
12/06/2024
"Nigma အတွက် နောက်ဆုံးကောက်ရိုးတစ်မျှင် သို့မဟုတ် Ti 13"
ပြိုင်ပွဲတွေ လာပြီဟေ့ နစ်ဂမာပွဲတွေ အဝကြည့်ရတော့မယ်၊M-god ကိုကြည့်ရတော့မယ်၊SumaiL ကိုကြည့်ရတော့မယ်ဆိုပြီး အားခဲထားခဲ့ကြတဲ့ နစ်ဂမာဖန်တွေအတွက်ပြီးခဲ့တဲ့ PGL Wallachia,Riyadh Masters ပြိုင်ပွဲတွေရဲ့ Qualifier ကနေ လှည့်ပြန်ခဲ့ရတာကိုပဲ မျက်ရည်တွေနဲ့ကြည့်ခဲ့ရတာဖြစ်ပါတယ်။
တစ်ပွဲနိုင်ရင် နစ်ဂမာပြန်လာပြီဟေ့၊ရှုံးသွားရင် ပြောင်ကြီး Out ဆိုတဲ့ အသံတွေနဲ့ နစ်ဂမာဖန်တွေရင်းနှီးပြီးသားဖြစ်မှာပါ။ခုလာမယ့် Ti ခရီးစဉ်မှာလည်း နစ်ဂမာအတွက်မလွယ်ကူလှပါဘူး။Closed Qualifier မှာ အသင်းကြီးတွေဖြစ်တဲ့ OG,Secret,Tundra,Entity တို့အပြင် MENA region မှာခိုးခိုးရှုံးနေကြဖြစ်တဲ့ Quest ကလည်းရှိနေသေးတာဖြစ်ပါတယ်။
နစ်ဂမာအနေနဲ့ လာမယ့် ၂၀ ရက်နေ့ Closed Qualifier မှာ Ceb ဦးဆောင်တဲ့ OG အသင်းနဲ့စတင်ရင်ဆိုင်ရမှာဖြစ်ပြီး ရှုံးတာနဲ့ Upper Bracket for bit** ဆိုပြီးအော်ရတော့မှာဖြစ်ပါတယ်။ပြောင်ကြီးကပဲ ပြဿနာလား၊ကျန်တဲ့ကစားသမားတွေကပဲ Passion မရှိတော့တာလားဆိုတာကိုတော့ Nigma အနေနဲ့ Ti ခရီးစဉ်ကြီးမစတင်ခင် အဖြေရှာဖို့လိုအပ်နေတာပဲဖြစ်ပါတယ်။