ᴘ's ɢʀᴇᴇɴ ᴘᴀssɪᴏɴs

ᴘ's ɢʀᴇᴇɴ ᴘᴀssɪᴏɴs I usually share here all about my interests including life style, feelings, thoughts, experiences, p

@ Merino sheep farm, Chiangmai 🇹🇭
22/10/2025

@ Merino sheep farm, Chiangmai 🇹🇭

ချင်းမိုင်ကနေ ချင်းရိုင်မြို့လေးဆီ တစ်ရက်တာ ဘယ်လိုသွားလည်ခဲ့သလဲ 🛕🏛️ချင်းမိုင်မြို့ကို အလည်သွားတယ်ဆိုပေမယ့် ချင်းရိုင်ကို...
21/10/2025

ချင်းမိုင်ကနေ ချင်းရိုင်မြို့လေးဆီ တစ်ရက်တာ ဘယ်လိုသွားလည်ခဲ့သလဲ 🛕🏛️

ချင်းမိုင်မြို့ကို အလည်သွားတယ်ဆိုပေမယ့် ချင်းရိုင်ကိုလည်း သွားလည်ချင်တယ်၊ ဘယ်နေရာတွေလည်ရမလဲ၊ ဘယ်လိုသွားရမလဲသိချင်ရင် ဆက်ဖတ်ကြည့်ပါနော်။

ချင်းရိုင်က ဘာသာရေး၊ ယဉ်ကျေးမှုအမွေအနှစ်တွေကို လေ့လာဖို့ရာ နာမည်ကြီးပါတယ်။ လူသိများတာက နတ်ဘုံနတ်နန်းလို ထင်မှတ်ရတဲ့ white temple ပါ။

ချင်းရိုင်ကို one day tour သွားဖို့အတွက် စီစဉ်ပေးတဲ့ tour agency တွေအများကြီးရှိပါတယ်။ ချင်းမိုင်ကဟိုတယ်ကိုရောက်မှ tour package info တွေစုံစမ်းနိုင်သလို ချင်းမိုင်ကမြန်မာတွေ စီစဉ်ပေးတာလည်း ရှိပါတယ်။

မသွားခင်ကတည်းက ကြိုစီစဉ်ထားချင်ရင်တော့ Agoda, Klook လို apps တွေကနေ tour package ဝယ်ထားလို့ရပါတယ်။

ကျွန်မကတော့ Agoda ကနေ ဝယ်ပါတယ်။ ကိုယ်သွားချင်တဲ့နေ့အတွက် group tour join မလား၊ prívate group အနေနဲ့ ကားစင်းလုံးငှါးမလားဆိုတာတော့ အတူတူသွားတဲ့ လူဦးရေပေါ် မူတည်တာပေါ့။ နှစ်ယောက်တည်း prívate tour package ဝယ်လည်းရပေမယ့် မတူညီတဲ့နိုင်ငံတွေက လူအုပ်စုတွေနဲ့သွားရတာကြိုက်လို့ group tour ပဲ ဝယ်ခဲ့ပါတယ်။ တစ်ယောက်ကို $36 ကျပါတယ်။ ကုန်ကျစရိတ်က ဟိုတယ်ထိအကြိုအပို့ကားခ+ဝင်ကြေးတွေ+ရေ+နေ့လည်စာဘူဖေး+နာနတ်သီး+tour guide အားလုံးပါလို့ ဘာမှအပိုထပ်ကုန်စရာမလိုပါဘူး။

ချင်းမိုင်ကနေ ချင်းရိုင်အထိက ၃ နာရီခွဲလောက် ကြာပါတယ်။ ချင်းမိုင်ကနေ မနက် ၇ နာရီကစထွက်ကာ ည ၉ နာရီမှ ပြန်ရောက်လို့ ပင်တော့ပင်ပန်းပါတယ်။ ပင်ပန်းတာမခံနိုင်ရင်တော့ ချင်းရိုင်မှာ ညအိပ်တဲ့ package တွေ ယူမှပဲ အဆင်ပြေပါလိမ့်မယ်။

