Cele Pulse cele news

စိတ်ရောကိုယ်ပါ နှစ်ပြီး တစ်ပွဲလုံးစာအတွက် စီစဉ်ပေးခဲ့တဲ့ ယောင်းမကို ကျေးဇူးတင်လိုက်တဲ့ စိုးပြည့်သဇင် 🥰သရုပ်ဆောင် စိုးပြည...
23/09/2025

စိတ်ရောကိုယ်ပါ နှစ်ပြီး တစ်ပွဲလုံးစာအတွက် စီစဉ်ပေးခဲ့တဲ့ ယောင်းမကို ကျေးဇူးတင်လိုက်တဲ့ စိုးပြည့်သဇင် 🥰

သရုပ်ဆောင် စိုးပြည့်သဇင်က ယောင်းမဖြစ်လာမယ့် ရွှေစင်ဝင်းကိုကို ကျေးဇူးတင်စကားပြောခဲ့တာပါ။ တစ်ပွဲလုံးကို လိုလေသေးမရှိအောင် စိတ်ရောကိုယ်ပါနှစ်ပြီးဆောင်ရွက်ပေးခဲ့တဲ့ ယောင်းမကို ကျေးဇူးတင်ကြောင်းနှင့် ပါဝင်အားဖြည့်ပေးခဲ့တဲ့သူတွေကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ သူမအတွက်တော့ အင်မတန်ပျော်ခဲ့ရတဲ့နေ့လေးလိုဆိုပါတယ်။ ယောင်းမဖြစ်သူ ရွှေစင်ဝင်းကိုဟာ စိုးပြည့်ဝတ်ဆင်မယ့် ဝတ်စုံကစလို့ ပွဲအပြင်အဆင်၊ ဖိနပ်၊ Decoration တွေကို ပြီးပြည့်စုံအောင်ဖန်တီးပေးခဲ့တာပါ။

ညီမလေး ပျော်ရွှင်နေတာကိုတွေ့ရလို့ အတိုင်းမသိ ထပ်တူပျော်မိတယ်ဆိုတဲ့ စန္ဒီမြင့်လွင် 🥰🥰🥰အဆိုတော် စန္ဒီမြင့်လွင်က ညီမလေးဖြစ်...
23/09/2025

ညီမလေး ပျော်ရွှင်နေတာကိုတွေ့ရလို့ အတိုင်းမသိ ထပ်တူပျော်မိတယ်ဆိုတဲ့ စန္ဒီမြင့်လွင် 🥰🥰🥰

အဆိုတော် စန္ဒီမြင့်လွင်က ညီမလေးဖြစ်သူ စိုးပြည့်သဇင်ရဲ့ ပျော်ရွှင်နေရပုံတွေကို ပီတိဖြစ်နေခဲ့တာပါ။ စိုးပြည့်သဇင်ရဲ့မွေးနေ့လေးမှာ သူမနဲ့လက်ထပ်မယ့်သူ ဟိန်းဝေယံက လက်ထပ်ခွင့်တောင်းတဲ့ ပွဲလေးကို လူသိရှင်ကြားကျင်းပခဲ့တာတွေ့ရပါတယ်။ ဒီပွဲလေးကိုတက်ရောက်ခဲ့တဲ့ စန္ဒီမြင့်လွင်က ညီမလေးရဲ့ ပျော်ရွှင်မှုတွေကိုကြည့်ပြီး သူမနဲ့အတူ ထပ်တူပျော်ရွှင်မိကြောင်း ပြောလာတာပါ။

မကြာခင်လက်ထပ်တော့မယ့် ချစ်သူ စိုးပြည့်သဇင်ကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ဟိန်းဝေယံ 🥰သရုပ်ဆောင် ဟိန်းဝေယံက Will You Marry Me...
23/09/2025

မကြာခင်လက်ထပ်တော့မယ့် ချစ်သူ စိုးပြည့်သဇင်ကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ဟိန်းဝေယံ 🥰

