်တို့အိမ်ဝိုင်းထဲကိုလိုက်ခဲ့ပါ…”

ရှင်ညိုက နန်း​ကြိုင်ကိုတားပြီး မောင်မြတ်ကို
အိမ်ထဲသို့ခေါ်လေသည်။
မောင်မြတ်ကလည်း အသာတကြည်ပင်လိုက်ခဲ့၏။

ဘွားမယ်စိန်နဲ့ဒေါ်ဝင်းမှာ ခြံပြင်ကိုထွက်လာဖို့
လုပ်နေကြရာ မောင်မြတ်ကိုမြင်တော့ ကွပ်ပျစ်ခင်း၌
ပြန်ထိုင်လိုက်ကြရသည်။

“ကျုပ်လက်ကိုလွှတ်ပါဦး အစ်ကို…”

“သြော်…အင်း…အင်း…”

ရှင်ညိုကပြောတော့မောင်မြတ်က
အသာတကြည်ပင်လက်ကို လွှတ်ပေးလိုက်သည်။

“ကဲ…အဲ့သည်ခုံမှာထိုင်ပါဦး”

“အင်း…အင်း…အစ်ကိုထိုင်မယ်နော်…”

မောင်မြတ်သည် ရှင်ညို၏စကားကိုနားထောင်သည်။
ရှင်ညို၏မျက်နှာကိုကြည့်၍ မောင်မြတ်ပြုံးရွှင်နေခဲ့သည်။

“ဒီကောင်လေးကြည့်ရတာ
သာမာန်မဟုတ်​ဘူးထင်တယ်”

“ဟုတ်တယ်အမေ…သူ့ကြည့်ရတာတစ်ခုခုပဲ…
ကျုပ်ရွာသူကြီးသွားခေါ်လိုက်ရမလား…”

“အေး…အေး…သမီး…သွားခေါ်ထားတော့
ကောင်းတာပေါ့အေ”

နန်း​ကြိုင်တစ်​ယောက် ရွာသူကြီးဦးနောင်ချိုကို
သွားခေါ်လေသည်။
ဘွားမယ်စိန်ကတော့ စကားဝင်မပြောဘဲ ကွပ်ပျစ်ခင်း၌
ထိုင်၍ ကြည့်နေခဲ့လေသည်။

“တော်ကဘယ်ရွာကလဲ…”

ရှင်ညိုကမေးသော်လည်း မောင်မြတ်မဖြေပေ။

“ခက်တော့တာပဲ…ဒီကောင်လေးကဒီနေ့ဖြေမယ့်ပုံလည်း
မပေါ်ပါဘူးအေ…အမေ…ဘယ့်နဲ့လုပ်ကြမလဲ”

“နေပါဦးအေ…မ​ဖြေတော့လည်း…
ချော့မော့ပြီးမေးရမှာပေါ့…ညည်းသမီးလည်း
သူကြီးတို့ကိုသွားခေါ်နေတယ်မဟုတ်လား…”

“သွားခေါ်တာလည်းခေါ်တာပေါ့အမေရယ်…
ဘယ်ကဟာမှန်းမသိ အိမ်မှာခေါ်ထားရတာ…
တော်နေနှင်ထုတ်ရခက်နေမှဖြင့်…”

ဒေါ်ဝင်းကတော့ မောင်မြတ်ကိုကြည့်၍
အလိုမကျစွာပြောနေခဲ့သည်။
ခဏမျှကြာတော့ ရွာသူကြီးဦးနောင်ချိုနှင့်အတူ…
မောင်တိုး၊မောင်အုန်းတို့လည်းရောက်လာကြ၏။

“ဘွားရေ…နန်း​ကြိုင်ပြောတာ သူလားဗျ”

“အေးကွယ်…သေချာကြည့်ပါဦး…
ဘယ်ရွာကများဖြစ်နေမလဲ…
ဘွားတို့မေးတာလည်း ဘာမှမဖြေဘူးကွယ်…”

သူကြီးဦးနောင်ချိုက မောင်မြတ်အနီးသွား၍
သေချာကြည့်၏။
သူကြီးဦးနောင်ချိုကြည့်နေစဥ် မောင်တိုးက…

“ဟာ…သူက အင်တိုင်းရွာကပဲဗျ…”

“သေချာလို့လားမောင်တိုးရ…”

“သေချာပါတယ်ကိုကြီးအုန်းရာ…
သူကိုအင်တိုင်းရွာမှာမြင်ဖူး…တွေ့ဖူးတယ်ဗျ…
ဒါပေမယ့်ကျုပ်နဲ့တော့ မခင်ပါဘူးဗျာ…”

“အေး…မင်းပြောတာအမှန်ဆိုရင်တော့
ငါတို့အင်တိုင်းရွာကိုလူလွှတ်ခေါ်ခိုင်းမှရမယ်ကွ…
ကဲ…မောင်အုန်း ရွာသားတစ်ယောက်လောက်အကျိူးအ​ကြောင်းပြောပြပြီးအင်တိုင်းရွာကိုလွှတ်လိုက်ကွာ…”

“ဟုတ်ကဲ့သူကြီး”

မောင်အုန်းလည်း သူကြီးခိုင်းတဲ့အတိုင်း
အင်တိုင်းရွာသို့ရွာသားတစ်ယောက်ကိုအမြန်ပင်
သွားခိုင်းလိုက်ရသည်။
မောင်မြတ်ကတော့ ရှင်ညိုကိုကြည့်၍ငြိမ်ငြိမ်လေးပင်ထိုင်နေရှာသည်။
သူကြီးဦးနောင်ချိုနဲ့ဘွားမယ်စိန်တို့သည်လည်း
အကြမ်းရေသောက်ရင်းမောင်မြတ်၏အခြေအနေကိုအကဲခတ်နေကြ၏။

ရှင်ညိုကတော့ မောင်မြတ်ကိုကြည့်ရင်း မောင်မြတ်နံဘေးသို့ရောက်သွားခဲ့သည်။
မောင်မြတ်၏ခေါင်းအ​ပေါ်သို့လက်ကိုတင်လိုက်သည်။
မောင်မြတ်ကတော့ငြိမ်၍သာနေရှာသည်။
သို့သော် ရှင်ညို၏နှုတ်မှ ဂါထာများစရွှတ်ချိန်
မောင်မြတ်၏ခန္ဓာကိုယ်သည်တုန်ရီလှုပ်ရှားလာခဲ့၏။

“အင်း…အင်းးး…ဖယ်…ဖယ်…ငါ့ကိုဖယ်…”

ဟု…တအင်းအင်းငြီးသံကြီးနှင့်အတူ…ရှင်ညိုကို
တွန်းဖယ်ပစ်နေသည်။
မောင်မြတ်သည် ရှင်ညိုအားဒေါသတကြီးပင်
တွန်းဖယ်နေသော်လည်း ရှင်ညိုကမောင်မြတ်၏ခေါင်းအပေါ်ရှိ လက်အား လုံးဝမဖယ်ဘဲ…ဂါထာများကိုအဆက်မပြတ်ရွှတ်နေခဲ့သည်။

“ဘွား…ဘာဖြစ်တာလဲဗျ”

သူကြီးဦးနောင်ချိုက ရှင်ညိုနဲ့မောင်မြတ်ကိုကြည့်၍
အံ့သြစွာမေးလေသည်။
ဒေါ်ဝင်းတို့မောင်တိုးတို့သည်က မည်သည်မှဝင်မမေး
ဝင်မပြောကြဘဲ ရပ်၍သာကြည့်နေကြ၏။

“ဒီကောင်လေးကို တစ်ယောက်ယောက်က
ပြုစားထားပုံရတယ်…အဲ့တာကိုရှင်ညိုကသိတော့
ပြုစားထားတဲ့ဟာကိုခေါ်နေတာမောင်ရင်ရဲ့”

“ခင်ဗျာ…”

သူကြီးဦးနောင်ချိုလည်းအံသြစွာပင်ကြည့်နေခဲ့တော့၏။
ထိုသို့ကြည့်နေစဥ်…

“သက်ဆိုင်တဲ့သူဝင်လာခဲ့စမ်း…
မဆိုင်တဲ့အကောင်တော့ဝင်မလာခဲ့နဲ့…
ရှင်ညိုအကြောင်းသိစေရမယ်ဟဲ့…”

ဟု…ရှင်ညိုက ပြောလိုက်သည်။
ပြီးနောက်ရှင်ညိုသည် မောင်မြတ်၏ခေါင်းပေါ်မှ
လက်ကိုဖယ်၍မောင်မြတ်ကိုအရှေ့တည့်တည့်မှ
ရပ်ကြည့်နေခဲ့သည်။

“ရောက်ပြီလား”

မောင်မြတ်၏အမူအရာကိုကြည့်၍ ရှင်ညိုမေးလိုက်တော့
မောင်မြတ်ခေါင်းကိုညိတ်သည်။

“နင်ဘယ်သူလဲ…သူနဲ့ဘယ်လိုပတ်သတ်နေတာလဲ”

“ငါကသူ့ချစ်သူ…”

“ဘယ်လို…ချစ်သူဟုတ်လား…
ဘယ်လိုချစ်သူက သူ့ကိုအခုလိုမျိုးဖြစ်အောင်
လုပ်ရက်မှာလဲ နင်မှန်မှန်ပြောစမ်း…ကဲ…
မီးပြင်းနဲ့တိုက်စမ်းဟဲ့…”

ရှင်ညိုအံကိုကြိတ်ကာပြေုရင်းဖနောင့်တစ်ချက်
မြေပေါ်သို့ဆော့ခနဲပေါက်ချလိုက်သည်။

“အင်း….အင်း….အင်း…အင်း………”

