Khit A Linn သဟဇာတဖြစ်သော ပိုမိုကောင်းမွန်သော လ? ပိုမိုကောင်းမွန်သော လူမှုအသိုင်းအဝိုင်းဆီ ချစ်ခြင်းနှင့်ဉာဏ်ပညာအားဖြင့် ချီတက်မည်။

ကာတွန်း ကိုနော်
03/05/2023

ကာတွန်း ကိုနော်

နိုင်ငံကျော် လူရွှင်တော်ကြီး ဦးဝင်းနိုင်(အနုပညာ) ကွယ်လွန် နိုင်ငံကျော် ဝါရင့်ဟာသသရုပ်ဆောင်နှင့် လူရွှင်တော် ဦးဝင်းနိုင်...
03/05/2023

နိုင်ငံကျော် လူရွှင်တော်ကြီး ဦးဝင်းနိုင်(အနုပညာ) ကွယ်လွန်

နိုင်ငံကျော် ဝါရင့်ဟာသသရုပ်ဆောင်နှင့် လူရွှင်တော် ဦးဝင်းနိုင်(အနုပညာ)သည် ဧပြီလ ၂၉ ရက်နေ့ မနက် ၆ နာရီခွဲအချိန်တွင် ပုလဲမြို့၊ ဆည်းဆာရိပ်ဘိုးဘွားရိပ်သာတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

"အနုပညာဆည်းဆာရိပ် (ဘုန်းဘုန်း)
အရိပ်၏ မေတ္တာဥယျာဉ်အောက်ဝယ် သူတစ်ပါးကိုအပူမပေး ပျော်ရွှင်သောစိတ်ထားဖြင့် ဘဝကိုအေးချမ်းစွာဖြင့်ကျော်ဖြတ်သွားသော အဘိုးဦးဝင်းနိုင်(အသက်-၇၄)နှစ် (ရုပ်ရှင် ဟာသ သရုပ်ဆောင်သည်) 29:04:2023 မနက်ခင်း 06:30 အချိန်တွင် အေးချမ်းစွာဖြင့် ဘဝနိဂုံး အဆုံးသတ်သွားပါပြီ။ သဂြိုဟ်မည့်ရက်အား ထပ်မံကြေငြာပေးပါမည်"ဟု အနုပညာ ဆည်းဆားရိပ်တရာတော် ဘုန်းဘုန်းဦးလှတောက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးရေးသားထားသည်။

ဦးဝင်းနိုင်သည် မကွယ်လွန်ခင်က လေဖြတ်ဝေဒနာ ခံစားခဲ့ရပြီး ကွယ်လွန်ချိန်တွင် အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်ကြောင်း သိရသည်။

စိတ်လှုပ်ရှားဖွယ်တနေ့တာရဲ့အစ--------------------------- မိဘတွေ စျေးသွားနေချိန်ခလေး အိပ်မုံစုတ်ဖွားနဲ့ ဝရံတာကျော် (၅)လွှာ...
19/12/2022

စိတ်လှုပ်ရှားဖွယ်တနေ့တာရဲ့အစ
---------------------------
မိဘတွေ စျေးသွားနေချိန်
ခလေး အိပ်မုံစုတ်ဖွားနဲ့
ဝရံတာကျော် (၅)လွှာ
ဆန်းရှိတ်ပေါ်ငုတ်တုတ်ထိုင်နေတာ
မျက်နှာချင်းဆိုင် အိမ်ကတွေ့တော့
ရပ်ကွက်တခု့လုံး ဝက်ဝက်ကွဲရော
မထနဲ့ ထိုင်နေအော်သူနဲ့ ,
အောက်က စောင်ခံတဲ့သူကခံ
အိမ်တခါးဖျက်တဲ့သူက ဖျက် . .
မသေကောင်းမပျောက်ကောင်း . .
လူညီလို့ ကံကောင်းချက်. .
ကျန်းမာချမ်းသာဘေးရန်ကင်းကြပါစေ။

Tin Aung Myint

နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင် ခြောက်နှစ်ကျပြီရန်ကုန်၊ ဒီဇင်ဘာ ၇ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP) (နှင်းဆီပါတီ...
07/12/2022

နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင် ခြောက်နှစ်ကျပြီ

ရန်ကုန်၊ ဒီဇင်ဘာ ၇

ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP) (နှင်းဆီပါတီ) ဥက္ကဋ္ဌ ဦးကျော်မြင့်ကို မနေ့ကပြုလုပ်တဲ့ အင်းစိန်ထောင်တွင်းတရာရုံးမှာ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဦးကျော်မြင့်ကို ပြီးခဲ့တဲ့ NLD ပါတီလက်ထက်က စွဲဆိုထားတဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၈၂ ၊ ပုဒ်မ ၁၇၁ တို့နဲ့ ထောင်ဒဏ် ၆ နှစ် အမိန့်ချခဲ့တာလို့ သိရပါတယ်။

သူဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီက ဖမ်းဆီးခံခဲ့ရပြီး ငွေကြေးခဝါချမှုတွေ၊ လဝက ဥပဒေတွေနဲ့ တရားစွဲဆိုခံထားရတာဖြစ်ပြီး နစက လက်ထက်မှာ အခုလိုအမိန့်ချခဲ့တာပါ။

