𝐄𝐃𝐈𝐓𝐇

𝐄𝐃𝐈𝐓𝐇 ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก 𝐄𝐃𝐈𝐓𝐇, ครีเอเตอร์วิดีโอ, Bangkok.

🔆မိန်းမကို အလိုလိုက်နိူင်တဲ့ယောင်္ကျားပျော်ရွှင်မှုကို ရသွားတယ်။🔆မိန်းမကို ပိုက်ဆံပေးသုံးနိူင်တဲ့ယောင်္ကျားကြီးပွားချမ်း...
30/09/2025

🔆မိန်းမကို
အလိုလိုက်နိူင်တဲ့ယောင်္ကျား
ပျော်ရွှင်မှုကို ရသွားတယ်။

🔆မိန်းမကို
ပိုက်ဆံပေးသုံးနိူင်တဲ့ယောင်္ကျား
ကြီးပွားချမ်းသာမှုကို ရသွားတယ်။

🔆မိန်းမကို
ပျော်အောင်ထားနိူင်တဲ့ ယောင်္ကျားစိတ်၏ချမ်းသာမှုကို ရသွားတယ်။

🔆မိန်းမကို
သည်းခံနိူင်တဲ့ယောင်္ကျား
ကိုယ်၏ကျန်းမာမှုကို ရသွားတယ်။

🔆မိန်းမစကား နားထောင်နိူင်တဲ့ယောင်္ကျားအကြံကောင်း ဥာဏ်ကောင်းတွေရပြီး အောင်မြင်မှုကို ရသွားတယ်။

🔆မိန်းမ ဘာသာရေးကိုင်းရှိင်းတာ
အားပေးနိူင်တဲ့ယောင်္ကျား ကိုယ်တိုင်လည်း ကောင်းမှုကုသိုလ်တွေ ရသွားတယ်။

🔆မိန်းမကို မိဖုရားလိုထားနိူင်တဲ့ ယောင်္ကျားကိုယ်တိုင်လည်း ဘုရင်လို စံစားရသွားတယ်။

🔆မိသားစုကို ချစ်မြတ်နိုးတဲ့ ယောင်္ကျား
မိသားစုရဲ့ လေးစားခြင်းကို
အပြည့်အဝ ရသွားတယ်။

🔆ယောင်္ကျားကောင်းဆိုတာ...
ဘယ်တော့အခါမှကိုယ့်မိန်းမကို
ကိုယ်ထိလက်ရောက် မရိုက်ဘူး။

🔆ယောင်္ကျားကောင်းဆိုတာ...
ဘယ်တော့အခါမှကိုယ့်မိန်းမကို
စိတ်ဆင်းရဲအောင် စိတ်ပျက်အောင်မလုပ်ဘူး။

🔆ယောင်္ကျားကောင်းဆိုတာ...
ဘယ်တော့အခါမှကိုယ့်မိန်းမကို
လူတွေအလည်မှာ မျက်နှာမငယ်စေဘူး။

🔆ယောင်္ကျားကောင်းဆိုတာ...
ဘယ်တော့အခါမှကိုယ့်မိန်းမကို
အချစ်မလျော့ဘူး ၊ ရိုးအီမသွားဘူး။

🔆ယောင်္ကျားကောင်းဆိုတာ...
မယားအပေါ် လင့်ကျင့်ဝတ် နှင့်အညီ
တာဝန်ကျေ နိူင်တာပါ။


#စာပေ

🌻ကိုယ့်စိတ်ကို....ပင်ပန်းစေမယ့်လူတွေကိုမေ့ထားလိုက်ပါ....။🌻လူတိုင်းက....လူပင်ပန်းတဲ့ဒဏ်ကို ခံနိုင်ကြပေမယ့်စိတ်ပင်ပန်းတဲ့ဒ...
26/09/2025

🌻ကိုယ့်စိတ်ကို....
ပင်ပန်းစေမယ့်လူတွေကို
မေ့ထားလိုက်ပါ....။

🌻လူတိုင်းက....
လူပင်ပန်းတဲ့ဒဏ်ကို ခံနိုင်ကြပေမယ့်
စိတ်ပင်ပန်းတဲ့ဒဏ်ကို မခံနိုင်ကြပါဘူး။

🌻ဟိုးအရင် ကလေးဘဝက
ကိုယ့်အလိုမကျတိုင်း
ချော့မယ့်သူ စိတ်ချမ်းသာအောင်
ပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့ မိဘရှိပေမယ့်၊