သွားတဲ့နေရာတွေက ချင်းရိုင်ရေပူစမ်း၊ long neck village လို့ခေါ်တဲ့ ကယန်းရွာ၊ white temple၊ blue temple၊ singha park၊ black house museum ၊ red temple တွေပဲဖြစ်ပါတယ်။ တစ်နေရာရောက်တဲ့အခါ လေ့လာဖို့၊ ဓါတ်ပုံရိုက်ဖို့ အချိန်လုံလုံလောက်လောက်ပေးပါတယ်။ အေးအေးဆေးဆေး လည်ချင်၊ ဓါတ်ပုံရိုက်ချင်သူတွေအတွက်တော့ အချိန်နည်းတယ်ခံစားရလိမ့်မယ်။ ကျွန်မတို့အတွက်တော့ အဆင်ပြေပါတယ်။ တစ်ရက်တည်းတင် ရောက်ဖူးချင်တဲ့ နေရာမှန်သမျှ ရောက်ဖြစ်တာမဟုတ်လား။

White temple က လူသိများပေမယ့် အကြိုက်ဆုံးဗိသုကာလက်ရာတွေက blue temple နဲ့ black house museum ပါ။ museum ထဲမှာဆိုရင် ပန်းချီတွေလည်း အများကြီး လေ့လာလို့ရသေးတယ်။ ဘယ်နေရာရောက်ရောက်တော့ ဓါတ်ပုံရိုက်ချင်စရာ နေရာတွေချည်းပါပဲ။ ဗုဒ္ဓဘာသာစေတီပုထိုးတွေဖြစ်တာမို့ ဘုရားဖူးရတာလည်း အမြတ်ပါပဲ။

ဆိုလိုရင်းကတော့ ချင်းမိုင်ရောက်ဖြစ်ရင် ချင်းရိုင်ကို တစ်ရက်လည်ဖို့ အစီအစဉ်ထဲ ထည့်သင့်တယ်ဆိုတာပါပဲ။ ကုန်တဲ့ငွေရယ်၊ အချ်န်ရယ်၊ ပင်ပန်းတာတွေနဲ့တန်အောင် မျက်စိပသာဒဖြစ်စရာ၊ မွေ့လျော်ဖွယ်ရာ၊ လေ့လာစူးစမ်းစရာတွေအပြည့်ပါပဲ။

#ချင်းမိုင် temple

ᴘ's ɢʀᴇᴇɴ ᴘᴀssɪᴏɴs

ဒီနေ့ စဖတ်မယ့်စာအုပ် 📓ငယ်တုန်းကတော့ အောင်မြင်မှုကို မက်မောခဲ့တယ် ။ တချိန်က ကိုယ့်ရဲ့အောင်မြင်မှုဆိုတာ ပညာရေးနဲ့ ထိပ်ဆုံး...
20/10/2025

ဒီနေ့ စဖတ်မယ့်စာအုပ် 📓

ငယ်တုန်းကတော့ အောင်မြင်မှုကို မက်မောခဲ့တယ် ။
တချိန်က ကိုယ့်ရဲ့အောင်မြင်မှုဆိုတာ ပညာရေးနဲ့ ထိပ်ဆုံးထိရောက်နိုင်ဖို့ပဲ။ ဘဝရဲ့ အခြားကဏ္ဏတွေကို နောက်မှာထားပြီး ပညာရေးကို တစိုက်မတ်မတ်ကြိုးစားခဲ့သူပေါ့။

အသက်ရလာတော့ ဘဝကို ပြည့်ဝစွာ၊ တနည်းအားဖြင့် မျှတစွာ ဖြတ်သန်းရတာကို ပိုသဘောကျလာတယ်။ Laptop တစ်လုံးရှေ့ မလှမပထိုင်ကာ စာတွေလုပ်နေတာထက် ကျန်းကျန်းမာမာလှလှပပ စမတ်တကျနေထိုင်လုပ်ကိုင်လို့ရသားပဲဆိုတာ တွေးမိ/ပြုမူတတ်လာတယ်။

