15/08/2025
သားအိမ်ကျတယ်ဆိုတာ သားအိမ်က ဖြည်းဖြည်းချင်း အောက်ကိုဆင်းလာပြီး သားအိမ်နံရံတွေ မိနိးမကိုယ်ကနေ ကျွံဆင်းလာတာ ဖြစ်ပါတယ်။
>> သားအိမ်ကျတဲ့အခါ ဘယ်လိုလက္ခဏာတွေ ပြတတ်သလဲ?
● ခါးအောက်ပိုင်း လေးလေးကြီး ခဲဆွဲထားသလို နာမယ်။
● သားအိမ်ထဲမှာ၊ မိန်းမကိုယ်မှာ တစ်ခုခု တစ်နေသလို ခံစားရမယ်။
● နောက်ကြောတက်မယ်။
● ဆီးသွားရ ခက်မယ်။
● ဆီးကျန်သလို ခံစားရမယ်။
● ချောင်းဆိုးတဲ့အခါ၊ နှာချေတဲ့အခါ ဆီးတွေ ထွက်ကျမယ်။