Ko Chay Telegram:...t.me/KoChayOfficial.
(1)

I will stand with the oppressed and try to make the world know the truth.I will stand for the truth and establish a peaceful society.Those who value truth&Human Right can contact me and help.

 #မမေ့နိုင်သောနေ့ရက်များစစ်ကြောရေးနှင့်ထောင်တွင်းငရဲခန်းကို ကျနော်ဘယ်လို ဆုံးဖြတ်ချက်တွေနှင့်ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ခဲ့...
15/03/2026

#မမေ့နိုင်သောနေ့ရက်များ
စစ်ကြောရေးနှင့်ထောင်တွင်းငရဲခန်းကို ကျနော်ဘယ်လို ဆုံးဖြတ်ချက်တွေနှင့်ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတယ်ဆိုတာကို အနည်းငယ်ရင်ဖွင့်တင်ပြလိုက်ပါတယ်။
#ခိုင်မာတဲ့ဆုံးဖြတ်ချက်
𝟮𝟬𝟮𝟯 ခုနှစ်အဖမ်းခံရပြီး စစ်ကြောရေးကာလတုန်းက ကင်းမဲ့သွားခဲ့ရတဲ့အသိဉာဏ်တွေကိုပြန်လည်စုစည်းပြီး အခုလိုခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကိုချလိုက်ပါတယ်။
၁♦မည်သူ့ကိုမျှနှိပ်စက် ညှင်းပန်းမှုမပြုလုပ်ရဆိုပြီးဥပဒေမှာပြဋ္ဌာန်းထားပေမဲ့ အာဏာရူးလူ့တိရစ္ဆာန်က အုပ်ချုပ်နေတာဖြစ်တဲ့အတွက် ဥပဒေဟာသူတို့ရဲ့ပါးစပ်နှင့်သေနတ်ပြောင်းဝမှာပဲရှိနေတယ်။ဒါကြောင့် ဒီစနစ်ဆိုးမျိုးကို နောင်လာမဲ့ Generation တွေမကြုံတွေ့ရစေရန် အသက်ရှင်​နေသမျှ တွန်းလှန်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်
၂♦တော်လှန်ရေးကာလမှာလူမျိုးရေးဘာသာရေးခွဲခြားပြီး လက်နက်အားကိုးအနိုင်ကျင့်နေတဲ့အဖွဲ့အစည်းမှန်သမျှကို တွန်းလှန်မယ်ဆိုတဲ့ဆုံးဖြတ်ချက်
၃♦ပဒေသရာဇ်ခေတ်ကလို ကိုယ်တိုက်လို့နိုင်ရင်ကိုယ်အုပ်ချုပ်မယ်ဆိုတဲ့ သူတလူငါတမင်း လုပ်ပြီး ပြည်ထောင်စုကြီးပြိုကွဲအောင် လုပ်ဖို့ကြံစည်နေကြမဲ့ ဘုရင်ရူးတစ်သိုက်ကိုပါ တွန်းလှန်မယ် ဆိုတဲ့ဆုံးဖြတ်ချက်....
ဒီလိုတွန်းလှန်နိုင်ဖို့ငါအသက်ရှင်နေမှဖြစ်မယ်ဆိုပြီးကိုယ့်ကိုကိုယ်အားတင်း ခဲ့တယ်။စစ်ကြောရေးတခါလုပ်ပြီးတိုင်း ထမင်းတလုတ်ကိုမြိုချရတာဟာ မီးခဲကိုမြိုချရသလိုခံစားခဲ့ရပေမဲ့ အားတင်းပြီး မြိုချခဲ့တယ်။ထမင်းတလုတ်ကိုမြိုချပြီးတိုင်း ရင်ဘတ်ထဲကအောင့်တက်လာပြီး ပါးစပ်ထဲကသွေးအန်တဲ့အထိဖြစ်ခဲ့ပေမဲ့ မိမိရဲ့နိုင်ငံရေးယုံကြည်ချက်နှင့်ခံယူချက်ကို သတိရပြီး အသက်ရှင်သန်နိုင်ဖို့အားတင်းခဲ့ရတယ်။
#ငရဲခန်းကလွတ်မြောက်ပြီ
ရှင်လူပြန်တဲ့နေ့၊ မင်္ဂလာဆောင်တဲ့နေ့၊ထောင်ကလွတ်တဲ့နေ့တွေဟာ လူ့ဘဝရဲ့အပျော်ရွှင်ရဆုံး နေ့တွေဖြစ်တယ် လို့ရှေးပညာရှိတွေက ဆိုခဲ့ပေမဲ့
𝟮𝟬𝟮𝟱 ဇန်နဝါရီ(𝟰) ရက်နေ့ထောာင်ကပြန်လွတ်တဲ့အခါ ကျနော့်အနေနဲ့ ပျော်ရွှင်မှုမရှိခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့ ဆုံးဖြတ်ချက်ချထားတဲ့အရာတွေကိုဖော်ထုတ်နိုင်ဖို့ ခေါင်းထဲမှာစာစီနေရလို့ပါပဲ။ ထောင်ကပြန်လွတ်ပြီးစာသင်ခဲ့တဲ့ရွာကိုသွားဖို့ ဆိုင်ကယ်ကယ်ရီလိုက်ရှာနေတုန်းမှာရဲခွေးတွေကရဲစခန်းကိုခေါ်သွားပြီး စခန်းမှူးနှင့်တွေ့ပြီး မှ သွားလိုရာသွားဆိုပြီးပြောတဲ့အတွက် ဲစောင့်ရပြန်တယ်။
စောင့်ရင်းနဲ့မိုးချုပ်သွားတော့ ရဲခွေးတစ်ကောင်ရောက်လာပြီးစခန်းမှူးဒီနေ့မအားလို့မနက်ဖြန်မနက်မှလာမယ်။ဒါကြောင့် မင်းလဲဒီမှာအိပ်ရမယ်ဆိုပြီး အချုပ်ခန်းရဲ့အပြင်ဘက်အချုပ်ခန်းလျှောက်လမ်းထဲသွင်းပြီးသော့ခတ်လိုက်တယ်။
နောက်တနေ့မှာတောင် နေ့လည်လောက်မှ စခန်းမှူးဆိုတဲ့ကောင်ရောက်လာခဲ့ပြီးမင်းကိုတရားစွဲတုန်းက မင်းကျူးလွန်ခဲ့တဲ့အမှုတွေထဲက အချို့အမှုတွေကိုထိမ်ချန်ခဲ့ပြီး ပုဒ်မ 505(က)-ခ နှင့် 𝟱𝟬(ည)နဲ့တရားစွဲပေမဲ့ကံကောင်းပြီးပုဒ်မ 𝟱𝟬(ည)ကတရားရုံးမှာ ပြုတ်သွားခဲ့ပေမဲ့ မင်းကိုငါတို့အချိန်မရွေးပြန်ဖမ်းလို့ရတယ်ဆိုပြီးခြိမ်းခြောက်ခြင်းခံလိုက်ရပါတယ်။ဒါကြောင့် ထောင်တွင်းငရဲခန်းအကြောင်းတွေနဲ့ပြန်လွတ်တာတောင်လွတ်လပ်မှုအရသာကိုမခံစားရသေးပဲ ခြိမ်းခြောက်ခံရမှုတွေကိုဖော်ထုတ်ဖို့စတင်ကြိုးစားပါတော့တယ်။
#နှလုံးသားထဲမှာကဗ္ဗည်းထိုးထားတဲ့ကျေးဇူးရှင်များ