ဒါကြောင့်ပဲ ဒီစာအုပ်ကို ဝယ်လာဖြစ်တာပါပဲ။ ကိုယ်မတွေးမမြင်မိတဲ့ ရှုထောင့်တွေ၊ သဘောတရားတွေကို တွေ့မိမလားရယ်ပေါ့ ။

ᴘ's ɢʀᴇᴇɴ ᴘᴀssɪᴏɴs

ချင်းမိုင်ကို အလည်သွားမယ်ဆိုတော့ တည်းမယ့်ဟိုတယ်ကို Agoda ထဲ မွှေနှောက်ရှာဖွေရပါတယ်။အရမ်းဟောင်းတာတွေ၊ မသပ်မရပ်ဖြစ်လွန်းတာ...
19/10/2025

ချင်းမိုင်ကို အလည်သွားမယ်ဆိုတော့ တည်းမယ့်ဟိုတယ်ကို Agoda ထဲ မွှေနှောက်ရှာဖွေရပါတယ်။

အရမ်းဟောင်းတာတွေ၊ မသပ်မရပ်ဖြစ်လွန်းတာတွေ၊ review မကောင်းတာတွေ၊ သွားလာရတာဝေးလွန်းတာတွေ ဖယ်ရင်း ဒီဟိုတယ်လေးကို ရွေးလိုက်တာ။

နာမည်က Inspire House hotel တဲ့။ old city နဲ့တော့ နည်းနည်းလေးလှမ်းတယ်။ ကားနဲ့ဆို ၇ မိနစ်လောက်ပါပဲ။ လေဆိပ်နဲ့က ၁၅ မိနစ်လောက် သွားရတယ်။ Bolt နဲ့ဆို ဘတ် ၁၀၀ လောက်ပဲကျတယ်။ ဈေးဝယ်စရာ Central festival နဲ့တော့ နီးပါတယ်။

အခန်းက တော်တော်ကျယ်တယ်။ သပ်သပ်ရပ်ရပ်ရှိပြီး နေချင်စဖွယ်လေးပါပဲ။ အိပ်ရတာလည်း မွေ့ယာတွေက သက်သောင့်သက်သာအတော်ရှိတယ်။ housekeeping လည်း နေ့တိုင်းဝင်တော့ အပြင်ကပြန်လာတိုင်း သပ်ရပ်ရှင်းသန့်နေတာ။

ဘေးနားမှာ coin laundry ဆိုင်တွေ၊ 7-11 ဆိုင်၊ မူကထ စသဖြင့် ဆိုင်တွေလည်းတော်တော်စုံစုံရှိတယ်။ old city နဲ့ နည်းနည်းလှမ်းတာလေးကလွဲရင် ဈေးရော နေရတာရော အဆင်ပြေတယ်။

ဟိုတယ် lobby က lily in the valley ဆိုတဲ့ကဖေးဆိုင်လေးက ကော်ဖီလည်းကောင်း၊ Khao soi ဆိုရင် အခြားနေရာကထက် သူ့ဆီမှာ ပိုစားကောင်းတယ်။

ဈေးကတော့ မနက်စာမပါတာကို တစ်ညအတွက် $20 ကျော်ကျော်လေးတော့ ကျသင့်ပါတယ်။

ချင်းမိုင်မှာ ဘယ်နေရာတည်းရမလဲခေါင်းစားနေရင် တစ်နေရာတွေးမိစေဖို့ sharing လုပ်ပေးတာပါ ✨

#ချင်းမိုင်

ᴘ's ɢʀᴇᴇɴ ᴘᴀssɪᴏɴs

ဒီရက်ပိုင်းထဲ Facebook account, pages တွေ disable ဖြစ်ကုန်ပြီး ပျောက်ကုန်ကြတယ်ပြောတယ်။ဒါကြောင့်ပဲ page followers တွေလည်း...
19/10/2025

