Sawasdee News ထိုင်းနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ သတင်းတွေနဲ့ ထိုင်းရောက်ရွှေမြန်မာတို့တွက် အထွေထွေဗဟုသုတတွေကိုတင်ဆက်ပေးမှာ ဖြစ်ပါတယ်။🤗

ဟိုတယ်ဆိုတာ ခရီးသွားတွေ စိတ်အေးချမ်းသာ နားခိုဖို့နေရာ ဖြစ်ရမှာပါ။ ဒါပေမဲ့ ထိုင်းနိုင်ငံ၊ ကန်ချနပူရီမြို့က ဟိုတယ်တစ်ခုမှာ...
16/06/2026

ဟိုတယ်ဆိုတာ ခရီးသွားတွေ စိတ်အေးချမ်းသာ နားခိုဖို့နေရာ ဖြစ်ရမှာပါ။ ဒါပေမဲ့ ထိုင်းနိုင်ငံ၊ ကန်ချနပူရီမြို့က ဟိုတယ်တစ်ခုမှာတော့ ဧည့်ကြိုနဲ့ သန့်ရှင်းရေးဝန်ထမ်းတွေ ပေါင်းပြီး အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ဟိုတယ်ခန်းထဲအထိ သွေးဆောင်ခေါ်ယူပြီး ကာမရောင်းစားနေတဲ့ တုန်လှုပ်စရာဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ 😡 အပြစ်မဲ့ကလေးငယ်တစ်ဦးရဲ့ ဘဝကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချခဲ့တဲ့ ဒီဖြစ်စဉ်ကို ရဲတပ်ဖွဲ့က ဘယ်လိုဖော်ထုတ် ဖမ်းဆီးခဲ့လဲဆိုတာ ဆက်ပြီး ဖတ်ကြည့်လိုက်ရအောင်။
ဖြစ်စဉ်ကတော့ ထိုင်းနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ က “Hotel Watch” ဆိုတဲ့ စစ်ဆင်ရေးတစ်ခုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာကနေ စတင်ခဲ့တာပါ။

ကန်ချနပူရီမြို့၊ ဘန်နူအာရပ်ကွက်ထဲက ဟိုတယ်တစ်ခုမှာ အသက် ၁၅ နှစ်မပြည့်သေးတဲ့ ကလေးငယ်တွေကို ဟိုတယ်လာဧည့်သည်တွေဆီ ကာ၊မရော၊င်းစားနေကြောင်း ရဲတပ်ဖွဲ့က သတင်းစုံစမ်းသိရှိခဲ့ရပါတယ်။ အဲ့ဒီနောက် သက်သေအထောက်အထားတွေ ခိုင်ခိုင်လုံလုံ စုဆောင်းပြီးနောက်မှာတော့ ကန်ချနပူရီခရိုင်တရားရုံးကနေ ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပြီး ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပါတယ်။
ဒီစီးနင်းမှုအတွင်းမှာ အသက် ၅၇ နှစ်အရွယ် ဟိုတယ်ဧည့်ကြို/ငွေကိုင်ဖြစ်သူ(Cashier) အောင်ဘန်ကျော့ပ် နဲ့ အသက် ၄၃ နှစ်အရွယ် ဟိုတယ်သန့်ရှင်းရေးဝန်ထမ်း (Maid)ဖြစ်သူ နန်းစစ တို့ နှစ်ဦးကို တရားခံအဖြစ် ဖမ်းဆီးရမိခဲ့ပါတယ်။

၎င်းတို့ရဲ့ လုပ်ရက်ကတော့ တကယ့်ကို စနစ်တကျနဲ့ စက်ဆုပ်ရွံရှာဖွယ် ကောင်းလှပါတယ်။ ဟိုတယ်ကို လာရောက်တည်းခိုတဲ့ ဧည့်သည်တွေက ကာ,မဖျော်ဖြေမှု (ပြ,ည့်တ,န်ဆာ) လိုချင်တယ်လို့ ပြောလာတဲ့အခါ၊ အခန်းသော့တွေနဲ့ ငွေကြေးကိစ္စကို တာဝန်ယူထားရတဲ့ ဟိုတယ်ဧည့်ကြိုက အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို ဟိုတယ်အခန်းထဲအထိ လာရောက်တွေ့ဆုံဖို့ ဆက်သွယ်ပေးပါတယ်။ တစ်ဖက်ကလည်း သန့်ရှင်းရေးဝန်ထမ်းက ဝိုင်းဝန်းကူညီပေးခဲ့ကြတာပါ။
သူတို့ဟာ အပြစ်မဲ့ကလေးငယ်ကို ကြားခံပွဲစားလုပ်ပြီး ရေ၊ာင်းစားခဲ့တဲ့အတွက် ဧည့်သည်တွေဆီကနေ တစ်ကြိမ်ကို ပွဲစားခ ဘတ် ၄၀၀ ကနေ ၅၀၀ အထိ ခေါင်းပုံဖြ၊တ် ရယူခဲ့ကြပါတယ်။