ကျနော့်ရဲ့ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ကျနော့်ရဲ့မိတ်ဆွေရခိုင်လူမျိုးစာရေးဆရာ(​လုံခြုံရေးအရအမည်မဖော်ပြတော့ပါ)တစ်ယောက်ကို သတင်းဋ္ဌာနတစ်ခုနဲ့ချိတ်ဆက်ပေးဖို့ပြောတော့ လေးဝတီ 𝙵𝙼 က သတင်းထောက်တစ်ယောက်(အမည်မဖော်ပြတော့ပါ)နှင့်အဆက်အသွယ်ရခဲ့တယ်။
သတင်းထောက်ကတဆင့် 𝐀𝐀𝐏𝐏 နှင့်အဆက်အသွယ်ရခဲ့ပြန်တယ်။ 𝐀𝐀𝐏𝐏 ကလဲကျန်းမာစောင့်ရှောက်မှုခေါင်းစဥ်နှင့် ငွေကြေးအကူအညီရရှိခဲ့တယ်။
ငွေကြေးအခက်အခဲတွေမရှိတော့တဲ့အတွက် မြောင်းမြကနေရန်ကုန်ကိုထွက်ခွာနိုင်ဖို့ကြိုးစားရပြန်တယ်။အဲဒီအချိန်မှာ ရခိုင်လူမျိုးကိုခရီးသွားလာခွင့်ပိတ်ပင်ထားတဲ့အတွက် ကားဂိတ်ကလက်မှတ်မဖြတ်ပေးကြဘူး။ဒါ့အပြင်ရဲတွေကလဲစောင့်ကြည့်နေတယ်။ဒါကြောင့် ပုသိမ်ကိုသွားပြီး ပုသိမ်က သူငယ်ချင်းဆရာဝန်တစ်ယောက်ကိုလျို့ဝှက်ဆက်သွယ်ပြီး အကူအညီတောင်းတော့ ဆေးကုသမှတ်တမ်းစာအုပ်နှင့်ဆေးရုံပြောင်းစာရွက်စာတမ်းတွေရရှိပြီး ရန်ကုန်ကိုလာခဲ့တယ်။
ရန်ကုန်ကတဆင့်ခရီးထွက်နိုင်ဖို့ ရခိုင်ပြည်ကတိမ်းရှောင်လာကတည်းကထောင်မကျခင်အထိ ကျနော့်ကိုပံ့ပိုးကူညီပေးခဲ့တဲ့ ကျေးဇူးရှင်အမ(အမည်မဖော်ပြတော့ပါ)ကိုလျို့ဝှက်ဆက်သွယ်ပြီး ရန်ကုန်မှာနေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာရရှိဖို့အကူအညီတောင်းရပြန်တယ်။
ထောက်ခံစာလဲရရော ရန်ကုန်ကားဂိတ်မှာ ကားလက်မှတ်သွားဝယ်တော့ ရခိုင်မှတ်ပုံတင်ကြောင့်လက်မှတ်မရောင်းတဲ့အတွက် တစ်ဂိတ်ဝင်တစ်ဂိတ်ထွက် ကားလက်မှတ်ဝယ်နေစဥ် မြောင်းမြရဲစခန်းမှာတာဝန်ကျဖူးတဲ့ အောင်မင်္ဂလာအဝေးပြေးဂိတ်လုံခြုံရေးရဲကင်းက ရဲတစ်ကောင်ကကျနော့်ကိုမှတ်မိသွားပြီး ရဲကင်းကိုခေါ်သွားပြီး စစ်ဆေးခံရပြန် တယ်။ဒါကြောင့် 𝐋𝐂𝐂𝐈 သင်တန်းအတူတက်ဖူးခဲ့တဲ့ လှည်းတန်းကကား 𝙎𝙝𝙤𝙬 𝙍𝙤𝙤𝙢 တစ်ခုရဲ့ မန်နေဂျာဖြစ်နေတဲ့သူငယ်ချင်း"မ"လေးနှင့်ရွှေပြည်သာအထက(၂)မှာအတူကျောင်းတက်ခဲ့တဲ့ ငယ်သူငယ်ချင်းမလေး အထက်တန်းရှေ့နေ တို့ကိုလျို့ဝှက်အကူအညီတောင်းတော့ နှစ်ယောက်စလုံးက ချက်ချင်းဆိုသလို ကျနော့်ဆီကိုရောက်လာကြပြီး ငွေကြေးအချို့ကူညီကြတဲ့အပြင် ကားတစီးပါငှားပေးခဲ့ကြတယ်။
#ခက်ခဲမှုကိုကျော်ဖြတ်ခြင်း
ရန်ကုန်ကနေစထွက်တော့ ပဲခူးလဝကစစ်ဆေးရေးဂိတ်မှာစစ်ဆေးတော့ ကျနော့်ကို မသွားခိုင်းပဲယစ်နေတဲ့အတွက် ငွေတသိန်းခွဲပေးလိုက်တော့မှသွားခိုင်းတော့တယ်။ဒီလိုနဲ့ လွတ်မြောက်နယ်မြေတလျှောက် စစ်ခွေးဂိတ် 6/7 ခုတွေမှာ တဂိတ်ကို သုံးသောင်းကနေ ငါးသောင်းနှုန်းနဲ့ပေးခဲ့ရပြီး လွတ်မြောက်နယ်မြေရောက်ရှိလာပါတယ်။
ရှိသမျှပိုက်ဆံလဲကုန်သွားပြီဖြစ်တဲ့အတွက် လေးဝတီ 𝙵𝙼 ကသတင်းထောက်ဆရာမကိုအကူအညီတောင်းပြန်တော့ လွတ်မြောက်နယ်မြေမှာနေထိုင်နေတဲ့
တောင်ကုတ်ကအမတစ်ယောက်နဲ့ချိတ်ပေးပြန်တယ်။အဲဒီအမကိုဆက်သွယ်တော့ အဲဒီအမကပဲ စားဝတ်နေရေးအဆင်ပြေစေရန်အစစအရာရာကူညီပေးပြန်တယ်။
စစ်ကြောရေးနှင့်ထောင်တွင်းနှိပ်စက်မှုတွေကြောင့်ကျန်းမာရေးချို့ယွင်းနေတဲ့အတွက်ဆေးကုသနိုင်ရန် ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် ကိုဇန်ခီးနှင့် မင်္ဂလာတောင်ညွှန့်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းတို့ကနေ ငွေကြေးကူညီကြပြန်တယ်။
ဒီလိုနဲ့ပဲ လွတ်မြောက်နယ်မြေကဆေးရုံမှာဆေးကုသမှုခံယူနေစဥ် ထပ်မံငွေကြေးလိုအပ်လာခဲ့ပြန်ပါတယ်။ကျနော်ဟာ 𝐀𝐀𝐏𝐏 ရဲ့နိုင်/ကျဥ်းတွေကိုကူညီပေးနေတဲ့သတ်မှတ်နှုန်းထားထက်ကျော်လွန်ပြီး ကူညီမှုရရှိထားသူလဲဖြစ်ပါတယ်။ဒါပေမဲ့ ထပ်မံ၍ အကူအညီတောင်းခံခဲ့ရာ 𝐀𝐀𝐏𝐏 ဟာချက်ချင်းဆိုသလို ဆေးရုံကိုရောက်လာပြီး ကူညီပေးခဲ့ပြန်ပါတယ်။
ဒါကြောင့်စိတ်ချမ်းသာစွာဖြင့်ဆက်လက်ဆေးကုသခွင့်ရခဲ့ပါတယ်။ဆေးရုံဆင်းပြီး.. .... #ဆက်လက်ဖော်ပြပါအုံးမည်
✍ မှတ်ချက်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ကျနော့်ရဲ့အတွေ့အကြုံတွေနဲ့ ထောင်တွင်းမှာကြုံတွေ့ခဲ့ရတာတွေကိုစုစည်းပြီး
ရခိုင်၊မြန်မာ၊အင်္ဂလိပ် သုံးဘာသာနဲ့ရေးသားနေတဲ့ ♦(စစ်ကြောရေးမှလူ့မိစ္ဆာများနှင့်ဂျွတ်ဆတ်ဆတ်ကျွန်တော်)လို့အမည်ပေးထားတဲ့စာအုပ်ထဲက အကြောင်းအရာအချို့ကိုကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါတယ်။
Ko Lin
#အကျဥ်းထောင်
#လူ့မိစ္ဆာတသိုက်