🌻အသက်အရွယ်ရလာလို
ကိုယ့်ဘဝကိုယ် လျှောက်လှမ်းရတဲ့ခါ
ဘယ်သူကမှကိုယ့်ကို စိတ်ချမ်းသာအောင်
ပျော်ရွှင်အောင် လုပ်မပေးနိုင်ပါဘူး။

🌻ကိုယ့်စိတ်ကသာ ကိုယ့်ကို
စိတ်ချမ်းသာအောင်ထားနိုင်မယ့်
တစ်ခုတည်းသောအရာပါ။

🌻ဘဝမှာ လူတိုင်းက....
အကြောင်းအမျိုးမျိုးကြောင့်
စိတ်ဓာတ်ကျခြင်း ဝမ်းနည်းခြင်း
ပူဆွေးသောကတွေ ပြေးမလွတ်နိုင်အောင်
ရှိတတ်ကြပါတယ်။

🌻ဒါပေမယ့် ....
ဒီအရာအားလုံးက
ကိုယ့်စိတ်က ဖြစ်ပေါ်လာတာပါ
ကိုယ့်စိတ်ကိုထိန်းရင်း ဖြစ်ပေါ်လာတဲ့
ခံစားချက်တိုင်းကို အစွဲမထားရင်
အကောင်းဆုံးပါပဲ။

🌻ဖြစ်သမျှအကြောင်းကို
အကောင်းပဲမှတ်လိုက်ပါ
ကြားသမျှစကားကို နားထဲအစွဲမထားပါနဲ့
နားထောင်သင့်သမျှ နားထောင်
နားမထောင်သင့်တဲ့စကားဆို
ထုတ်ပစ်လိုက်ပါ
ဘာကိုမှ အစွဲမထားပါနဲ့။

🌻လူတိုင်းက ...
လူပင်ပန်းတဲ့ဒဏ်ကို ခံနိုင်ကြပေမဲ့
စိတ်ပင်ပန်းတဲ့ဒဏ်ကို မခံနိုင်ကြပါဘူး။

🌻ဒါကြောင့်....
ကိုယ့်စိတ်ကို ပင်ပန်းစေတဲ့လူတွေကို
မေ့ထားလိုက်ပါ။

🌻ကိုယ့်စိတ်ကို ဒဏ်ရာပေးတဲ့
ပတ်ဝန်းကျင်နဲ့ ဝေးဝေးနေလိုက်ပါ။

🌻ကိုယ့်ခံစားချက်တွေကို
လူတိုင်းကို ယုံပြီးဖွင့်မပြောလိုက်ပါနဲ့
ဆေးပေးမဲ့သူထက် ထိုးနှက်မယ့်သူတွေက
များတတ်ပါတယ်။
ဒီစိတ်နဲ့ ကိုယ်လည်းပျော်နိုင်မှာ
မဟုတ်ဘူးလေ။

🌻တကယ်တော့...
လောကမှာ ပျော်ရွှင်မှုပေးနိုင်တဲ့သူဟာ
ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှမရှိနိုင်ပါဘူး။

🌻သူက ငါ့ကို အရမ်းချစ်လို
ပျော်အောင်ထားနိုင်မယ်လိုတော့ မတွေးပါနဲ့။

🌻ကိုယ်လဲလူ သူလဲလူပဲလေ
အနည်းအများတော့
စိတ်ရှုပ်စရာတွေ ရှိနိုင်တာပဲ
ကိုယ့်စိတ်ကိုတောင် ပျော်အောင်မထားနိုင်တာ
သူတစ်ပါးဆီက ရဖိုဆိုတာ မဖြစ်နိုင်ပါဘူး။

🌻ဘယ်လောက်ပဲ
ကြီးမားတဲ့ ပြဿနာဖြစ်နေပါစေ
အချိန်တန်ရင် ပြီးသွားမှာပဲဆိုတာ မမေ့ပါနဲ့။

🌻ပျော်ရွှင်မှုဆိုတာ ကိုယ့်ဆီမှာပဲရှိတာပါ
ဒါကို သင်လုံးဝ မမေ့ပါနဲ့..။
🌻🌻🌻🌻🌻


#စာပေ

အချစ်ကြောင့် အ,မသွားစေနဲ့✳️✳️✳️✳️✳️✳️✳️✳️✳️✳️💘အချစ်ဆိုတာ..ဘဝရဲ့ အစိတ်အပိုင်းတစ်ခုသက်သက်ပဲဘဝကြီးတစ်ခုလုံး မဟုတ်နေဘူး။💘ကို...
23/09/2025

