02/09/2026
🚨 All-New Mitsubishi PAJERO 2026 ထွက်ရှိလာ!
🇯🇵 ဂျပန်နိုင်ငံမှာ ပထမဆုံးအကြိမ် ကမ္ဘာ့မိတ်ဆက်ပြသမယ့် All-New Mitsubishi Pajero (5th Generation) ကို မိတ်ဆက်လိုက်ပြီဖြစ်ပြီး မြန်မာနိုင်ငံမှာ လူကြိုက်များခဲ့တဲ့ Pajero က Mitsubishi ရဲ့ Flagship SUV အဖြစ် ပြန်လည်ရောက်ရှိလာမှာ ဖြစ်ပါတယ်။
🇹🇭 အဆိုပါ Pajero အသစ်ကို ထိုင်းနိုင်ငံ Mitsubishi စက်ရုံမှာ ထုတ်လုပ်မည် ဖြစ်ပြီး ထိုင်းဈေးကွက်အပြင် ဂျပန်နဲ့ သြစတြေးလျဈေးကွက်တွေကိုပါ ပြန်လည်တင်ပို့ရောင်းချသွားမယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာတော့ 2026 ခုနှစ် နှစ်ကုန်ပိုင်း ဝန်းကျင်မှာ စတင်ရောင်းချဖို့ မျှော်မှန်းထားပါတယ်။
Pajero Generation အသစ်ကို နောက်ဆုံးထွက် Mitsubishi Triton နဲ့ အခြေခံဖွဲ့စည်းပုံတူညီတဲ့ Body-on-Frame / Ladder Frame Platform ပေါ်မှာ တည်ဆောက်ထားပါတယ်။
ဒါပေမယ့် Pajero အတွက် သီးသန့်ပြုပြင်မွမ်းမံထားပြီး Off-road စွမ်းဆောင်ရည် နဲ့ လမ်းမပေါ်မှာ စီးနင်းသက်တောင့်သက်သာရှိမှု နှစ်ခုလုံးကို အဓိကထား ဖွံ့ဖြိုးထားပါတယ်။
📏 All-New Pajero (5th Generation) ကိုယ်ထည်အရွယ်အစား
အလျား — 16.14 ပေ
အနံ — 6.32 ပေ
အမြင့် — 6.27 ပေ
Wheelbase — 9.42 ပေ
အနိမ့်ဆုံး Turning Radius — 18.0 ပေ
Ground Clearance — 8.98 လက်မ
အလေးချိန် — ခန့်မှန်း 2,460 kg (5,423 lbs)
🛞 4WD စနစ်
Pajero အသစ်မှာ Mitsubishi ရဲ့ Super Select 4WD-II (SS4-II) စနစ်ကို အသုံးပြုထားပြီး Drive Mode ၄ မျိုး ရွေးချယ်နိုင်ပါတယ်။
▪️ 2H — နောက်ဘီးယက်▪️ 4H — Full-time 4WD▪️ 4HLc — 4WD + Center Differential Lock▪️ 4LLc — 4WD + Center Differential Lock + Low Range
🔥 Engine
2.4-Litre Clean Diesel Engine
4N16 Code အသုံးပြုထားတဲ့ 2.4-litre Diesel 4-cylinder DOHC 16-valve Engine ဖြစ်ပြီး—
Engine Capacity — 2,442 cc
Turbo — Single VGT Turbocharger
Power — 204 hp @ 3,500 rpm
Torque — 480 Nm @ 1,750–2,500 rpm
Transmission — 8-speed Automatic
4WD — Super Select 4WD-II
Emission Standard — Euro 6
🏔️ Driving Mode 7 မျိုး
▪️ ECO▪️ NORMAL▪️ GRAVEL▪️ SNOW▪️ MUD (4WD)▪️ SAND (4WD)▪️ ROCK (4WD)
ထို့အပြင် Super-All Wheel Control (S-AWC) စနစ်မှာ—
▪️ ရှေ့/နောက် Torque Distribution▪️ Active Yaw Control (AYC)▪️ ဘယ်/ညာဘီးများကြား Torque Vectoring▪️ ABS နှင့် ASC မှတစ်ဆင့် ဘီး ၄ ဘီး Brake Control
တို့ကို ပေါင်းစပ်ထိန်းချုပ်ပေးမှာ ဖြစ်ပါတယ်။
✨ Exterior Design
All-New Pajero ရဲ့ Exterior Design မှာ—
▪️ T-shaped LED Headlights▪️ Vertical LED Daytime Running Lights▪️ Horizontal Bar / Honeycomb Grille Design ၂ မျိုး▪️ Pajero ပထမမျိုးဆက်ရဲ့ Roll Bar ကို Inspiration ယူထားတဲ့ C-Pillar Design▪️ Pajero အဟောင်းတွေရဲ့ နောက်ဘက် Spare Wheel Design ကို Inspiration ယူထားတဲ့ Hexagonal Rear Design▪️ Acoustic Glass Windshield နှင့် Door Glass များ▪️ LED Turn Signal ပါ Side Mirror▪️ Roof Rail▪️ Side Step▪️ Electric Panoramic Sunroof▪️ 20-inch Wheels▪️ 255/55 R20 Tires