 #လွန်ခဲ့တဲ့သုံးရက်ခန့်  က အစ္စလာမ်ရဲ့အဇာန်သံကို လှောင်ပြောင် တဲ့ဖာသယ်လင်မယားနှစ်ကောင် ရဲ့ videoတစ်ခုတွေ့လိုက်ရပါတယ်။(ဖာ...
14/03/2026

#လွန်ခဲ့တဲ့သုံးရက်ခန့် က အစ္စလာမ်ရဲ့အဇာန်သံကို လှောင်ပြောင် တဲ့ဖာသယ်လင်မယားနှစ်ကောင် ရဲ့ videoတစ်ခုတွေ့လိုက်ရပါတယ်။(ဖာ*မ)ထက်အဆင့်နိမ့်တဲ့ ကြိုက်ကုန်းမရဲ့ လှောင်ပြောင်မှုက (ဖာ*)ဆန်တဲ့ပုံစံမျိုးနှင့်အရမ်းရိုင်းစိုင်းပါတယ်။
(ဖာ*)ဆန်တဲ့ video အောက်မှာ သူတပါးဘာသာကိုစော်ကားထားတဲ့ ကောမက်တွေရေးထားကြတဲ့ #အိမ်သာမရှိတဲ့ရွာကငပိန်းတစ်သိုက် ကိုပါတွေ့ရတယ်။
ဒါကြောင့် 𝙎𝙩𝙤𝙣𝙚 𝙆𝙞𝙣𝙜 ရေးသားထားတဲ့ အစ္စလာမ်ဘာသာရဲ့ #အာဇာန် ဆိုတာ ဘာလဲဆိုတာကို ငပိန်းတစ်သိုက်သဘောပေါက်နားလည်ရန်အတွက် စုစည်းဖော်ပြပေးလိုက်ပါတယ်။
✍အာဇာန်အကြောင်း
#အာဇာန်ဆိုတာ ဖန်ဆင်းရှင်(အလ္လာ)ဘုရားသခင်ကိုကိုးကွယ်ဖို့ ဖိတ်ခေါ်တဲ့ သန့်ရှင်းတဲ့ အသံတစ်ခုဖြစ်ပြီး #အာဇာန် ထဲမှာပါတဲ့ အဓိပ္ပာယ်တွေဟာ #ငြိမ်းချမ်းခြင်းနဲ့ကောင်းမှုပြု ဖို့ တိုက်တွန်းခြင်းဖြစ်ပါတယ်။ဘယ်ဘာသာ|ဘယ်လူမျိုးကိုမှ စော်ကားထားတဲ့စကားလုံးတစ်လုံးမှမပါဝင်ပါဘူး။ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူဘာကို ကိုးကွယ်သလဲဆိုတာထက် သူတစ်ပါးအပေါ် ဘယ်လို ဆက်ဆံသလဲဆိုတဲ့အပေါ်မှာမူတည်ပြီး အဆင့်အတန်းကိုခွဲခြားသိမြင်နိုင်ပါတယ်။ ဘယ်ဘာသာတရားကမှသူတစ်ပါးဘာသာတရားကို စော်ကားဖို့ မသွန်သင်ထားပါဘူး။ဗုဒ္ဓဘာသာဝင်ဆိုတာ သူတစ်ပါးရဲ့ ယုံကြည်မှုကို လေးစားရပြီး အခုလိုအခြားဘာသာကိုစော်ကားလိုက်ခြင်းဟာ ကိုယ့်ဘာသာတရားရဲ့ ဂုဏ်သိက္ခာကိုပါ ညှိုးနွမ်းစေပါတယ်။ ကိုယ့်ဘာသာတရားကို သူများက လှောင်ရင် ကိုယ်လည်း စိတ်မကောင်းဖြစ်ရသလို သူတပါးဘာသာကိုစော်ကားရင် သူတို့ကလဲနာကျင်ဒေါသထွက်ကြပါလိမ့်မယ်။ကိုယ်ချင်းစာတတ်ဖို့လိုပါတယ်။နောက်ပြီး ဒီလိုမျိုးအပြန်အလှန်စော်ကားလာကြမယ်ဆိုရင် ဘာသာရေး၊လူမျိုးရေးအဓိကရုန်းပေါက်လာနိုင်ပါတယ်။ ဒီလိုပဲဗုဒ္ဓဘာသာက အလေးအမြတ်ထားတဲ့ ပဋ္ဌာန်းရွတ်ဖတ်သံတွေ၊တရားဟောသံ တွေကို တစ်စုံတစ်ယောက်က လာပြီး လှောင်ပြောင်တာ၊ အသံတုလုပ်ပြီး နောက်ပြောင်တာမျိုး လုပ်ရင် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဘယ်လိုခံစားရမလဲ။ကိုယ်ချင်းစာကြည့်ပါ။ ယခုခေတ်လို အရာရာတိုးတက်နေတဲ့ခေတ်ကြီးမှာ ဘာသာတရားတစ်ခုကို စော်ကားတဲ့သူတစ်ယောက်ဟာ တိရစ္ဆာန်ထက်အသိဉာဏ် နည်းပါးသူတွေသာဖြစ်ပါတယ်။ အမှန်တကယ်ကိုယ်ကျင့်တရား မြင့်မားသူတစ်ယောက်ဟာ မိမိနဲ့ မတူညီတဲ့ ယုံကြည်မှု၊ ရိုးရာနဲ့ ထုံးတမ်းစဉ်လာတွေကို အသိအမှတ်မပြုရင်တောင် လေးစားမှု (Respect) ရှိတတ်ကြပါတယ်။ အခြားသူရဲ့ အလေးအမြတ်ထားရာကို လှောင်ပြောင်တယ်ဆိုတာဟာ မိမိရဲ့ စိတ်နေစိတ်ထား ကျဉ်းမြောင်းမှုနဲ့ ဗဟုသုတ နည်းပါးပြီးကိုယ်ချင်းစာတရား (Empathy) ကင်းမဲ့သူတွေဖြစ်ကြပါတယ်။
"ငါ့ကို တစ်ယောက်ယောက်က ဒီလိုလုပ်ရင် ငါခံနိုင်ပါ့မလား" ဆိုတဲ့ ကိုယ်ချင်းစာစိတ် မရှိသူတွေဟာ သူတစ်ပါးရဲ့ စိတ်နှလုံး နာကျင်မှုကို ပျော်ရွှင်မှုအဖြစ် ပြောင်းလဲတတ်ကြပါတယ်။ ဒါဟာ လူမှုကျင့်ဝတ် (Social Ethics) အရ အဆင့်အတန်း နိမ့်ကျတဲ့ အပြုအမူဖြစ်ပါတယ်။
