MM News Zone ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก MM News Zone, เว็บไซต์ข่าวและสื่อ, 260, Petchburi Road, Ratchathewi, Bangkok.

ဧရာဝတီတိုင်းက ၄ ဘာသာဂုဏ်ထူးရှင် မနေခြည်ထွေးဟာ စာရေးဆရာမတစ်ဦးဖြစ်ချင်တဲ့ ငယ်စဉ်ကအိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပ...
31/08/2026

ဧရာဝတီတိုင်းက ၄ ဘာသာဂုဏ်ထူးရှင် မနေခြည်ထွေးဟာ စာရေးဆရာမတစ်ဦးဖြစ်ချင်တဲ့ ငယ်စဉ်ကအိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပြီး သူမကိုယ်တိုင်ရေးသားထားတဲ့ “မာနကမ်းပါးပေါ်က အချစ်ငှက်” ဝတ္ထုကို စာအုပ်အဖြစ် ထုတ်ဝေနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့နေ့ရက်တွေမှာ ရေးသားခဲ့တဲ့ အဆိုပါဝတ္ထုဟာ ဘဝရဲ့ မတည်မြဲခြင်းသဘောတွေကို အခြေခံရေးဖွဲ့ထားတာဖြစ်ပြီး မနေခြည်ထွေးရဲ့ ကိုယ်တိုင်ရေးဝတ္ထုတွေထဲက ပထမဆုံးစာအုပ်အဖြစ် ထွက်ရှိလာတာလည်း ဖြစ်ပါတယ်။

တချိန်က စာရေးဆရာမဖြစ်ချင်တဲ့ အိပ်မက်နဲ့ မိုင်ပေါင်းများစွာဝေးတဲ့ မြို့ပေါ်ကျောင်းကို စက်ဘီးတစ်တန်၊ ခြေကျင်တစ်တန်နဲ့ သွားရောက်ပညာသင်ခဲ့ရတဲ့ စဉ့်အိုးကွဲရွာသူလေးဟာ အခုတော့ သူမရေးခဲ့တဲ့ စာတစ်အုပ်နဲ့ အိပ်မက်ကို စတင်အကောင်အထည်ဖော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

“မာနကမ်းပါးပေါ်က အချစ်ငှက်” စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ လှိုင်သာယာမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အီတလီမှာ နေထိုင်နေတဲ့ အဆိုတော်ချမ်းချမ်းဟာ ဩဂုတ် ၂၆ ရက်ညက ရုတ်တရက် အသက်ရှူမဝ၊ ခေါင်းအရမ်းမူး၊ ခြေလက်တုန်ပြီး အန်တဲ့အထိ အ...
28/08/2026

အီတလီမှာ နေထိုင်နေတဲ့ အဆိုတော်ချမ်းချမ်းဟာ ဩဂုတ် ၂၆ ရက်ညက ရုတ်တရက် အသက်ရှူမဝ၊ ခေါင်းအရမ်းမူး၊ ခြေလက်တုန်ပြီး အန်တဲ့အထိ အခြေအနေဆိုးရွားခဲ့တာကြောင့် အရေးပေါ်ဆေးရုံတင်ခဲ့ရပါတယ်။

အစပိုင်းမှာ ခင်ပွန်းဖြစ်သူက ပင်ပန်းလို့ဖြစ်တာထင်ပြီး အိပ်ခိုင်းခဲ့ပေမယ့် အခြေအနေဆိုးလာတာကြောင့် ချမ်းချမ်းက “သမီးတွေအရှေ့မှာ ငါ.အ.သ၊.က်.ထွ၊.က်တာ မမြင်စေချင်ဘူး၊ ဆေးရုံကားခေါ်ပေးပါ” လို့ ငိုယိုတောင်းဆိုခဲ့မှ အသည်းအသန်ဖြစ်နေမှန်း ခင်ပွန်းဖြစ်သူ သိသွားပြီး အရေးပေါ်ကားခေါ်ပေးခဲ့ရတယ်လို့ ရင်ဖွင့်ထားပါတယ်။