ပြုစားထားတဲ့သူကလည်း အံကိုကြိတ်၍
တင်းခံကာ ငြီးတွားနေသည်။

“အမယ်…နင်ကလည်း အတော်ထက်တဲ့ကောင်မပဲ…
ကဲ…ပြောစမ်း.. နင့်နာမည်ဘယ်သူလဲ”

ရှင်ညိုကမေးသော်လည်း မည်သို့မှမဖြေပေ။
ရှင်ညိုဒေါသထွက်လေပြီ…ချင်ချင်းပင်သူ၏
လွယ်အိတ်ထားရာအိမ်အပေါ်ထပ်သို့ အပြေးတက်သွားသည်။ အိမ်ပေါ်မှပြန်ဆင်းလာတော့
သူ၏ချည်လွယ်အိတ်လေးပါလာခဲ့၏။
ချည်လွယ်အိတ်အတွင်းမှ အင်းချထားသော
စက္ကူကိုယူ၍ မီးရှို့ပြန်သည်။
မီးရှို့ပြာချထားသည်များကိုရေဖြင့်ရော၍
မောင်မြတ်ကိုတိုက်ဖို့လုပ်သည်။
မောင်မြတ်ကအံကိုကြိတ်၍ အတင်းပင်ရုန်းကန်နေခဲ့သည်။

“သမီး… ရှင်ညို…ခဏနေပါဦး…
ဘာလို့ဒီလောက်လောနေရတာလဲအေ…
ဟိုကောင်မ…ညည်းသူမေးတာကိုမဖြေရင်သူက
ညည်းကိုအဆုံးထိလုပ်တော့မှာနော်…
ဒီအတွက်ညည်းဘက်ကခံရဲရဲ့လား…”

ဟု…မည်သည်မှဝင်မပြောခဲ့သောဘွားမယ်စိန်က
ကွပ်ပျစ်ခင်းမှဆင်းလာရင်းပြောလိုက်သည်။
ဘွားမယ်စိန်အနားရောက်လာတော့မှ ရှင်ညိုလည်း
နံဘေးကိုဖယ်ပေးရှာသည်။

“ကဲ…ညည်းနာမည်ကိုမပြောနိုင်ရင်တောင်…
ညည်းသူ့ကိုဘာကြောင့် အခုလိုရူးအောင်ပြုစားထားရ
သလဲဆိုတာတော့ ညည်းပြောအေ…”

ဟု…ဘွားမယ်စိန်ကပြောတော့ မောင်မြတ်ခေါင်းညိတ်သည်။
မောင်မြတ်ကြည့်ရတာလည်း ရှင်ညိုကိုလန့်နေပုံရသည်။

“ကျုပ်ပြောပါ့မယ်…
ဒါပေမယ့် ကျုပ်ကိုတော့ဘာမှမလုပ်ပါဘူးဆိုတဲ့
ကတိကိုအရင်ပေးကြပါ…အဲ့သည်လိုမှ
ကျုပ်ဘက်ကပြောပြနိုင်မယ်…”

ဟု…မောင်မြတ်၏နှုတ်မှ မိန်းမအသံကြီးဖြင့်ပြောတော့သည်။

“ညည်း​ဘက်က သာမခြွင်းမချန်မှန်ရာကိုပြောပေါ့အေ…
နောက်ပြီး ဘွားတို့က ဒီမောင်ရင်​လေးကိုလည်း
သူ့ရဲ့နဂိုမူလကအတိုင်းပဲပြန်ဖြစ်စေချင်တယ်…
အဲ့သည်လိုညည်းပြန်လုပ်ပေးရင်တော့ ညည်းရဲ့
ဆံပင်တစ်ချောင်းတောင်မထိပါဘူးအေ…”

“ကောင်းပြီလေ…ဒါဆိုရင်ကျုပ်ပြောပြပါ့မယ်…”

ဟု…ဘွားမယ်စိန်နဲ့ပြောရင်း မောင်မြတ်ယခုလိုဖြစ်ရသည့်
အကြောင်းအားပြန်လည်ကာပြောပြတော့သည်။

မောင်မြတ်နဲ့သူငယ်ချင်းတစ်သိုက်တို့…
ဘုရားကုန်းရွာ၏ဘုရားပွဲသို့အလည်အပတ်
ရောက်လာခဲ့သည်။
ရွာက မောင်မြတ်၏သူငယ်ချင်း နိုင်ဆွေရဲ့
ဦးလေးတို့ရွာပင်ဖြစ်သည်။
သူငယ်ချင်းများအခေါ်ကောင်း၍ ထိုရွာဘုရားပွဲသို့
မောင်မြတ်တို့ရောက်လာခဲ့ကြခြင်းဖြစ်သည်။

“တို့ရွာကဘုရားကုန်းရွာလို့ပြောတဲ့အတိုင်း
ဘုရားဟောင်းတွေကလည်းအများသားဟေ့…
ရွာရောက်တုန်းစားချင်တာ…လုပ်ချင်တာရှိရင်အားမနာနဲ့
ပွင့်ပွင့်လင်းလင်းသာပြောကြကွာ…”

နိုင်ဆွေနဲ့အစ်ကိုတစ်ဝမ်းကွဲတော်စပ်သော
ကိုကြီးအောင်က မောင်မြတ်တို့အုပ်စုကိုပြောလေသည်။
မောင်မြတ်တို့ကလည်း လူငယ်တွေပီပီရွာထဲလှည့်ပတ်သွားလာရင်း အပျော်ကြီးပျော်နေကြတော့၏။

“ကိုကြီးအောင်…ဟိုရှေ့က ကောင်မလေးနဲ့
ဟောသည်ကမောင်မြတ်တို့ မလိုက်
ဖက်ကြဘူးလားခင်ဗျ…”

“ဘယ်ကောင်မလေးတုန်းကွ…”

“ဟောဗျာ…ဟိုမှာလေ…ပန်းလေးပန်ထားတဲ့
တစ်ယောက်လေဗျာ…”

“သြော်… သူလား…သူ့နာမည်ကခင်မြမှုန်တဲ့ကွ…
ရွာရဲ့အချောဆုံးအလှဆုံး…ဘယ်သူမှအနားမကပ်ရဲဆုံးလေးပေါ့…”

“ခင်ဗျာ…ကိုကြီးအောင်စကားကြီးကဘယ်လိုကြီးလဲဗျ”

မောင်မြတ်နှင့် ခင်မြမှုန်တို့ကိုလိုက်ဖက်သည်ဟု…
သူငယ်ချင်းများကဝိုင်း၍စနောက်ကြသည်။
သို့သော် ကိုကြီးအောင်၏စကားကြောင့်အားလုံးအံ့သြသွားကြရလေသည်။

“ဟုတ်တယ်ကွ…ကောင်မလေးက အောက်လမ်းပညာတွေ
တတ်တယ်…ဒါကြောင့်တို့ရွာသားတွေအနားမကပ်ရဲဘဲ…
ဝေးဝေးကနေအနံ့ရှုနေကြရတာပေါ့ကွာ…”

“မဖြစ်နိုင်တာဗျာ…ကိုကြီးအောင်တို့က
ဘာကြောင့်သူ့ကိုအဲ့ပညာတွေတတ်တယ်လို့
ပြောရတာလဲ…”

“ဒီမှာငါ့ညီနိုင်ဆွေ…အစ်ကိုတို့က ဒီရွာမှာမွေး…
ဒီရွာမှာကြီးလာတဲ့ကောင်တွေဆိုတော့ ဒီရွာကလူတွေရဲ့အကြောင်းကိုသိတာပေါ့ကွာ…
တို့ငယ်ငယ်ကဆိုရင်ခင်မြမှုန်အဘွားက အတော်ထက်တဲ့
စုန်းမကြီးကွ…အခုသူလည်းမရှိတော့ပါဘူး
ဒါပေမယ့် သူ့ပညာတွေကိုသူ့ရဲ့တစ်ဦးထဲသောမြေးဖြစ်တဲ့
ခင်မြမှုန်ရခဲ့တယ်လို့အားလုံးကပြောနေကြတာ…
သူတို့ပြောတာလည်းဖြစ်နိုင်တယ်ကွ…တစ်ခါက
သူတို့အိမ်ခေါင်မိုးအပေါ်မှာ စုန်းမီးလုံးကြီးတစ်လုံး
ဝဲနေတာကိုငါ့မျက်စိနဲ့အသေအချာကို တွေ့ဖူးတာ…”

ကိုကြီးအောင်စကားကြောင့် မောင်မြတ်တို့အုပ်စုလည်း
ငြိမ်သွားကြတော့သည်။

“ကိုကြီးအောင်ပြောသလိုဆိုရင်…မင်းတို့နှုတ်တွေကိုလည်းသတိထားကြဦးကွ…
ငါကမင်းတို့စတာသိပေမယ့် တစ်ဖက်မိန်းကလေးကြားရင်လည်းမကောင်းဘူးလေ…နောက်ပြီးငါ့မှာက
ငါ့ချစ်သူခင်နှောင်းရှိတာကိုလည်းမင်းတို့အသိပဲ…”

ဟု…မောင်မြတ်ကပြောတော့ ငြိမ်နေသော
သူငယ်ချင်းများက…

“သိပါတယ်ကွာ…ခင်နှစ်ခင်နဲ့မောင်မောင်မြတ်တို့က
အတော်လေးလိုက်ဖက်တာ…နော့ငါ့ကောင်တွေ…”

“ဟုတ်ပါ့ကွာ…”