ဘာသာတရားတစ်ခုကို ခုတုံးလုပ်ပြီး အခြားဘာသာကို စော်ကားနေသူဟာ မိမိကိုးကွယ်တဲ့ ဘာသာတရားရဲ့ အဆုံးအမ (Teachings) ကို နားမလည်သူ ဖြစ်ပါတယ်။မိမိရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူကြောင့် မိမိကိုးကွယ်တဲ့ ဘာသာတရားကိုပါ အများက အထင်သေးအောင် လုပ်ဆောင်နေသူ လဲဖြစ်ပါတယ်။စိတ်ပညာအရ တစ်ဖက်သားရဲ့ ယုံကြည်မှုကို တိုက်ခိုက်ခြင်း၊ လှောင်ပြောင်ခြင်းဟာ မိမိကိုယ်မိမိ ယုံကြည်မှု မရှိတာ ဒါမှမဟုတ် တစ်ဖက်သားအပေါ် မနာလိုစိတ် ရှိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မိမိကိုယ်ကို တကယ် ယုံကြည်မှုရှိသူဟာ သူတစ်ပါးကို နှိမ်ချဖို့ မလိုအပ်ပါဘူး။ဘာသာရေးကို စော်ကားခြင်းဟာ ပုဂ္ဂိုလ်ရေးတင်မကဘဲ လူမှုအသိုင်းအဝိုင်းအတွင်း အမုန်းတရား (Hate Speech) နဲ့ ပဋိပက္ခ တွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အဲဒီလိုလူမျိုးဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို ဖျက်ဆီးသူ (Peace-breaker) ဖြစ်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ အဲ့လိုအဆင့်မရှိတဲ့သူတွေကိုတရားဥပဒေအရလည်း အရေးယူလို့ရပါတယ်။
မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေထဲမှာ ဘာသာရေးကို စော်ကားတာ ဒါမှမဟုတ် ဘာသာတရားအချင်းချင်း ပဋိပက္ခဖြစ်အောင် လှုံ့ဆော်တာတွေကို တားမြစ်ထားတဲ့ ပုဒ်မတွေ အတိအကျရှိပါတယ်။ အဓကအားဖြင့် ရာဇသတ်ကြီး ပုဒ်မ ၂၉၅ (Section 295)အရ မည်သူမဆို ဘာသာတရားတစ်ခုခုကို စော်ကားရန် အကြံဖြင့် ကိုးကွယ်ရာအဆောက်အအုံ သို့မဟုတ် အလေးအမြတ်ထားသည့် အရာဝတ္ထုများကို ဖျက်ဆီးခြင်း၊ ညစ်ညမ်းစေခြင်း ပြုလုပ်ပါက ဤပုဒ်မနဲ့ အရေးယူနိုင်ပြီး
ပြစ်ဒဏ်အားဖြင့် ၂ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။ပြီးတော့ ရာဇသတ်ကြီး ပုဒ်မ ၂၉၅-က (Section 295-A)အရလည်း "ဘာသာရေးဆိုင်ရာ ခံစားချက်များကို နာကျင်စေရန် တမင်ကြံရွယ်၍ ပြုလုပ်သော ရိုင်းစိုင်းသော အပြုအမူများ"ဖြစ်တဲ့ စာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ ဘာသာတရားတစ်ခုခုကို သို့မဟုတ် ဘာသာဝင်တွေရဲ့ ယုံကြည်မှုကို စော်ကားရင် ဒီပုဒ်မနဲ့ တရားဥပဒေအရ အရေးယူလို့ရပါတယ်။ ပြစ်ဒဏ်အားဖြင့် ၂ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။နောက်ဆုံးဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)အရ အကယ်၍ ထိုသို့စော်ကားခြင်း၊ လှောင်ပြောင်ခြင်းကို Facebook သို့မဟုတ် Social Media ပေါ်မှာ ပြုလုပ်တာဆိုရင် ဆက်သွယ်ရေးဥပဒေနဲ့လည်း ငြိစွန်းပါတယ်။
ဘာသာရေးအချင်းချင်း အမုန်းပွားစေမယ့် စကားလုံးတွေ (Hate Speech) သုံးပြီး ဟောပြောတာ၊ လှုံ့ဆော်တာတွဟာ အရမ်းများလာနေလို့မွတ်စ်
လင်မ်တွေအနေနဲ့ ဒေါသဖြင့် ပြန်လည်ဖြေရှင်းခြင်း
မလုပ်မိဖို့ အရေးကြီးပါတယ်။ အရမ်းလွန်ကျုးလာ
ရင်တော့ တရားဥပဒေအရ တရားဆွဲရမှာဖြစ်ပါတယ်။
သူတို့က လှောင်တဲ့အခါ ကိုယ်က ဒေါသတကြီးနဲ့ ပြန်ဆဲတာ၊ ရန်ဖြစ်တာမျိုး လုပ်ကြမယ်ဆိုရင် သူတို့လိုချင်တဲ့ အကွက် (တန်ပြန်ရန်စမှု) ဖြစ်သွားနိုင်ပါတယ်။အစ္စလာမ်ဟာ "အမှောင်ကို အမှောင်နဲ့ ဆေးကြောဖို့ မသွန်သင်ထားပါဘူး၊ အလင်းနဲ့ပဲ ဆေးကြောဖို့ သွန်သင်ထားတဲ့ဘာသာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လည်း အသိပညာမရှိတဲ့လူ့တိရစ္ဆာန်တွေကို ဘယ်လို
ဖြေရှင်းရမလဲဆိုတာကိုအခုလိုလမ်းညွန်ထားပါတယ်။ 👉 "စင်စစ်သော်ကား ‘ရဟ်မာန်’ ကြီးမားလှသော ကရုဏာတော်ရှင်၏ ကျွန်များသည် အကြင်သူများပင်။ ထိုသူတို့သည် ပထဝီမြေပေါ်ဝယ် ကျိုးနွံစွာ၊ ဖြည်းညင်းစွာ၊ ဣန္ဒြေသိက္ခာရှိစွာ၊ လမ်းလျှောက်ကြကုန်၏။ #ထိုမှတစ်ပါးအသိအလိမ္မာ ကင်းမဲ့ကြသောသူများသည် ၎င်းတို့နှင့် စကားပြောဆိုကြသောအခါ ၎င်းတို့သည် #ကောင်းမွန်စွာ ပဋိပက္ခ #ကင်းငြိမ်းသောစကားကို အပြစ်မဖြစ်စေသောစကားကို ပြောဆိုကြကုန်၏။
-ကုရ်အာန် (၂၅:၆၃)။
Ko Lin