တို့ ပါဝင်လာပါတယ်။
Suspension အနေနဲ့—
▪️ Front — Double Wishbone▪️ Rear — 5-Link Rigid Axle
ကို အသုံးပြုထားပါတယ်။
🛋️ Interior
အတွင်းခန်းမှာ 3-Row / 7-Seater Layout ဖြစ်ပြီး Luxury SUV တစ်စီးအနေနဲ့ သက်တောင့်သက်သာရှိစေဖို့ Equipment တွေကို အတော်လေး ပြည့်ပြည့်စုံစုံ ထည့်သွင်းထားပါတယ်။
▪️ Front Power Seats▪️ Ventilated Front Seats▪️ 2-position Memory Seats▪️ Second Row 60:40 Split Folding▪️ Second Row 150 mm ရှေ့/နောက် ရွှေ့နိုင်ခြင်း▪️ One-touch Folding▪️ R-Comfort Seat Structure▪️ Third Row 50:50 Folding Seats▪️ Second-row Side Sunshades
🖥️ Display & Technology
Dashboard မှာ Monolithic Display ပုံစံနဲ့ Screen နှစ်ခုကို တစ်ဆက်တည်းပေါင်းစပ်ထားပြီး—
▪️ Digital Instrument Cluster▪️ 14.3-inch Touchscreen Display▪️ Multi Meter Driving Information Display▪️ Meter Background Design 16 မျိုး▪️ Wireless Smartphone Connectivity
တို့ ပါဝင်ပါတယ်။
🎵 Yamaha Premium Audio
Dynamic Sound Yamaha Ultimate Audio System ကို အသုံးပြုထားပြီး—
▪️ Speaker 12 လုံး▪️ Amplifier 2 လုံး▪️ ကားအမြန်နှုန်းအလိုက် အသံအတိုးအကျယ်/Noise Compensation
စနစ်တွေ ပါဝင်ပါတယ်။
ဒါ့အပြင်—
▪️ Digital Rear-view Mirror▪️ Temperature-controlled Center Console Storage▪️ 3-Zone Automatic Climate Control▪️ Rear Air-conditioning Control▪️ 3D Around View Monitor▪️ Front Underfloor View▪️ EPB + Auto Hold▪️ Front USB-C 2 ပေါက်▪️ Rear USB-C 3 ပေါက်▪️ MITSUBISHI CONNECT▪️ SOS Emergency Call
တို့လည်း ပါဝင်လာပါတယ်။
🛡️ Safety & Driver Assistance
Highway Driving အတွက် MI-PILOT စနစ်ကို ထည့်သွင်းထားပြီး Adaptive Cruise Control (ACC) နဲ့ Lane Keep Assist (LKA) ကို ပေါင်းစပ်အသုံးပြုထားပါတယ်။
ဒါ့အပြင်—
▪️ Adaptive Cruise Control (ACC)▪️ Lane Keep Assist (LKA)▪️ Forward Collision Mitigation (FCM)▪️ Predictive Forward Collision Warning (PFCW)▪️ Emergency Assist for Pedal Misapplication (EAPM)▪️ Emergency Lane Assist (ELA)▪️ Front Cross Traffic Alert (FCTA)▪️ 8 SRS Airbags
တို့ ပါဝင်ပါတယ်။
🎨 Exterior Colors
🟤 Armor Copper — New Color🔵 Phantom Blue — New Color⚫ Black⚪ Pearl White🩶 Gray
🇯🇵 All-New Mitsubishi Pajero (5th Generation) ကို ဂျပန်နိုင်ငံမှာ ပထမဆုံးအကြိမ် Public Debut ပြုလုပ်သွားမှာဖြစ်ပြီး 🇹🇭 ထိုင်းနိုင်ငံမှာ 2026 ခုနှစ် နှစ်ကုန်ပိုင်း အတွင်း စတင်ရောင်းချသွားဖို့ မျှော်မှန်းထားပါတယ်။
#မစ်ဆူဘီရှီ #ပဂျဲရိုး