အချစ်ကြောင့် အ,မသွားစေနဲ့
✳️✳️✳️✳️✳️✳️✳️✳️✳️✳️

💘အချစ်ဆိုတာ..
ဘဝရဲ့ အစိတ်အပိုင်းတစ်ခုသက်သက်ပဲ
ဘဝကြီးတစ်ခုလုံး မဟုတ်နေဘူး။

💘ကိုယ်က လူတစ်ယောက်ကို
ချစ်တယ် မြတ်နိုးတယ် ကြင်နာတယ်
ဒါမကောင်းဘူးလားမေးရင် ကောင်းတယ်။

💘ဒါပေမဲ့....
ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရမယ်။

💘သူများကို ချစ်သလို ကိုယ့်ကိုယ်ကိုယ်
ပြန်ချစ်ရမယ် ပြန်ကြင်နာရမယ်
ကိုယ့်ကျန်းမာရေး ကိုယ့်ဝမ်းရေးကို
ပြန်ဂရုစိုက်ရမယ် ကိုယ့်ကိုယ်ကိုယ်
နှမြောရမယ်။

💘တစ်ခါတလေ....
အချစ်ကို ရှေ့တန်းတင်လိုက်မိလို
ကိုယ့်ကျန်းမားရေးကို ဂရုမစိုက်တော့တာ
ကိုယ့်ပညာရေး နောက်ကျသွားတာ
ကိုယ့်စီးပွားရေး ပျက်သုဉ်းသွားတာ
ဒါမျိုး လုံးဝ အဖြစ်မခံနဲ့။

💘ချစ်တာက ချစ်လိုရတယ်။

💘ဒါပေမဲ့ မအ,စေနဲ့....
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖိုလည်း မမေ့နဲ့
ကိုယ့်လမ်းကြောင်း မတိမ်းစောင်းစေနဲ့
ချစ်တာက ချစ်လိုရတယ်

💘ဒါပေမဲ့...
အချစ်စိတ်မှားရင် အပြစ်သိပ်များတယ်။
✳️✳️✳️✳️✳️✳️


#စာပေ

✅မပြည့်တဲ့အိုး....လောကမှာ မပြည့်တဲ့အိုးတွေကဘောင်ဘင်ခတ်တတ်ပါတယ်။✅လူတစ်ချိုက...ကိုယ့်ကိုကိုယ် အတော်ဆုံးပါလို ထင်မြင်ပြီးတစ...
22/09/2025

✅မပြည့်တဲ့အိုး....
လောကမှာ မပြည့်တဲ့အိုးတွေက
ဘောင်ဘင်ခတ်တတ်ပါတယ်။

✅လူတစ်ချိုက...
ကိုယ့်ကိုကိုယ် အတော်ဆုံးပါလို ထင်မြင်ပြီး
တစ်ဖက်သားကို အထင်သေးတတ်ကြတယ်။

✅ကိုယ့်ထက် မိုးပျံအောင်တော်တတ်နေတဲ့သူတွေ တစ်ပုံကြီးရှိတယ်ဆိုတာ သိထားဖို လိုပါတယ်။

✅လူတစ်ချိုက...
ကိုယ့်ကိုကိုယ် အချမ်းသာဆုံးပါလိုမှတ်ထင်ပြီး
တစ်ဖက်သားကို ချိုးနှိမ်တတ်ကြတယ်။

✅ကိုယ့်ထက် ကျိကျိတက်ချမ်းသာသူတွေ
ဒုနဲ့ဒေး ရှိတယ်ဆိုတာ သိထားဖိုလိုပါတယ်။

✅လူတစ်ချိုက...
ကိုယ့်ကိုကိုယ် ပြည့်စုံလွန်းသူလို သတ်မှတ်ပြီး
တစ်ဖက်သားကို နှာခေါင်းရှုတတ်ကြတယ်။

✅ကိုယ့်ထက် ပေါများပြည့်လျှံသူတွေ
အမြောက်အများရှိတယ်ဆိုတာ
သိထားဖိုလိုပါတယ်။

✅ဘဝမှာ...လူတိုင်းကတော့
သူ့အရည်အချင်းနဲ့သူ ရှိကြပါတယ်။

✅ကိုယ့်မှာ မရှိတဲ့အရည်အချင်းတွေ
သူ့ဆီမှာရှိနိုင်သလို
သူ့မှာမရှိတဲ့ အရည်အချင်းတွေလည်း
ကိုယ့်ဆီမှာ ရှိနေနိုင်ပါတယ်။