🔞အစွန်းရောက် 𝘼𝘼🐕 နှင့် ကျွန်တော်𝟮𝟬𝟮𝟭 မတိုင်ခင်ကအစိုးရက  𝘼𝘼 ကို ရခိုင်မြောက်ပိုင်း(𝟵) မြို့နယ်မှာပဲလွတ်လပ်စွာသွားလာခွင့်ပ...
13/03/2026

🔞အစွန်းရောက် 𝘼𝘼🐕 နှင့် ကျွန်တော်
𝟮𝟬𝟮𝟭 မတိုင်ခင်ကအစိုးရက 𝘼𝘼 ကို ရခိုင်မြောက်ပိုင်း(𝟵) မြို့နယ်မှာပဲလွတ်လပ်စွာသွားလာခွင့်ပြုခဲ့ရာကနေ 𝟮𝟬𝟮𝟭 အာဏာသိမ်းပြီးနောက်ပိုင်း 𝘼𝘼 ရခိုင်တောင်ပိုင်းကို ရောက်လာကာ ဒီမိုကရေစီလိုလားသူတွေနဲ့ 𝐍𝐋𝐃 ထောက်ခံသူတွေကိုဖမ်းဆီးရိုက်နှက်ပြီး ရဲနှင့်စစ်တပ်လက်အပ်ခဲ့ကြပါတယ်။ဒါ့အပြင်ရွာတွေမှာ တပတ်ဆန်ဘယ်လောက် ပိုက်ဆံ ဘယ်လောက်ပေးရမယ်ဆိုပြီးအနိုင်ကျင့် ဗိုလ်ကျပြီး သူတို့ကိုမထောက်ခံရင် ဖမ်းခေါ်သွားပြီးရိုက်နှက်ကြတယ်။လင်မယားချင်းစကားများကြရင်လဲ ဖမ်းခေါ်သွားပြီးရိုက်နှက်ကြတယ်။အဲဒီလိုရိုက်နှက်တဲ့အတွက် @သသွားတဲ့သူတွေတောင်ရှိတယ်။@သ သွားရင်တောင်အ*(လောင်း) ပြန်မပေးကြဘူး။ဆိုလိုတာက အဲဒီလိုနှိပ်စက်ညှင်းပန်းမှုတွေအပြင် ဇာတ်ပွဲအကြောင်းပြပြီး ဖဲဝိုင်း၊ကြက်ဝိုင်းတွေနှင့်လောင်းကစားမျိုးစုံလုပ်ပြီး မိန်းခလေးငယ်တွေကိုဖျက်ဆီးခဲ့ကြတယ်။သူတို့နဲ့သဘောမတူတဲ့မိန်းခလေးတွေရဲ့မိဘတွေကိုအပြစ်ရှာပြီးဖမ်းခေါ်သွားကာရိုက်နှက်ကြတယ်။
✍မှတ်ချက်=ယနေ့အထိပြုမူနေဆဲ❌
ဒီလိုအကြမ်းဖက်လုပ်ရပ်မျိုးစုံကြောင့် 𝟮𝟬𝟮𝟭 နှစ်ကုန်ပိုင်းမှာထွက်ပြေးတိမ်းရှောင်လာခဲ့ပါတယ်။
ထွက်ပြေးတိမ်းရှောင်ရင်း (𝙊𝙣𝙡𝙞𝙣𝙚 𝙆𝙚𝙮𝙗𝙤𝙖𝙧𝙙 𝙁𝙞𝙜𝙝𝙩𝙚𝙧)အဖြစ်လှုပ်ရှားပြီး တော်လှန်ရေး မှာပါဝင်ခဲ့ပါတယ်။ 𝟮𝟬𝟮𝟭 အာဏာသိမ်းပြီးနောက်ပိုင်းလှုပ်ရှားခဲ့တဲ့ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 အကောင့်နာမည်တွေကတော့
၁♦ ခွေးဝဲစားမင်းအောင်လှိုင်၊
https://www.facebook.com/share/1AG66Rn7p2/
၂♦ မအလမျက်နှာကိုသေးနဲ့ပန်းမဲ့မောင်ရခိုင်၊
https://www.facebook.com/share/1DHFwnW3Mw/
၃♦ရခိုင် ပြည်က မအလရဲ့ ရွှေသမက်
https://www.facebook.com/share/183CsmNv9f/
၄♦ သွေး ကြွေးဆပ်မဲ့ရခိုင်သား
https://www.facebook.com/share/1D82yb6CYW/
၅♦ ခွေးရူးတွေကိုအပြတ်ရှင်းမဲ့ ရခိုင်သား
https://www.facebook.com/share/1AZuypgKKA/
၆♦ ခွေးတိရစ္ဆာန်ဘုရင်ရူးဘိုရှုပ်ထွန်းမြတ်နိုင်
https://www.facebook.com/share/1CQAQgTbjX/
၇♦ ဘုရင်ရူးဘိုရှုပ်ငထွန်း
https://www.facebook.com/share/1FENpLvzNX/
၈♦𝗞𝘆𝗮𝘄 𝗭𝗮𝘄 𝗟𝗶𝗻
https://www.facebook.com/share/1aMeeHTPKu/
၉♦ 𝙁𝙤𝙡𝙡𝙤𝙬𝙚𝙧𝙨 𝙊𝙛 𝙅𝙚𝙨𝙪𝙨 𝙊𝙧𝙜𝙖𝙣𝙞𝙯𝙖𝙩𝙞𝙤𝙣(𝙁.𝙅.𝙊)
https://www.facebook.com/groups/1157138644462540/?ref=share&mibextid=NSMWBT
စတဲ့အကောင့်တွေအပြင်
၁၀♦𝗞𝘆𝗮𝘄 𝗭𝗮𝘄 𝗟𝗶𝗻
https://www.facebook.com/share/173bHAfpo1/
စတဲ့ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 အကောင့်တွေကိုအသုံးပြုပြီး 𝙊𝙣𝙡𝙞𝙣𝙚 𝙆𝙚𝙮𝙗𝙤𝙖𝙧𝙙 𝙁𝙞𝙜𝙝𝙩𝙚𝙧 အဖြစ်ပူးပေါင်းလှုပ်ရှားခဲ့တဲ့အပြင် CDM ကျောင်းသားများနှင့် 𝙀𝙣𝙜𝙡𝙞𝙨𝙝 စာကိုစိတ်ဝင်စားသူများကို အောင်မြေသာဇံမြို့နယ်၊မန္တလေး နှင့်လှည်းကူးမြို့နယ် ရန်ကုန်၊ တောင်ငူမြို့နယ်တွေမှာ အခမဲ့သင်ပေးခဲ့ပါတယ်။ဒါ့အပြင် 𝙊𝙣𝙡𝙞𝙣𝙚 ကနေ
👉𝙄𝙣𝙩𝙚𝙧𝙣𝙖𝙩𝙞𝙤𝙣𝙖𝙡 𝙀𝙣𝙜𝙡𝙞𝙨𝙝 𝙏𝙧𝙖𝙞𝙣𝙞𝙣𝙜 𝘾𝙚𝙣𝙩𝙧𝙚(𝙄.𝙀.𝘾)
https://www.facebook.com/groups/230148786668047/?ref=share&mibextid=NSMWBT
ဆိုတဲ့ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗴𝗿𝗼𝘂𝗽 တစ်ခုဖွင့်ကာသင်ပေးခဲ့ပါတယ်။
𝟮𝟬𝟮𝟯 ခုနှစ်မှာ ဧရာဝတီတိုင်း၊မြောင်းမြမြို့နယ်ကရွာတစ်ရွာက စာသင်ဖို့ဖိတ်ခေါ်ခဲ့တဲ့အတွက်သွားရောက်ခဲ့ပါတယ်။
✍ နိဂုံးချုပ်ရရင်
တစ်လခန့်အကြာအဖမ်းခံခဲ့ရပြီး ထောင်ဝင်အမှတ် မမမ/၂၄/၀၀၀၉၈/က ဆိုတဲ့နံပါတ်ကိုရရှိကာ မြောင်းမြရဲ့ငရဲခန်းမှာစံမြန်းခဲ့ရပါတော့တယ်။ နှိပ်စက်ညှင်းပန်းနည်းမျိုးစုံကုန်သွားလို့ထင်တယ် 𝟮𝟬𝟮𝟱 ဇန်နဝါရီ(4) ရက်နေ့မှာတော့ ငရဲခန်းကနေပြန်လွှတ်ပေးလိုက်ပါတော့တယ်။
ဒါကြောင့် နိဗ္ဗာန်ဘုံကိုရောက်အောင်လာခဲ့ပြီး ငရဲခန်းက လူ့တိရစ္ဆာန်တွေနှင့် အပြစ်မဲ့ပြည်သူကိုမတရားအနိုင်ကျင့်နေတဲ့ အစွန်းရောက်တွေရဲ့လုပ်ရပ်တွေကို 𝗞𝗼 𝗖𝗵𝗮𝘆 အမည်နှင့် 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 , 𝗬𝗼𝘂𝘁𝘂𝗯𝗲 𝗧𝗶𝗸𝘁𝗼𝗸 , 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝐂𝐡𝐚𝐧𝐧𝐞𝐥 တွေဖွင့်ပြီး ဖော်ထုတ်တင်ပြနေခြင်းဖြစ်ပါကြောင်း...
𝗞𝘆𝗮𝘄 𝗭𝗮𝘄 𝗟𝗶𝗻
တောင်ကုတ်မြို့၊ရခိုင်ပြည်နယ်
Ko Lin