သရုပ်ဆောင် ဟိန်းဝေယံက Will You Marry Me? ဆိုပြီး အနုပညာရှင်ပေါင်းမြောက်မြားစွာတက်ရောက်ခဲ့တဲ့ Proposal ပွဲလေးကို ကျင်းပခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဒီနှစ်ရဲ့ ဝါကျွတ်ကာလတွေမှာ မင်္ဂလာပွဲကျင်းပဖို့ စီစဉ်ထားရှိတာဖြစ်ပြီး ချစ်သူသက်တမ်း ၇ နှစ်နီးပါးရှိတော့မှာပဲဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ အိပ်မက်ဖြစ်တဲ့ လက်ထပ်ခွင့်တောင်းတဲ့ပွဲလေးကို ချစ်သူစိတ်တိုင်းကျ ဖန်တီးပေးထားခဲ့တာကိုလည်း တွေ့ရပါတယ်။

၅ နှစ်တာ လက်တွဲခဲ့တဲ့ ဂျပန်က ချစ်သူလေးနဲ့ တရားဝင်လမ်းခွဲလိုက်ပြီဆိုတဲ့ ဆွိ 🥹💔သူမတို့ကို အားကျနေတဲ့ ပရိသတ်တွေကတော့ စိတ်မက...
22/09/2025

၅ နှစ်တာ လက်တွဲခဲ့တဲ့ ဂျပန်က ချစ်သူလေးနဲ့ တရားဝင်လမ်းခွဲလိုက်ပြီဆိုတဲ့ ဆွိ 🥹💔

သူမတို့ကို အားကျနေတဲ့ ပရိသတ်တွေကတော့ စိတ်မကောင်းဖြစ်နေခဲ့ကြတာပါ။ မေနွယ်ထွန်း ခေါ် ဆွိက ဂျပန်မှာရှိတဲ့ ချစ်သူလေးနဲ့ တွဲနေကြတာကို ပရိသတ်တွေကလည်း သိကြသလို Relationship သက်တမ်းကလည်း ကြာရှည်ပြီဖြစ်တာကြောင့် နှမြောတသဖြစ်နေခဲ့ကြတာပါ။ သူမကတော့ ၅ နှစ်တာတည်ဆောက်ထားတဲ့ အချစ်ရေးပျက်စီးသွားပြီဖြစ်ကြောင်းနဲ့ ပျော်ရွှင်ကြစေဖို့ ပြောထားတာတွေ့ရပါတယ်။

သမီးယောင်းမနှစ်ယောက် လေ့ကျင့်ခန်းအတူတူ လုပ်ခဲ့ကြတဲ့ ဝတ်မှုန်ရွှေရည်နဲ့ မိုးစက်ဝိုင်သူမတို့အတူတူကစားခဲ့ကြတဲ့ အားကစားနည်းက...
20/09/2025

သမီးယောင်းမနှစ်ယောက် လေ့ကျင့်ခန်းအတူတူ လုပ်ခဲ့ကြတဲ့ ဝတ်မှုန်ရွှေရည်နဲ့ မိုးစက်ဝိုင်

သူမတို့အတူတူကစားခဲ့ကြတဲ့ အားကစားနည်းကတော့ Pilates အားကစားနည်းပဲဖြစ်ပါတယ်။ ကြိုးတွေနဲ့ ဆော့ရတဲ့ အားကစားနည်းတစ်ခုဖြစ်ပြီး ဝတ်မှုန်ရွှေရည်ကတော့ ဒီလေ့ကျင့်ခန်းကို တစိုက်မတ်မတ်နဲ့ လေ့ကျင့်ဆော့ကစားတာတွေ့ရပါတယ်။ မြန်မာပြည်ပြန်ရောက်နေတဲ့ ယောင်းမလေး မိုးစက်ဝိုင်နဲ့အတူ အချိန်ပေးပြီးဆော့ကစားခဲ့တာလည်းဖြစ်ပါတယ်။

နောက်ဆုံးပေါ် iPh 17 Pro Max ကိုထွက်တဲ့နေ့မှာပဲ ဇနီးသည်ကိုင်နိုင်အောင် ဝယ်ပေးခဲ့တဲ့ မြတ်သူသူ ခင်ပွန်းApple က နောက်ဆုံးထွ...
20/09/2025

နောက်ဆုံးပေါ် iPh 17 Pro Max ကိုထွက်တဲ့နေ့မှာပဲ ဇနီးသည်ကိုင်နိုင်အောင် ဝယ်ပေးခဲ့တဲ့ မြတ်သူသူ ခင်ပွန်း

