Clover Essence ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Clover Essence, ครีเอเตอร์ดิจิทัล, Bangkok.

おめでとうございます🎉㊗️Bangkok မှာ Building Cleaning ဖြေဆိုအောင်မြင်သွားတဲ့ မောင်လေးClover Essence မှာ By one အတန်းတက်ပြီး တစ်လအတွ...
10/08/2026

おめでとうございます🎉㊗️

Bangkok မှာ Building Cleaning ဖြေဆိုအောင်မြင်သွားတဲ့ မောင်လေး

Clover Essence မှာ By one အတန်းတက်ပြီး တစ်လအတွင်းမှာပဲ စာမေးပွဲအောင််မြင်သွားပါပြီ

အင်တာဗျူးတွေလည်းအမြန်အောင်ပြီး လိုရာပန်းတိုင်အမြန်ရောက်ပါစေရှင်🍀



06/08/2026

おめでとうございます㊗️🎉

Thai ကနေ Tokutei Kaigo အလုပ်နဲ့အင်တာဗျူး အောင်သွားပြီဖြစ်တဲ့ ညီမလေး စိုးစံ အတွက် အရမ်းလည်းဂုဏ်ယူသလို ဝမ်းလည်းဝမ်းသာရပါတယ်

⭕️N5 to N3
⭕️Kaigo
⭕️Interview Training

ပထမဆုံး N5 လေ့လာတဲ့အချိန်ကစပြီး အင်တာဗျူးအောင်မြင်သွားတဲ့အထိ Clover Essence နဲ့အတူ တစ်ဆင့်ပြီးတစ်ဆင့်ကြိုးစားသွားခဲ့ကြတာမို့ အမှတ်တရတွေအများကြီးနဲ့ တစ်နှစ်ကျော်ကြာ ဖြတ်သန်းခဲ့ကြတယ်

ကိုယ်လည်း မိသားစု၊သူငယ်ချင်းတွေနဲ့ အဝေးမှာရှိနေချိန် ဆုံခဲ့ရတဲ့သူတွေမို့ တပည့်ကျောင်းသားဆိုတာထက် သူငယ်ချင်းလိုတစ်မျိုး၊သူတို့ဘေးကနေ Supporting ပေးမဲ့အစ်မတစ်ယောက်လိုတစ်မျိုးပဲ သဘောထားခဲ့တာ။

ယုံယုံကြည်ကြည်နဲ့ လေးလေးစားစား လိုက်လုပ်ပေးခဲ့တာတွေကို ကျေးဇူးတင်ပါတယ်

COE အမြန်ရရှိပြီး ဂျပန်ကိုအမြန်သွားရပါစေ🍀

အင်တာဗျူးဖြေဖို့ ပြင်နေတဲ့ ကျောင်းသား တွေအနေနဲ့ ဒီအချက်ကို သေချာသိထားပြီးမှ ပြင်ဆင်မယ်ဆိုရင် အင်တာဗျူးမှာ ဖြေနိုင်ဖို့ ရ...
05/08/2026

