Cele Pulse cele news

သီတင်းကျွတ်လပြည့်ညကို မြန်မာနိုင်ငံမှာမရှိနိုင်လို့ US က ဟိန္ဒူဘုရားကျောင်းသွားခဲ့တဲ့ စမိုင်းလ်တို့မိသားစုမြန်မာဆန်ဆန် လ...
08/10/2025

သီတင်းကျွတ်လပြည့်ညကို မြန်မာနိုင်ငံမှာမရှိနိုင်လို့ US က ဟိန္ဒူဘုရားကျောင်းသွားခဲ့တဲ့ စမိုင်းလ်တို့မိသားစု

မြန်မာဆန်ဆန် လုံချည်၊ ရင်ဖုံးအင်္ကျီလေးတွေနဲ့ သွားခဲ့တာတွေ့ရပါတယ်။ စမိုင်းလ်တို့မိသားစုဟာ ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်ကြသူတွေဖြစ်ပြီး သီတင်းကျွတ်လပြည့်ညလေးမှာ မြန်မာနိုင်ငံမှာ ရှိမနေနိုင်တာကြောင့် US က ဟိန္ဒူဘုရားကျောင်းသို့ သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။

တစ်ဘဝလုံးဆိုးရမယ့် ခင်ပွန်းက ထွက်သွားခဲ့ပြီမို့ ဆိုးစရာ ဆံပင်ပဲရှိတော့တယ်ဆိုတဲ့ ပွင့်နဒီမောင်ပွင့်နဒီမောင်က သူမရဲ့ ဖက်ရှ...
05/10/2025

တစ်ဘဝလုံးဆိုးရမယ့် ခင်ပွန်းက ထွက်သွားခဲ့ပြီမို့ ဆိုးစရာ ဆံပင်ပဲရှိတော့တယ်ဆိုတဲ့ ပွင့်နဒီမောင်

ပွင့်နဒီမောင်က သူမရဲ့ ဖက်ရှင်ဒီဇိုင်းကိုပြောင်းလဲခဲ့ပါတယ်။ တစ်ဘဝလုံးဆိုးချင်တိုင်း ဆိုးခဲ့ရတဲ့ ခင်ပွန်းဖြစ်သူက ထွက်သွားပြီဖြစ်တာကြောင့် သူမမှာ ဆိုးစရာဆိုလို့ ဆံပင်ပဲရှိတော့တယ်လို့ ဆိုပါတယ်။ ပွင့်နဒီမောင်ရဲ့ပြောင်းလဲသွားတဲ့ ဆံပင်ဒီဇိုင်းကာလာပုံကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

အရာရာလေးရဲ့ ၁ နှစ်ပြည့်မွေးနေ့ပွဲကို တက်ရောက်ခဲ့တဲ့ မေမြင့်မိုရ် 🥰သူမကတော့ အရာရာလေးကို Happy Birthday လို့ ဆိုလိုက်ပါတယ်...
05/10/2025

အရာရာလေးရဲ့ ၁ နှစ်ပြည့်မွေးနေ့ပွဲကို တက်ရောက်ခဲ့တဲ့ မေမြင့်မိုရ် 🥰

သူမကတော့ အရာရာလေးကို Happy Birthday လို့ ဆိုလိုက်ပါတယ်။ အရာရာလေးရဲ့ ပထမဆုံးမွေးနေ့ပွဲလေးဖြစ်ပြီး ကလေးကစားကွင်းမှာပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ အရာရာလေးရဲ့ မွေးနေ့ကို တီတီမေမြင့်မိုရ်က တက်ရောက်ပေးခဲ့တာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အရာရာလေးနဲ့အတူတွေ့ရတဲ့ မေမြင့်မိုရ်ရဲ့ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

အိန္ဒိယမှာ ခွဲစိတ်ကုသမှု အောင်မြင်ပြီး အရင်လို လမ်းပုံမှန်လျှောက်နိုင်နေပြီဖြစ်တဲ့ စွမ်းဇာနည်သူ့ကို အိန္ဒိယမှာဆေးကုသဖို့...
27/09/2025

အိန္ဒိယမှာ ခွဲစိတ်ကုသမှု အောင်မြင်ပြီး အရင်လို လမ်းပုံမှန်လျှောက်နိုင်နေပြီဖြစ်တဲ့ စွမ်းဇာနည်