လတ်တလောမှာတော့ ဖမ်းဆီးရမိတဲ့ တရားခံနှစ်ဦးစလုံးဟာ ၎င်းတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို အားလုံး ဝန်ခံထွက်ဆိုထားပြီး ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ ၎င်းတို့ကို "ကလေးသူငယ်များအား ကာမရော၊င်းစ၊ားမှုဖြင့် လူကုန်ကူးခြင်း"၊ "အသက် ၁၅ နှစ်မပြည့်သေးသော ကလေးငယ်အား ကာမမှုအတွက် သွေးဆောင်ခေါ်ယူခြင်း"၊ "ကာမရော၊င်းစားမှုကို ကူညီပံ့ပိုးပေးခြင်း" အပါအဝင် ပြင်းထန်တဲ့ ပုဒ်မများစွာဖြင့် ထိရောက်စွာ အရေးယူနိုင်ဖို့ တရားဥပဒေအတိုင်း ဆက်လက်အမှုဖွင့် အရေးယူ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
ပတ်ဝန်းကျင်မှာ လူယုံသ၊တ်တာမျိုးတွေ၊ ကိုယ်ကျိုးအတွက် ကလေးသူငယ်တွေရဲ့ ဘဝကို ဖျက်ဆီးဖို့ ဝန်မလေးကြတဲ့ လူတွေ ရှိနေတတ်တာမို့ မိဘအုပ်ထိန်းသူတွေအနေနဲ့ မိမိတို့ရဲ့ သားသမီးတွေကို အမြဲမပြတ် ဂရုစိုက် စောင့်ကြည့်ဖို့ လိုအပ်နေပြီဆိုတာ ဒီဖြစ်ရပ်က သတိပေးနေပါတယ်။

ဒီလို ကိုယ်ကျိုးရှာဖို့အတွက် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေရဲ့ ဘဝကို ဖျက်ဆီးတဲ့ ဟိုတယ်ဝန်ထမ်းတွေရဲ့ လုပ်ရပ်အပေါ် ပရိသတ်ကြီးတို့ရဲ့ အမြင်ကော ဘယ်လိုရှိပါသလဲ? ကွန်မန့်မှာ ဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦး။


#ထိုင်းရောက်ရွှေမြန်မာ #ထိုင်းသတင်း
#ကူညီမျှဝေခြင်း

သဲစုငြိမ်းရဲ့ Power ကတော့ အံ့မခန်းပဲ! Missosology CEO ကိုယ်တိုင် ပို့စ်တင်ရတဲ့အထိ အလှမယ်လောကကို ရိုက်ခတ်နေပြန်ပြီ အလှမယ်...
16/06/2026

သဲစုငြိမ်းရဲ့ Power ကတော့ အံ့မခန်းပဲ! Missosology CEO ကိုယ်တိုင် ပို့စ်တင်ရတဲ့အထိ အလှမယ်လောကကို ရိုက်ခတ်နေပြန်ပြီ

အလှမယ် သဲစုငြိမ်း (Thae Su Nyein) ရဲ့ Power ကတော့ တကယ့်ကို မနောက်ပါဘူးနော်!

အခုလည်း သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ ညှို့ဓာတ်တွေကြောင့် နိုင်ငံတကာ အလှမယ်လောကမှာ သြဇာကြီးတဲ့ Missosology ရဲ့ CEO ဖြစ်သူ Pawee Ventura ကိုယ်တိုင်တောင် မနေနိုင်ဘဲ Facebook မှာ ပို့စ်တင်ပြီး ချီးကျူးလိုက်ရတဲ့အထိ အားကောင်းနေပါတယ်

​ရန်ကုန်မြို့မှာ ဆုံတွေ့ခဲ့ကြစဉ်မှာ Pawee Ventura က "လှပလွန်းတဲ့ Miss Cosmo Myanmar 2026 သဲစုငြိမ်းနဲ့ နောက်ဆုံးတော့ ဆုံခွင့်ရခဲ့ပြီ" ဆိုပြီး ဓာတ်ပုံတွေနဲ့တကွ သူ့ရဲ့ အကောင့်မှာ ဝေမျှခဲ့တာပါ ။

အဲဒီပို့စ်အောက်မှာလည်း နာရီပိုင်းအတွင်း Reaction တွေ၊ Comment တွေနဲ့ ပရိသတ်တွေ အုန်းအုန်းထ သွားခဲ့ပါတယ်။

​ဒါကိုကြည့်ခြင်းအားဖြင့် သဲစုငြိမ်းဟာ ပြည်တွင်းမှာတင်မကဘဲ ပြည်ပက အလှမယ် အကဲဖြတ်ပညာရှင်ကြီးတွေရဲ့ မျက်စိထဲမှာပါ ထင်ပေါ်ပြီး Impact အပြည့် ရှိနေတယ်ဆိုတာ သက်သေပြလိုက်တာပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် သဲစုငြိမ်းရဲ့ ခြေလှမ်းတိုင်းကတော့ ပရိသတ်တွေကို အမြဲတမ်း ရင်ခုန်စိတ်လှုပ်ရှားအောင် လုပ်နိုင်လွန်းပါတယ်



Kyaw Min Aung

ခြေထောက်ကြိုးချည်ဖို့ မေ့သွားတဲ့ ကောင်မလေး၁ဦးအမြင့်ကြီးကနေ ပြုပ်ကျဆုံးသွားပါတယ်။ ဒီဖြစ်စဉ်က(ဘရားဆီးနိုင်ငံမှာ 13ရက်နေ့က ...
16/06/2026