အင်တာဗျူးဖြေဖို့ ပြင်နေတဲ့ ကျောင်းသား တွေအနေနဲ့ ဒီအချက်ကို သေချာသိထားပြီးမှ ပြင်ဆင်မယ်ဆိုရင် အင်တာဗျူးမှာ ဖြေနိုင်ဖို့ ရာခိုင်နှုန်းက အများကြီးကို တက်လာမှာမို့ သေချာ‌လေး ဖတ်စေချင်တယ်။
အရင်ဆုံး အတွေ့ရအများဆုံးက ကျောင်းသားတွေက အင်တာဗျူး အတန်းတက်မယ်ဆိုရင် sensei တွေဆီက မျှော်လင့်ကြတာက စဉ်းစားပေးပြီးသား ready to use answer တွေပါဘဲ။ အင်တာဗျူးရက် နီးလာမှ လာတက်ကြတဲ့သူတွေကများကြတော့ မြန်မြန် အဖြေသိပြီး မြန်မြန်ကျက်ချင်ကြတာက အမှားရယ်တော့လည်းမဟုတ်ပါဘူး။ဒါပေမဲ့ ဒီလို လုပ်တာက ကိုယ် ရှားရှားပါးပါးရထားတဲ့ အလုပ်အင်တာဗျူးအခွင့် အရေးကို ပေါ့ပေါ့တန်တန်သဘောထားတာနဲ့အတူတူဘဲ။ ဒီတော့ လက်ရှိအခြေအနေတွေက အင်တာဗျူးဖြေဖို့ အခွင့်အရေးရတယ်ဆိုရင် တန်ဖိုးထားပြီး သေသေချာချာ လေးလေးနက်နက်ဖြေသင့်တဲ့ကိစ္စ မျိုးပါ။
ဒါဆိုရင် ဘယ်လို မှန်မှန်ကန်ကန်ပြင်ဆင်ကြမလဲ?
📍 အရင်ဆုံးကတော့ ကိုယ့် story ကို ပိုင်ပိုင်နိုင်နိုင်တည်ဆောက်တာပါဘဲ။တော်တော်များများက ဒီအပိုင်းကို ပေါ့ပေါ့တန်တန်သဘောထားပြီး ဂျပန်လို ပြောဖို့ဘဲ ဇွတ်ဉီးစားပေးကြတယ်။တကယ်ကတော့ ကိုယ့်ရဲ့ အကြောင်း ၊ကိုယ်ပြောမဲ့ story ကို သေသေချာချာကိုသိထားဖို့အရင်လုပ်ရမှာ။ပြန်မေးစရာရှိတာက “ကိုယ့်အကြောင်းကိုပြောတာဘဲ ဘာတွေ အဲ့လောက်ကြီးပြင်ဆင်နေရမှာလဲ “ ဆိုတာပါ။မှန်ပါတယ် ကိုယ့်အကြောင်းကိုယ် သိကြတဲ့သူတွေပါ။ဒါပေမဲ့ အလုပ်ရချင်လို့ အင်တာဗျူးအောင်ချင်လို့ ဖြေကြတာဖြစ်တဲ့အတွက် ကိုယ့်အကြောင်းဆိုတိုင်း အကုန်စွတ်ပြောလို့မရပြန်ပါဘူး။တချို့ကိစ္စလေးတွေက ကြည့်ကောင်းအောင်ပြောရတာမျိုးရှိတယ်။ဉပမာ မင့်ရဲ့ အားသာချက်က ဘာလဲဆိုတာမျိုးမှာ ကိုယ်အားသာတာက ဂိမ်းဆော့တာမျိုး ရေကူးကျွမ်းတာမျိုးဖြစ်နေပြီး အလုပ်က ဘာမှမဆိုင်တဲ့အလုပ်မျိုးဆိုရင် အဲ့ဒါမျိုးက ကိုယ့်အကြောင်းဆိုပေမဲ့ ဘောင်အပြင်ကိုရောက်သွားတာမျိုးဖြစ်သွားပြီ။
📍ဖြစ်သင့်တာက အင်တာဗျူးမှာ လာမယ့်အကြောင်းအရာတွေကို မြန်မာလိုဘဲ သေချာ reasonable ဖြစ်အောင် ပြောနိုင်ဖို့ စဉ်းစားတာ တိုင်ပင်တာမျိုးအရင်လုပ်သင့်တယ်။ မြန်မာလို မေးခွန်းမေးပြီး မြန်မာလိုဖြေခိုင်းရင်တောင် ဘာဖြေရမလဲမသိနေရင် ဘယ်လိုမှကိုအဆင်မပြေနိုင်ဘူး။ဒီတော့ မေးခွန်းတွေကို သေချာစဉ်းစားပြီး မြန်မာလိုပိုင်ပိုင် နိုင်နိုင် ပြောပြနိုင်အောင်ဘဲ အရင်လေ့ကျင့်သင့်တယ်လို့ မြင်မိတယ်။ ဉပမာ “ကျွန်တော်ကတော့ဘာလို့ဂျပန်သွားချင်တယ်” ”သွားချင်တဲ့ အကြောင်းပြချက်ကတော့ဒါကြောင့်ပါ” “ကျွန်တော်က ဇွဲရှိပြီး လွယ်လွယ်နဲ့ အရှုံးမပေးတတ်တဲ့သူပါ” “ကျွန်တော်က တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့သူပါ” စသည်ဖြင့် ကိုယ့်အကြောင်းကို အပိုင်ကိုနောကျေနေမှသာ နောက်တစ်ဆင့်ကို ဆက်သွားတာပိုထိရောက်ပါတယ်။နောက်က follow up မေးလာနိုင်တာတွေကို ပါ သေချာပိုင်နိုင်အောင်စဉ်းစားထားမယ်ဆိုရင်အကောင်းဆုံးဘဲ။
📍ဒီတော့ ဒါကခက်ခဲနေတာမဟုတ်ဘဲ ကျောင်းသားတွေ အဆင့်ကျော်နေတဲ့အရာသာဖြစ်တယ်။ ဘာလို့မခက်ခဲတာလဲဆိုရင် အင်တာဗျူးဆိုတာ အကန့်အသတ် ရှိတယ်။ rocket science တွေ၊ calculus တွေ economicတွေကို မေးနေမှာ မဟုတ်ဘူး။သူနဲ့ဆိုင်တဲ့ scope ရှိတယ် ။အဲ့ scope ထဲကနေဘဲ story ကို ခိုင်ခိုင်မာမာတည်ဆောက်ထားရမယ်။ ဒါ့ကြောင့် အင်တာဗျူးအတွက် Japanလို ကြီးမရသေးဘူးဆိုပြီး စထဲက စိတ်ညစ်တာတွေ၊ စိတ်ဆင်းရဲတာတွေ ၊ကြောက်နေတာတွေ ဖြစ်မယ့်အစား story ကိုဘဲ မှန်မှန်ကန်ကန်စဉ်းစားပြင်ဆင်ထားဖို့ တိုက်တွန်းချင်တယ်။ ဒီလိုစဉ်းစားတာကိုလည်း ကိုယ်တိုင်ညှစ်ထုတ်ပြီး စဉ်းစားသင့်တယ်။ကိုယ်တိုင်စဉ်းစားပြီးမှသာ ဒီလိုဖြေသင့်၊မဖြေသင့်ဆိုတာကို နားလည်တဲ့သူနဲ့ တိုင်ပင်ပြီး ပြင်ဆင်ဖြည့်စွက်တာမျိုးလုပ်ရမှာပါ။ကျွန်တော်က၊ ကျွန်မက စဉ်းကိုမစဉ်းစားတတ်ဘူးမလုပ်ပါနဲ့။ ဒီလိုကိုယ်တိုင် ကြိုးစားညှစ်ထုတ်ခြင်းရဲ့ အံ့မခန်း အကျိုးကိုလည်း နောက်post မှာ‌ထပ်ပြောပြပါမယ်နော်။