ဟု…ဝိုင်း၍စနောက်ကြပြန်သည်။
ကိုကြီးအောင်၏အရှေ့၌ မစနောက်ကြသော်လည်း
ကိုကြီးအောင်မရှိလျှင်ခင်မြမှုန်နှင့် မောင်မြတ်အား
စနောက်ကြလေသည်။
မောင်မြတ်တို့မှာလည်းလူငယ်တွေပီပီ ခင်မြမှုန်အား
စုန်းမ ဟု ထင်နေကြခြင်းအပေါ်၌ အယုံအကြည်
မရှိကြပေ။

ဘုရားပွဲည၌…

“ဟာ…မောင်မြတ်…ဟိုမှာ ခင်မြမှုန်ကွ…
သွား…သွား…တစ်ယောက်ထဲထင်တယ်…
စကားလေးဘာလေးလိုက်ပြောကြည့်ပါလား…”

“တော်ပါပြီကွာ…မင်းတို့ကလည်း တော်ယုံတန်ယုံပဲ
စနောက်ကြစမ်းပါ…”

“ဘာတော်တာလည်းငါ့ကောင်ရ…
သွားစမ်းပါဆိုကွာ…”

သူငယ်ချင်းများက မောင်မြတ်အားခင်မြမှုန်ဆီသို့
တွန်းပို့ကြသည်။
သူငယ်ချင်းများအပို့ကောင်း၍ မောင်မြတ်လည်း
ခင်မြမှုန်နှင့်စကားသွားပြောလေသည်။
ခင်မြမှုန်ကသူ့အား အရေးတယူလုပ်မည်မဟုတ်လောက်ဟု မောင်မြတ်ထင်မိလေသည်။
သို့သော် အထင်နှင့်လက်တွေ့ကွဲလွဲခဲ့ရ၏။
ခင်မြမှုန်သည်မောင်မြတ်အားလိုလိုလားလားပင်စကားပြန်ပြောလေသည်။
ထိုသို့ဖြင့် မောင်မြတ်တစ်ယောက် ခင်မြမှုန်နှင့်ရင်းနှီးခဲ့လေသည်။

“မောင်မြတ်…မင်းခင်မြမှုန်ကိုချစ်ရေးဆိုပြီးပြီလား”

“ငါတို့ကမိတ်ဆွေတွေလိုခင်တာပါကွာ..
ငါ့မှာချစ်ရတဲ့သူရှိနေတာကိုဘာကြောင့်ငါကသူ့ကို
ချစ်ရေးဆိုရမှာလည်း မင်းတို့ကလည်းကွာ…”

“ဟ…ချစ်သူရှိတာမိန်းမရှိတာမှမဟုတ်မောင်မြတ်ရာ…
မင်းကလည်းတုံးအလိုက်တာလွန်ရောကွာ…”

သူငယ်ချင်းများက ရွာ၌ကျန်ခဲ့သော ချစ်သူခင်နှောင်းထက် ခင်မြမှုန်နှင့်ပို၍သဘောတူကြသည်။
ခင်နှောင်းက မောင်မြတ်ကိုနိုင်သည်ဟုဆိုကာ
ခင်မြမှုန်နှင့်သာဝိုင်း၍သဘောတူနေကြခြင်းပင်။
သူငယ်ခြင်းများအပို့ကောင်း၍.မောင်မြတ်တစ်ယောက်
ခင်မြမှုန်ကိုချစ်ရေးဆိုမိလေသည်။
ခင်မြမှုန်ကလည်း မောင်မြတ်၏ချစ်ရေးဆိုမှုကို
လက်ခံလေသည်။
ချစ်သူတွေဖြစ်သွားသော်လည်း မောင်မြတ်မှာ
ခင်မြမှုန်ကိုအားနာနေမိသည်။

“မောင်…”

“ဗျာ…ပြောလေခင်…”

“မောင့်မှာ ခင့်အပြင်တခြားတစ်ယောက်များရှိနေသလား”

ခင်မြမှုန်၏အမေးကြောင့်မောင်မြတ်ခေါင်းကြီးသွားသည်။
စကားများပင်အထစ်ထစ်ဖြင့်…

“ဘာ…ဘာလို့မေးတာလည်းခင်…”

ဟု…ပြန်ကာပြောရှာသည်။

“မဟုတ်ပါဘူး…မောင်ကတစ်ရွာသားဆိုတော့
မောင့်အကြောင်းကမောင်ပြော​ပြသလောက်ပဲ
သိရတာလေ…နောက်ပြီး ခင်အခုတလောအိမ်မက်တွေမက်တယ်သိလား…အဲ့သည်အိမ်မက်ထဲမှာလေ မောင်က ခင်မမြင်ဖူးတဲ့ မိန်းကလေးတစ်ယောက်နဲ့
ပျော်ရွှင်နေတာတဲ့…ခင်ဒေါသတွေထွက်လိုက်တာမောင်ရယ်…မောင်သာအနားရှိရင် ခင်ထုရိုက်မိမှာသိလား”

“သြော်…အိမ်မက်ပဲခင်ရယ်…”

မောင်မြတ်တစ်ယောက် ခင်မြမှုန်အား ပြောနေပါသော်လည်း သူ၏စိတ်ကတော့မလုံမလဲဖြစ်နေမိသည်။
နောက်ပိုင်း၌ မောင်မြတ်တစ်ယောက် ခင်မြမှုန်ထံသို့
မသွားတော့ပေ။
ရွာသို့ပြန်ဖို့ပြင်ဆင်နေကြစဥ် တစ်ရက်မှာ​တော့…

“ကိုကြီးအောင်…ကိုကြီးအောင်တို့အိမ်က
ဧည့်သည်တွေပြန်သွားကြပြီလား”

“ဟေ…ခင်မြမှုန်…လာ…လာ..
ဝင်ခဲ့ညီမ…”

ဝိုင်းပြင်မှလှမ်းမေးသော ခင်မြမှုန်အားမြင်တော့
ကိုကြီးအောင် အံ့သြသွားသည်။
သို့သော် ခင်မြမှုန်အားအိမ်ထဲသို့ဝင်ခိုင်းလေသည်။

“ဧည့်သည်တွေမပြန်ကြသေးဘူးညီမရဲ့…
ဒါပေမယ့် မနက်ဖြန်လောက်တော့ပြန်ကြမယ်လို့ပြောတယ်….အခုတော့ ဒီကောင်တွေထန်းတော
သွားကြတယ်ဟ…”

“သြော်…ဟုတ်ကဲ့…ဒါဆိုကျုပ်လိုက်သွားလိုက်ဦးမယ်…”

“အေး…အေး…ညီမ…”

ကိုကြီးအောင်လည်း ခင်မြမှုန်နှင့်မောင်မြတ်တို့အကြောင်းကို သိထားသည်။
သို့သော်လည်း ချိုသည်ခါးသည်ဟု ဝင်၍မပြောခဲ့ပေ။

မောင်မြတ်တို့ထန်းတောမှပြန်လာရာလမ်း၌
ခင်မြမှုန်စောင့်နေခဲ့သည်။
ရွာထဲကလူများကတော့ ခင်မြမှုန်ကို ကွက်ကြည့်
ကွက်ကြည့် ဖြင့် ကြည့်သွားကြသည်။

“မောင်မြတ်…ဟိုမှာခင်မြမှုန်မလား”

“ဟင်…ဒါဆိုငါတခြားလမ်းကိုပြန်မယ်ကွာ…”

“အခုမှတော့ရှောင်မနေနဲ့တော့ကွာ…
ဟိုမှာမင်းကိုမြင်သွားပြီ…”

ရှောင်၍မရသည့်အဆုံးမောင်မြတ်တစ်ယောက်
ခင်မြမှုန်နှင့် ထိပ်တိုက်တွေ့လိုက်တော့သည်။
သူငယ်ချင်းများကတော့ မလှမ်းမကမ်း၌
စောင့်ပေးကြ၏။

“မောင်…ဘာလို့ခင်ကိုလာမတွေ့တာလည်း…
နောက်ပြီး မနက်ဖြန်မောင်တို့ပြန်တော့မှာဆို…
ဒါဘာသဘောလည်းမောင်…”

“ခင်…မောင်လေ…မောင်…ခင့်ကိုပြောစရာရှိတယ်…”

“ဘာပြောမလို့လဲမောင်…”

“ဟိုလေ…ခင်…မောင့်မှာ တကယ်တမ်းတော့
ချစ်ရတဲ့သူရှိနေတယ်ခင်…သူက မောင်တို့ရွာကပဲခင်ရဲ့…
ခင့်အပေါ်မှာမောင် မရက်စက်ချင်တော့လို့
မောင်ရှောင်နေမိတာပါခင်ရယ်….
မောင်တို့ရေစက်ကိုဒီလောက်နဲ့ပဲဖြတ်ရ
အောင်နော်ခင်…မောင်တို့လည်းမနက်ဖြန်ဆို
ရွာပြန်တော့မှာ…ခင့်ကိုမောင်တစ်ခါထဲ
နှုတ်ဆက်ခဲ့ပါတယ်နော်…”

ဟု…မောင်မြတ်ကပြောလိုက်သည်။
ခင်မြမှုန်ကတော့ မောင်မြတ်ကိုကြည့်၍
မျက်ရည်များသာကျနေခဲ့သည်။

“မောင်သွားပြီခင်…”

မောင်မြတ်ကျောခိုင်းထွက်ခွာသွားသည်အထိ
ခင်မြမှုန်သည်မောင်မြတ်ကိုမတားနိုင်ဘဲ
မျက်ရည်များသာကျနေခဲ့ရှာ၏။

ထိုညမှာပင်မောင်မြတ်ဖျားတော့သည်။
ဆေးဆရာများပင့်၍ နှစ်ရက်သုံးရက်ကုသပေးကြပြီးမှ
မောင်မြတ်သက်သာလေသည်။
သို့သော်စိတ်သည်ကပုံမှန်ပြန်ကောင်းမလာ၍
မောင်မြတ်ကို သူငယ်ချင်းများက ရွာသို့
ပြန်ခေါ်လာခဲ့ကြရသည်။