ခြေထောက်ကြိုးချည်ဖို့ မေ့သွားတဲ့ ကောင်မလေး၁ဦး
အမြင့်ကြီးကနေ ပြုပ်ကျဆုံးသွားပါတယ်။

ဒီဖြစ်စဉ်က(ဘရားဆီးနိုင်ငံမှာ 13ရက်နေ့က ဖြစ်သွားတာ ဖြစ်ပီး အသက် 21နှစ်အရွယ် ကောင်မလေးဟာ
အမြင့်ကနေ ငှက်လိုပျံပီး ရှူခင်းတွေကြည့်တဲ့ ကစားနည်းတခုကို သွားကစားတယ်။

အဲကစားနည်းကို အမတို့ခေါ်ကြတာ( ဘန်းကျိကျန်း) ကစားတယ်လို့ ခေါ်ပါတယ်ရှင့်။

သတင်းမှာ ရေးထားတာက( Rope Jumping)လို့ရေးထားတယ် ၊အသံထွက်တော့ မခေါ်တက်ဘူးရှင့်။

အခင်းမဖြစ်ခင်က တာဝန်ရှိသူ ၃ယောက်က ၊ကောင်မလေးကို (Safety အင်ကျီတွေ ဝတ်ဆင်ပေးနေပီး၊ ခြေထောက် အထိန်းကြိုးကို မချည်ပေးလိုက်ဘူး။

တွေ့နေကြတဲ့ သူတွေက ခြေထောက်ကြိုး မချည်ရသေးဘူး အော်ပြောပေမဲ့ တာဝန်ရှိသူတွေက ဂရုမစိုက်ကြဘူး။

ကောင်မလေးကို အပေါ်ကနေ လွတ်ချပေးလိုက်တယ်။

ခြေထောက်ကြိုး မချည်ရသေးတဲ့ ကောင်မလေးဟာ အမြင့် 40မစ်ကနေ ကျပီး ဆုံးသွားခဲ့ပါတယ်ရှင့်။

ရဲတွေကတော့ တာဝန်ရှိသူ၃ယောက်ကို ဖမ်းသွားပီး၊ ကောင်မလေးကို ဘာလို့ ကြိုးမချည်ပေးတာလဲ၊ မေ့သွားတာလား၊ တမင်လုပ်တာလား ဆိုတာကို စစ်ဆေးနေတယ်။

ကောင်မလေး (ဘန်းကျိကျန်း) ဆော့တဲ့နေရာက အရင်ကလဲ အဲလိုမျိုး ဖြစ်ခဲ့ဖူးပီး၊ ဆုံးသွားသူတွေ ရှိခဲ့ဖူးတယ်လို့ သိရတယ်။

#ขอบคุณ #ประเทศไทย #นานปียะ
Thailand News
Nanpiya Panno

ကလေးငယ်ငယ်ရှိသူများ သတိထားကြပါရန်၊ချင်းမိုင်မြို့က ဆေးရုံကို ရောက်လာတဲ့ ကလေးငယ်လေး အကြောင်းကို ဆရာဝန်က သတိပေးလာခဲ့ပါတယ်။...
16/06/2026

ကလေးငယ်ငယ်ရှိသူများ သတိထားကြပါရန်၊

ချင်းမိုင်မြို့က ဆေးရုံကို ရောက်လာတဲ့ ကလေးငယ်လေး အကြောင်းကို ဆရာဝန်က သတိပေးလာခဲ့ပါတယ်။

ကလေးလေးက အသက် ၂နှစ်ပဲ ရှိသေးတယ်၊ ကလေးက ဆော့နေရင်းမှာ ကစားစရာ ထဲက ဓာတ်ခဲကို ပါးစပ်ထဲကို ထည့်စားလိုက်ပါတယ်ရှင့်။

ဓာတ်ခဲက ငယ်ငယ် ဝိုင်းဝိုင်းလေးပါ၊ လည်ချောင်းထဲကို ဓာတ်ခဲဝင်သွားတော့ ကလေးက ချောင်းဆိုး၊ အသက်ရှုပြင်းထန်လာတယ်။

ကလေးကို ပထမ ဆေးရုံမှာ အခြေအနေ မကောင်းလို့ ချင်းမိုင်က ဆေးရုံကြီးကို ပြောင်းခဲ့ကြတယ်။

ဓာတ်မှန်ရိုက်တော့ ကလေး လည်ချောင်းထဲမှာ ဝိုင်းဝိုင်းလေးကို တွေ့တော့ ဆရာဝန်က 15ရက်နေ့ မနက် 3:00 နာရီမှာ အရေးပေါ်ခွဲစိတ်ခဲ့ကြတယ်။

မခွဲစိတ်ပဲ၊ နောက်ကျလို့ မရဘူးရှင့်။ အဲဒီ ကစားစရာ ဓာတ်ခဲက ကံကောင်းချင်တော့ လည်ချောင်းမှာ သွားတစ်နေတယ်။