ဒီရက်ပိုင်းထဲ Facebook account, pages တွေ disable ဖြစ်ကုန်ပြီး ပျောက်ကုန်ကြတယ်ပြောတယ်။

ဒါကြောင့်ပဲ page followers တွေလည်း တဝုန်းဝုန်းပြုတ်ကျကုန်ပေါ့။

အစကတော့ ကိုယ့် page ရဲ့ တင်လိုရာတင်သော content တွေကို စိတ်မဝင်စားကြတာကြောင့် follow ဖြုတ်သွားကြတယ်ထင်မိတာ။ ကနဦးမှာ page promote တွေလုပ်ခဲ့ပြီး followers စုခဲ့တာက ရိုးရာချည်ထည်တွေရောင်းဖို့ကနေ စဖြစ်ခဲ့တာကိုး။

တကယ်တမ်း ဒီရက်ပိုင်း Facebook error ကြောင့်ဖြစ်တာက ပိုများနေတယ်။

ဘာပဲဖြစ်ဖြစ် ပြန်ပြောရရင်တော့ ဒီ page ဟာ ကျွန်မစိတ်ဝင်စားရာတွေဖြစ်တဲ့ အကြောင်းအရာပေါင်းစုံကို အမှတ်တရအနေနဲ့သာ စုစည်းထားတာသာဖြစ်ပါတယ်။

✌️✌️✌️


ᴘ's ɢʀᴇᴇɴ ᴘᴀssɪᴏɴs

✨ 𝐓𝐡𝐞 𝐤𝐞𝐲 𝐢𝐬 𝐭𝐨 𝐥𝐢𝐯𝐞 𝐥𝐢𝐟𝐞 𝐢𝐧 𝐛𝐚𝐥𝐚𝐧𝐜𝐞 ✨ဘဝမှာ ဖြတ်သန်းရင်ဆိုင်လာရင်း သိလာတာတစ်ခုက ဘယ်အချိန်အထိ ရှင်သန်နေဖြစ်မလဲဆိုတာပါပဲ။အ...
18/10/2025

✨ 𝐓𝐡𝐞 𝐤𝐞𝐲 𝐢𝐬 𝐭𝐨 𝐥𝐢𝐯𝐞 𝐥𝐢𝐟𝐞 𝐢𝐧 𝐛𝐚𝐥𝐚𝐧𝐜𝐞 ✨

ဘဝမှာ ဖြတ်သန်းရင်ဆိုင်လာရင်း သိလာတာတစ်ခုက ဘယ်အချိန်အထိ ရှင်သန်နေဖြစ်မလဲဆိုတာပါပဲ။

အချိန်အကြာကြီးရှင်သန်မှာပဲဆိုတဲ့ယုံကြည်ချက်နဲ့ ကြိုးစားနေရင်း ရုတ်တရက်နှုတ်ဆက်ထွက်ခွါသွားတဲ့ မိတ်ဆွေတွေကို မြင်လိုက်ရတဲ့အခါ ရှင်သန်နေတဲ့အခိုက် သူတို့စိတ်သဘောအတိုင်း ဖန်တီးနေထိုင်ခဲ့ကြရဲ့လား တွေးမိတယ်။

လူဆိုတာ မွေးလာတဲ့နောက် သေမှာပဲလို့ တစ်ထစ်ချတွေးပြီး ဘာမှကြိုးစားလုပ်ကိုင်ခြင်းမရှိဘဲ ရေစုန်မျောမိတဲ့အခါ ရှင်သန်ရတဲ့ကာလမှာ ခက်ခဲကြမ်းတမ်းနေရသူတွေလည်း မြင်နေရတာပဲ။