Apple က နောက်ဆုံးထွက်ရှိလာတဲ့ iPhone 17 Pro Max လိမ္မော်ရောင်လေးကို နှစ်ဦးသားဆင်တူကိုင်ရအောင် ခင်ပွန်းဖြစ်သူက မှာယူပေးခဲ့တာပါ။ စက်တင်ဘာလ ၁၉ ရက်နေ့ မနေ့ကမှ Apple Store တွေမှာ Pick up လုပ်ခွင့်ရတဲ့ အဆိုပါ iPhone ကို ဇနီးသည်ဆီညတွင်းချင်းရောက်လာအောင် မှာယူသယ်ဆောင်ပေးခဲ့တာပါ။ ဒီနှစ်အတွက် Apple ရဲ့ ထူးထူးခြားခြားထွက်ရှိထားတဲ့ အရောင်လေးနဲ့ ဇနီးသည်ကို Surprise လုပ်ပေးခဲ့တာပါ။

မိခင်ဆုံးရှုံးလိုက်ရတဲ့ သူမကို အားပေးဖို့ဆိုပြီး လာခဲ့ကြတဲ့ ပရိသတ်ကြီးက ဆုကြေးတွေအများကြီးပေးတာကို ရခဲ့တဲ့ အိမ့်ချစ်အဆို...
20/09/2025

မိခင်ဆုံးရှုံးလိုက်ရတဲ့ သူမကို အားပေးဖို့ဆိုပြီး လာခဲ့ကြတဲ့ ပရိသတ်ကြီးက ဆုကြေးတွေအများကြီးပေးတာကို ရခဲ့တဲ့ အိမ့်ချစ်

အဆိုတော် အိမ့်ချစ်က မိခင်ကိုသဂြိုဟ်ပြီးနောက်ရက်မှာပဲ လက်ခံထားတဲ့ ပွဲတွေကို သီဆိုခဲ့တာဖြစ်ပါတယ်။ မိခင်ဆုံးရှုံးထားတဲ့ သူမကို အားပေးစကားပြောဖို့ဆိုပြီး လာရောက်ခဲ့ကြတာဖြစ်ပြီး မုန့်ဖိုး၊ ဆုကြေးတွေလည်း အများကြီးပေးခဲ့ကြတယ်လို့ အိမ့်ချစ်က ပီတိတွေနဲ့ပြောပါတယ်။ ပရိသတ်တွေလည်း ကုသိုလ်ရအောင် အဆိုပါဆုကြေးတွေကို သူမက မိခင်အတွက်ရည်စူးပြီး လှူဒါန်းခဲ့ပါတယ်။

မိခင်ရဲ့ နောက်ဆုံးအချိန်ကို အေးချမ်းစွာဖြတ်ကျော်သွားနိုင်ဖို့ ဆုတောင်းပေးနေတဲ့ အိမ့်ချစ်ကင်ဆာရောဂါဝေဒနာကို ခံစားနေရတဲ့ မ...
15/09/2025

မိခင်ရဲ့ နောက်ဆုံးအချိန်ကို အေးချမ်းစွာဖြတ်ကျော်သွားနိုင်ဖို့ ဆုတောင်းပေးနေတဲ့ အိမ့်ချစ်

ကင်ဆာရောဂါဝေဒနာကို ခံစားနေရတဲ့ မိခင်အတွက် ဆုတောင်းပေးနေခဲ့တာပါ။ အိမ့်ချစ်တို့ မောင်နှမ ၂ ဦးဟာ မိခင်ဖြစ်သူရဲ့ နောက်ဆုံးအချိန်တွေကို ပြုစုစောင့်ရှောက်နေရတာလည်း ဖြစ်ပါတယ်။ သူမတို့ ပြုခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ်တွေကြောင့် မိခင်ဟာ သူမရဲ့ နောက်ဆုံးအချိန်တွေကို အေးချမ်းစွာ ဖြတ်ကျော်သွားနိုင်ဖို့ ဝမ်းနည်းစွာဆုတောင်းနေခဲ့တာပါ။

ပင်းတယမှာ ဖခင်ကွယ်လွန်သွားတာ ၁ လပြည့်အဖြစ် ထီးအလက် ၆၀၀ လှူခဲ့တဲ့ စိုးမြတ်သူဇာသရုပ်ဆောင်စိုးမြတ်သူဇာက ဖခင်ကွယ်လွန်ခြင်း ၁...
14/09/2025