အစာအိမ်ထဲ မရောက်ခင် ဆရာဝန်က အမြန်ခွဲစိတ်ခဲ့ကြတယ်။ တကယ်လို့သာ ဓာတ်ခဲက အစာအိမ်ထဲ ရောက်သွားခဲ့ရင် အစာအိမ်ပေါက်သွားနိုင်တယ်လို့ ဆရာဝန်က ပြောပြတယ်။

ကလေးလေး ဓာတ်ခဲ ပါးစပ်ထဲ ထည့်လိုက်တာ၊ မိသားစုဝင်တွေ တယောက်မှ မတွေ့ မသိကြဘူးရှင့်။

ဒီကလေးလေး ကံကောင်းလို့ အချိန်မီ ကယ်နိုင်လိုက်ခဲ့ကြတာ။

#ขอบคุณ #ประเทศไทย #นานปียะ
Thailand News
Nanpiya Panno

"မင်းသိလား... ငါဘယ်သူလဲဆိုတာ" ဆိုတဲ့ စကားကြီးကတော့ လူမိုက်တွေရဲ့ အကြိုက်ဆုံးမန္တန်တစ်ခုလို ဖြစ်နေတုန်းပါပဲ။ အလုပ်လာလုပ်တ...
16/06/2026

"မင်းသိလား... ငါဘယ်သူလဲဆိုတာ" ဆိုတဲ့ စကားကြီးကတော့ လူမိုက်တွေရဲ့ အကြိုက်ဆုံးမန္တန်တစ်ခုလို ဖြစ်နေတုန်းပါပဲ။ အလုပ်လာလုပ်တဲ့သူတစ်ယောက်ကို ဘာအကြောင်းပြချက်မှ သေသေချာချာမရှိဘဲ ခေါင်းကို အကြိမ်ကြိမ်ရိုက်ပြီး လူမိုက်ကွက် နင်းသွားတဲ့ ဖြစ်ရပ်တစ်ခု ထိုင်းနိုင်ငံ၊ ခွန်ကန် (Khon Kaen) မြို့က ကလပ်တစ်ခုမှာ ဖြစ်ပွားခဲ့ပါတယ်။ "မွေးနေ့သီချင်း မဖွင့်ပေးလို့" ဆိုတဲ့ အသေးအမွှား အကြောင်းပြချက်လေးနဲ့ အနိုင်ကျင့်ခံလိုက်ရတဲ့ ဒီဂျေရဲ့ ဖြစ်ရပ်က အခုဆို လူမှုကွန်ရက်ပေါ်မှာ တော်တော်လေး ဂယက်ထနေပါတယ်။
ဇွန်လ ၁၃ ရက်နေ့ ညဉ့်နက်ပိုင်း (၁ နာရီခွဲဝန်းကျင်) မှာ "Pattara Kajohnnapapong" ဆိုတဲ့ ထိုင်းဒီဂျေအမျိုးသားဟာ ခွန်ကန်မြို့က ကလပ်တစ်ခုမှာ ပုံမှန်အတိုင်း သီချင်းဖွင့်ဖို့ တာဝန်ကျခဲ့ပါတယ်။ သူ စင်ပေါ်တက်ပြီး သီချင်းဖွင့်လို့ ၅ မိနစ်၊ ၁၀ မိနစ်လောက်ပဲ ရှိသေးချိန်မှာတော့ မမျှော်လင့်ထားတဲ့ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာပါ။
သူ့ကို လုံးဝမသိ၊ တစ်ခါမှလည်း စကားမပြောဖူးတဲ့ အမျိုးသားတစ်ယောက်ဟာ ဒီဂျေခုံ (DJ Booth) ထဲကို ရုတ်တရက် အတင်းဝင်ရောက်လာပြီး အနောက်ကနေ "ငါ မင်းကို မွေးနေ့သီချင်း (HBD) ဖွင့်ခိုင်းနေတယ်လေ... မင်း နားမလည်ဘူးလား! ငါ ဘယ်သူလဲဆိုတာ မင်းသိလား" ဆိုပြီး ရန်ရှာပါတော့တယ်။
အဲ့ဒီနောက်မှာတော့ အဆိုပါလူမိုက်ဟာ ဒီဂျေလူငယ်ရဲ့ ဦးခေါင်းကို အနောက်ကနေ အကြိမ်ကြိမ် ခပ်ပြင်းပြင်း ရိုက်နှက်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ ဆောင်းထားတဲ့ ဦးထုပ်ကို ဆွဲချွတ်ပြီး လွှင့်ပစ်တာ၊ ခေါင်းကို ထပ်ရိုက်တာတွေကို လူမြင်ကွင်းမှာတင် ရိုင်းရိုင်းစိုင်းစိုင်း ပြုလုပ်ခဲ့တာပါ။
ဒီဂျေလူငယ်လေးကတော့ "ကျွန်တော်က မိသားစုကို လုပ်ကျွေးဖို့အတွက် အလုပ်လာလုပ်တာပါ။ ဘာလို့ ကိုယ့်မှာရှိတဲ့ အာဏာ၊ အရှိန်အဝါတွေကို သုံးပြီး ကျွန်တော့်ကို ဒီလိုမျိုး လာရောက် ခြိမ်းခြောက်၊ ကိုယ်ထိလက်ရောက် ကျူးလွန်ရတာလဲ" ဆိုပြီး စိတ်မကောင်းစွာနဲ့ သူ့ရဲ့ လူမှုကွန်ရက်မှာ ဗီဒီယိုဖိုင်နဲ့တကွ ရေးသားတိုင်တည်ထားပါတယ်။ ဒီဖြစ်ရပ်ဟာ ဆိုင်ရဲ့ လုံခြုံရေးပေါ့ဆမှုကြောင့် မဟုတ်ဘဲ လူအုပ်ကြား ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့ အချိန်ပိုင်းအတွင်းမှာ ဖြစ်သွားတာလို့လည်း သူက ရှင်းပြထားပါတယ်။
အလုပ်လာလုပ်တဲ့ လူငယ်တစ်ယောက်အပေါ် "ငါ ဘယ်သူလဲ" ဆိုတဲ့ အခွင့်အာဏာပြပြီး အနိုင်ကျင့်တဲ့ ဒီလိုလုပ်ရပ်မျိုးက ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စပါပဲ။ အခုဆိုရင် လူမှုကွန်ရက်ပေါ်မှာ ဆိုတဲ့ Hashtag နဲ့ ဒီဂျေလူငယ်လေးအတွက် တရားမျှတမှု ရဖို့ ဝိုင်းဝန်းဝေဖန် တောင်းဆိုနေကြပါတယ်။
ပရိသတ်တို့ရော... အခုလို "မင်း ငါ့ကို ဘယ်သူမှတ်နေလဲ" ဆိုပြီး အနိုင်ကျင့်တတ်တဲ့ လူမျိုးတွေကို မြင်ရင် ဘာပြောချင်ကြလဲ? ကောမန့်မှာ ကိုယ့်အမြင်လေးတွေ ရေးခဲ့ပေးပါဦး။