12/03/2026

✅ #ဘာသာများရဲ့တူညီသောတရားတော်များ♦
✍ 𝐘𝐨𝐮𝐭𝐮𝐛𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 သည်အမှန်တရားသတင်းစကားဖြင့်ရပ်တည်နေသော 𝐂𝐡𝐚𝐧𝐧𝐞𝐥 တခုဖြစ်ပါတယ်။ရေရှည်ရပ်တည်နိုင်ရန်ကူညီလိုပါက
t.me/KOLINNOFFICIAL သို့ဖြစ်စေ
Ko Lin 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 cb တွင်ဖြစ်စေ ဆက်သွယ်ကူညီနိုင်ပါတယ်။
(ယခု Page သည် Messenger မသုံးပါ)





🗣 𝐓𝐫𝐚𝐧𝐬𝐥𝐚𝐭𝐨𝐫  တစ်ယောက် ဒါမှမဟုတ် သတင်းဋ္ဌာန ဆိုတာ ဘာသာပြန်တဲ့အခါ ဒါမှမဟုတ် ဘာသာပြန်သတင်းတင်တဲ့အခါမှာ လိုက်လျောညီထွေမှုရှ...
09/03/2026

🗣 𝐓𝐫𝐚𝐧𝐬𝐥𝐚𝐭𝐨𝐫 တစ်ယောက် ဒါမှမဟုတ် သတင်းဋ္ဌာန ဆိုတာ ဘာသာပြန်တဲ့အခါ ဒါမှမဟုတ် ဘာသာပြန်သတင်းတင်တဲ့အခါမှာ လိုက်လျောညီထွေမှုရှိအောင်ဘာသာပြန်ဆိုရပေမဲ့
၁။📣 လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊သို့မဟုတ်အစုအဖွဲ့၊တနည်းအားဖြင့် လူမျိုးစုတွေရဲ့ ဂုဏ်သိက္ခာငြိုးနွမ်းသွားစေမဲ့အပြောအဆိုကိုရှောင်ကျဥ်ရပြီး သတင်းကနေအတင်း မဖြစ်စေဖို့သတိပြုရပါတယ်။
၂။📣 အခြားဘာသာကနေ ဘာသာပြန်ပြောဆိုတဲ့အခါမှာ မိမိရဲ့အာဘော်အတိုင်းဘာသာပြန်ခြင်းမဟုတ်ပဲ အခြားဘာသာရဲ့အာဘော် အတိုင်းဘာသာပြန်ဖို့လိုပါတယ်။
၃။📣 အမှန်တရားအတိုင်း ဘက်မလိုက်ပဲသတင်းတင်ဆက်မှုသာဖြစ်ရပါမယ်။
❇ ဒီအချက်တွေဟာ မီဒီယာကျင့်ဝတ်တွေထဲက အရေးကြီးလိုက်နာရမဲ့ တချို့ကျင့်ဝတ်တွေသာဖြစ်ပါတယ်။
အခု ဘာသာပြန်သွားတဲ့ သတင်းဋ္ဌာနအမည်ခံထားတဲ့ ဒီ
page ဟာ အထက်ကဖော်ပြခဲ့တဲ့ ကျင့်ဝတ်တွေကိုလိုက်နာခြင်းမရှိတဲ့အပြင် ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ စကားလုံးမျိုးကိုပြောသွားတာတွေ့ရပါတယ်။
သူဘာသာပြန်သွားတဲ့စကားလုံးအချို့ကိုကောက်နှုတ်ဖော်ပြရမယ်ဆိုရင်
၁။အာရက္ခပြည် ဒါမှမဟုတ် အာရက္ခနိုင်ငံဆိုတာ ထွန်းမြတ်နိုင်ရဲ့ စိတ်ကူးယဥ်ပုံဖော်ထားခြင်းသာဖြစ်ပြီး အမှန်တကယ် မြန်မာ့မြေပုံနှင့်ကမ္ဘာ့မြေပုံပေါ်မှာ (Rakhine State)ရခိုင်ပြည်နယ်ဆိုပြီးဖော်ပြထားတာဖြစ်ပါတယ်။ဒါကြောင့် ရခိုင်ပြည်နယ် ဆိုပြီး ဘာသာပြန်ရပါမယ်။ဒါပေမဲ့ အာရက္ခနိုင်ငံဆိုပြီးဘာသာပြန်သွားခြင်းဟာ အာဏာရှင်အလိုကျဘာသာပြန်ဆိုသုံးနှုန်းသွားခြင်းသာဖြစ်ပြီး ပြည်သူကိုထင်ယောင်ထင်မှားဖြစ်သွားအောင်ဝါဒဖြန့်လိုက်တဲ့သဘောသက်ရောက်နေပါတယ်။