ဘွားမယ်စိန်နဲ့ရှင်ညိုတို့လည်း မောင်မြတ်၏
အကြောင်းများကိုရှင်းရှင်းလင်းလင်းသိရှိခဲ့ကြသည်။

“ဒါဆို…နင်က နင့်ကိုထားခဲ့လို့…
အခုလိုပြုစားနေတာပေါ့လေ”

ဟု…ရှင်ညိုကမေးတော့
မောင်မြတ်ခေါင်းကိုညိတ်လေသည်။

“အင်း…လူတွေကို ဒုက္ခအပေးဆုံးကတော့
အဲ့အသည်အချစ်ပဲ…အချစ်ကြောင့်…ဒုက္ခရောက်တဲ့
သူတွေအများကြီးပဲ…အခုတော့ ဒီမောင်ရင်လေးလည်း
အတူတူပဲပေါ့လေ…”

ဘွားမယ်စိန်ကခေါင်းလေးညိတ်၍ မောင်မြတ်ကိုကြည့်ကာပြောလေသည်။

“ကျုပ်သူ့ကို စိတ်နာလို့ လုပ်မိတာပါ…
တခြားတစ်ယောက်ကိုရွေးချယ်ပြီး
လက်ထပ်တော့မှာကိုကျူပ်မခံစားနိုင်လို့ပါတော်…
ဒါပေမယ့် ကျုပ်သူ့ကိုအဆုံးထိမလုပ်ရက်ပါဘူး…
ကျုပ်သူ့ကိုချစ်ပါတယ်…ချစ်လို့လည်း သေတဲ့ထိ
မလုပ်ရက်ခဲ့တာပါ…”

မောင်မြတ်ကဝမ်းနည်းစွာပြောရင်
မျက်ရည်များကျနေခဲ့သည်။

“ညည်းချစ်တယ်ဆိုရင်တော့ ညည်းချစ်တဲ့သူကို
ခွင့်လွှတ်ပေးလိုက်ပါ…အခုလိုတွေဆက်လုပ်နေရင်
သူအတွက်လည်းမကောင်းသလို…
ညည်းအတွက်လည်းမကောင်းနိုင်ဘူးအေ့…”

“ဟုတ်ကဲ့ပါအဘွား…ကျူပ်သူ့ကိုခွင့်လွှတ်ပေးပြီး
လက်လည်းလွှတ်ပေးလိုက်ပါတော့မယ်…
သူသတိဝင်လာရင်တော့ ဘုရားကုန်းရွာက
ခင်မြမှုန် သူ့ကိုမေတ္တာအစစ်နဲ့ဆက်ချစ်နေပါ့မယ်လို့
ပြောပေးပါအဘွားရယ်…”

“ကောင်းပါပြီ…ကဲ…ဒီလိုဆိုရင်ဖြင့်
ညည်းရဲ့ပညာတွေကို ထုတ်ပေးထားခဲ့တော့အေ…”

ခင်မြမှုန်က ဘွားမယ်စိန်ပြောသမျှကိုနားဝင်ရှာသည်။
မောင်မြတ်၏ကိုယ်ထဲမှ သူပြုစားထားခဲ့သမျှကိုထုတ်ပေးရှာ၏။ အားလုံးကုန်သည်အထိရှင်းလင်းပေးပြီးနောက်
ခင်မြမှုန်တစ်ယောက် မောင်မြတ်၏ကိုယ်ထဲမှ ထွက်ခွာသွားတော့သည်။

“ဒီမောင်ရင်လေးကို ကွပ်ပျစ်ပေါ်ဝိုင်းတင်ပေးလိုက်ကြဦး”

“ဟုတ်ကဲ့အဘွား”

မောင်တိုးနဲ့မောင်အုန်းတို့သည် ကွပ်ပျစ်အပေါ်သို့
မောင်မြတ်အားတွဲတင်ပေးကြ၏။
မောင်မြတ်ကတော့အားပြတ်နေဟန်ဖြင့် မျက်စိတ်များမှိတ်ကာ လှဲနေခဲ့သည်။
ဘွားမယ်စိန်က ရေတစ်ခွက်ကိုမန်းမှုတ်ပေးပြီး
မောင်မြတ်အား တိုက်လိုက်သည်။

“ဒီမှာရှိသမျှလူတွေကိုဘွားမှာထားရဦးမယ်…
ဒီမောင်ရင်လေးနဲ့ခင်မြမှုန်တို့ရဲ့အကြောင်းက်ို
ဘယ်သူ့ ဘယ်သူကိုမှမပြောပါနဲ့ကွယ်…
သူတို့တွေရေစက်ရှိသလိုရှေ့ဆက်ကြပါလိမ့်မယ်…”

ဟု…ဘွားမယ်စိန်က အားလုံးကိုပြော​လေသည်။
ခဏမျှကြာတော့ အင်တိုင်းရွာသူကြီးဦးဖိုးမှန်နှင့်
မောင်မြတ်၏မိခင်…မောင်မြတ်၏သူငယ်ချင်းများ
လိုက်လာကြလေသည်။
သူတို့ရောက်လာတော့မောင်မြတ်က
ထူထူထောင်ထောင်ပင် ဖြစ်နေပြီဖြစ်၏။
ဘွားမယ်စိန်တို့ကိုမောင်မြတ်ကလူကောင်းပကတိအတိုင်း
ကျေးဇူးတင်စကားများပြောနေသည်ကိုမြင်ကြတော့
သူတို့ခမျာအံ့သြနေကြသည်။
ဘွားမယ်စိန်ကိုလည်းမောင်မြတ်ယခုလိုပြန်လည်ကောင်းမွန်အောင် ကုသပေးလိုက်သည်ဟုထင်ပြီး
ကျေးဇူးတင်စကားများကိုဝမ်းသာအားရပင်
ပြောနေကြရှာသည်။

မောင်မြတ်တို့ပြန်သွားကြတော့ မောင်မြတ်နှင့်
ခင်မြမှုန်၏အကြောင်းလည်း တိတ်တဆိတ်ပင်
ပြီးဆုံးသွားခဲ့သည်။

သို့သော် နှစ်လမျှကြာလေတော့ မောင်မြတ်နဲ့
အမျိုးသမီးတစ်ဦးတို့ ဘွားမယ်စိန်အိမ်သို့ရောက်လာခဲ့သည်။

“အဘွားကိုကျုပ်တို့ရဲ့မင်္ဂလာဆောင်လာဖိတ်တာပါ…
အဘွားတို့တစ်မိသားစုလုံးလာခဲ့ပါဗျာ…”

ဆက်ဖတ်ရန်
https://ev.loecar.net/?go=dbc7e7e5

ဒုတိယဇနီးသည်(စ-ဆုံး)---------------------သော်တာလမင်းစန္ဒာမမိုးစံ ဆုံးပြီဟူသောသတင်းကြောင့် ကျွန်မခင်ပွန်းမျက်နှာအနည်းငယ်ည...
04/08/2025

ဒုတိယဇနီးသည်(စ-ဆုံး)
---------------------
သော်တာလမင်းစန္ဒာ

မမိုးစံ ဆုံးပြီဟူသောသတင်းကြောင့် ကျွန်မခင်ပွန်းမျက်နှာအနည်းငယ်ညိုးငယ်သွားလေသည်။ သူလည်းနှစ်ပေါင်းများစွာသံယောဇဉ်ကြောင့်အနည်းနဲ့အများတော့ခံစားရရှာပေမည်ဟုကျွန်မနားလည်မိသည်။သို့သော်လည်းနားလည်သလိုနှင့် မနာလိုစိတ်ကလေးကတော့ကပ်ပါလာစမြဲ။ ခင်ပွန်သည်၏ပျက်
ယွင်းသွားသောမျက်နှာကို အလိုမကျသလိုတစ်ချက်ကြည့်မိပြီးမှ ကိုယ့်စိတ်ကိုယ် ကိုယ်ပြန်လျော့ချလိုက်
ရသည်။

မမိုးစံဆိုသည်က ကျွန်မခင်ပွန်းကိုပြည့်ဖြိုးအောင်၏ ပထမအိမ်ထောင်ဖြစ်သည်။ မမိုးစံနှင့် ၁၃နှစ်တာပေါင်းသင်းပြီးမှစိတ်သဘောထားခြင်းမတိုက်ဆိုင်၍
ကွာရှင်းခဲ့ကြသည်။ ပထမအိမ်ထောင်နှင့် သားလေး
တစ်ယောက်လည်းရှိသည်။ သားကိုတော့မမိုးစံကခေါ်ယူစောင့်ရှောက်ထား၏။ ၎င်းတို့ကွာရှင်းပြီး နှစ်နှစ်ခန့်အကြာတွင် ကျွန်မနှင့်အကြောင်းဖန်လာပြီး လက်ထပ်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ယခုဆိုလျှင်ကျွန်မနှင့်လက်ထပ်ပေါင်းသင်းနေသည်မှာ ၃နှစ်ထဲပင်ရောက်နေချေပြီ။

လက်မထပ်ခင်ကတည်းကသူ့တွင်သားတစ်ယောက်ရှိကြောင်းပွင့်ပွင့်လင်းလင်းပြောပြခဲ့သူ၊ သူ၏အိမ်
ထောင်ရေးအတွက်စိတ်မထင့်ရလေအောင် ကျွန်မနှင့်အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီးမှ လက်ထပ်ဖြစ်ခဲ့ကြ
သည်။ သို့သော်ကျွန်မသည်လည်းလောကီသားပေမို့ တခါတရံသံသယကဖြစ်ဖြစ်ပေါ်လာတတ်သည်။ ကိုပြည့်ဖြိုးအောင်က မမိုးစံအကြောင်းကို ဘယ်သော
အခါမှထုတ်မပြောတတ်ခြင်းကြောင့် ကျွန်မ၏
စိတ်ထဲ မကြာခဏဆိုသလိုသံသယဝင်ဝင်လာရ၏။