ပိုက်ဆံ ဘတ်၂၀၀ကိစ္စနဲ့ မြန်မာက-ထိုင်းအဒေါ်ကြီး၁ယောက်ကို ခုံနဲ့ရိုက်လိုက်တာ ခေါင်းကွဲသွားတယ်။ စမွတ်ပက်ကန်မြို့မှာ 14ရက်နေ...
16/06/2026

ပိုက်ဆံ ဘတ်၂၀၀ကိစ္စနဲ့ မြန်မာက-ထိုင်းအဒေါ်ကြီး၁ယောက်ကို ခုံနဲ့ရိုက်လိုက်တာ ခေါင်းကွဲသွားတယ်။

စမွတ်ပက်ကန်မြို့မှာ 14ရက်နေ့ မိုးချုပ်ကာစက ဖြစ်သွားတာခဲ့တာပါရှင့်။

ဖြစ်စဉ်က ကိုစိန်နဲ့ ကိုမင်း ညီအစ်ကို၂ယောက်က အလုပ်က ပြန်လာတော့၊ ညီဖြစ်သူကိုမင်းက ထိုင်းဦးလေး ဆီက ဘတ် 200ခနချေး၊ပေးပါ- သူ အ-ရ။က်သွားဝယ်မလို့၊

ဦးလေးလာတောင်းရင် သူ ပိုက်ဆံလွဲပေးမယ်လို့ပြောပီး ဦးလေးဆီက ဘတ်200ချီးလာခဲ့တယ်။

နောက် ကိုမင်းနဲ့သူ့အစ်ကိုက အိမ်ထဲမှာ ဦးလေးဆီက ချေးလာတဲ့ ဘတ် 200ကို အ-ရ။က်ဝယ်လာပီး ထိုင်သောက်နေကြတယ်။

ခနနေတော့ အဒေါ်၁ယောက်က ဦးလေးရဲ့ အကြွေး 200လာတောင်းတယ်။

ကိုမင်းက သူယူလာတာ 100ပဲယူလာတာ၊ 200မယူလာရဘူး၊ ဦးလေးကို သူလာပေးမယ်လို့ ပြောလာခဲ့တယ်ဆိုပီး၊ ပြောနေရာကနေ အဒေါ်နဲ့ ကိုမင်းနဲ့က စကားများကြတော့တယ်။

အဲနောက် အနားမှာ ရှိနေတဲ့ ကိုစိန်က- ခုံယူလာပီး အဒေါ်ကြီးခေါင်းကို ရိုက်လိုက်တယ်။

သတင်းရဲ့ ပြောပြချက်အရ ကိုမင်း @ပိုက်ဆံချေးလာတာက ဦးလေးဆီက ချေးလာတာ၊

ဒါပေမဲ့ လာတောင်းသူက ဦးလေးမဟုတ်ပဲ အဒေါ်ကြီးဖြစ်နေတယ်။

ဦးလေးက သူမလာချင်လို့ အဒေါ်ကြီးကို တောင်းခိုင်းလား၊မတောင်းခိုင်းဘူးလားတော့ မသိဘူးရှင့်။

ငွေလာတောင်းတဲ့ အဒေါ်ကြီးကလဲ မူးနေတယ်။

ကိုမင်းတို့ ညီအစ်ကိုကလဲ မူးနေကြတယ်။

အဒေါ်ကြီးက ကိုမင်းကို ဆဲဆိုနေတာကို အစ်ကိုဖြစ်တဲ့ ကိုစိန်က စိတ်တိုပီး ခုံနဲ့ရိုက်လိုက်တာ၊ ခုံခြေတဖက် ကျိုးသွားတယ်ရှင့်။