သူ့ကို အိန္ဒိယမှာဆေးကုသဖို့အတွက် ဝန်ဆောင်မှုပေးခဲ့တဲ့ နေရာကနေ ပြန်လည်မျှဝေပေးထားတာတွေ့ရပါတယ်။ ခက်ခဲတဲ့ ခွဲစိတ်မှုတွေကိုအောင်မြင်စွာပြုလုပ်အပြီးမှာတော့ အရင်လို လမ်းပုံမှန်လျှောက်နိုင်ပြီဖြစ်တယ်လို့ ပြောပါတယ်။ စွမ်းဇာနည်ဟာ ဆေးကုသမှုခံယူအပြီး နေကောင်းကျန်းမာစွာနဲ့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီပဲဖြစ်ပါတယ်။

သမီးဦးလေး ဖြိုးယသော်ကို အောင်မြင်စွာမွေးဖွားလိုက်တဲ့ ဖြိုးကြီးအဆိုတော်ဖြိုးကြီးက အာယု အင်တာနေရှင်နယ်ဆေးရုံကြီးမှာ သမီးလေ...
26/09/2025

သမီးဦးလေး ဖြိုးယသော်ကို အောင်မြင်စွာမွေးဖွားလိုက်တဲ့ ဖြိုးကြီး

အဆိုတော်ဖြိုးကြီးက အာယု အင်တာနေရှင်နယ်ဆေးရုံကြီးမှာ သမီးလေးကို မွေးဖွားခဲ့တာပါ။ သမီးလေးကို သူ့ရဲ့နာမည်ပါအောင် ဖြိုးယသော်လို့ အမည်ပေးခဲ့ပါသေးတယ်။ ဖြိုးကြီးနဲ့ ခိုင်မိုမိုသဲတို့ဟာ ဒီ ၂၀၂၅ ခုနှစ် မတ်လထဲမှာပဲ ထိမ်းမြားလက်ထပ်ခဲ့ကြတာပါ။ သမီးလေးကို English လို Sapphire လို့လည်း အမည်ပေးခဲ့ပါသေးတယ်။

ကြိုထုတ်ငွေ ၂၈ သိန်းယူထားတာကြောင့် နေမကောင်းပေမယ့် အိမ်မပြန်ရဲတဲ့ ဝန်ထမ်းလေးကို ပြန်လွှတ်ခဲ့တဲ့ မြတ်သူသူသရုပ်ဆောင် မြတ်သ...
25/09/2025

ကြိုထုတ်ငွေ ၂၈ သိန်းယူထားတာကြောင့် နေမကောင်းပေမယ့် အိမ်မပြန်ရဲတဲ့ ဝန်ထမ်းလေးကို ပြန်လွှတ်ခဲ့တဲ့ မြတ်သူသူ

သရုပ်ဆောင် မြတ်သူသူက သူမရဲ့ ဝန်ထမ်းလေးကို ဂရုဏာသက်ပြီး ပြန်လွှတ်ပေးခဲ့တာပါ။ ဝန်ထမ်းမလေးဟာ နာမကျန်းဖြစ်ပေမယ့် ကြိုထုတ်ငွေ ၂၈ သိန်းကျော်နဲ့အတူ ဆေးကုသငွေ ၁၂ သိန်း စုစုပေါင်း သိန်း ၄၀ ကျော်တင်နေတာကြောင့် အလုပ်ကနေ နားပြီး အိမ်မပြန်ရဲခဲ့ပါဘူး။ ဒီဝန်ထမ်းမလေးကိုတော့ မြတ်သူသူက ဆေးကုသငွေ ၁၂ သိန်းကျော်ကို ပြန်မယူဘဲ ကြိုထုတ်ငွေ ၂၈ သိန်းကျော်ကိုတော့ နေကောင်းတဲ့အချိန်ကျမှ လုပ်အားဖြင့် ပြန်လည်ပေးဆပ်ဖို့ ဆိုခဲ့ပါတယ်။ ယခုအချိန်မှာတော့ သူမကို ရွာပြန်ကာအနားယူခိုင်းလိုက်တာဖြစ်ပြီး တစ်ခုခုလိုအပ်ရင်လည်း ပြန်လည်ပြောဖို့ သူမက ဆိုခဲ့ပါတယ်။ သူမရဲ့ ကျေးဇူးတွေကိုတော့ ဝန်ထမ်းမလေးက မျက်ရည်နဲ့ ကျေးဇူးတင်စကားဆိုခဲ့တာပါ။

စိတ်ရောကိုယ်ပါ နှစ်ပြီး တစ်ပွဲလုံးစာအတွက် စီစဉ်ပေးခဲ့တဲ့ ယောင်းမကို ကျေးဇူးတင်လိုက်တဲ့ စိုးပြည့်သဇင် 🥰သရုပ်ဆောင် စိုးပြည...
23/09/2025

