10/05/2026
ဂျိုရှူအာဗန် ဂျပန်ဖိုက်တာကို ဒိုင်ပွဲရပ်နဲ့အနိုင်ယူပြီး UFC ချန်ပီယံခါးပတ် ကာကွယ်နိုင်
UFC 328 ပွဲမှာ မြန်မာ MMA ဖိုက်တာ ဂျိုရှူအာဗန်ဟာ ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာကို ငါးချီမြောက်မှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ယူပြီး Flyweight ချန်ပီယံခါးပတ်ကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ပါတယ်။ Co-Main Event အဖြစ် ထိုးသတ်ခဲ့တဲ့ ဒီပွဲမှာ ဗန်ရဲ့ လက်သီးထိုးချက်တွေက တိကျမြန်ဆန်ခဲ့သလို တိုင်ရာရဲ့ ချုပ်ကွက်တွေကိုလည်း ကောင်းကောင်းတန်ပြန်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂျပန်ဖိုက်တာ တိုင်ရာရဲ့ အထိုးခံနိုင်စွမ်းကလည်း အားရစရာကောင်းခဲ့ပြီး ပရိသတ်တွေ အကြိုက်တွေ့စေတဲ့ ပွဲကောင်းတပွဲ ဖြစ်ခဲ့ပါတယ်။ ဒီအနိုင်ပွဲနဲ့အတူ ဂျိုရှူအာဗန်ဟာ UFC Flyweight တန်းရဲ့ အကောင်းဆုံးဖိုက်တာတစ်ဦးဖြစ်ကြောင်း ထပ်မံသက်သေပြနိုင်ခဲ့ပါတယ်။ 🔥🥊