ပီးနောက် ထွက်ပြေးသွားကြပီး၊ မကြာခင်ရဲတွေ ဖမ်းမိသွားတာ၊ ၂ယောက်လုံး မူးနေကြတယ်လို့ သိရတယ်။

#ขอบคุณ #ประเทศไทย #นานปียะ
Thailand News
Nanpiya Panno

ဒီ တံဆိပ် 20 မျိုးက အတုဖြစ်ပြီးစားသုံးသူအတွက်လဲအန္တရယ်များတဲ့  ဝက်အူချောင်း၊ငါးသားလုံး၊ကြက်သားလုံး၊ဝက်သားလုံး နဲ့ဂဏန်ချေ...
16/06/2026

ဒီ တံဆိပ် 20 မျိုးက အတုဖြစ်ပြီးစားသုံးသူအတွက်လဲအန္တရယ်များတဲ့ ဝက်အူချောင်း၊ငါးသားလုံး၊ကြက်သားလုံး၊ဝက်သားလုံး နဲ့ဂဏန်ချောင်းတွေပါ။

အောက်ပါပုံပါတံဆိပ်တွေကိုမဝယ်စားမိပါစေနဲ့နော်❌❌❌

Crd topnews 🙏🙏

ကိုယ်တွေ မြန်မာနိုင်ငံမှာ နေတုန်းကတော့ ထိုင်းပစ္စည်းဆိုရင် ကောင်းတယ်ပဲ သတ်မှတ်ထားကြတာ တကယ်တန်း အတုတွေက တအားများတာနော် အကုန်ကောင်းမဆိုလိုဘူး

#သတင်း #ထိုင်း

လက်ကျောမတင်းတဲ့အပြင်သမီးနဲ့မိသားစုကိုနှိပ်စက်တဲ့သမက်ကိုယောက်ခမက ခု-တ် ပ-စ် 15/6/2026နံနက် ၈:၁၀ နာရီတွင် ယစ်ဆိုသုံပြည်နယ်...
16/06/2026

လက်ကျောမတင်းတဲ့အပြင်သမီးနဲ့မိသားစုကိုနှိပ်စက်တဲ့သမက်ကိုယောက်ခမက ခု-တ် ပ-စ်

15/6/2026နံနက် ၈:၁၀ နာရီတွင် ယစ်ဆိုသုံပြည်နယ်၊ လောင်းနုတ်သာခရိုင်၊ သမ္မက်ကီးမြို့နယ်၊ ဘန်ကုတ်ဆောင်တွင် ဘန်ကုတ်ဆောင်ရွာသို့ ဦးတည်သော လမ်းဘေးတွင် အသက် ၂၈ နှစ်အရွယ် မစ္စတာ စစ်ဆတ်၏ အလောင်းကို တွေ့ရှိခဲ့သည်။ သူသည် ဘောင်းဘီတိုနှင့် အင်္ကျီမပါဘဲ သွေ းအိုင်ထဲတွင် လဲလျောင်းနေသည်။ သူ၏ဦးခေါင်းနှင့် ဦးခေါင်းနောက်ဘက်တွင် ချွန်ထက်သောအရာဝတ္ထုတစ်ခုကြောင့် ပြတ်ရှဒဏ်ရာများစွာရှိပြီး သွေ
းများစွာထွက်နေသောကြောင့် ေ-သဆုံးခဲ့ခြင်းဖြစ်သည်။

ေ-သဆုံးသူ၏ ယောက္ခမဖြစ်သူ ကျူးလွန်သူသည် အလောင်းတွေ့ရှိရာနေရာနှင့် မဝေးလှသော သူမ၏အိမ်တွင် ရဲများကို စောင့်ဆိုင်းနေခဲ့သည်။ သူမအား အသက် ၄၈ နှစ်အရွယ် မစ္စစ် ဆူပါကောန်ဖြစ်တယ်သူမ၏သားမက်အား မော်တော်ဆိုင်ကယ်ခိုးယူရောင်းချမှုအတွက် မကျေနပ်မှု့နှင့်မူးယစ်နေချိန်တွင် မိသားစုအပေါ် မကြာခဏ အကြမ်းဖက်တတ်ပြီး ဇနီးဖြစ်သူကို ကိုယ်ထိလက်ရောက် ကျူးလွန်လေ့ရှိသောကြောင့်မကျေမနပ်ဖြစ်နေခဲ့တာကြာပြီမနေ့ညကသူတို့လင်မယားပြင်ထန်စွာရန်ဖြစ်ကြတာကိုကြာပြီးတားကာအိပ်ယာဝင်ခဲ့ကြတယ်။

နံနက်တွင် သူမ၏သားမက်သည် ကြမ်းပြင်ပေါ်တွင် ပက်လက်လှန်အိပ်နေဆဲဖြစ်ကြောင်း သူမမြင်တွေ့ခဲ့ရပြီးဒေါသထိန်းမနိုင်ဖြစ်ကာအိမ်မှ ဓ-ားတစ်ချောင်းကို ဆွဲယူပြီး သူမ၏ဦးခေါင်းကို အကြိမ်ကြိမ်ရိုက်ခဲ့သည်။ သူသည် အိမ်မှထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း လမ်းဘေးတွင် လဲကျပြီး မကြာမီတွင် ေ-သဆုံးသွားခဲ့သည်။