မနက် ၅ နာရီမှာ ဆေးရုံရောက်ပြီး ဆရာဝန်တွေက နှလုံးအခြေအနေကို တစ်ရက်လုံး အနီးကပ်စောင့်ကြည့်ပေးခဲ့ကြပြီး အခုတော့ ပြန်လည်သက်သာလာပြီလို့ ဆိုပါတယ်။ သမီးလေးတွေကတော့ မိခင်ဆေးရုံတက်နေရတာကို မသိသေးဘဲ အဖွားအိမ်မှာ ပျော်ပျော်ရွှင်ရွှင် ရှိနေကြတယ်လို့ သိရပါတယ်။

ဒီအဖြစ်အပျက်ကနေ ချမ်းချမ်းက “လူ့ဘဝဟာ တိုတောင်းပါတယ်။ မထင်မှတ်တာတွေ အမြဲဖြစ်တတ်တာကြောင့် အချိန်တိုင်း ဘုရားမမေ့ကြဖို့” ပရိသတ်တွေကို သတိပေးပြောကြားထားပါတယ်။ 🙏

လူရွှင်တော်ရွှေမိုးကတော့ သူ့အပေါ် အများကြီးကျေးဇူးရှိတဲ့ ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ပုံကို လက်မောင်းမှာ တက်တူးထိုးပြီး အမှ...
28/08/2026

လူရွှင်တော်ရွှေမိုးကတော့ သူ့အပေါ် အများကြီးကျေးဇူးရှိတဲ့ ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ပုံကို လက်မောင်းမှာ တက်တူးထိုးပြီး အမှတ်တရ သိမ်းဆည်းထားပါတယ်။

အသားအရေ မဖြူတာကြောင့် ချောချောလှလှလေးဖြစ်တဲ့ အောင်ဇမ္ဗူရဲ့ပုံကို တက်တူးထိုးတဲ့အခါ မဲမဲကြီး မဖြစ်စေချင်တာကြောင့် လက်မောင်းမှာ ရေထိုးထားခဲ့တာလို့ ရွှေမိုးက ပြောပါတယ်။

ဇာတ်အဖွဲ့မှာ ဘယ်လောက်ကြာကြာ လက်တွဲဖြစ်ကြမလဲဆိုတာ မသိနိုင်ပေမယ့် ပရိသတ် ဆယ်ဂဏန်းလောက်သာ ရှိခဲ့တဲ့အချိန်ကနေ အခုလို မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး ဇာတ်သဘင်အဖွဲ့တွေထဲက တစ်ခုဖြစ်လာတဲ့အထိ အတူတူ ကြိုးစားလာခဲ့ကြတာကို ဘဝရဲ့ အမှတ်တရတစ်ခုအဖြစ် သိမ်းဆည်းထားချင်တာကြောင့် တက်တူးထိုးခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ရွှေမိုးရဲ့ ခန္ဓာကိုယ်မှာ အောင်ဇမ္ဗူရဲ့ပုံတင်မကဘဲ သူ့ရဲ့ ကျေးဇူးရှင်နဲ့ ဆရာဖြစ်သူ ကိုမိုးပွင့်ရဲ့ပုံကိုပါ တက်တူးထိုးထားတာကိုလည်း ပြသခဲ့ပါတယ်။

ကိုယ်တိုင်ချည်ထိုးထားတဲ့ အိတ်လေးတွေ ရောင်းချပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ မသန်ပေမယ့် စွမ်းတဲ့ ကိုထူးဝေအောင်ဟာ ကိုယ်ပိ...
28/08/2026

ကိုယ်တိုင်ချည်ထိုးထားတဲ့ အိတ်လေးတွေ ရောင်းချပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ မသန်ပေမယ့် စွမ်းတဲ့ ကိုထူးဝေအောင်ဟာ ကိုယ်ပိုင်ချည်ထိုးအိတ်ဆိုင်လေးတစ်ဆိုင် ဖွင့်နိုင်ဖို့ စုဆောင်းထားတဲ့ ငွေ ၁၀ သိန်းကျော်ကို လေးမျက်နှာနဲ့ အညာဒေသက ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းလိုက်ပါတယ်။