တချိန်သေရမှာပဲဆိုပေမယ့် မသေခင်စပ်ကြား ရှင်သန်နေရဦးမှာ။ ဒီကာလဟာ ဘယ်လောက်ထိ ရှည်ကြာမလဲဆိုတာ ဘယ်သူမှ မသိနိုင်တာဖြစ်လို့ ရှင်သန်ဖြတ်သန်းဖို့ရာ၊ အိုဖို့အတွက်၊ နာဖို့အတွက် သက်သောင့်သက်သာရှိဖို့ ကြိုးစားကြရဦးမှာ။

ဒီလိုကြားထဲကပဲ နောက်မှဆိုတဲ့အတွေးတွေကိုမေ့ပြီး ဘဝမှာဖန်တီးလိုတာတွေကို တစ်ခုပြီးတစ်ခုအကောင်အထည်ဖော်သွားသင့်တာပါပဲ။ ပိုက်ဆံရှိမှ၊ အသက်ကြီးမှ၊ ဘာဖြစ်မှ ညာဖြစ်မှဆိုတာထက် သေချာတဲ့အရာကို သေချာတဲ့အချိန်မှာပဲ ဖန်တီးပုံဖော်ကာမှ ရှင်သန်ရခြင်းဟာ အဓိပ္ပာယ်ပြည့်ဝမှာပဲဖြစ်တယ်။

ᴘ's ɢʀᴇᴇɴ ᴘᴀssɪᴏɴs

ခရီးသွားတဲ့အခါ လမ်းသင့်လို့ ဒီဆိုင်ရောက်တိုင်း စားဖြစ်တဲ့ အသုပ်စုံ၊ မြန်မာအချိုပွဲနဲ့ လက်ဖက်ရည်ပေါ့ ☕️🧁🍜
17/10/2025

ခရီးသွားတဲ့အခါ လမ်းသင့်လို့ ဒီဆိုင်ရောက်တိုင်း စားဖြစ်တဲ့ အသုပ်စုံ၊ မြန်မာအချိုပွဲနဲ့ လက်ဖက်ရည်ပေါ့ ☕️🧁🍜

✈️တကယ်တမ်းတော့ ခရီးသွားတယ်ဆိုတာ ပင်ပန်းပါတယ်။ အစစအရာရာ ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားရရင် ပိုလည်း အလုပ်ရှုပ်တယ်။ 🛫 နိုင်ငံရပ်...
17/10/2025

✈️တကယ်တမ်းတော့ ခရီးသွားတယ်ဆိုတာ ပင်ပန်းပါတယ်။
အစစအရာရာ ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားရရင် ပိုလည်း အလုပ်ရှုပ်တယ်။
🛫 နိုင်ငံရပ်ခြားခရီးသွားရရင် ပိုဆိုးတာပေါ့။ လေယာဉ်လက်မှတ်ကအစ တည်းမယ့်ဟိုတယ်စီစဉ်တာ၊ လည်မယ့်နေရာတွေ လေ့လာတာ၊ လည်မယ့်အစီအစဉ်တွေ ကြိုပြင်တာ အစရှိတာကနေ ဘာဝတ်မယ်ဆိုတာတွေအထိ အသေးစိတ်ပြင်ဆင်ရတယ်။

👣 ခရီးသွားတာက ကိုယ့်အတွက် ငွေဝင်တာထက် ငွေတွေသုံးလိုက်ရတာအပြင် အလုပ်မဟုတ်တဲ့ / မသွားလည်းဖြစ်တဲ့ အလည်အပတ်ခရီးတွေကို ဘာလို့သွားလဲဆိုရင် အကြောင်းပြချက်ကြီးကြီးမားမားရှိပါတယ်။

✅ အဓိကက နေ့စဉ်ကျင်လည်နေတဲ့နေရာကနေ ခဏနားပြီး အသစ်အဆန်းတွေကို ထိတွေ့လေ့လာခွင့်ရချင်တာမျိုး။ ကိုယ်မမြင်ဖူးတဲ့နေရာတွေ၊ လူတွေ၊ ယဉ်ကျေးမှုတွေ၊ အစားအသောက်၊ ဓလေ့ထုံးစံတွေကို စာအုပ်တွေ/ဓါတ်ပုံတွေ/ရုပ်ရှင်တွေကနေတဆင့်မဟုတ်ဘဲ ကိုယ်တိုင်ထိမြင်ခံစားချင်တာပေါ့။