စိတ်ရောကိုယ်ပါ နှစ်ပြီး တစ်ပွဲလုံးစာအတွက် စီစဉ်ပေးခဲ့တဲ့ ယောင်းမကို ကျေးဇူးတင်လိုက်တဲ့ စိုးပြည့်သဇင် 🥰

သရုပ်ဆောင် စိုးပြည့်သဇင်က ယောင်းမဖြစ်လာမယ့် ရွှေစင်ဝင်းကိုကို ကျေးဇူးတင်စကားပြောခဲ့တာပါ။ တစ်ပွဲလုံးကို လိုလေသေးမရှိအောင် စိတ်ရောကိုယ်ပါနှစ်ပြီးဆောင်ရွက်ပေးခဲ့တဲ့ ယောင်းမကို ကျေးဇူးတင်ကြောင်းနှင့် ပါဝင်အားဖြည့်ပေးခဲ့တဲ့သူတွေကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ သူမအတွက်တော့ အင်မတန်ပျော်ခဲ့ရတဲ့နေ့လေးလိုဆိုပါတယ်။ ယောင်းမဖြစ်သူ ရွှေစင်ဝင်းကိုဟာ စိုးပြည့်ဝတ်ဆင်မယ့် ဝတ်စုံကစလို့ ပွဲအပြင်အဆင်၊ ဖိနပ်၊ Decoration တွေကို ပြီးပြည့်စုံအောင်ဖန်တီးပေးခဲ့တာပါ။

ညီမလေး ပျော်ရွှင်နေတာကိုတွေ့ရလို့ အတိုင်းမသိ ထပ်တူပျော်မိတယ်ဆိုတဲ့ စန္ဒီမြင့်လွင် 🥰🥰🥰အဆိုတော် စန္ဒီမြင့်လွင်က ညီမလေးဖြစ်...
23/09/2025

ညီမလေး ပျော်ရွှင်နေတာကိုတွေ့ရလို့ အတိုင်းမသိ ထပ်တူပျော်မိတယ်ဆိုတဲ့ စန္ဒီမြင့်လွင် 🥰🥰🥰

အဆိုတော် စန္ဒီမြင့်လွင်က ညီမလေးဖြစ်သူ စိုးပြည့်သဇင်ရဲ့ ပျော်ရွှင်နေရပုံတွေကို ပီတိဖြစ်နေခဲ့တာပါ။ စိုးပြည့်သဇင်ရဲ့မွေးနေ့လေးမှာ သူမနဲ့လက်ထပ်မယ့်သူ ဟိန်းဝေယံက လက်ထပ်ခွင့်တောင်းတဲ့ ပွဲလေးကို လူသိရှင်ကြားကျင်းပခဲ့တာတွေ့ရပါတယ်။ ဒီပွဲလေးကိုတက်ရောက်ခဲ့တဲ့ စန္ဒီမြင့်လွင်က ညီမလေးရဲ့ ပျော်ရွှင်မှုတွေကိုကြည့်ပြီး သူမနဲ့အတူ ထပ်တူပျော်ရွှင်မိကြောင်း ပြောလာတာပါ။

မကြာခင်လက်ထပ်တော့မယ့် ချစ်သူ စိုးပြည့်သဇင်ကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ဟိန်းဝေယံ 🥰သရုပ်ဆောင် ဟိန်းဝေယံက Will You Marry Me...
23/09/2025

မကြာခင်လက်ထပ်တော့မယ့် ချစ်သူ စိုးပြည့်သဇင်ကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ဟိန်းဝေယံ 🥰

သရုပ်ဆောင် ဟိန်းဝေယံက Will You Marry Me? ဆိုပြီး အနုပညာရှင်ပေါင်းမြောက်မြားစွာတက်ရောက်ခဲ့တဲ့ Proposal ပွဲလေးကို ကျင်းပခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဒီနှစ်ရဲ့ ဝါကျွတ်ကာလတွေမှာ မင်္ဂလာပွဲကျင်းပဖို့ စီစဉ်ထားရှိတာဖြစ်ပြီး ချစ်သူသက်တမ်း ၇ နှစ်နီးပါးရှိတော့မှာပဲဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ အိပ်မက်ဖြစ်တဲ့ လက်ထပ်ခွင့်တောင်းတဲ့ပွဲလေးကို ချစ်သူစိတ်တိုင်းကျ ဖန်တီးပေးထားခဲ့တာကိုလည်း တွေ့ရပါတယ်။