ကိုထူးဝေအောင်ဟာ ကိုယ်တိုင်ထိုးထားတဲ့အိတ်တွေကို နေအိမ်ကနေ အွန်လိုင်းကတစ်ဆင့် ရောင်းချပြီး အသက်မွေးနေသူဖြစ်ကာ ဆိုင်လေးတစ်ဆိုင် ဖွင့်နိုင်ဖို့ ကြိုးစားနေသူပါ။ ဆိုင်ဖွင့်ဖို့ ငွေစုနေတဲ့အချိန်မှာ ရေဘေးကြောင့် လူတွေ ဒုက္ခကြုံနေရတာကို တွေ့မြင်ရချိန်မှာ လှူဒါန်းချင်စိတ် ပိုမိုပြင်းပြလာတာကြောင့် စုဆောင်းထားတဲ့ ငွေတွေကို ရေဘေးအတွက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။

“ချွေးနည်းစာလေးနဲ့ စုထားတဲ့ ပိုက်ဆံကို အခုလို လှူဒါန်းခွင့်ရလို့ ကြည်နူးမိပါတယ်။ နောက်ထပ်လည်း ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ စိတ်ခွန်အားရခဲ့ပါတယ်” လို့ ကိုထူးဝေအောင်က ပြောပြထားပါတယ်။

ရေဘေးအလှူအတွက် လေးမျက်နှာဒေသကိုတော့ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ပြီး အညာဒေသဘက်ကိုတော့ ကြားခံအဖွဲ့ကတစ်ဆင့် ငွေသားလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ကိုယ်ပိုင်ဆိုင်လေးတစ်ဆိုင် ဖွင့်နိုင်ဖို့ စုဆောင်းထားတဲ့ ငွေကို ကိုယ်ကျိုးအတွက် အသုံးမပြုဘဲ ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းခဲ့တဲ့ ကိုထူးဝေအောင်ရဲ့ လုပ်ရပ်ကလည်း လူမှုကွန်ရက်ပေါ်မှာ အားပေးချီးကျူးမှုတွေ ရရှိနေပါတယ်။

သရုပ်ဆောင်ထူးခြားကတော့ ရန်ကုန်မြို့နေထိုင်သူတွေရဲ့ စည်းကမ်းမဲ့မှုအဖြစ် သမိုင်းဝင်မယ့် နေရာတစ်ခုဟာ အဆိုတော်ယုန်လေးကြောင့်...
28/08/2026

သရုပ်ဆောင်ထူးခြားကတော့ ရန်ကုန်မြို့နေထိုင်သူတွေရဲ့ စည်းကမ်းမဲ့မှုအဖြစ် သမိုင်းဝင်မယ့် နေရာတစ်ခုဟာ အဆိုတော်ယုန်လေးကြောင့် ပျောက်ကွယ်တော့မှာဖြစ်လို့ လူအများ ဝိုင်းပြောသင့်တယ် ဝေဖန်သင့်လို့ ဆိုလာပါတယ်။

အဆိုတော်ယုန်လေးဟာ တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်က ပေ ၁၀,၀၀၀ ဝန်းကျင်ရှိတဲ့ နောက်ဖေးလမ်းကြား အမှိုက်ပုံကြီးကို ရှင်းလင်းနိုင်ရေး အဓိကလှုံ့ဆော်ခဲ့သူပါ။ လက်ရှိမှာလည်း ယုန်လေး ဦးဆောင်တဲ့ အနုပညာရှင်အဖွဲ့နဲ့ စည်ပင်ဝန်ထမ်းတွေ ပူးပေါင်းပြီး မိုးတွေကြားမှာ သန့်ရှင်းရေး ဝင်ရောက်လုပ်ဆောင်နေကြပါပြီ။