07/12/2022

YBS ကားပေါ် အနုကြမ်းစီးနေလို့ ဘေးနားကဖြတ်သွားတဲ့ စစ်ကားကို ခရီးသည်အမျိုးသမီးက လက်သုံးချောင်းထောင်ပြ

(လက်သုံးချောင်းထောင်သူကို ဖမ်းဖို့လိုက်လာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အနုကြမ်းစီးတဲ့ အမျိုးသား ၃ ဦးကို ဖမ်းသွား)

ရန်ကုန်၊ ဒီဇင်ဘာ ၅

YBS ကားပေါ် အနုကြမ်းစီးနေလို့ ဘေးနားကဖြတ်သွားတဲ့ စစ်ကားကို ခရီးသည်အမျိုးသမီးက လက်သုံးချောင်းထောင်ပြမှု မနေ့ ဒီဇင်ဘာလ ၄ ရက်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ မနေ့တုန်းက အင်းစိန်းဈေးအကျော်မှာ YBS ကားတစ်စီးပေါ်မှာ ယာဉ်မောင်းကို လူတစ်ဦးက ဓားနဲ့ထောက်ကာ မှတ်တိုင်တွေမရပ်ဖို့ ခြိမ်းခြောက်ခဲ့ပြီး ကျန် ၂ ဦးကတော့ ခရီးသည်တွေဆီက ပစ္စည်းတွေ၊ငွေတွေကိုခြိမ်းခြောက် အနုကြမ်းစီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီ YBS ကားပေါ်မှာပါလာတဲ့ ခရီးသည်အမျိုးသမီးတစ်ဦးက ဘေးနားက ဖြတ်သွားတဲ့ လုံခြုံရေးကားကို နွေဦးတော်လှန်ရေးသင်္ကေတ လက်သုံးချောင်းထောင်ပြခဲ့တယ်လို့သိရပါတယ်။၊

လုံခြုံရေးကားကလည်း YBS ကားနောက်ကို လိုက်လာကာ သမိုင်းလမ်းဆုံအရောက်မှာ ကားကိုရပ်ခိုင်း၊ လက်နက်တွေနဲ့ ကားပေါ်တက်ပြီးနောက် လက်သုံးချောင်းထောင်သူ ဘယ်သူလဲဆိုတာကို သေနတ်တွေနဲ့ချိန်ပြီး မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

"အဲဒီအမျိုးသမီးက သူက နိုင်ငံရေးမသိပါဘူး။ ကားပေါ်မှာ လူသုံးယောက် အနုကြမ်းစီးနေလို့ အကူအညီတောင်းတာပါ"ဆိုပြီး ပြောတယ်လို့ ကိုယ်တွေကြုံခဲ့တဲ့ ခရီးသည်တစ်ဦးက ပြောပါတယ်။

ကားပေါ်က ခရီးသည်တွေကလည်း အမျိုးသမီးပြောတာ ဟုတ်မှန်ကြောင်း ဝိုင်းဝန်းထောက်ခံကြလို့ အဲဒီ အနုကြမ်းစီးတဲ့ အမျိုးသား ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ရန်ကုန် YBS ကားတွေပေါ်မှာ နစက အာဏာရယူပြီးကတည်းက ပေါ်ပေါ်ထင်ထင် အနုကြမ်းစီးမှုတွေ ဖြစ်နေတာပါ။

ဓာတ်ပုံ ( ပုံဟောင်းကိုအသုံးပြုထားခြင်းဖြစ်သည်)

အင်းစိန်ထောင်တွင်း ‌သေဒဏ်ကွပ်မျက်စီရင်မှု မရှိသေးဘူးလို့ အကျဉ်းဦးစီးပြောရန်ကုန်၊ ဒီဇင်ဘာ ၇ဒီနေ့ ဒီဇင်ဘာလ ၇ ရက် နေ့လယ်ပိ...
07/12/2022

အင်းစိန်ထောင်တွင်း ‌သေဒဏ်ကွပ်မျက်စီရင်မှု မရှိသေးဘူးလို့ အကျဉ်းဦးစီးပြော

ရန်ကုန်၊ ဒီဇင်ဘာ ၇

ဒီနေ့ ဒီဇင်ဘာလ ၇ ရက် နေ့လယ်ပိုင်းအထိ အင်းစိန်ထောင်အတွင်း သေဒဏ် ကွပ်မျက်စီရင်ခဲ့မှု မရှိသေးဘူးလို့ အကျဉ်းဦးစီး တာဝန်ရှိသူတစ်ဦးကပြောကြားပါတယ်။

ယခုလ ဒီဇင်ဘာလ ပထမအပတ်မှာ သေဒဏ်ချခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားတွေကို သေဒဏ်စီရင်မယ့်သတင်းတွေ လူမှုကွန်ရက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

ဒီနေ့မှာလည်း လူမှုကွန်ရက်တွေမှာ အနက်ရောင် ပရိုဖိုင်းတွေ ပြောင်းလဲတာ၊ သေဒဏ်မပေးဖို့ တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။