ထို့နောက် ရဲများသည် မစ္စစ် ဆူပါကောန်အား ရာဇဝတ်မှုတွင် အသုံးပြုခဲ့သော ဓ။ားနှင့်အတူ ဖမ်းဆီးခဲ့ပြီး လုံးနုတ်သာ ရဲစခန်းသို့ စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားခဲ့သည်။ သူမအား ရည်ရွယ်ချက်ရှိရှိ လူသ-တ်မှုဖြင့် တရားစွဲဆိုမည်ဖြစ်ပြီး ဥပဒေအရ တရားစွဲဆိုသွားမည်ဖြစ်သည်။

#ကူညီမျှဝေခြင်း

ဝမ်းနဲ စိတ်မကောင်းစရာ ကံမကောင်းခဲ့တဲ့ မြန်မာမောင်လေး ၁ယောက်၊ သူငယ်ချင်းကို လိုက်ပို့စဉ် ဆိုင်ကယ်နဲ့ တံတား တိုက်မိကာ ဆုံး...
16/06/2026

ဝမ်းနဲ စိတ်မကောင်းစရာ ကံမကောင်းခဲ့တဲ့ မြန်မာမောင်လေး ၁ယောက်၊ သူငယ်ချင်းကို လိုက်ပို့စဉ် ဆိုင်ကယ်နဲ့ တံတား တိုက်မိကာ ဆုံးသွားပါတယ်။

ဖြစ်စဉ်က CCTV ထဲမှာ 13ရက်နေ့ ည 09:00 လောက် နွန်ထပူလီမြို့တနေရာ- စားသောက်ဆိုင် အနီးမှာ ဖြစ်သွားတာပါရှင့်။

စက်ရုံဝန်ထမ်းဖြစ်တဲ့ ကျော်သီဟ အသက် 25နှစ်ဟာ၊ အလုပ်တူ သူငယ်ချင်းဖြစ်သူ ချစ်မင်းသူ အသက် 22နှစ်ကို ဆိုင်ကယ်နဲ့ လိုက်ပို့ခဲ့တယ်။

ဆိုင်ကယ်မောင်းနေရင်း ဆိုင်ကယ်ရဲ့ အနောက်ဘီးက မီးပွင့်တွေ ထွက်လာတာကို CCTV ထဲမှာ တွေ့နေရတယ်။

အဲနောက် ဆိုင်ကယ်အရှိန်နဲ့ တံတားအောက်ခြေ တိုင်ကို ဝင်တိုက်မိကြပီး၊ ဆိုင်ကယ်က အဝေးကြီးကို လွင့်ထွက်သွားပီး၊သူငယ်ချင်း၂ယောက်လဲ လွင့်ထွက်သွားကြတယ်။

ချစ်မင်းသူက ပြင်းထန်ရသွားပီး၊ ဆိုင်ကယ်ပိုင်ရှင် ကျော်သီဟက ကံမကောင်းစွာ တံတားတိုင်နဲ့ နဖူးနဲ့ ဆောင့်မိပီး၊ နဖူးက အထဲကို ကျွံဝင်သွားတယ်။

ကျော်သီဟကတော့ ဆုံးသွားပါတယ်ရှင့်။

အလုပ်တူ ဝန်ထမ်း ပြောပြချက်အရ၊ ဆုံးသွားသူကျော်သီဟ ဟာ အသောက်အစား မရှိကြောင်း၊ သူ့မှာ တက်တဲ့ရောဂါခံ ရှိကြောင်းနဲ့၊

ကျော်သီဟ ဟာဆိုင်ကယ်ဝယ်ထားတာ ၁လလောက်ပဲ ရှိသေးကြောင်းတို့ကို ပြောပြခဲ့တယ်။

ကျော်သီဟ အတွက် မိသားစုနဲ့ ထပ်တူ ဝမ်းနဲရပါတယ်

#ขอบคุณ #ประเทศไทย #นานปียะ
Thailand News
Nanpiya Panno

ထိုင်းနိုင်ငံမှာ အိမ်မြှောင် (တောက်တဲ့) အမြီးနှစ်ခွ တွေ့ရင် ကံကောင်းတတ်တယ်၊ လာဘ်လာဘ ပွင့်တတ်တယ်ဆိုတဲ့ အယူအဆရှိတာ သင်သိပါ...
16/06/2026

ထိုင်းနိုင်ငံမှာ အိမ်မြှောင် (တောက်တဲ့) အမြီးနှစ်ခွ တွေ့ရင် ကံကောင်းတတ်တယ်၊ လာဘ်လာဘ ပွင့်တတ်တယ်ဆိုတဲ့ အယူအဆရှိတာ သင်သိပါသလား။