ရန်ကုန်မြို့နေထိုင်သူတွေ စည်းကမ်းမဲ့အမှိုက်ပစ်ခဲ့မှု ဘယ်လောက်အထိ ဆိုးရွားခဲ့သလဲဆိုတာကို ထင်ရှားစွာပြသနေတဲ့ နေရာဟာ ယုန်လေးကြောင့် ပျောက်ကွယ်တော့မှာဖြစ်ပြီး တကယ်ဆိုရင် ဘာမှမသန့်ရှင်းပေးဘဲ ဒီအတိုင်းပစ်ထားလိုက်ရမယ့် နေရာလို့ ထူးခြားက မှတ်ချက်ပေးခဲ့တာပါ။

လက်ရှိမှာ အဆိုပါ နောက်ဖေးလမ်းကြားဟာ ပေပေါင်း ရာချီအထိ စတင်ရှင်းလင်းပြီးနေပြီဖြစ်ပေမယ့် ယုဇနပလာဇာအနားအထိ ဆက်လက်ရှင်းလင်းရမှာဖြစ်တာကြောင့် လနဲ့ချီ ကြာမြင့်ဦးမယ်လို့လည်း သိရပါတယ်။

အဆိုတော်အေသင်ချိုဆွေကတော့ သူမတို့ သားအမိတွေ ဩစတြေးလျနိုင်ငံသား ဖြစ်သွားပြီဖြစ်ကြောင်း လူမှုကွန်ယက်ကနေ အသိပေးလာပါတယ်။၂၀၂၁...
28/08/2026

အဆိုတော်အေသင်ချိုဆွေကတော့ သူမတို့ သားအမိတွေ ဩစတြေးလျနိုင်ငံသား ဖြစ်သွားပြီဖြစ်ကြောင်း လူမှုကွန်ယက်ကနေ အသိပေးလာပါတယ်။

၂၀၂၁ မှာ အဖမ်းခံရပြီးနောက်ပိုင်း မြန်မာကနေ ထွက်ခွာသွားခဲ့ရာ ကံကောင်းပြီး ၄ လ နဲ့ ဩစတြေးလျထံ ရောက်ခဲ့သလို ၄ နှစ်ပြည့်ပြီး နိုင်ငံသားလျှောက်ခဲ့ရာမှာ ၃ လအတွင်း ဩစတြေးလျနိုင်ငံသားဖြစ်လာခဲ့တာလို့ ဆိုသွားပါတယ်။

ရန်ကုန် တာမွေမြို့နယ်က အမှိုက်တွေပြည့်နှက်နေတဲ့ နောက်ဖေးလမ်းကြားတစ်ခုကို အဆိုတော် ယုန်လေး ဦးဆောင်တဲ့အဖွဲ့နဲ့ စည်ပင်ဝန်ထမ...
27/08/2026

ရန်ကုန် တာမွေမြို့နယ်က အမှိုက်တွေပြည့်နှက်နေတဲ့ နောက်ဖေးလမ်းကြားတစ်ခုကို အဆိုတော် ယုန်လေး ဦးဆောင်တဲ့အဖွဲ့နဲ့ စည်ပင်ဝန်ထမ်းတွေ ပူးပေါင်းပြီး စတင်ရှင်းလင်းနေပြီလို့ သိရပါတယ်။

အဆိုပါ နောက်ဖေးလမ်းကြားဟာ အရှည်ပေ ၁၀,၀၀၀ ကျော်ရှိပြီး လမ်းတစ်လျှောက် အမှိုက်တွေ ပြည့်နှက်နေသလို အမှိုက်ပုံတွေက မြေညီထပ်အမြင့်ကိုကျော်ပြီး ပထမထပ်နီးပါးအထိ စုပုံနေတဲ့အခြေအနေ ဖြစ်ပါတယ်။ အမှိုက်ပမာဏ များပြားတာကြောင့် သန့်ရှင်းရေးလုပ်ငန်းဟာ လနဲ့ချီ ကြာမြင့်နိုင်တဲ့အခြေအနေရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စည်ပင်ဝန်ထမ်းတွေက လူအင်အားသုံးပြီး ပေါက်တူးတွေနဲ့ အမှိုက်တွေတူးဖော်ကာ ကားတွေနဲ့ တစ်ဆင့်ပြီးတစ်ဆင့် သယ်ထုတ်ရှင်းလင်းပေးနေပါတယ်။ ဒီလုပ်ငန်းအတွက် ဆီဖိုးတင် သိန်းရာနဲ့ချီ ကုန်ကျနိုင်တယ်လို့ သိရပါတယ်။