ကျွန်မကစကားကြောင်းလမ်းသည်ပင် စကားလွှဲပစ်တတ်လေသည်။ခင်ပွန်းသည်ခပ်ဆိတ်ဆိတ်နေနေလျှင် ယခင်အိမ်ထောင်ကိုသတိများရနေသလား၊ မမိုးစံကိုလွမ်းဆွတ်နေသည်လား စသဖြင့် အတွေးများကကြီးစိုးလာခဲ့သည်။ သို့သော်ကိုပြည့်ဖြိုးအောင်က ကျွန်မစိတ်ကိုသိနေသည့်အလား အခြားအကြောင်း
အရာသို့လမ်းလွှဲသွား၍ စိတ်ထဲတွင်မြိုသိပ်ခဲ့ရသည်ကအခါခါပင်။ ထိုအခါကျွန်မစိတ်ထဲပို၍ နွမ်းလျနေမိသည်ကတော့အမှန်တကယ်ဖြစ်သည်။

သက်ရှိထင်ရှားရှိစဉ်ကပင် အသေအချာသိခွင့်မရသောအရာကိုဆုံးပါးပြီးမှ သိရှိနိုင်တော့မည်တော့မဟုတ်။ခင်ပွန်းဖြစ်သူ၏စိတ်ထဲသူမကိုပို၍တမ်းတနေမည်လား။ ထိုသို့တွေးမိလျှင် ကျွန်မစိတ်မချမ်း
သာပေ။ ကျွန်မအတ္တကြီးသည်ဟုဆိုဆို၊ ယခုအချိန်တွင်တော့ကျွန်မ၏အိမ်ထောင်ဖက်သည်ကျွန်မဘဝပင်။ အချို့သူများက ကျွန်မကို မယားငယ်ဟူသောအကြည့်ဖြင့်ကြည့်ရှုတတ်ကြသည်။ မယားငယ်
နှင့်နောက်အိမ်ထောင်မတူကြောင်းကို သဲသဲကွဲကွဲသိကြမည့်ပုံမရကြချေ။

ကိုပြည့်ဖြိုးအောင်ကွာရှင်းပြီး ၂နှစ်ကြာမှကျွန်မနှင့်ဆုံဆည်းခဲ့ခြင်းဖြစ်ကြောင်း၊ လွတ်လပ်သူဖြစ်နေ
၍ကျွန်မလက်ခံခဲ့ကြောင်း လူတော်တော်များများကို လိုက်ရှင်းပြနေရခြင်းအားကျွန်မစိတ်ပျက်ခဲ့မိသည်။
ခင်ပွန်းသည်နှင့် မမိုးစံအကြောင်းသိရှိထားသည့်လူရင်းများက ပိုဆိုးသည်။ သူတို့၏မျက်လုံးထဲတွင်ကျွန်မကို မသတီစရာကောင်းနေသလိုလို ကြည့်နေသည်အားမြင်မြင်နေရသည်။ ထို့ကြောင့်လည်း
သူတို့နှင့်မဆုံချင်သဖြင့် ကျွန်မကပင်အရင်ရှောင်ထွက်ခဲ့သည်။

"" ကိုကို... ""

ကိုပြည့်ဖြိုးအောင်က ကားသော့ကိုင်ရင်းအခန်းထဲမှထွက်လာသဖြင့်မမိုးစံဆီသွားမည်မှန်းမပြောဘဲကျွန်မသိနေခဲ့ပြီ။

"" ကိုကိုမကြာဘူး...ပြန်လာမယ်နော် ""

ကျွန်မခေါင်းငြိမ့်ပြရုံကလွဲ၍ မတားဆီးလိုက်နိုင်ပါ။ ခင်ပွန်းသည်ထွက်သွားရာသို့ငေးမောကြည့်ရင်း အိမ်တံခါးလိုက်ပိတ်လိုက်သည်။ အချိန်က ညနေ ငါးနာရီခန့်ရှိနေလေပြီ။ ခင်ပွန်းသည်အပြန်နောက်ကျမည်
ဖြစ်ပြီး ညစာပင်စားချင်မှပြန်စားပေလိမ့်မည်။ ထိုစဉ်ကျွန်မနှာခေါင်းထဲအနံ့အသက်တမျိုးကိုရလိုက်မိ၏။ ဆေးရုံနံ့လိုလို အနံ့မျိုးဖြစ်သည်။အိမ်တွင်လည်း တခါမျှပိုးသတ်ဆေးမသုံးဖူးပါဘဲနှင့် ယခုလိုအနံ့ကမည်သည့်နေရာမှလာနေမှန်းမသိပေ။

ထို့ကြောင့်အနံ့ခံရင်း လိုက်ရှာကြည့်လိုက်မိသည်။ ဆေးရုံနံ့ကအိမ်အပေါ်ထပ်တွင်ပို၍ပြင်းထန်နေ
သည်။ လှေကားမှပြေးတက်လိုက်ပြီးသေချာအောင်အနံ့ခံကြည့်လိုက်သောအခါ ခင်ပွန်းသည်၏ စာဖတ်
ခန်းဆီမှ ထွက်လာနေသည်အား အသေအချာခံစားမိလိုက်၏။ ထိုအခန်းသည် လှေကားထောင့်တွင်ရှိပြီး ခင်ပွန်းသည်မှလွှဲ၍ ကျွန်မပင် သိပ်မဝင်ရောက်ဖြစ်ချေ။ အခန်းတံခါးလက်ကိုင်ကိုလှည့်ဖွင့်ကြည့်
သည်။

လော့ပိတ်ထားသဖြင့် အခန်းသော့သွားယူရန်ပြန်လှည့်ထွက်လိုက်စဉ်"" ရှလပ်...ရှလပ် '''' ဟူသော အခန်းထဲမှစာအုပ်များလှန်နေသံကိုနားဖြင့်ဆတ်
ဆတ်ကြားလိုက်ရတော့သည်။ ယခုအိမ်ကြီးတွင် ကျွန်မနှင့်ခင်ပွန်းသည်နှစ်ယောက်တည်းသာနေထိုင်ကြသည်ဖြစ်ရာ ကျွန်မတို့၌ သားသမီးလည်းမရှိ၊ အိမ်မွေးတိရိ စ္ဆာန်လည်းမရှိ၊ အိမ်အကူဝေးစွ၊မိဘ
များပင်လာရောက်နေထိုင်ခြင်းမရှိခဲ့ပေ။ ဤသည်ကို အခန်းထဲ၌စာရွက်တဖျတ်ဖျတ်လှန်နေသံက မည်ကဲ့သို့ထွက်ပေါ်နေမှန်းစဉ်းစားမရတော့။

ကျွန်မခေါင်းထဲသူခိုးများလားဟူသောအသိကြောင့် ခြေသံလုံလုံဖြင့်အိမ်အောက်ထပ်သို့အမြန်ဆင်းပြေးပြီး အခန်းသော့ယူလာခဲ့လိုက်သည်။ အခန်းသော့နှင့်အတူ လိုရမယ်ရ ဂေါက်ရိုက်တံပါယူလာခဲ့၏။အခန်း
နှင့်နီးလာလေ ဆေးရုံအနံ့ကပို၍နံလာလေ။ သော့ကိုလှည့်ဖွင့်ပြီးတံခါးကိုအမြန်ဖွင့်ကြည့်လိုက်သည်။ ကျွန်မခြေထောက်နားသို့စားပွဲပေါ်မှစာအုပ်တစ်အုပ်ပြုတ်ကျလာလေ၏။ အံ့သြစွာပင် အခန်းထဲ၌သက်ရှိတစုံတရာမရှိပါဘဲ စာအုပ်စင်မှစာအုပ်များပြန့်ကျဲနေလေသည်။

ခြေထောက်နားကျနေသည့်စာအုပ်ကိုကောက်ကိုင်လိုက်သည့်အခါအချစ်ဝတ္တုစာအုပ်လေးတစ်အုပ်ဖြစ်နေ၏။ ထိုစာအုပ်ကိုဖွင့်ကြည့်လိုက်မိသည်။ စာအုပ်ကြားထဲ၌ဓါတ်ပုံလေးတစ်ပုံ။ ဓါတ်ပုံထဲတွင်မမိုးစံက အင်္ကျီအဖြူရောင်လေးဝတ်ကာ ရယ်မောနေ၏။ ဓါတ်ပုံ၏ကျောဖက်ကိုကြည့်လိုက်သည့်အခါ ရက်စွဲတစ်ခုကို မညီမညာသောလက်ရေးဖြင့်ရေးသားထားသည်။ '' 14.11.70 '' ဟူသောနေ့ရက်ပင်။ ရက်စွဲ
၏အောက်တွင် '' မမေ့နှင့် '' ဟုလည်းရေးသားထားလေသည်။ကျွန်မလည်း စာဖတ်ခန်းသို့ဝင်ရောက်ခဲ့ခြင်းကို ခင်ပွန်းသည်အားမသိရှိစေလိုပေ။ သို့နှင့်စာအုပ်စင်ထဲ ပြုတ်ကျနေသည့်စာအုပ်များကို စီစီ
ရီရီပြန်ထည့်လိုက်၏။ အခန်းတံခါးပြန်ပိတ်လိုက်သည့်အခါ ထူးဆန်းစွာပင် ဆေးရုံနံ့ကပျောက်ကွယ်သွားလေသည်။

