16/08/2026
ဒီ Hair Mask ကောင်းတယ်၊ ဥဥ Approved ✅💕
L’OREAL : Extraordinary Oil Hair Mask
ဘာကောင်းတာလဲဆိုရင်
ခြောက်/ဖွာ/ကြမ်း ဆံပင်တွေကို
Shiny, Smooth & Soft ဖြစ်စေတယ်
ဘယ်သူတွေသုံးသင့်လဲဆိုရင်
Hair Type မရွေးသုံးလို့ရတယ်
Damaged ဖြစ်ဖြစ် မဖြစ်ဖြစ် သုံးလို့ရတယ်
Low/Medium/High Porosity အကုန်ရတယ်
Low Porosity သမားတွေက တစ်ခုပဲ သတိထားဖို့လိုတယ်
Amount နည်းနည်းပဲသုံးပေးပါ
သူ့ Texture က Buttery Texture၊
နည်းနည်း ပြစ်လို့ အများကြီးသုံးရင်
လေးပြီးကပ်သွားနိုင်တယ်
နောက်တစ်ခုက ဦးရေပြားကိုမထိဘဲ
နားရွက်အောက်နားကနေ
ဆံပင် အဖျားထိပဲသုံးပေးရင်ရပြီ
သူ့အနံံံံံံံက Floral လို့ပြောထားပေမယ့်
ဥ ကတော့ Vanilla & Caramel အနံ့မျိုး
အီအီမွှေးမွှေးလေးရတယ်
လျှော်ပြီးရင် အနံ့စွဲကျန်တာတော့ မဖြစ်ဘူး
Detailed သိချင်တဲ့သူတွေက အောက်ကို
ဆက်ဖတ်လို့ရတယ်
Main Ingredients တွေဖြစ်တဲ့ Amodimethicone နဲ့ Behentrimonium Chloride တွေက ဆံသားကို Conditioning / Smoothing Effect ပေးလို့ ၁-၃မိနစ်လောက်သုံးရုံနဲ့
ဆံပင်က ပျော့ပြီး Healthy Look ကိုရတာပေါ့နော်
Damaged Hairတွေကို အတွင်းထိ Repair လုပ်ပေးတာမျိုးမဟုတ်ဘဲ
ဆံသားကို Coated/Conditioned လုပ်ပေးတာမလို့
Repairing Effect တော့အများကြီးရမှာမဟုတ်ဘူး
ဝယ်သင့်လားဆိုရင်တော့
ဝယ်ပြီး နောင်တမရမယ့် Hair Mask လို့ ဥထင်တယ်
ဘူးကြီးမဝယ်ရဲသေးရင်တော့ ဥလိုမျိုး
အထုပ်သေးဝယ်ပြီး စမ်းကြည့်ပေါ့နော် 🎀💕