ရပ်ကွက်အတွင်းက အချို့အိမ်တွေကလည်း ကုန်ကျစရိတ်အတွက် ငွေထည့်ဝင်ကူညီမယ်လို့ ပြောကြားထားပေမယ့် အဆိုပါသန့်ရှင်းရေးလုပ်ငန်းအတွက် အလှူခံတာမျိုး လုံးဝမရှိဘူးလို့ ယုန်လေးက ပြောပါတယ်။

အမှိုက်တွေ ရှင်းလင်းပြီးသွားတဲ့နောက်မှာလည်း လမ်းကြားကို ပြန်လည်အမှိုက်ပုံဖြစ်မသွားစေဖို့ စည်းကမ်းရှိရှိ နေထိုင်ပေးကြဖို့နဲ့ အမှိုက်တွေ မပစ်ကြဖို့ ယုန်လေးက မေတ္တာရပ်ခံထားပါတယ်။

မေမြို့မှာ ကားရိုက်ကူးနေစဉ် ပါချုပ်ဆရာတော်ဘုရားကြီးအား မွေးနေ့အကြိုအလှူအဖြစ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့တယ်လို့ သရုပ်ဆောင်...
27/08/2026

မေမြို့မှာ ကားရိုက်ကူးနေစဉ် ပါချုပ်ဆရာတော်ဘုရားကြီးအား မွေးနေ့အကြိုအလှူအဖြစ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့တယ်လို့ သရုပ်ဆောင် မကြီးစိုးက ပြောပါတယ်။

အဆိုပါ အလှူအတန်းပြုလုပ်ခဲ့မှု မှတ်တမ်းကို ပရိသတ်တွေလည်း အတူတူ ပီတိဖြစ်နိုင်ဖို့ မျှဝေတင်ပေးခဲ့တာဖြစ်ပြီး ပြုခဲ့သမျှ ကုသိုလ်ကောင်းမှုတွေကိုလည်း အားလုံးထပ်တူထပ်မျှ ရရှိပြီး ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ကြပါစေလို့ ဆုတောင်းထားပါတယ်။

လူမှုကွန်ယက်မှာ သီချင်းဖွင့် ကပြခဲ့တာဟာ Boycott လုပ်ဖို့ လှုံ့ဆော်နေကြတာတွေ့ရလို့ အရွဲ့တိုက်လိုစိတ်နဲ့ တုံ့ပြန်ခဲ့တာမဟုတ...
27/08/2026

လူမှုကွန်ယက်မှာ သီချင်းဖွင့် ကပြခဲ့တာဟာ Boycott လုပ်ဖို့ လှုံ့ဆော်နေကြတာတွေ့ရလို့ အရွဲ့တိုက်လိုစိတ်နဲ့ တုံ့ပြန်ခဲ့တာမဟုတ်ဘဲ အားလုံးအေးချမ်းစေလိုတဲ့စိတ်နဲ့ပါ လို့ မခိုင်ကြီးက ပြောလာပါတယ်။

“ကျမရဲ့ စိတ်ရင်းအမှန်မှာ အရွဲ့တိုက်လိုစိတ် လုံးဝမရှိပါဘူး။ Boycott ဖို့ လှုံ့ဆော်နေတာတွေ့ရလို့ အေးချမ်းစေလိုစိတ် ဖြစ်မိတာပါ” လို့ မခိုင်ကြီးက ဆိုပါတယ်။