မမိုးစံ၏ဓါတ်ပုံလေးကိုတော့ယူလာပြီး ကျွန်မဖွက်ထားမိသည်။ ကျွန်မအတွေးထဲ လူမရှိဘဲစာအုပ်များပြုတ်ကျနေခြင်း၊ စာရွက်လှန်သံများကြားရခြင်းတို့ကိုပြန်တွေးနေမိသည်။ သရဲများခြောက်သလားဟုစဉ်းစားမိသောအခါ ခေါင်းနဘန်းကြီးလာသလိုလိုဖြစ်လာရ၏။ ကြက်သီးများတဖြန်းဖြန်းထလာသလိုခံစားမိသဖြင့် ထိုအဖြစ်အပျက်ကိုမေ့ဖျောက်ကာ မီးဖိုခန်းသို့ဝင်ပြီး ခေါက်ဆွဲပြုတ်နေလိုက်၏။ ခေါက်ဆွဲပြုတ်ပြီး ပန်းကန်ကိုလင်ဗန်းထဲထည့်ကာ TV ရှေ့သို့ယူလာခဲ့သည်။

DVD စက်ထဲ ကိုရီးယားဇာတ်လမ်းတွဲခွေထည့်ပြီးဖွင့်ကြည့်နေ၏။ခေါက်ဆွဲပြုတ်လင်ဗန်းလေးကိုဘေးတွင်ချထားသည်။ ဇာတ်လမ်းကဆွဲဆောင်၍ခေါ်သွားသဖြင့်ခေါက်ဆွဲပြုတ်စားဖို့တောင်မေ့နေသ
ဖြင့် ကျွန်မ၏လက်က ခေါက်ဆွဲပန်းကန်ရှိတူသို့လက်လှမ်းလိုက်ပြီးမျက်နှာက TV သို့သာငေးနေမိသည်။ ကျွန်မ ခေါက်ဆွဲစားရန်တူကိုကိုင်လိုက်သော်လည်း တူမဟုတ်သော အေးစက်စက်လက်တစ်
ဖက်ကို စမ်းမိလိုက်လေတော့သည်။ အလွန်ထိတ်
လန့်သဖြင့် လှည့်ကြည့်လိုက်သောအခါ မမိုးစံသည် သွေးဆုပ်ဖြူလျော့နေသောမျက်နှာဖြင့် ကျွန်မဘေးတွင်ထိုင်နေသည်ကို တွေ့မြင်လိုက်ရတော့သည်။

ကျွန်မနှလုံးသွေးများဆူပွက်ကာ တစ်ကိုယ်လုံးတုန်ယင်လာပြီးလည်ချောင်းမှအသံပင်ထွက်မလာတော့ပေ။ ကြောက်ရွံ့လွန်းသဖြင့်ထိုင်နေရာမှထရပ်ကာပြေးသော်လည်းထိုနေရာမှတလှမ်းမှရွေ့မရ
နေချေ။ ခေါက်ဆွဲပန်းကန်ပင်ကြောက်လန့်တကြားဖြင့်တွန်းထုတ်မိ၍ ကော်ဇောပေါ်တွင်ခေါက်ဆွဲပြုတ်ရည်များပေကျံနေပေပြီ။ မမိုးစံသည် ကျွန်မကိုစူးစိုက်ကြည့်နေသည်။ ကျွန်မတစ်ကိုယ်လုံးချွေးစေး
များပျံနေပြီး သူမကိုကြည့်နေမိ၏။ သူမတစုံတခုကိုပြောနေသလိုပင်။ကျွန်မကောင်းစွာမကြားရပါ။ သူမ ထိုစကားကိုသာထပ်ခါထပ်ခါပြောနေသဖြင့် သေချာစွာနားထောင်ကြည့်မိသောအခါ....

"" သွား....သွား... သွား....""

ထိုအခါမှ ကျွန်မအားကုန်သုံးပြီးအော်ဟစ်ပစ်လိုက်မိတော့သည်။မည်မျှကျယ်လောင်စွာအော်ဟစ်မိသည်မသိ။ မျက်စိစုံမှိတ်ကာအော်နေရင်း မျက်လုံးဖွင့်ကြည့်သောအခါ မမိုးစံမရှိတော့ချေ။ ကျွန်မထို
နေရာမှ ကမန်းကတန်းထထွက်ပြီး ကားသော့နှင့် မမိုးစံဓါတ်ပုံကိုယူကာ အိမ်ထဲမှထွက်လာခဲ့၏။ ခြံတံခါးပိတ်ဖို့ပင်မစဉ်းစားနိုင်တော့။ကားကိုအမြန်မောင်းထွက်လာခဲ့မိသည်။ ကိုပြည့်ဖြိုးအောင် ကိုဖုန်း
ခေါ်သော်လည်း ဖုန်းမကိုင်သဖြင့် မမိုးစံအသုဘသို့လိုက်သွားရန်ဆုံးဖြတ်လိုက်တော့သည်။

ကျွန်မနှင့်မမိုးစံမှာ အပြင်တွင်တစ်ခါသာဆုံတွေ့ဖူးသည်။ ကျွန်မတို့ကြားတွင် ပထမအိမ်ထောင်၊ ဒုတိယအိမ်ထောင်ဟူသောကွာခြားချက်ကလွဲပြီး မည်သည့်အငြိုးအတေးမှမရှိခဲ့ချေ။ စကားပင်နှစ်ခွန်း၊သုံးခွန်းသာပြောဖူးသည်။ ဤသည်ကိုအဘယ်အကြောင်းကြောင့်ကျွန်မထံလာရောက်ခြောက်လှန့်နေသနည်း။ ကျွန်မစဉ်းစားမရနေပေ။ခင်ပွန်းသည်ထံလာရောက်ခြင်းလော။ ထိုသို့ဆိုလျှင်ခင်ပွန်းသည်
ထွက်သွားပြီးမှ ကျွန်မကိုခြောက်လှန့်ခြင်းမှာအဘယ်အကြောင်းကြောင့်နည်း။ ကျွန်မတွင်အတွေးများစွာဖြင့်မမိုးစံအိမ်သို့ရောက်လာခဲ့သည်။

အိမ်ရှေ့၌ခင်ပွန်းသည်၏ကားကိုရှာကြည့်သော်
လည်းမတွေ့နေပေ။မမိုးစံအိမ်ထဲ ခပ်တည်တည်ပင်ဝင်ခဲ့လိုက်သည်။ ညဝတ်အင်္ကျီဖိုသီဖပ်သီနှင့် ချွေးတလုံးလုံးဖြစ်နေသောကျွန်မကို မမိုးစံဖက်ကအသိုင်းအဝန်းဆွေမျိုးမိတ်ဆွေများကဝိုင်းကြည့်နေကြသည်။ ကျွန်မက စိတ်ကိုတင်းကာ...

"" ကိုပြည့်ဖြိုးအောင်... ရောဟင်... ""

"" ပြန်သွားတာကြာပြီ "''

"" ရှင်... ""

ခင်ပွန်းသည်ကပြန်သွားပြီဆိုလျှင် ထိုနေရာ၌ကျွန်မမည်ကဲ့သို့ဆက်ထိုင်ရမည်မှန်းမသိ။ သို့သော် မမိုးစံ၏ရုပ်အလောင်းကိုတော့ ကြည့်ချင်မိသည်။ အလောင်းစင်မှန်နားသို့သွားကာ မမိုးစံကိုငုံ့ကြည့်လိုက်သည်။ ကျွန်မအာခေါင်ပင်ခြောက်ကပ်လာခဲ့ရ၏။ သူမယခုဝတ်ဆင်ထားသောအဝတ်ဖြင့် ခုနကကျွန်မနံဘေးတွင်ထိုင်နေသည်မဟုတ်ပါလား။

"" မမိုးစံ... ဘာရောဂါနဲ့ဆုံးတာလဲရှင့် ""

သူတို့အိမ်ကပြောပြချင်ဟန်မရပေ။ မမိုးစံ၏အဒေါ်က ကျွန်မနားကပ်ကာ ခပ်တိုးတိုးပြောသည်။

"" ရေချိုးကန်ထဲမှာ အသက်မဲ့နေတာတွေ့တာပဲ... ''''

"" ဘယ်လို... ဘာဖြစ်လို့လဲ ""

"" သေချာမသိရသေးဘူး... အမှုတော့ဖွင့်ထား
တယ်... '''''

"" အသတ်ခံရတာလား... အလောင်းကိုအိမ်ပြန်သယ်လာကြတာလား ""

ကျွန်မသိချင်သည်များကိုတရစပ်မေးနေမိသည်။

"" အသတ်ခံရတဲ့လက္ခဏာလိုတွေ့တယ်ပြောတယ်... စုံစမ်းနေကြတုန်းပဲ... အလောင်းကိုရင်ခွဲရုံကနေအိမ်ပြန်သယ်လာတာ...ဖြိုးသူရလေး...သူ့အမေနောက်ဆုံးအချိန်ကန်တော့ရအောင်လို့ပါ ""

"" အော်... ''''

သားဖြစ်သူက စင်္ကာပူတွင်ကျောင်းတက်နေသဖြင့် နောက်ဆုံးအချိန်မှီအောင် စောင့်နေပေးခြင်းဖြစ်
သည်။ ကျွန်မလည်း စိတ်မကောင်းကြောင်းပြောပြီးပြန်လာသော်လည်း ထိုအိမ်မှလူများသည် ကျွန်မ
ကို ကြည့်ကာ တီးတိုးတီးတိုးအတင်းပြောနေသည့်ဟန်ရှိသည်။ ကျွန်မလည်းမမြင်ချင်ယောင်ဆောင်ပြီး ထွက်လာခဲ့၏။ ကားစက်နိုးရင်းခင်ပွန်းသည်ကိုဖုန်းထပ်ခေါ်ကြည့်သည်။ ဖုန်းမကိုင်ချေ။ ကျွန်မအိမ်
သို့ပြန်ရန်ကြောက်ရွံ့မိနေမိသည်။သို့သော်မပြန်၍
လည်းမဖြစ်။

အားတင်းကာ အိမ်သို့ပြန်မောင်းလာခဲ့၏။ ကားပေါ်တွင်အနံ့ထပ်ရပြန်ပြီ။ ယခုအခါပုပ်အဲအဲအနံ့ပင်။ ကျောရိုးထဲစိမ့်နေအောင်အေးခဲလာသလိုလိုခံစားလိုက်ရသည်။ နောက်ကြည့်မှန်မှကားနောက်ခန်း
ဆီသို့မဝံ့မရဲလှမ်းကြည့်မိ၏။ ကားပေါ်တွင်တော့မည်သည်မှမတွေ့။သို့သော်ပုပ်အဲအဲအနံ့ကအိမ်ထိလိုက်ပါလာသည်။ အိမ်သို့ရောက်သောအခါ ခင်ပွန်းသည်၏ကားရပ်ထားသည်ကိုတွေ့သဖြင့် ဝမ်းသာ
သွားမိတော့သည်။ အိမ်ထဲဝင်ပြီး...