ဆိုတော့လက်ရှိ ဂျန်ပန်ကိုသွားချင်တဲ့ လူအရေအတွက်နဲ့ အလုပ်အကိုင်အခွင့်အလမ်းက ဘယ်လိုမှ မမျှတနေဘူး။ သွားချင်တဲ့သူက အရမ်းအရမ်းကိုများနေတာ လူတိုင်းအသိပါဘဲ။ဒါ့ကြောင့် အင်တာဗျူး တခုဆိုတခု၊ရတဲ့ အခွင့်အရေးလေးကို ပိုင်ပိုင်နိုင်နိုင်ဖြေပြီး ဂျပန်အိပ်မက်ကိုဆက်လှမ်းပါလို့ အကြံလေးပေးချင်ပါတယ်။

❌ပုံများအားပြန်လည်ကူးယူတင်ခြင်းခွင့်မပြုပါ


tips

ဆရာမတစ်ယောက်ရဲ့ ပီတိ 🫶
03/08/2026

ဆရာမတစ်ယောက်ရဲ့ ပီတိ 🫶

🍀ထိုင်း မှာ JLPT ဖောင်တင်မယ့်သူတွေ သတိပြုဖို့ဒီတစ်ခေါက် JLPT စာမေးပွဲဖောင်တင်တဲ့အခါ Examination Center ၅ နေရာ ထဲက ကိုယ်အ...
02/08/2026

🍀ထိုင်း မှာ JLPT ဖောင်တင်မယ့်သူတွေ သတိပြုဖို့

ဒီတစ်ခေါက် JLPT စာမေးပွဲဖောင်တင်တဲ့အခါ Examination Center ၅ နေရာ ထဲက ကိုယ်အဆင်ပြေတဲ့နေရာကို ရွေးချယ်နိုင်ပါတယ်။ကိုယ့် မြို့ နဲ့နီးတဲ့ နေရာ လေးတွေမှာ ဖြေရင် သွားလာရေး စာရိတ်တွေပိုသက်သာတာကြောင့်ပါ။

📍 Bangkok – Kasetsart University, Bangkhen
📍 Chiang Mai – Chiang Mai University
📍 Songkhla – Faculty of Humanities and Social Sciences, Thaksin University
📍 Khon Kaen – Khon Kaen University
📍 Ubon Ratchathani – Ubon Ratchathani University