သူမကြောင့် တစ်စုံတစ်ရာ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရင်လည်း မိမိရဲ့ အသက်အရွယ်နဲ့ ထားရှိတဲ့ မေတ္တာတရားကို နားလည်ပေးကြဖို့နဲ့ နှလုံးစိတ်ဝမ်း အေးချမ်းကြစေဖို့ ဆုတောင်းပေးထားပြီး အားလုံးကို ချစ်ခင် မေတ္တာထားပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခုလို ကပြခဲ့တာဟာလည်း ဘယ်သူ့ကိုမှ အရွဲ့တိုက်ဖို့မဟုတ်ဘဲ အားလုံးကို တကယ်ပျော်စေချင်တဲ့စိတ်နဲ့ ကပြခဲ့တာဖြစ်တယ်လို့ မခိုင်ကြီးက ပြောထားပါတယ်။

ရေဘေးအန္တရာယ်ကြောင့် လူတွေ ဒုက္ခမရောက်စေဖို့ ကိုယ့်ရဲ့ တစ်ဧကနီးပါးရှိတဲ့ ကွမ်းခြံတွေကို ဖယ်ရှားပေးလိုက်ရပေမယ့် လက်ရှိမှာ...
26/08/2026

ရေဘေးအန္တရာယ်ကြောင့် လူတွေ ဒုက္ခမရောက်စေဖို့ ကိုယ့်ရဲ့ တစ်ဧကနီးပါးရှိတဲ့ ကွမ်းခြံတွေကို ဖယ်ရှားပေးလိုက်ရပေမယ့် လက်ရှိမှာ ဘာလုပ်စားရမလဲ မသိတော့ဘူးလို့ ညောင်တုန်းမြို့က အသက် ၅၈ နှစ်အရွယ် ကွမ်းခြံပိုင်ရှင် အမကြီးတစ်ဦးက မျက်ရည်​တွေကြားက ပြောပြလာပါတယ်။

“တာကြီးကျိုးရင် အားလုံးဆုံးရှုံးပြီး အိမ်တွေလွင့်ကုန်မှာစိုးလို့ အများအတွက် အန်တီ့ကွမ်းခြံတွေကို ဖယ်ရှားပေးလိုက်တာပါ။ ဒါကြီးကျိုးရင် လူတွေဒုက္ခရောက်မယ်လေ။ သူတို့ ဒုက္ခမရောက်ဖို့ ကိုယ်က အနာ-ခံပေးလိုက်ရတာပေါ့လေ။

သူတို့ကတော့ ဝန်ကြီးဌာနကနေ ပြန်လျော်ပေးမယ်လို့ ပြောပါတယ်။ အရင်တစ်ခါကလည်း ပါပြီးပြီ ဘာမှမရခဲ့ဖူးပါဘူး။ အများအတွက် ကိုယ့်ဘဝ အပျ-က်ခံလိုက်ရတာပေါ့။ ရင်ထဲမှာတော့ မကောင်းဘူးပေါ့၊ ဝမ်းနည်းပါတယ်” လို့ ဆိုပါတယ်။

အသက် ၅၈ နှစ်အရွယ်ရှိပြီဖြစ်ပြီး ပညာလည်း မတတ်သလို အရင်ကလို ကိုယ်ခန္ဓာကျန်းမာသန်စွမ်းမှု မရှိတော့တာကြောင့် သူများအိမ်မှာ အလုပ်လိုက်မလုပ်နိုင်တော့ဘူးလို့လည်း ပြောပါတယ်။

“လှူတယ်လို့ သဘောထားဖို့ကလည်း ကျမက မလိမ်တတ်ပါဘူး။ အဲ့လိုစိတ်မျိုး ထားဖို့ကလည်း ခက်ခဲပါတယ်။ အခုတော့ ကိုယ့်ဘဝကို တွေးမိပြီး ဝမ်းနည်းပါတယ်။ ဘာလုပ်စားရမယ် မသိတော့ပါဘူး” လို့ မျက်ရည်တွေနဲ့ ပြောပြခဲ့ပါတယ်။

ที่อยู่

260, Petchburi Road, Ratchathewi
Bangkok
10400

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ MM News Zoneผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์