ZKo Vlog “Explore to My World”

DTV နဲ့ ထိုင်းနိုင်ငံပြင်ပ ထွက်ပြီး ပြန်ဝင်မယ်ဆိုရင် သတိထားသင့်တဲ့ ကိုယ်တွေ့အတွေ့အကြုံဒီ Page မှာ စာမရေးဖြစ်တာ တော်တော်က...
04/06/2026

DTV နဲ့ ထိုင်းနိုင်ငံပြင်ပ ထွက်ပြီး ပြန်ဝင်မယ်ဆိုရင် သတိထားသင့်တဲ့ ကိုယ်တွေ့အတွေ့အကြုံ

ဒီ Page မှာ စာမရေးဖြစ်တာ တော်တော်ကြာပါပြီ။ Digital Marketing ပိုင်းကို အချိန်ပေးလေ့လာနေတဲ့အတွက် Vlog နဲ့ Content ရေးတာတွေ နည်းသွားခဲ့ပါတယ်။

ဒီနေ့တော့ DTV Visa ကိုင်ဆောင်ထားတဲ့ မိတ်ဆွေတွေ သတိထားနိုင်ဖို့ ကျွန်တော် ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတစ်ခုကို မျှဝေချင်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း DTV Visa နဲ့ နေထိုင်နေသူတွေဟာ သတ်မှတ်ကာလအလိုက် ထိုင်းနိုင်ငံပြင်ပ ထွက်ပြီး ပြန်ဝင်ကြတာ ရှိပါတယ်။

ဒီတစ်ခေါက်မှာတော့ ကျွန်တော် ဟိုချီမင်းမြို့ကို တစ်ညအိပ် ခရီးသွားခဲ့ပြီး ပုံမှန်အတိုင်း ထိုင်းနိုင်ငံကို ပြန်ဝင်ဖို့ စီစဉ်ခဲ့ပါတယ်။ အရင်ခေါက်တွေမှာလည်း အလားတူ ခရီးစဉ်တွေနဲ့ ပြန်ဝင်ခဲ့ဖူးပြီး ပြဿနာတစ်စုံတစ်ရာ မရှိခဲ့ပါဘူး။

ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ အခြေအနေက နည်းနည်းကွဲသွားခဲ့ပါတယ်။

သုဝဏ္ဏဘူမိလေဆိပ် Immigration Counter ရောက်ပြီး ကျွန်တော့်အလှည့်ရောက်ချိန်မှာ Officer က Passport ကို စစ်ဆေးပြီးနောက် အခြားအရာရှိတစ်ဦးနဲ့ စကားပြောခဲ့ပါတယ်။ အဲ့ဒီနောက် Secondary Inspection Area လို့ ခေါ်တဲ့ သီးခြားစစ်ဆေးရေးနေရာတစ်ခုကို ခေါ်သွားခဲ့ပါတယ်။

ဘာကြောင့် ခေါ်သွားတာလဲဆိုတာကို မေးမြန်းခဲ့ပေမယ့် အဲဒီအချိန်မှာ တိကျတဲ့ အဖြေတစ်ခု မရခဲ့ပါဘူး။

အဲ့ဒီနေရာမှာ Form တစ်ခု ဖြည့်ခိုင်းခဲ့ပါတယ်။ ကျွန်တော်အတွက်တော့ ပထမဆုံး မြင်ဖူးတဲ့ Form ဖြစ်တဲ့အတွက် မသေချာတာနဲ့ အသိမိတ်ဆွေတွေ၊ အတွေ့အကြုံရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

အဲဒီအချိန်မှာ စိတ်ဖိစီးမှုတော့ အတော်ရှိခဲ့ပါတယ်။

ကျွန်တော့်မှာ DTV လျှောက်ထားစဉ်က အသုံးပြုခဲ့တဲ့ စာရွက်စာတမ်းတွေ အကုန်ပါလာပေမယ့် အခြေအနေကို ဆက်လက်ဖြေရှင်းမလား၊ အခြားရွေးချယ်စရာတစ်ခုကို အသုံးပြုမလားဆိုတာ သေချာစဉ်းစားခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ အချိန်၊ ကုန်ကျစရိတ်နဲ့ မသေချာမှုတွေကို တွက်ချက်ပြီး VIP Fast Track Service တစ်ခုကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အရေးပေါ်အခြေအနေဖြစ်တာကြောင့် Service Fee က ဘတ် ၁၀,၅၀၀ ဝန်းကျင် ကုန်ကျခဲ့ပါတယ်။

လိုအပ်တဲ့ အချက်အလက်တွေ ပို့ပြီးနောက် မကြာခင်မှာပဲ Immigration Process ကို ဆက်လက်ဆောင်ရွက်နိုင်ခဲ့ပြီး ထိုင်းနိုင်ငံထဲကို ပြန်လည်ဝင်ရောက်နိုင်ခဲ့ပါတယ်။

ဒီနေရာမှာ အရေးကြီးတာ တစ်ခုကို ပြောချင်ပါတယ်။

VIP Service အသုံးပြုခဲ့လို့ အဆင်ပြေသွားတယ်လို့ ကျွန်တော် မပြောလိုပါဘူး။

ကျွန်တော့်ကို Secondary Inspection ခေါ်ခဲ့တဲ့ အကြောင်းရင်းအတိအကျကို ယနေ့အထိ မသိရသေးပါဘူး။ ဒါဟာ ကျွန်တော့်ရဲ့ ကိုယ်တွေ့အတွေ့အကြုံကိုသာ မျှဝေခြင်းဖြစ်ပြီး DTV ကိုင်ဆောင်သူတိုင်း ဒီလိုကြုံရမယ်လို့လည်း မဆိုလိုပါဘူး။

ဒါပေမယ့် နိုင်ငံခြားထွက်ပြီး ထိုင်းကို ပြန်ဝင်မယ့်သူတွေအတွက်တော့ အောက်ပါအချက်တွေကို ပြင်ဆင်ထားဖို့ အကြံပြုချင်ပါတယ်။

✅ Plan B တစ်ခု အမြဲရှိထားပါ။
✅ Visa နှင့်သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကို Soft Copy / Hard Copy နှစ်မျိုးစလုံး ပြင်ဆင်ထားပါ။
✅ မမျှော်လင့်ထားတဲ့ အခြေအနေမျိုး ကြုံလာရင် ခေါင်းအေးအေးထားပြီး ဆုံးဖြတ်ပါ။
✅ Risk နဲ့ Cost ကို အရင်တွက်ချက်ပြီးမှ ရွေးချယ်မှုလုပ်ပါ။

ကျွန်တော့်အတွက်တော့ ဒီဖြစ်ရပ်က သင်ခန်းစာတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒီစာကို ရေးတာဟာ ကြောက်ရွံ့စေဖို့ မဟုတ်ဘဲ “ဖြစ်နိုင်ခြေတစ်ခု ရှိတတ်တယ်” ဆိုတာကို မျှဝေပြီး ကြိုတင်ပြင်ဆင်နိုင်ဖို့ Reminder ပေးချင်တဲ့ သဘောသက်သက်ပါပဲ ခင်ဗျာ။

အားလုံးအဆင်ပြေ ချောမွေ့ကြပါစေ။


ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ZKo Vlogผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์