"" ကိုကို...ကိုကို... ""

ကျွန်မကတကြော်ကြော်အော်ခေါ်နေစဉ် အိမ်တံခါးကအနောက်ဖက်မှပိတ်သွားလေသည်။ ကျွန်မလှည့်ကြည့်လိုက်သောအခါ ခင်ပွန်းသည်က အိမ်တံခါးပိတ်လိုက်သည်ကိုတွေ့လိုက်ရသည်။

"" ကိုကို... သဲလေ... တစ်ယောက်တည်းမနေရဲလို့... "''

"" မင်းငါ့ကို checking လိုက်နေတာဘယ်လောက်ကြာနေပြီလဲ "''

"" ဟင်... ကိုကိုဘာတွေပြောနေတာလဲ ''''

"" ငါ့ကိုမယုံမကြည်ဖြစ်ပြီးတိတ်တိတ်လေးလိုက်စုံစမ်းနေတယ်...ခုဘာတွေသိခဲ့ပြီလဲ...ပြောစမ်း... ""

"" သဲကဘာတွေသိမှာလဲကိုကိုရဲ့... ခုနကသရဲခြောက်လို့ ""

"" ဓါတ်ပုံဘယ်မှာလဲ ""

ခင်ပွန်းသည်၏ပုံသဏ္ဍာန်မှာအေးစက်စက်နိုင်ပြီးကြောက်စရာကောင်းနေသည်။ ကျွန်မ စာဖတ်ခန်းထဲဝင်ပြီးဓါတ်ပုံယူလာခြင်းကိုမည်ကဲ့သို့သိသွားသည်မသိပေ။

"" ဓါတ်ပုံ ဘယ်မှာလဲ မေးနေတယ်လေ ""

ကျွန်မလည်း အချိုးပြောင်းနေသောခင်ပွန်းသည်ကိုအရိပ်အကဲကြည့်ရင်း အင်္ကျီအိတ်ကပ်ထဲမှ မမိုးစံဓါတ်ပုံလေးကိုထုတ်ပေးလိုက်သည်။

"" ဟက်...ဟက်... ''''

ခင်ပွန်းသည်က ဓါတ်ပုံကိုယူပြီးရယ်နေသည်။ ကျွန်မ
စိတ်ထဲအမျိုးအမည်မသိတစုံတရာကိုခံစားနေရကာ ရင်တထိတ်ထိတ်ဖြစ်ပေါ်လာ၏။

"" ကိုကို... စာဖတ်ခန်းထဲ သဲ တမင်ဝင်တာမဟုတ်ပါဘူး...စာအုပ်တွေပြုတ်ကျသံကြားလို့ ""

"" နင်ဘာတွေထပ်သိထားလဲ ""

"" ဘာကိုလဲ ကိုကို ""

ကျွန်မနားမလည်ပါ။ ခင်ပွန်းဖြစ်သူဘာတွေပြောနေမှန်းလဲမသိ။

"" နင်လည်း မိုးစံနောက်လိုက်သွားချိန်ရောက်ပြီထင်တယ် ""

သူ၏အသံက ခြောက်ကပ်ကပ်ရှတတဖြစ်နေပြီး အလွန်ပင်ထိတ်လန့်ဖွယ်ကောင်းနေသည်။

"" နင်အရမ်းသိချင်နေတာလေ... ငါနဲ့မိုးစံဘာလို့ကွာရှင်းလဲဆိုတာ...အခုငါ့သားဆိုတာကလည်း ငါ့ကလေးမဟုတ်ဘူး... သူဗိုက်တစ်လုံးနဲ့ဒုက္ခရောက်နေတုန်း သူ့အဖေကငါ့ကိုလှည်းကျိုးထမ်းခိုင်းခဲ့တာ...
ငါသိပ်စိတ်ကျဉ်းကြပ်လွန်းလို့မရမကကွဲခဲ့တယ်... ကွာရှင်းပြီးနင်နဲ့ယူပြီးမှ ငါသိခဲ့တာ... သူ့အဖေကသူ့အတွက် ရွှေချောင်းတွေတော်တော်များများထားခဲ့တယ်ဆိုတာပဲ... သူကထားခဲ့တဲ့နေရာသိတယ်...
ဒါပေမယ့် မီးခံသေတ္တာလျို့ဝှက်နံပါတ်ကမရှိဘူး... သူ့အဖေက နှလုံးဖောက်ပြီးဆုံးသွားပြီ... သူ့ဆီကရတာဆိုလို့ မိုးစံရဲ့ဓါတ်ပုံတစ်ပုံပဲရှိတယ်... ငါနှစ်တွေအကြာကြီးသူများကလေးအဖေအနေနဲ့နေပေးခဲ့ရတာတွေ... ငါဘာပြန်ရသလဲ... ""

ကိုပြည့်ဖြိုးအောင်မှာ သရဲသဘက်စီးသလိုကြောက်
မက်ဖွယ်ကောင်းနေချေပြီ။ သူ၏အသံမှာ ဒေါသနှင့်အလိုရမက်များဖုံးလွှမ်းနေ၏။

"" ဒါကြောင့် ဟိုညကငါ မိုးစံဆီသွားတယ်...အိမ်မှာဘယ်သူမှမရှိချိန်သွားတာ... သူကငါ့ကိုမီးခံသေတ္တာနံပါတ်မပေးဘူး... ငါချော့ပြောပြီးတောင်းတယ်... မရဘူး... အဲ့ဒါနဲ့ ခြောက်လိုက်တာရေချိုးကန်ထဲခေါင်းနှစ်ထားတာနဲနဲကြာသွားတယ်... တောက်...""

"" ရှင်... ရှင်... လူသတ်သမား... ""

"" အေ... နင့်ပါးစပ်ကိုပိတ်ထားမလား... ငါပိတ်ပေးရမလား...ဟမ်""

ထိုသို့ကြောက်မက်ဖွယ်ကောင်းအောင်ပြောနေပြီးမှ သူ၏အသံကပြန်လည်ပျော့ပြောင်းသွားသည်။

"သဲ...ကိုကိုပြောမယ်... ဒီရွှေချောင်းတွေရရင်...ကိုကိုတို့ဘာအလုပ်မှလုပ်နေစရာမလိုတော့ဘူး အေးအေး
ဆေးဆေးနေနေရုံပဲ... သဲလည်း ကိုကို့ကိုကူပြီး ရှာကူပါသဲရယ်...နော်... ""

ခင်ပွန်းသည်က ကျွန်မကိုအပျော့ဆွဲနေချေပြီ။ ၁၃
နှစ်တာပေါင်းသင်းလာသောမိန်းမကိုတောင် သတ်ပစ်လိုက်နိုင်လျှင် ၃နှစ်သာရှိသေးသည့် ကျွန်မတို့အိမ်ထောင်ရေးကိုလည်း အစဖျောက်ပစ်နိုင်ပေလိမ့်
မည်။ ကျွန်မချွေးစေးများပျံလာပြီး မည်ကဲ့သို့လုပ်ရမည်ကိုစဉ်းစားမရတော့ပေ။

"" သဲ...သဲက မိုးစံအိမ်ကို ဝင်ထွက်ပြီး စုံစမ်းပေးပါကွာနော်...မိုးစံသေတာလူသတ်မှုဆိုပြီး အရမ်းစစ်
ဆေးနေလို့... ကိုကိုသွားလို့မဖြစ်လို့ပါသဲရာ... ""

ခင်ပွန်းသည်မှာ ကျွန်မကိုချစ်ခင်၍အလျော့ပေးနေခြင်းမဟုတ်ချေ။လူသတ်တရားခံအဖြစ်ဖမ်းမိသွားမည်စိုး၍ ကျွန်မကိုအသုံးချနေခြင်းပင်။

"" ဝုန်း ''''

ကျွန်မတို့အခန်းတံခါးသည်ရုတ်တရက်ပွင့်သွားလေသည်။ ကိုပြည့်ဖြိုးအောင်နှင့်ကျွန်မထိတ်လန့်စွာဖြင့်အခန်းထဲသို့လှည့်ကြည့်မိလိုက်၏။အခန်းထဲမှ ပုပ်အဲအဲအနံ့အသက်ကပြင်းထန်စွာထွက်ရှိလာသည်။
ကျွန်မတို့လည်း ခြေလှမ်းကိုဖြည်းဖြည်းချင်းလှမ်းကာ အခန်းထဲကြည့်လိုက်သည်။ အခန်းမျက်နှာကျတ်ပေါ်မှ ဇောက်ထိုးကြီးဖြင့် ကျွန်မတို့နှစ်
ယောက်ကိုကြည့်နေသော မမိုးစံကိုတွေ့လိုက်ရလေတော့သည်။

ကျွန်မသည်ကြောက်လန့်လွန်းသဖြင့် ဒူးနှစ်ဖက်ပင်ပျော့ခွေကျသွားရသည်။ ခင်ပွန်းဖြစ်သူကတော့ ဒေါသတကြီးဖြင့် တွေ့ရာပစ္စည်းများဖြင့် အခန်းမျက်နှာကျတ်ကို ကောက်ပစ်နေလေသည်။ ကျွန်မလည်းတုန်ယင်နေသောခြေအစုံကို အားတင်းကာအိမ်ထဲမှထွက်ပြေးလာရင်း ဖုန်းခေါ်လိုက်သည်။

"" ဟဲလို... စခန်းကပါလား... မမိုးစံလူသတ်မှု သတင်းပေးချင်လို့ပါ...သတ်တဲ့သူက...က... ကိုပြည့်ဖြိုး...အောင်... အား...""