ပင်းတယမှာ ဖခင်ကွယ်လွန်သွားတာ ၁ လပြည့်အဖြစ် ထီးအလက် ၆၀၀ လှူခဲ့တဲ့ စိုးမြတ်သူဇာ

သရုပ်ဆောင်စိုးမြတ်သူဇာက ဖခင်ကွယ်လွန်ခြင်း ၁ လပြည့်အဖြစ်လှူဒါန်းခဲ့တာပါ။ သူမကတော့ ၁ လပြည့်တဲ့နေ့လေးမှာ ခရီးရောက်နေတာကြောင့် ပင်းတယမြို့ရှိ ဘုရားမှာ ဖခင်ကိုရည်စူးပြီး ထီးအလက် ၆၀၀ ကိုလှူဒါန်းပေးခဲ့တာလည်းဖြစ်ပါတယ်။စိုးညီအစ်မတွေရဲ့ ဖခင်ဦးစိုးမြင့်ဟာ ဩဂုတ်လထဲမှာပဲ ကွယ်လွန်သွားခဲ့တာပါ။

ချွေးမဖြစ်သူရဲ့ ထောင်ထဲက ပို့လိုက်တဲ့စာကြောင့် စိတ်မကောင်းဖြစ်ရပြီး အားလုံးကို ထပ်တောင်းပန်လာတဲ့ နေမျိုးအောင်စိတ်မကောင်း...
13/09/2025

ချွေးမဖြစ်သူရဲ့ ထောင်ထဲက ပို့လိုက်တဲ့စာကြောင့် စိတ်မကောင်းဖြစ်ရပြီး အားလုံးကို
ထပ်တောင်းပန်လာတဲ့ နေမျိုးအောင်
စိတ်မကောင်းစရာပဲနော်

ချစ်သူတွေအဖြစ် တရားဝင်အသိပေးပြီးနောက် ပထမဆုံး စုံတွဲပုံလေးတွေ ချပြလာတဲ့ ဟိန်းဝေယံနဲ့စိုးပြည့်သဇင် သူတို့ နှစ်ဦးရဲ့ ပရိသတ...
13/09/2025

ချစ်သူတွေအဖြစ် တရားဝင်အသိပေးပြီးနောက် ပထမဆုံး စုံတွဲပုံလေးတွေ ချပြလာတဲ့ ဟိန်းဝေယံနဲ့စိုးပြည့်သဇင်

သူတို့ နှစ်ဦးရဲ့ ပရိသတ်ကိုပထမဆုံးချပြတဲ့ စုံတွဲပုံလေးတွေပဲဖြစ်ပါတယ်။ အလှအပရေးရာ Treatment တွေကို သွားလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်တို့ဟာ ချစ်သူတွေဖြစ်နေကြတာဖြစ်ပြီး ဒီနှစ်အတွင်းမှာလက်ထပ်တော့မှာဖြစ်ကြောင်း မကြာသေးခင်ကမှအသိပေးခဲ့တာပါ။

ရေမွှာပေါက်သွားလို့ သမီးဦးလေးကို ဒီနေ့မှာပဲ စောမွေးလိုက်ရတဲ့ နေဒွေးသရုပ်ဆောင် နေဒွေးရဲ့ ဇနီးဖြစ်သူက ဒီကနေ့မှာပဲ သမီးဦးလေ...
12/09/2025

ရေမွှာပေါက်သွားလို့ သမီးဦးလေးကို ဒီနေ့မှာပဲ စောမွေးလိုက်ရတဲ့ နေဒွေး

သရုပ်ဆောင် နေဒွေးရဲ့ ဇနီးဖြစ်သူက ဒီကနေ့မှာပဲ သမီးဦးလေးကို မွေးဖွားခဲ့တာပါ။ ၂၀ ကျော်မှ မွေးဖွားဖို့ ပြင်ဆင်ထားခဲ့ပေမယ့် စောစီးစွာ ရေမွှာပေါက်သွားတဲ့အတွက်ကြောင့် ဒီကနေ့ နံနက်ပိုင်းမှာပဲ အောင်မြင်စွာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ နေဒွေးကတော့ သူ့ရဲ့ Princess လေး လောကကြီးထဲရောက်လာလို့ ပျော်ရွှင်မဆုံးဖြစ်နေခဲ့တာပါ။

ที่อยู่

No1 Bang Kapi District
Bangkok
10240

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Cele Pulseผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์