✅ဘာမှမမြဲတဲ့ လောက ဘဝကို
ပုံသေတွက် မထားပါနဲ့။

✅အောင်မြင်ခြင်းနဲ့ ရှုးနိမ့်ခြင်းဆိုတာ
ခေါင်းနဲ့ပန်းလိုပဲ အနီးဆုံးမှာရှိနေတာမို
ဘယ်သူကိုမှ အနိမ့်အမြင့် မခွဲခြားသင့်တာ
ကောင်းပါတယ်။

✅လောကမှာ မပြည့်တဲ့အိုးတွေက
ဘောင်ဘင်ခတ် တတ်ပါတယ်။
✅✅✅✅✅


#စာပေ

👩‍❤️‍👨လင်မယားကြားက ကံကောင်းခြင်း👩‍❤️‍👨စားပွဲတစ်လုံးမှာ အတူစားတယ်။ခုတင်တစ်လုံးမှာ အတူအိပ်တယ်။အတွေးလားရာ တူတယ်။ပန်းတိုင်တစ...
21/09/2025

👩‍❤️‍👨လင်မယားကြားက ကံကောင်းခြင်း👩‍❤️‍👨

စားပွဲတစ်လုံးမှာ အတူစားတယ်။
ခုတင်တစ်လုံးမှာ အတူအိပ်တယ်။
အတွေးလားရာ တူတယ်။
ပန်းတိုင်တစ်ခုဆီကို အတူသွားတယ်။

ချစ်ခြင်းမေတ္တာတစ်ခုကို
အပြန်အလှန် ကာကွယ်ကြတယ်။

အိမ်တစ်လုံး မိသားတစ်စုကို
အတူတကွ တည်ဆောက်ကြတယ်။

ခင်ပွန်းကောင်းတစ်ယောက် အရင်ရှိမှ
မိသားစုကောင်းတစ်ခု ရှိနိုင်တယ်။

အိမ်ထောင်တစ်ခုမှာ...
ကိုယ် ပြုစုပျိုးထောင်ရမှာက
သားသမီးကို မဟုတ်ဘဲ
ဇနီးမယားကိုဖြစ်တယ်။

ကိုယ့်ဇနီးမယားကို
ဂရုစိုက်ပြီး ချစ်ပေးရင်
နွေးထွေးတဲ့ အိမ်လေးတစ်လုံး၊
မိသားတစ်စု သူပြန်ပေးလိမ့်မယ်။

ကောင်းမွန်တဲ့ အိမ်ထောင်ရေးဆိုတာ...
နှစ်ယောက်အတူ တည်ဆောက်ထားတဲ့
အရာဖြစ်တယ်။

မိသားစုတစ်စုမှာ မိန်းမ မပျော်ရင်
ဒီအိမ်ထောင်ရေး မသာယာ ဖြစ်တတ်တယ်။

လင်ယောက်ျားရဲ့ စိတ်နေစိတ်ထားက
မိန်းမရဲ့ စိတ်ခံစားချက်ကို အဆုံးအဖြတ်ပေးပြီး
မိန်းမရဲ့ စိတ်ခံစားချက်က လင်ယောက်ျားရဲ့
ကံကောင်းခြင်းကို အဆုံးအဖြတ်ပေးတယ်။

ယောက်ျားက မိန်းမရဲ့အသက်၊
မိန်းမက ယောက်ျားရဲ့ ကံတရားဖြစ်တယ်။

ရှေးဆိုရိုးစကားတစ်ခွန်းက...
မိန်းမအပေါ် သစ္စာဖောက်ရင်
ဘာဥစ္စာမှ မဝင်တော့ဘူးတဲ့။

(( မျှဝေပါတယ် ))


💌
#နင်းနိုင်းစနေ

#စာပေ

🎍ရှိတဲ့သူကပေးရင် စေတနာ 🎍ကျေးဇူးတင်ရမယ်...🎍မရှိတဲ့သူက ပေးရင်🎍မရှိတဲ့ကြားက ခြစ်ချုပ်ပြီး🎍ပေးတဲ့အတွက်🎍စေတနာမဟုတ်ဘူး🎍အဲဒါ ( ...
20/09/2025

🎍ရှိတဲ့သူကပေးရင် စေတနာ

🎍ကျေးဇူးတင်ရမယ်...