ခင်ပွန်းသည်က ဖုန်းကိုလှမ်းယူပြီး ကျွန်မဆံပင်ကိုဆောင့်ဆွဲကာအိမ်ထဲသို့ဆွဲခေါ်ဝင်လာသည်။ ကျွန်မ မရုန်းနိုင်ဘဲ ပါသွားရ၏။ကျွန်မမျက်နှာကို လက်သီးဖြင့် သုံးလေးချက်ဆင့်ထိုးလာသည်။ကျွန်မ လုံးဝမလှုပ်နိုင်တော့ချေ။ ကြမ်းပြင်ပေါ်တွင်မျော့မျော့လေး
သာ လဲကျနေ၏။ ကျွန်မ မျက်လုံးထဲတွင် ဝိုးတဝါးပုံရိပ်များက တိုးဝင်လာခဲ့သည်။

မမိုးစံသည် ကိုပြည့်ဖြိုးအောင်၏ နောက်ကျောဖက်သို့ခုန်တက်ကာပုခုံးပေါ်တက်ခွထား၏။ ထို့နောက်... သူမ၏လက်နှစ်ဖက်ဖြင့် ဂျွတ်ကနဲ ဇက်ကိုချိုးပစ်
လိုက်လေသည်။ ထိုမြင်ကွင်းအပြီး ကျွန်မလည်း
လောကကြီးနှင့်အဆက်ပြတ်သွားလေတော့သည်။

ကျွန်မသတိရလာသောအခါ ဆေးရုံပေါ်တွင်ဖြစ်
သည်။ ကျွန်မသတိရပြီး အမှုအတွက်အစစ်ဆေးခံရသည်။ ကျွန်မပြောပြသည်ကိုယုံကြည်ကြမည်တော့မဟုတ်ချေ။ သို့သော်ကျွန်မအမှန်အတိုင်းသာပြောပြ
ခဲ့သည်။ အမှုစစ်များကတော့ ကိုပြည့်ဖြိုးအောင်ကကျွန်မကိုရိုက်နှက်ပြီး ကျွန်မလဲကျချိန်လောက်တွင် သူလည်းအုတ်လှေကားပေါ်ခြေချော်ကျကာ ဇက်ကျိုးပြီးသေဆုံးသည်ဟု ကောက်ချက်ချကြသည်။ ကိုပြည့်ဖြိုးအောင်ကို မမိုးစံက ကျွန်မနံဘေးတွင်ဇက်ချိုးလိုက်သည်ကိုတွေ့မြင်ခဲ့သော်လည်း ကိုပြည့်ဖြိုးအောင်၏အလောင်းကိုမူ အိမ်နောက်ဖေးအုတ်လှေကား၌ရှာတွေ့ခဲ့သည်ဟုပြောကြသည်။

ကျွန်မလည်းသို့လောသို့လောနှင့်စဉ်းစားမရခဲ့ပေ။ ထိုညကကျွန်မအိပ်မက်မက်ခဲ့သည်။ မမိုးစံသည် ကျွန်မထံလာကာ...

"" ညီမရေ... ဓါတ်ပုံနောက်က ရက်စွဲလေးကို ဓါတ်ပုံထည့်ထားတဲ့စာအုပ်လေးနဲ့တိုက်ကြည့်ပါနော်... အစ်မအတွက်လည်းအလှူလုပ်ပေးပါ... ညီမလည်းတချို့တဝက်ယူပါ... သားလေးကိုလည်းပေးပေးပါညီမရယ် ""

သူမ ကျွန်မကိုယုံကြည်သည်လားမသိ။ သူ့ဖခင်မဆုံးပါးခင်ကကိုပြည့်ဖြိုးအောင်ကို မယုံမကြည်ဖြစ်မိ၍ လျို့ဝှက်နံပါတ်ကို ဝှက်ထားခဲ့ခြင်းဖြစ်ပေမည်။ ကံမကောင်းစွာဖြင့်နှလုံးဖောက်ပြီးဆုံးပါးခါနီးတွင်
ထိုဝတ္တုစာအုပ်ကိုသာ တောင်းနေသဖြင့် ကိုပြည့်ဖြိုးအောင်က ရိပ်မိပြီး ယူထားခဲ့ခြင်းဖြစ်၏။ မမိုးစံက
တော့ ဖွင့်မရသည့် မီးခံသေတ္တာကြီးသာထိုင်ကြည့်နေခဲ့ရသည်။ မီးခံသေတ္တာဖွင့်နိုင်သူများကိုအကူ
အညီတောင်းသော်လည်းဘယ်လိုမှဖွင့်မရခဲ့။ ထို့
ကြောင့်လျို့ဝှက်နံပါတ်ကို ရှာဖွေကြတော့သည်။

ကျွန်မအိမ်သို့ပြန်ရောက်သောအခါ စာဖတ်ခန်းမှ ဝတ္ထုစာအုပ်ကိုရှာကြည့်လိုက်သည်။ ထို့နောက် ဓါတ်ပုံနောက်ကျောတွင်ရေးထားသည့်အတိုင်းစာမျက်နှာများဖွင့်လိုက်သည်။ 14.11.70 ဖြစ်သဖြင့်စာမျက်
နှာ 14 ကိုဖွင့်ကြည့်လိုက်သည်။ စံပါယ်၂၄ ပွင့်ဆို
သည်တွင်၂၄ ကိုမျဉ်းတားထား၏။ တဖန် စာမျက်နှာ 11 ကိုဖွင့်ကြည့်လိုက်သည်။ ငါးလေးတွေ ဆိုသည်၌ ငါးလေးကိုမျဉ်းတားထားပြန်သည်။စာမျက်နှာ 70 ကိုလှန်လျောကြည့်သည့်အခါ ဆယ့်နှစ်နာရီ ကိုမျဉ်း
တားထားလေသည်။

ထိုဂဏန်းများကိုစီလိုက်သည့်အခါ ၂၄၅၄၁၂ ဆိုသည့်နံပါတ်ကိုရရှိလာခဲ့သည်။ နံပါတ်များကိုမှတ်ယူပြီး မမိုးစံ၏ သားကိုသွားတွေ့ဆုံကာရှင်းပြပြောဆိုခဲ့သည်။ မမိုးစံ၏သားကလည်းသဘောတူသဖြင့် မီးခံသေတ္တာကိုဖွင့်ကြည့်သည့်အခါ ဖွင့်၍ရသွားတော့သည်။သေတ္တာထဲတွင် ရွှေချောင်းအချို့နှင့်အတူ လက်ဝတ်ရတနာများကိုတွေ့ရသည်။

မမိုးစံအတွက်အလှူဒါနပြုလုပ်ပေးပါဟုမှာခဲ့ပြီး ကျွန်မပြန်လာခဲ့၏။သူတစ်ပါး၏ပစ္စည်းကိုတပ်မက်မိခြင်းမျိုးမဖြစ်အောင် ကျွန်မကြိုးစားထိန်းသိမ်းနိုင်ခဲ့ပေပြီ။ မမိုးစံကတော့အိပ်မက်ထဲတွင်ကျွန်မကိုလာ
နှုတ်ဆက်သွားပြန်သည်။ ကျွန်မနှင့်မမိုးစံက ပထမအိမ်ထောင်၊ဒုတိယအိမ်ထောင်ဖြစ်လင့်ကစား အမုန်းတရားမရှိခဲ့။ အမုန်းတရားဟူသည်က ကိုယ်ကိုယ်
တိုင်ရှာဖွေနေကြခြင်းဟုပင်ကျွန်မထင်မြင်မိသည်။ မုန်းတီးမှုများမရှိလေ စိတ်၏ငြိမ်းချမ်းခြင်းကိုရရှိလေ။ အလိုရမက်လောဘများလျော့နည်းလေ စိတ်
၏ချမ်းသာခြင်းပြည့်စုံလေပင်မဟုတ်ပါလား။ ယခုအချိန်တွင်တော့ ကျွန်မသည်သံဝေဂများရကာ အရာရာကိုနားလည်ပေးတတ်သူဖြစ်နေခဲ့လေပြီ။အများသူငှါ မဲ့ရွဲ့ပြီး ဒုတိယဇနီး ဟုပြောဆိုစေကာမူ ကျွန်မနှင့် မမိုးစံအတွက်သက်ရောက်မှုမရှိနိုင်တော့ချေ။ ကျွန်မ ဒုတိယဇနီးသည်ပါ။

သော်တာလမင်းစန္ဒာ

ที่อยู่

Phasi Charoen
Bangkok
10160

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Create your mindผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์