ဒါပေမဲ့ Center တိုင်းက လူလက်ခံတဲ့ အရေအတွက် မတူတာကို သတိထားစေချင်ပါတယ်။

✅ Bangkok Examination Center
အဆင့်အားလုံး လူဦးရေကန့်သတ်ချက် မရှိ
✅ Chiang Mai Examination Center
အဆင့်အားလုံး လူဦးရေကန့်သတ်ချက် မရှိ
⚠️ Songkhla Examination Center
N1 – 5 ဦး
N2 – 10 ဦး
N3 – 50 ဦး
N4 – 50 ဦး
N5 – 50 ဦး

သတ်မှတ်ထားတဲ့ လူဦးရေပြည့်တာနဲ့ Registration ပိတ်သွားမှာ ဖြစ်ပါတယ်။

⚠️ Khon Kaen Examination Center
N1 – N2 : လူဦးရေကန့်သတ်ချက် မရှိ
N3 – N4 : အများဆုံး 540 ဦး
N5 : လူဦးရေကန့်သတ်ချက် မရှိ
⚠️ Ubon Ratchathani Examination Center
N1 – 30 ဦး
N2 – 50 ဦး
N3 – 150 ဦး
N4 – 220 ဦး
N5 – 250 ဦး

သတ်မှတ်ထားတဲ့ လူဦးရေပြည့်တာနဲ့ Registration ကို ပိတ်သွားမှာ ဖြစ်ပါတယ်။

📌 အကြံပေးချင်တာကလေ N1/N2 ကို Songkhla သို့မဟုတ် Ubon Ratchathani မှာ ဖြေမယ့်သူတွေက လူဦးရေအကန့်အသတ် အရမ်းနည်းတဲ့အတွက် Registration ဖွင့်တာနဲ့ အမြန်ဆုံးဖောင်တင်ဖို့ လိုပါတယ်။

Bangkok နဲ့ Chiang Mai ကတော့ လူဦးရေကန့်သတ်ချက် မရှိတဲ့အတွက် အနည်းငယ်ပိုအဆင်ပြေပေမယ့် နောက်ဆုံးရက်နားကပ်မှ တင်မယ်ဆိုရင် Website ကြပ်တာ၊ Error တက်တာမျိုးတွေ ဖြစ်နိုင်တာကြောင့် စောစောတင်ထားတာ အကောင်းဆုံးပါ။

အားလုံးအဆင်ပြေ ကြပါစေနော်။ 🍀

01/08/2026

Interview အတန်းက တစ်လမှာ တစ်ခါပဲဖွင့်မှာဖြစ်ပြီး ဒီအတန်းလေးကိုတော့ 8 လပိုင်းအကုန်နဲ့ 9 လပိုင်းထဲမှာအင်တာဗျူးဖြေမဲ့သူတွေကို တက်စေချင်ပါတယ်🍀

📚 စာလုပ်မှာ သေချာရင်တော့... Form တွေ စတင်ပေးနေပါပြီနော် 😆🍀December JLPT မှာ Level အသစ်တက်မယ့်သူတွေ၊ မကြေပွဲထပ်နွှဲမယ့်သူ...
01/08/2026

📚 စာလုပ်မှာ သေချာရင်တော့... Form တွေ စတင်ပေးနေပါပြီနော် 😆

🍀December JLPT မှာ Level အသစ်တက်မယ့်သူတွေ၊ မကြေပွဲထပ်နွှဲမယ့်သူတွေ၊ စာမေးပွဲဖြေရတာ ပျော်လွန်းလို့တမင်ဝင်ဖြေကြမယ့်သူတွေ အားလုံးအတွက်...

🍀ထိုင်းမှာ JLPT Form တင်ဖို့ကို အလုပ်မအားလို့၊form တင်တဲ့ processကို သေချာနားမလည်လို့ ၊information ထည့်တာ မှားမှာကြောက်လို့ စသည်ဖြင့် စိတ်မရှုပ်ချင်ရင် Clover Essence မှာ Service လေးပေးနေပါပြီနော်။

✅နာမည် စာလုံးပေါင်း
✅မွေးသက္ကရာဇ်
✅လိပ်စာ စတဲ့ အရေးကြီး အချက်အလက် တွေကို တိကျသေချာစွာ စစ်ဆေးပြီးမှ တင်ပေးတာဖြစ်တဲ့အတွက် အချက်အလက်မှန်ကန်ဖို့အတွက်ကတော့ ယုံကြည်ထားလိုက်ပါနော်။