🎍မရှိတဲ့သူက ပေးရင်

🎍မရှိတဲ့ကြားက ခြစ်ချုပ်ပြီး

🎍ပေးတဲ့အတွက်

🎍စေတနာမဟုတ်ဘူး

🎍အဲဒါ ( ချစ်မေတ္တာ )

🎍တန်ဖိုးထားရမယ်...တဲ့။
🪴🪴🪴🪴🪴


#စာပေ

19/09/2025

တစ်ချို့တွေက စေတနာရဲ့တန်ဖိုးကို နားလည်မှာမဟုတ်ပါဘူး

17/09/2025

စိတ်ချမ်းသာချင်ရင်မသိချင်ယောင်ဆောင်လိုက်ပါ

16/09/2025

လူကောင်းတွေကသာ ငါဘာမှားခဲ့လဲလို့ ထပ်ခါထပ်ခါစဥ်းစားနေချိန်မှာ 🤨

🌷တန်ဖိုးရှိသော မိန်းကလေးတစ်ယောက်ရဲ့ လက္ခဏာများ🌷🌷ကိုယ့်ကိုကိုယ် အချိန်ပိုပေးတတ်သူ🌷ကိုယ့်ကို မချစ်တဲ့သူကို ဖက်တွယ်မနေဘဲ လက...
14/09/2025

🌷တန်ဖိုးရှိသော မိန်းကလေးတစ်ယောက်ရဲ့ လက္ခဏာများ🌷

🌷ကိုယ့်ကိုကိုယ် အချိန်ပိုပေးတတ်သူ
🌷ကိုယ့်ကို မချစ်တဲ့သူကို ဖက်တွယ်မနေဘဲ လက်လွှတ်တတ်သူ
🌷မလုပ်နိုင်တာကို အားမနာဘဲ ရဲရဲဝံ့ဝံ့ငြင်းဆျုတတ်သူ
🌷ကိုယ့်အိပ်မက်တွေကို တခြားသူကြောင့် မစွန့်လွှတ်တတ်သူ
🌷ကိုယ့်အောင်မြင်မှုကို အခြားသူနဲ့မနှိင်းယှဉ်ဘဲ မိမိစံနှုန်းနဲ့ နေတတ်သူ
🌷ကိုယ့်စိတ်ငြိမ်းချမ်းမှုကို အမြဲဥစားပေးသူ🌷🌷🌷🌷🌷🌷🌷🌷


#စာပေ

ဝန်တွေထဲမှာ...မိသားစုဝန်က အလေးဆုံးပဲ....အိမ်တစ်အိမ်မှာ အဲဒီဝန်ကို ထမ်းထားတဲ့ လူတစ်ယောက် ရှိကိုရှိတယ်။အဲဒီလူက....အဖေ ဖြစ်...
12/09/2025

ဝန်တွေထဲမှာ...
မိသားစုဝန်က အလေးဆုံးပဲ....
အိမ်တစ်အိမ်မှာ အဲဒီဝန်ကို ထမ်းထားတဲ့
လူတစ်ယောက် ရှိကိုရှိတယ်။

အဲဒီလူက....
အဖေ ဖြစ်ချင်ဖြစ်မယ်
အမေ ဖြစ်ချင်ဖြစ်မယ်
အကြီးဆုံး ဖြစ်ချင်ဖြစ်မယ်
အလတ် ဖြစ်ချင် ဖြစ်မယ်
အငယ်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။

ပင်ပန်းပေမယ့် မရပ်တန့်ဘူး။
လေးလံ နေပေမယ့် လွှတ်မချဘူး။

ခက်ခဲပင်ပန်းနေတဲ့ကြားက
အသက်ကို လုရှူရင်း....
မောဟိုက်နွမ်းနယ် နေချိန်မှာတောင်
ကိုယ်လွတ်ရုန်းဖို စိတ်ကူးမရှိဘူး
မိသားစုဆိုတဲ့ အတွေးနဲ့တင်
ရှေ့ကို ခြေတစ်လှမ်းတိုးဖိုအတွက်
လုံလောက်တဲ့ အားအင်ရတာမို၊

သူတိုအတွက်....
တွန်းအားဟာ မိသားစုဖြစ်ပြီး
ခွန်အားဟာလည်း မိသားစုပဲ ဖြစ်တယ်။

မိသားစုတွေထဲက တစ်ဦးတစ်ယောက်ပေါ့
လေးစားချစ်ခင်ရတဲ့ တစ်ဦးတစ်ယောက်ပေါ့။


#စာပေ

အချစ်ခံရတယ် မခံရဘူးဆိုတာလည်း တစ်ဖက်လူရဲ့ လူပီသမှု ကိုယ်ချင်းစာစိတ်ရှိမှု စတဲ့ အခြေခံ ဗီဇတွေနဲ့ အများကြီးဆိုင်ပါတယ်။ လူဆိ...
10/09/2025