ခုလည်း ထိုင်းနိုင်ငံ၊ စမုတ်ပရာကန်ခရိုင်က အိမ်တစ်အိမ်မှာ တကယ့်ကို တွေ့ရခဲတဲ့ "အမြီးနှစ်ခွနဲ့ အိမ်မြှောင်" တစ်ကောင် ပေါ်လာလို့ တစ်အိမ်လုံးတင်မကဘဲ အိမ်နီးနားချင်းတွေပါ ပွဲဆူသွားခဲ့ရပါတယ်။

အဲဒီအိမ်မြှောင်လေးက ဘယ်နေရာမှာ သွားနားနေလို့ လူတွေဒီလောက်တောင် အုန်းအုန်းကျွက်ကျွက် ဖြစ်သွားရတာလဲ... ဆက်ပြီး ဖတ်ကြည့်လိုက်ရအောင်ဗျာ။ 👇

ဇွန်လ ၁၅ ရက်နေ့ သန်းခေါင်ယံအချိန်မှာ အသက် ၃၈ နှစ်အရွယ်ရှိတဲ့ အိမ်ပိုင်ရှင် အမျိုးသား နာမည် "ခွန်ဖိထပ်" (Mr. Phitak) ဟာ အိမ်နောက်ဖေးက ဥယျာဉ်ထဲကို ဆင်းလာခဲ့ပါတယ်။

ခုရက်ပိုင်းက မိုးရာသီဖြစ်တာကြောင့် ဘေးအန္တရာယ်ရှိတဲ့ တွားသွားသတ္တဝါတွေ ခိုအောင်းနေမှာစိုးလို့ လုံခြုံရေးအတွက် လိုက်လံစစ်ဆေးရင်း အိမ်စောင့်နတ်စင် (နတ်ကွန်း) အနားကို ရောက်သွားခဲ့တာပါ။

အဲဒီအချိန်မှာပဲ နတ်စင်ပေါ်မှာ နားနေတဲ့ အိမ်မြှောင်တစ်ကောင်ကို လှမ်းမြင်လိုက်ရပါတယ်။

အစကတော့ အလင်းအမှောင်ကြောင့် အရိပ်ထင်နေတာလို့ ထင်ခဲ့ပေမဲ့ သေချာအနီးကပ်ကြည့်လိုက်တဲ့အခါမှာတော့... အားလုံးအံ့ဩသွားရလောက်အောင်ပဲ အဲဒီအိမ်မြှောင်မှာ အမြီးက "နှစ်ခွ" ဖြစ်နေတာကို ကွင်းကွင်းကွက်ကွက်ကြီး တွေ့လိုက်ရပါတော့တယ်။

ဒါဟာ တကယ့်ကို တွေ့ရခဲတဲ့ ဖြစ်ရပ်မို့လို့ ခွန်ဖိထပ်တစ်ယောက် ချက်ချင်းပဲ ဖုန်းထုတ်ပြီး ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကူးခဲ့ပါတယ်။ ပြီးတော့ သူ့ဇနီးကိုပါ လှမ်းခေါ်ပြီး ပြခဲ့တာပေါ့။

ရှေးလူကြီးတွေရဲ့ အယူအဆအရ အမြီးနှစ်ခွရှိတဲ့ အိမ်မြှောင်ဟာ လာဘ်လာဘနဲ့ ကံကောင်းခြင်းတွေကို ယူဆောင်လာပေးတတ်တယ်လို့ ယုံကြည်ကြတာကြောင့် သူတို့ဇနီးမောင်နှံဟာ နတ်စင်ရှေ့မှာ ကံစမ်းဂဏန်းထွက်တဲ့ "ဂဏန်းအမွှေးတိုင်" ကို ထွန်းညှိပြီး ပူဇော်ပန်ဆန်းခဲ့ကြပါတယ်။

🔥 အမွှေးတိုင် ကုန်သွားတဲ့အချိန်မှာတော့ အားလုံးရဲ့မျက်စိရှေ့မှာ ထင်ထင်ရှားရှားကြီး ပေါ်ထွက်လာတဲ့ ဂဏန်း ၃ လုံးကတော့ "973" ပဲ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ အဆိုအရတော့ အိမ်မြှောင်တွေဟာ ဒဏ်ရာရတဲ့အခါ အမြီးအသစ် ပြန်ပေါက်တတ်ပြီး ပုံမှန်မဟုတ်ဘဲ ဗီဇပြောင်းလဲမှုကြောင့် အမြီးနှစ်ခွ ဖြစ်လာတတ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ကံစမ်းရတာ ဝါသနာပါတဲ့ ထိုင်းပြည်သူတွေအတွက်ကတော့ ဒါဟာ ကံကောင်းခြင်းနိမိတ်တစ်ခုပါပဲ။

အိမ်ပိုင်ရှင် ခွန်ဖိထပ်ကတော့ သူကိုယ်တိုင်ဟာ ထီသိပ်ထိုးလေ့မရှိပေမဲ့ ဒီတစ်ခေါက်မှာတော့ သူ့ဇနီးက စိတ်ထဲမှာ မှန်းထားတဲ့ ဂဏန်းရှိနေပြီဖြစ်လို့ ကံစမ်းချင်တဲ့သူတွေရှိရင်လည်း လိုက်ထိုးကြည့်နိုင်တယ်လို့ မီဒီယာတွေကို သဘောကောင်းစွာနဲ့ ပြောပြခဲ့ပါတယ်။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Sawasdee Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์