✅ ဘဝဟာ အိမ်ရယ်၊ အလုပ်ရယ်အပြင် ကိုယ်မသိမမြင်ရသေးတဲ့အရာတွေ၊ ပျော်မွေ့ဖွယ်ရာတွေ အများကြီးရှိပါသေးလားဆိုတာ လက်ခံလာပြီး ပိုကြိုးစားချင်လာတယ်၊ ပိုကြိုးစားဖြစ်လာတယ်။ ကိုယ်ဟာ စကြာဝဠာကြီးထဲက အစက်အမှုန်လေးသာဆိုတာ ပိုသဘောပေါက်လာတယ်။

✅ နေရာအသစ်မှာ လူအသစ်၊ အတွေ့အကြုံအသစ်တွေနဲ့ ကြုံတွေ့လာပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေပိုတိုးလာပြီး လူကြောက်တာ၊ လူတောမတိုးရဲတာတွေ သိပ်မဖြစ်တော့ဘဲ သတ္တိပိုရှိလာတယ်။

💯 ငွေကုန်၊ အချိန်ကုန်၊ လူပမ်းတယ်လို့ထင်သော်ငြား ငွေနဲ့တိုင်းတာလို့မရနိုင်တဲ့ အကျိုးကျေးဇူးတွေအများကြီးပါပဲ 🌷

ᴘ's ɢʀᴇᴇɴ ᴘᴀssɪᴏɴs

ချင်းမိုင်က သူများတွေ ရေးလေ့ရှိသလို တကယ်ပဲ အေးအေးဆေးဆေးမှ နိုးကြ၊ သက်ဝင်လှုပ်ရှားကြတဲ့ မြို့ကလေးပဲ။မနက်စာကို အပြင်မှာပဲ ...
16/10/2025

ချင်းမိုင်က သူများတွေ ရေးလေ့ရှိသလို တကယ်ပဲ အေးအေးဆေးဆေးမှ နိုးကြ၊ သက်ဝင်လှုပ်ရှားကြတဲ့ မြို့ကလေးပဲ။

မနက်စာကို အပြင်မှာပဲ အမျိုးမျိုးစားချင်လို့ hotel ကို without breakfast နဲ့ လုပ်လိုက်တာ။ ဆိုင်တော်တော်များများက မနက် ၁၀ နာရီမှဖွင့်တယ်။ ကိုယ်တွေက ကားစီးရင် ဗိုက်ပြည့်မှကားမမူးတတ်တာဖြစ်လို့ မလည်ခင် မနက်စာစားသွားချင်တာ။

မနက်တိုင်း ၈ နာရီလောက် ဖွင့်တဲ့ဆိုင်ကို မနည်းရှာရတယ်။

ဆိုတော့ ချင်းမိုင်သွားရင် မနက်စာအစောကြီးစားတတ်သူတွေအတွက် သိဖို့ရာ just sharing ပါ ☕️🧁🍝

ᴘ's ɢʀᴇᴇɴ ᴘᴀssɪᴏɴs

ချင်းမိုင်က Doi suthep တောင်ပေါ်ရဲ့ cultural and natural heritage 🌿✨🛕        #ချင်းမိုင်
13/10/2025

ချင်းမိုင်က Doi suthep တောင်ပေါ်ရဲ့ cultural and natural heritage 🌿✨🛕 #ချင်းမိုင်

What I ate in CM 🍝📸🧁
12/10/2025

What I ate in CM 🍝📸🧁

Dishes check in CM 🥗🍲☕️🇹🇭
11/10/2025

Dishes check in CM 🥗🍲☕️🇹🇭

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ᴘ's ɢʀᴇᴇɴ ᴘᴀssɪᴏɴsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์