အချစ်ခံရတယ် မခံရဘူးဆိုတာလည်း
တစ်ဖက်လူရဲ့ လူပီသမှု ကိုယ်ချင်းစာစိတ်ရှိမှု
စတဲ့ အခြေခံ ဗီဇတွေနဲ့ အများကြီးဆိုင်ပါတယ်။

လူဆိုတာ....
အာရုံ ၅ ပါးကို စွဲလမ်းနှစ်ခြိုက်ကြတဲ့လူချည်းပဲမို
ဆင်ခြင်တုံတရား ဉာဏ်ပညာဆိုတဲ့ချွန်းနဲ့ အုပ်နိုင်တဲ့လူက သူတော်ကောင်းဖြစ်တာပါပဲ..။

ပညာတွေ အရမ်းတော် ပိုက်ဆံတွေအရမ်းရှိပြီး
ဘုရားသိမ်ကျောင်း ဒါယိကာကြီးဖြစ်နေလည်း
သစ္စာမဲ့ဖောက်ပြန်သူဟာ ကိုယ်ကျင့်တရားချိုယွင်းသူပါပဲ။

မိသားစုကို တန်ဖိုးထားတဲ့ယောက်ျား
Relationship ကို သစ္စာထားတဲ့ယောက်ျားထက်
ပိုပီး smart ကျတဲ့လူ ရှိမယ်မထင်ပါဘူး။

ကိုယ်တိုပတ်ဝန်းကျင်မှာ တွေ့နေရတဲ့
အချစ်ခံရတဲ့ အမျိုးသမီးလေးတွေဟာ
အချစ် မခံရပါဘူးဆိုတဲ့ မိန်းကလေးတွေထက်
ပိုပီးထူးကဲကောင်းမွန်နေတာမျိုးမှ မဟုတ်ဘဲ။

လက်တွဲဖော်ရဲ့ ကြင်နာငဲ့ညှာတတ်တဲ့
စိတ်ကလေးတစ်ခုကြောင့်သာ ပျော်ရွှင်
နေကြရတာ။

ကိုယ်ပိုင်အသိဉာဏ်နဲ့ လူလုပ်နေကြတဲ့ သူချင်း
အတူတူမှာ သူ့ကိုတော့ ဘယ်လိုကိုင်တွယ်ရမယ်
သူ့ကိုတော့ဘယ်လိုထိန်းကျောင်းရမယ်ဆိုတာမျိုး
ကို ကိုယ်တော့မယုံကြည်ပါဘူး။

အရာရာတိုင်းမှာ အပြန်အလှန်တန်ဖိုးထားမှု
လေးစားမှု ယုံကြည်မှုတွေနဲ့ ရှေ့ဆက်ရတဲ့
ခြေလှမ်းတွေက ပိုသာယာမှာပါ။

ဒါကြောင့်လေ Relationship တွေမှာ
လူစိတ်ရှိတဲ့သူနဲ့တွေ့ဖိုကသာ အရေးကြီးတာ။

အစပိုင်းမှာတော့
ဘယ်သူမဆို ကောင်းပြကြတာပဲမဟုတ်လား..။

အချိန်ကြာလာတာနဲ့အမျှ ချစ်ပုံချစ်နည်းတွေ
ပြောင်းလဲသွားရင်တောင် လူကောင်းတွေရဲ့
ချစ်တတ်တဲ့စိတ်ဟာ ဘယ်တော့မှ မပြောင်းလဲပါဘူး။

ခုနကပြောသလိုပဲ ဖောက်ပြန်တတ်တဲ့လူတန်းစား
ဟာ သပ်သပ်ရှိတာမိုအညှီအဟောက်တွေဟာ ယင်ကောင်တွေနဲ့ပဲ ထိုက်တန်ပြီး၊

ပန်းပွင့်လေးတွေဟာ နေရောင်ရတဲ့အရပ်မှာသာ
ဖူးပွင့်ခွင့်ရစေကြောင်း တောင်းဆုပြုရတာပါပေါ့…။

#မယလွမ်း

#စာပေ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ 𝐄𝐃𝐈𝐓𝐇ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์