၅ နှစ်တာ လက်တွဲခဲ့တဲ့ ဂျပန်က ချစ်သူလေးနဲ့ တရားဝင်လမ်းခွဲလိုက်ပြီဆိုတဲ့ ဆွိ 🥹💔သူမတို့ကို အားကျနေတဲ့ ပရိသတ်တွေကတော့ စိတ်မက...
22/09/2025

၅ နှစ်တာ လက်တွဲခဲ့တဲ့ ဂျပန်က ချစ်သူလေးနဲ့ တရားဝင်လမ်းခွဲလိုက်ပြီဆိုတဲ့ ဆွိ 🥹💔

သူမတို့ကို အားကျနေတဲ့ ပရိသတ်တွေကတော့ စိတ်မကောင်းဖြစ်နေခဲ့ကြတာပါ။ မေနွယ်ထွန်း ခေါ် ဆွိက ဂျပန်မှာရှိတဲ့ ချစ်သူလေးနဲ့ တွဲနေကြတာကို ပရိသတ်တွေကလည်း သိကြသလို Relationship သက်တမ်းကလည်း ကြာရှည်ပြီဖြစ်တာကြောင့် နှမြောတသဖြစ်နေခဲ့ကြတာပါ။ သူမကတော့ ၅ နှစ်တာတည်ဆောက်ထားတဲ့ အချစ်ရေးပျက်စီးသွားပြီဖြစ်ကြောင်းနဲ့ ပျော်ရွှင်ကြစေဖို့ ပြောထားတာတွေ့ရပါတယ်။

သမီးယောင်းမနှစ်ယောက် လေ့ကျင့်ခန်းအတူတူ လုပ်ခဲ့ကြတဲ့ ဝတ်မှုန်ရွှေရည်နဲ့ မိုးစက်ဝိုင်သူမတို့အတူတူကစားခဲ့ကြတဲ့ အားကစားနည်းက...
20/09/2025

သမီးယောင်းမနှစ်ယောက် လေ့ကျင့်ခန်းအတူတူ လုပ်ခဲ့ကြတဲ့ ဝတ်မှုန်ရွှေရည်နဲ့ မိုးစက်ဝိုင်

သူမတို့အတူတူကစားခဲ့ကြတဲ့ အားကစားနည်းကတော့ Pilates အားကစားနည်းပဲဖြစ်ပါတယ်။ ကြိုးတွေနဲ့ ဆော့ရတဲ့ အားကစားနည်းတစ်ခုဖြစ်ပြီး ဝတ်မှုန်ရွှေရည်ကတော့ ဒီလေ့ကျင့်ခန်းကို တစိုက်မတ်မတ်နဲ့ လေ့ကျင့်ဆော့ကစားတာတွေ့ရပါတယ်။ မြန်မာပြည်ပြန်ရောက်နေတဲ့ ယောင်းမလေး မိုးစက်ဝိုင်နဲ့အတူ အချိန်ပေးပြီးဆော့ကစားခဲ့တာလည်းဖြစ်ပါတယ်။

နောက်ဆုံးပေါ် iPh 17 Pro Max ကိုထွက်တဲ့နေ့မှာပဲ ဇနီးသည်ကိုင်နိုင်အောင် ဝယ်ပေးခဲ့တဲ့ မြတ်သူသူ ခင်ပွန်းApple က နောက်ဆုံးထွ...
20/09/2025

နောက်ဆုံးပေါ် iPh 17 Pro Max ကိုထွက်တဲ့နေ့မှာပဲ ဇနီးသည်ကိုင်နိုင်အောင် ဝယ်ပေးခဲ့တဲ့ မြတ်သူသူ ခင်ပွန်း

Apple က နောက်ဆုံးထွက်ရှိလာတဲ့ iPhone 17 Pro Max လိမ္မော်ရောင်လေးကို နှစ်ဦးသားဆင်တူကိုင်ရအောင် ခင်ပွန်းဖြစ်သူက မှာယူပေးခဲ့တာပါ။ စက်တင်ဘာလ ၁၉ ရက်နေ့ မနေ့ကမှ Apple Store တွေမှာ Pick up လုပ်ခွင့်ရတဲ့ အဆိုပါ iPhone ကို ဇနီးသည်ဆီညတွင်းချင်းရောက်လာအောင် မှာယူသယ်ဆောင်ပေးခဲ့တာပါ။ ဒီနှစ်အတွက် Apple ရဲ့ ထူးထူးခြားခြားထွက်ရှိထားတဲ့ အရောင်လေးနဲ့ ဇနီးသည်ကို Surprise လုပ်ပေးခဲ့တာပါ။

ที่อยู่

No1 Bang Kapi District
Bangkok
10240

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Cele Pulseผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์