၂။ ဘင်္ဂလားဒေ့ရှ်သတင်းဋ္ဌာနက (ရိုဟင်ဂျာလူမျိုး)ဆိုပြီး သုံးနှုန်းသွားတာကို (မွတ်စလင်ဘာသာလူမျိုး)ဆိုပြီးဘာသာပြန်သွားတာဖြစ်တဲ့အတွက် လူမျိုးစု၊သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးဦးရဲ့ဂုဏ်သိက္ခာကိုငြိုးနွမ်းစေနိုင်တဲ့စကားလုံးမျိုး ကိုရှောင်ကျဥ်ရမယ်ဆိုတဲ့ မီဒီယာကျင့်ဝတ်အပြင် လူ့အခွင့်အရေးကိုပါ ချိုးဖောက်လိုက်ခြင်းပင်ဖြစ်ပါတယ်။
ဒါကြောင့်..ဆရာဝန်ဆေးထိုးမှားရင်လူတစ်ယောက်ပဲ @သပေမဲ့ မီဒီယာ သတင်းမှိုင်းတိုက်ရင် လူပေါင်းမြောက်များစွာရဲ့ဘဝတွေ @သဆုံးကြရပါတယ်။ဒါကြောင့် ရခိုင်ပြည်က ရခိုင်သတင်းမီဒီယာအမည်ခံတွေအနေနဲ့သတိပြုဆင်ယှဥ်ပြီး အာဏာရူးတွေဖုံးကွယ်ထားတဲ့နောက်ကွယ်ကအမှန်တရားတွေကို ဘက်မလိုက်ပဲရဲဝံ့စွာဖော်ထုတ်ကြဖို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်။
Ko Lin
#သတင်း #အတင်း
#လူ့အခွင့်အရေး
#အေအေ #ရခိုင့်တပ်
#ထွန်မြတ်နိုင်

08/03/2026

👬 𝙏𝙬𝙞𝙣 𝘽𝙧𝙤𝙩𝙝𝙚𝙧𝙨 𝙁𝙧𝙤𝙢 𝙍𝙖𝙆𝙝𝙞𝙣𝙚 𝙎𝙩𝙖𝙩𝙚🚸
💕ရခိုင်ပြည်နယ်မှအမြွှာညီနောင်များ♦
----🤝 -----🤝 ----🤝 ----
✅ #အမှန်တရားသတင်းစကား ဖြင့်ရပ်တည်နေတဲ့ Ko Chay သည် မိမိရဲ့နိုင်ငံရေးယုံကြည်ချက်နှင့်ခံယူချက် အတိုင်းအာဏာရှင်နှင့်လက်နက်အားကိုးအနိုင်ကျင့်နေသူမှန်သမျှကို တွန်းလှန်နေခြင်းသာဖြစ်ပါတယ်။ဒါကြောင့်
#အမှန်တရားမြတ်နိုးသူများအနေဖြင့် ရေရှည်ရပ်တည်နိုင်ရန် ကူညီပေးလိုပါက Ko Lin (cb)မှတဆင့်ဆက်သွယ်ကူညီနိုင်ပါတယ်🤝
#အမှန်တရား
#နွေဦးတော်လှန်ရေး




05/03/2026

AA ဟာရခိုင်ဆိုပေမဲ့ရခိုင်တိုင်းဟာ AA မဟုတ်ဘူး။AA ရဲ့အကြမ်းဖက်လုပ်ရပ် ကိုမလိုလားတဲ့ရခိုင်တွေရှိကြသလို AA ကဖမ်းဆီးနှိပ်စက်မှုကြောင့် ဒုက္ခိတဘဝရောက်ရတဲ့အပြင် အသက်@သဆုံးသွားခဲ့ရတဲ့ရခိုင်လူမျိုးတွေရှိကြပေမဲ့ ထုတ်မပြောဝံ့ကြတဲ့သူတွေရှိနေတယ်ဆိုရင် ဘယ်ကောင်ငြင်းမလဲ.....
Ko Lin
#နွေဦးတော်လှန်ရေး






03/03/2026

📵 ရခိုင်မြောက်ပိုင်း မွတ်စလင်ကင်းစင်ရေး 𝗔𝗔 ရဲ့စီမံချက်♨


Ko Lin
#နွေဦးတော်လှန်ရေး






25/02/2026

👢 𝗔𝗔 အုပ်ချုပ်မှုအောက်မှာရိုဟင်ဂျာတို့ဘဝနိဂုံးချုပ်တော့မှာလား🤔🤔🤔

Ko Lin
#နွေဦးတော်လှန်ရေး
#အမှန်တရား







📢  #အသိပေးကြေညာခြင်း ကျန်းမာရေးချွတ်ယွင်းမှုနှင့်အခက်အခဲအချို့ရှိနေသည့်အတွက် 𝙔𝙤𝙪𝙩𝙪𝙗𝙚 𝙑𝙞𝙙𝙚𝙤  ရိုက်ကူးရေးကို ခေတ္တယာယီရပ်န...
21/02/2026

