14/09/2025
https://m.facebook.com/story.php?story_fbid=122224158908126823&id=61553804709884&mibextid=Nif5oz
ပြန်လည်အသိပေးထုတ်ပြန်ချက်
▪️ရှေးဦးစွာ တော်လှန်ပြည်သူများ အယောက်စီတိုင်းကိုပြန်လည်မျှဝေပေးဖို့ အကူအညီတောင်းခံအပ်ပါသည်။
▪️ထောက်ပို့ထီလက်မှတ်များ ရောင်းချမှုသည် ထောက်ပို့ထီ ကော်မတီ နှင့် ပူးပေါင်းပါဝင်ရောင်းချနေကြသော တပ်ရင်းတပ်ဖွဲ့အသီးသီးနှင့် ပညာရေး၊ကျန်းမာရေး အစရှိသည့် အဖွဲ့အစည်းများအားလုံးတွင် ပုံမှန်အတိုင်း ရောင်းချပေးလျက်ရှိပြီး ထောက်ပို့ထီ Page တွင်လည်း ပုံမှန်အတိုင်းဆက်လက်ရောင်းချပေးလျက်ရှိပါသည်။
▪️ထီလက်မှတ်များ ဝယ်ယူရာတွင် မိမိဝယ်ယူသည့်အဖွဲ့အစည်းကို သေချာစွာ စီစစ်ပြီး အဖွဲ့အစည်းထံမှ ဘဏ်အကောင့်တောင်းယူကာ ပေးပို့သည့် ဘဏ်အကောင့်ကိုသာ ငွေလွှဲပေးကြပါရန် သတိပေးပန်ကြားအပ်ပါသည်။
▪️တော်လှန်ပြည်သူများ စိတ်ပူနေကြသည့် SDB Bank နှင့် NUG pay အကောင့်တို့သည်လည်း တာဝန်ရှိ လူကြီးမင်းများ၏ ကူညီပေးမှူကြောင့် ပိတ်ထားပြီးဖြစ်ပါသည်။ထိုအတွက်ကြောင့်လည်း SDB Bank နှင့် NUG pay မှ တာဝန်ရှိ လူကြီးမင်းများကို ကျေးဇူးအထူးတင်ရှိပါသည်။
▪️သတိပေးထုတ်ပြန်ချက် ပို့စ်မတင်ခင်ကပင် SDB Bank နှင့်NUG PAY
တာဝန်ရှိလူကြီးမင်းများမှ အကောင့်ပိတ်ပြီးကြောင်း အကြောင်းကြားထားသည်ကို မကြည့်မိပဲ အကောင့်မပိတ်ရသေးကြောင်း ထုတ်ပြန်မိသည့်အတွက် တာဝန်ရှိလူကြီးမင်းများနှင့် တော်လှန်ပြည်သူများအားလုံးကို အနူးအညွတ်တောင်းပန်အပ်ပါသည်။ ထိုသို့ဖြစ်ရသည်မှာလည်း လတ်တလောဖြစ်ရပ်ကြောင့် စိုးရိမ်ပူပန် ထူပူနေကြသောကြောင့် ဖြစ်ရခြင်းဖြစ်ပါသည်။
▪️ထောက်ပို့ထီကော်မတီ Admin Team သည် အဖမ်းခံထားရသော”မင်မင်ခင်”တစ်ဦးထဲနဲ့ လည်ပတ်နေသည်အဖွဲ့အစည်း မဟုတ်သည့်အတွက်ကြောင့် ယခုအဖမ်းဆီးခံရချိန်တွင်လည်း “မင်မင်ခင်”တာဝန်ထမ်းဆောင်နေသော အစိတ်အပိုင်းမျှသာ ကြန့်ကြာနေပြီး ကျန်သည့်အစိတ်ပိုင်းများကို ပုံမှန်အတိုင်း လုပ်ဆောင်လျက်ရှိပါသည်။
▪️အဖမ်းစီးခံထားရကြောင်း သတင်းကြားသိရပြီး အဆက်သွယ်ပြတ်တောက်နေသော “မင်မင်ခင်”ကိုလည်း စုံစမ်းလျှက်ရှိပြီး အချို့အကြောင်းအရာများကို ထုတ်ဖော်ပြောရသည့်အခါများတွင် အန္တရာယ်ကြားကနေ ဖော်ပြရသည့်အတွက်ကြောင့် နားလည်ပေးကြရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။
▪️ထောက်ပို့ထီကို ဦးဆောင်သူများသည် အာဏာအသိမ်းခံရပြီး တော်လှန်ရေးကို စတင်ခဲ့ကြသည့်နေ့မှစပြီး ယနေ့အထိ တတ်စွမ်းသလောက် လုပ်ကိုင်ဆောင်ရွက်ပြီး ပါဝင်နေကြသူများ ဖြစ်သည်အလျောက် အဖွဲ့အစည်းများအားလုံးနှင့် ပူးပေါင်းချိတ်ဆက်ကာ ပါဝင်တော်လှန်နေပါသောကြောင့် လိုအပ်ချက်ရှိသော ထုတ်ပြန်ချက်များနှင့် အချို့အကြောင်းအရာများသည် မည်သည့်အဖွဲ့အစည်း၊လူပုဂ္ဂိုလ်ကိုမှ မကောင်းမြင်လိုသောစိတ် တစိုးတစိ မျှမရှိပါသောကြောင့် လိုအပ်ချက်များရှိသည့်အခါများတွင်လည်း နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
▪️ထောက်ပို့ထီ ကော်မတီဝင်များသည် အရေးတော်ပုံ အောင်သည်အထိ ပါဝင်တော်လှန်ကြမည်ဟု ဂတိသစ္စာပြုခဲ့သည့်အတိုင်း ဘယ်လိုအခက်အခဲအန္တရာယ်များနှင့်ပဲ ကြုံရကြုံရ အရေးတော်ပုံအောင်သည်အထိ ပါဝင်တော်လှန်သွားပါမည်။
အရေးတော်ပုံမုချအောင်ရမည်။
ထုတ်ပြန်သည့်အဖွဲ့စည်း- ထောက်ပို့ထီကော်မတီ
ထုတ်ပြန်သည့်နေ့ - 14.09.2025
#ဖက်ဒရယ်ခေတ်စီမျှော်မှန်းရည် တွဲလက်ညီညီထောက်ပို့ထီ