လက်ရှိမှာ တက္ကသိုလ်ကျောင်းသားတွေကို သေဒဏ်စီရင်မယ်ဆိုတဲ့ အပေါ် နိုင်ငံတကာမှာလည်း ကန့်ကွက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြဟ်ပေါ်နေပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အမေရိကန်ဘောလုံးအသင်း နည်းပြ Gergg Berhalter ဆီ သမ္မတ ဂျိုးဘိုင်ဒန်က ဖုန်းခေါ်ပြီး သူဟာ ကစားဖို့အသ...
22/11/2022

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အမေရိကန်ဘောလုံးအသင်း နည်းပြ Gergg Berhalter ဆီ သမ္မတ ဂျိုးဘိုင်ဒန်က ဖုန်းခေါ်ပြီး သူဟာ ကစားဖို့အသင့်ရှိနေပြီဖြစ်လို့ အသင်းထဲပါဝင်ခွင့်ပေးပါဆိုပြီး အရွှန်းဖောက်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံသားတွေ၊ မိသားစုဝင်တွေနဲ့ ပရိသတ်တွေက အမေရိကန်အသင်းနဲ့အတူ ရှိနေကြောင်းလည်း သမ္မတကြီးက အားပေးခဲ့ပါသေးတယ်။

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားကျွန်းဆွယ်မှာ မနေ့က နိုဝင်ဘာလ ၂၁ ရက်တုန်းက ရစ်ချက်စတာစကေး ၅.၆ အင်အားရှိတဲ့ အင်အားပြင်းင...
22/11/2022

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားကျွန်းဆွယ်မှာ မနေ့က နိုဝင်ဘာလ ၂၁ ရက်တုန်းက ရစ်ချက်စတာစကေး ၅.၆ အင်အားရှိတဲ့ အင်အားပြင်းငလျင်လှုပ်ခဲ့ပြီး လူပေါင်း ၁၆၀ လောက် သေဆုံးခဲ့သလို ပျက်စီးဆုံးရှုံးမှုလည်း များခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူကလည်း ရာနဲ့ချီရှိပြီး အခုအခါမှာတော့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေစတင်နေပါပြီ။

ကမ္ဘာ့ဖလားသတင်း.......အင်္ဂလန် အသင်း က အီရန်ကို ဂိုး ဒါဇင်ဝက် သွင်းပြီး အနိုင်ယူရန်ကုန်၊ နိုဝင်ဘာ ၂၂ မနေ့က ည ၇ နာရီခွဲမှ...
22/11/2022

ကမ္ဘာ့ဖလားသတင်း.......
အင်္ဂလန် အသင်း က အီရန်ကို ဂိုး ဒါဇင်ဝက် သွင်းပြီး အနိုင်ယူ

ရန်ကုန်၊ နိုဝင်ဘာ ၂၂

မနေ့က ည ၇ နာရီခွဲမှာ ယှဉ်ပြိုင်ကစားတဲ့ အင်္ဂလန် နဲ့ အီရန် အသင်းတို့ ပွဲစဉ်မှာ အင်္ဂလန်က ၆ ဂိုး ၂ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိသွားပါတယ်။

အင်္ဂလန် အသင်းအတွက် ဂိုးတွေကိုတော့

ဘယ်လင်ဂန်
စတာလင်း
ရက်စ်ဖို့
ဂရစ်လစ်
ဆာကာ ( ၂ဂိုး )

သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အီရန် အသင်း အတွက် ဂိုးကိုတော့ တာရေမီတာ ၂ဂိုးသွင်းယူ ခဲ့တာပါ။

21/11/2022

ကာတာ Vs အီကွေဒေါ ပွဲစဉ်မှာ 'We want beer'ဆိုပြီး ကာတာရဲ့ ဘီယာသောက်ခွင့်တားမြစ်ချက်ကို ကန့်ကွက်နေကြတဲ့ အီကွေဒေါပရိသတ်များ

ကာတာ ကမ္ဘာ့ဖလားထက် အကြောင်းဆိုးတဲ့ ငပလီဆောင်းဦးပွဲတော်ကို စစ်ကောင်စီ က သဲပူပူ နေပူပူမှာ ကျင်းပနေပြန် (သတင်းဓာတ်ပုံ)ဒီဆော...
21/11/2022

ကာတာ ကမ္ဘာ့ဖလားထက် အကြောင်းဆိုးတဲ့ ငပလီဆောင်းဦးပွဲတော်ကို စစ်ကောင်စီ က သဲပူပူ နေပူပူမှာ ကျင်းပနေပြန် (သတင်းဓာတ်ပုံ)

ဒီဆောင်းဦးပွဲတော်မှာ အားကစားပြိုင်ပွဲတွေလည်း ထည့်သွင်းကျင်းပမှာဖြစ်ပါတယ်။

ที่อยู่

26/1 Gp 17 Soi Chadsanprasarnmitr Onnuch Racha Thaewa Bang Phli
Bangkok
10540

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Khit A Linnผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์