🍀JLPT Round တိုင်းမှာ Form ရာကျော် တင်ပေးခဲ့တာမို့ စိတ်ချလက်ချ အပ်လို့ရပါတယ်။
🍀Service Fee လေးက ခါတိုင်းလိုပဲ 150 B ထဲပါ။
🍀cb ကို အခုဘဲလာခဲ့လိုက်တော့နော်

အင်တာဗျူး နဲ့ပတ်သတ်လို့ အနီးကပ်လာမှ training အတန်းတက်ပြီးဖြေကြတဲ့ ကျောင်းသားတွေ အတော်များတာကိုသတိထားမိတယ်။ကိုယ်တိုင်လည်း...
31/07/2026

အင်တာဗျူး နဲ့ပတ်သတ်လို့ အနီးကပ်လာမှ training အတန်းတက်ပြီးဖြေကြတဲ့ ကျောင်းသားတွေ အတော်များတာကိုသတိထားမိတယ်။ကိုယ်တိုင်လည်းအဲ့လိုဘဲ အနီးကပ်လာမှ လာပြောကြတဲ့ ကလေးတွေကို အမြန်ပြင်ဆင်ပေးဖြစ်ပါတယ်။ဒီမှာ ပြဿနာက ကျောင်းသားသည် အနီးကပ်မှ လေ့လာတာဖြစ်တဲ့ အတွက် ပြင်ဆင်ချိန် အရမ်းနည်းသွားတယ်။ အင်တာဗျူးဆိုတာ ပြင်ဆင်ပြီးမှသာဖြေရတဲ့ အရာဖြစ်ပါတယ်။ဘယ်လောက်ပဲဘာသာစကားပြောနိုင်တဲ့ သူဖြစ်ပါစေ မပြင်ဆင်ဖြေဖို့ မလွယ်ကူပါဘူး။ ဒါ့ကြောင့် interview training class မဟုတ်ဘဲ interview preparation class တခု ဖွင့်ဖို့ပြင်ဆင် ထားပါတယ်။ ဒီအတန်းမှာ စာလိုက်လုပ်ရပါမယ်။ကျက်သင့်တဲ့အရာတွေ ကို ကျက်ရမှာဖြစ် ပြီး မှတ်သားသင့်တာတွေ မှတ်သားရမှာပါ။ပြီး ရင်တော့ အင်တာဗျူးမှာ စိတ်မလှုပ်ရှားစေဖို့ လက်တွေ့ အမေးအဖြေ ပြင်ဆင်တာမျိုးလုပ်ပေးဖို့ ပြင်ဆင် ထားပါတယ်။ဒီအတန်းက အင်တာဗျူးအတွက် စနစ်တကျ ပြင်ဆင်ပြီး အခွင့် အရေးရတာနဲ့ ready ဖြစ်ထားချင်တဲ့သူတွေ အတွက်ရည်ရွယ်ပါတယ်။ အတန်းတက်ပြီးလို့ စာသေချာလိုက်လုပ်ထား၊ လိုက်ပြင်ဆင်ထားတယ်ဆိုရင် အင်တာဗျူးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘယ်လိုမေးခွန်းကို ဘယ်လိုဖြေရမလဲမသိတာ၊ဖြေနေစဉ် စိတ်လှုပ်ရှားပြီးမေ့သွားတာ၊မပြင်ဆင်ထားမိတဲ့ မေးခွန်းဖြစ် နေလို့ ဘာမှမဖြနိုင်လိုက်တာ စတဲ့ ပြဿနာတွေ ကို အကောင်းဆုံး ဖြေရှင်း နိုင်မယ်လို့ အပြည့် အဝယုံကြည်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် page cb သို့မဟုတ် တစ်ခ်တော့ cb ကနေ စိတ်ကြိုက် စုံစမ်းမေးမြန်းနိုင်ပါတယ်နော်။ဒီအတန်းလေးက သေချာပြင်ဆင်ပြီး အတူလိုက်လုပ်ရမဲ့ အတန်းလေးမို့ လူ အကန့်အသတ်လေးနဲ့တော့ရှိပါတယ်ရှင့်။

28/07/2026

နောက်လ ဖွင့်မဲ့အင်တာဗျူးအတန်းအကြောင်းလေးပါ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Clover Essenceผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์