04/03/2025
မထင်မှတ်အမှားတခုကနေ သင်ခန်းစာယူပြီး ကိုယ့်ကိုကိုယ် ပိုချစ်တက်လာခဲ့တယ်ဆိုတဲ့ နော်ဖော်ကတော့ သူ့ရဲ့ official Acc ကနေ ခုလိုတင်ခဲ့ပါတယ် 🤏🤏
ချစ်ရသော ပရိတ်သတ်များထံသို့/
နော်ဖောချစ်တဲ့ နော်ဖော ရဲ့ပရိတ်သတ်တွေ တောက်လျှောက်ပို့တဲ့ အားပေးစာလေးတွေကြောင့် နော်ဖော ကိုတကယ် ခွန်အားဖြစ်စေခဲ့ပါတယ်။
နော်ဖောရဲ့ ပရိတ်သတ် တွေကို စိတ်ပူစေခဲ့မိတဲ့အတွက်လည်း နော်ဖော အရမ်း စိတ်မကောင်းဖြစ်ခဲ့ရတဲ့ အတွက် ဒီစာလေးကိုရေးလိုက်တာပါ။
မစဉ်းစားမဆင်ခြင်ပဲ မှားခဲ့တဲ့အမှားကနေသင်ခန်းစာတွေလည်းအများကြီးရခဲ့ပြီမလို့ ရှေ့ဆက်အကောင်းဆုံး ကြိုးစားနေထိုင် နေပါတယ်။
ဒီကာလအပိုင်းအခြားတွေကျော်ခဲ့ပြီးတော့ အခုနော်ဖော ကိုယ့်ကို ကိုယ် ပိုချစ်တတ်လာခဲ့ပါတယ်။ ပိုကောင်းတဲ့လူသားဖြစ်အောင် ကြိုးစားနေတဲ့ အချိန်မှာ နော်ဖော ရဲ့ အနားမှာ ချစ်တဲ့ fan တွေ နော်ဖော တန်ဖိုးကို မြင့်မှာ လိုလားတဲ့သူတွေနဲ့ နော်ဖောရှေ့ဆက်ပြီး အများကြီး ကြိုးစားသွားမှာ ပါ လို့ နော်ဖော ပရိတ်သတ်ကြီးကို ကတိပေးပါတယ်။
နော်ဖောကို အမြဲချစ်ပေးနေကြတဲ့ ပရိတ်သတ်ကြီးကတော့ နော်ဖော အခုဆက်လျှောက်လှမ်းနေတဲ့ အနာဂါတ်အတွက် နံပါတ်တစ်အရေးကြီးဆုံး သူတွေပါပဲ။နော်ဖောကို ချစ်တဲ့ ပရိတ်သတ်တွေ အားလုံးကို အမြဲ ရင်ထဲကနက်နက်ရှိုင်းရှိုင်းကျေးဇူးတင်နေမှာပါ။
အမြဲတမ်း ကျေးဇူးတင်လျက်
နော်ဖောအယ်ထား