📢 #အသိပေးကြေညာခြင်း
ကျန်းမာရေးချွတ်ယွင်းမှုနှင့်အခက်အခဲအချို့ရှိနေသည့်အတွက် 𝙔𝙤𝙪𝙩𝙪𝙗𝙚 𝙑𝙞𝙙𝙚𝙤 ရိုက်ကူးရေးကို ခေတ္တယာယီရပ်နားသွားမှာဖြစ်ပါတယ်။
👍 သို့သော်လည်း 𝕌𝕡𝕕𝕒𝕥𝕖 သတင်းများ၊နိုင်ငံရေးသုံးသပ်ချက်အချို့နှင့် 𝙑𝙞𝙙𝙚𝙤 သတင်းအတို တို့ကို Ko Chay နှင့် Ko Lin
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝙋𝙖𝙜𝙚,𝐓𝐢𝐤𝐭𝐨𝐤&𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥. တို့မှာပုံမှန်တင်ပြနိုင်ရန်ကြိုးစား သွားမှာဖြစ်ပါတယ်💪
🔷 ကျနော်ဟာ ထောင်ကပြန်လွတ်လာတာမကြာသေးတဲ့အတွက် စားဝတ်နေရေးအခက်အခဲနှင့်ကျန်းမာရေးမကောင်းပေမဲ့ မိမိရဲ့နိုင်ငံရေးယုံကြည်ချက်နှင့်ခံယူချက်အတိုင်းရပ်တည်ကာ အပြစ်မဲ့ပြည်သူများကို လက်နက်အားကိုးအနိုင်ကျင့်နေမှုတွေနှင့်အမှန်တရားကိုဖုံးကွယ်ကာ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေကို #ရဲဝံ့စွာ ဖော်ထုတ်တင်ပြနေခြင်း ဖြစ်ပါတယ်✍
🤝 တစ်ခါတစ်ရံအမှန်တရားမြတ်နိုးသူတွေဆီက စေတနာ၊မေတ္တာနဲ့ ကူညီပေးမှုအချို့ကိုရယူခဲ့ကာ မိမိရဲ့ကိုယ်ပိုင်ငွေကြေးတွေနဲ့ စားဝတ်နေရေးနှင့်အခြားခက်ခဲမှုတွေကိုဖြေရှင်းခဲ့ပြီးအမှန်တရားပေါ်ပေါက်ဖို့ကြိုးစားဖော်ထုတ်နေသူဖြစ်ပါတယ်✍
♦ဒါကြောင့် အမှန်တရားကိုဖုံးကွယ်ချင်သူ #မျက်ကန်းမျိုးချစ်(စုံလုံးကန်း)တွေက အသက်အန္တရာယ်ခြိမ်းခြောက်နေမှုတွေနှင့် မသက်ဆိုင်သူမိသားစုဝင်တွေကိုပါအန္တရာယ်ပေးဖို့ခြိမ်းခြောက် ခြင်းတွေကို နေ့စဥ်နဲ့အမျှကြုံတွေ့ခဲ့ရပါတယ်♨ ဒါပေမဲ့ ဘယ်လိုပဲခြိမ်းခြောက်နေပါစေ အမှန်တရားဖက်ကရပ်တည်ပြီး လက်နက်အားကိုးအနိုင်ကျင့်ကာ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေကို မိမိကိုယ်စွမ်းညဏ်စွမ်းရှိသလောက် #ရဲဝံ့စွာ ဖော်ထုတ်တင်ပြနေခြင်းဖြစ်ပါတယ် 💪
👉 ယခုအခါ 𝙔𝙤𝙪𝙩𝙪𝙗𝙚 𝙑𝙞𝙙𝙚𝙤 ရိုက်ကူးရေးအတွက်အခက်အခဲအချို့နှင့်ကျန်းမာရေးအခြေအနေ ချွတ်ယွင်းမှုဖြစ်ပေါ်လာတဲ့ အတွက် 𝙔𝙤𝙪𝙩𝙪𝙗𝙚 𝙑𝙞𝙙𝙚𝙤 ရိုက်ကူးခြင်းကို ခေတ္တရပ်နားရခြင်းပင်ဖြစ်ပါတယ်🚦🚦
🟩အခက်အခဲအချို့ဖြေရှင်းပြီး၊ကျန်းမာရေးပြန်လည်ကောင်းမွန်လာပါက Video သတင်းတင်ပြမှု ကိုပုံမှန်ပြန်လည်တင်ပြပေးသွားမည်ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါတယ်✅✅✅
#လေးစားစွာဖြင့်
𝙆𝙮𝙖𝙬 𝙕𝙖𝙬 𝙇𝙞𝙣
နိုင်/ကျဥ်း 2023/25
𝙆𝙤𝘾𝙝𝙖𝙮 𝙔𝙤𝙪𝙩𝙪𝙗𝙚
𝘾𝙝𝙖𝙣𝙣𝙚𝙡
တောင်ကုတ်မြို့၊ရခိုင်ပြည်နယ်
#နွေဦးတော်လှန်ရေး
#အမှန်တရား







20/02/2026

#သာသနာဖျက်ငတုံးမိစ္ဆာများနှင့်လူ့တိရစ္ဆာန်များ

20/02/2026

❌သာသနာဖျက်ငတုံးမိစ္ဆာများနှင့်လူ့တိရစ္ဆာန်များ...
----🔰 -----🔰 ----🔰 ----
💪 #အမှန်တရားသတင်းစကား ဖြင့်ရပ်တည်နေသော Ko Chay အားမည်သူတစ်ဦးတစ်ယောက်၊မည်သည့်အဖွဲ့အစည်းမှထောက်ပံ့ပေးကမ်းထားခြင်းမရှိပါ။ #မိမိရဲ့နိုင်ငံရေးယုံကြည်ချက်နှင့်ခံယူချက် အတိုင်းအာဏာရှင်နှင့်လက်နက်အားကိုးအနိုင်ကျင့်နေသူမှန်သမျှကို တွန်းလှန်နေခြင်းသာဖြစ်ပါတယ်။
#အမှန်တရားမြတ်နိုးသူများအနေဖြင့် ရေရှည်ရပ်တည်နိုင်ရန် ကူညီပေးလိုပါက Ko Lin (cb)မှတဆင့်ဆက်သွယ်ကူညီနိုင်ပါတယ်✅
#နွေဦးတော်လှန်ရေး




#အမှန်တရား

ที่อยู่

Bankok
Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ko Chayผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์