The Mindful Strength: Emma's Story

The Mindful Strength: Emma's Story Go for the Reason not for the Sample.

၂၀၂၄/၂၀၁၅ /၂၀၂၆နှစ်ဆန်းပိုင်းအထိလူကလေ ရွှေစျေး ငွေစျေးတွေလိုက်ကြည့်စတော့ရှယ်ယာတွေ စိတ်ဝင်စား သတင်းတွေလိုက်ကြည့် လောဘတွေတ...
26/06/2026

၂၀၂၄/၂၀၁၅ /၂၀၂၆နှစ်ဆန်းပိုင်းအထိ
လူကလေ ရွှေစျေး ငွေစျေးတွေလိုက်ကြည့်
စတော့ရှယ်ယာတွေ စိတ်ဝင်စား
သတင်းတွေလိုက်ကြည့် လောဘတွေတက်
အဲဒါတွေလုပ်ရင်ငါချမ်းသာမှာလား မသိဘူးဆိုပီး
စပ်စုတာနော်…ကြည့်နေရင်း ကိုယ်တက်မယ်ရွေးထားတဲ့ သင်တန်း ကသင်တန်းကြေးဟာ
၁သိန်း ကနေ ၅သိန်းထိ ဖစ်သွားတာဟေ
ရွှေစျေးက မိုးထိတက်တော့ ၅သိန်းကို မမြင်တော့ဘူး သင်တန်းတက်ချပစ်တာ
သင်တန်းဆရာမက စေတနာပါပီး တော်ပါတယ်။
သင်တန်းတက်ပီး Trading တို့ Stock Shareတို့ကို
လှည့်ကို မကြည့်ချင်တော့တာ
အရင်ကဆို စျေးတွေ တက်ပြန်ပဟဲ့ ကျပြန်ပဟဲ့
ဇယားကြီးတွေနဲ့ တက်တက်လာတာလေ ငါ့မှာတော့ ကြည့် ဝင်ကစားပီး သဌေးဖစ်ချင်စိတ်တွေ ဖစ်လိုက်ရတာ နောက်ဆုံးတော့
ဆရာကြီး မင်းသိင်္ခဟောပြောပွဲထဲက
ကျင့်စဉ်လို လက်အပေါ်မြှောက်
ပီးရင်အောက်ချပီး ဘာ..မှ..လဲ မဟုတ်ပါလား
ရွတ်ရသလိုမျိုး
ငါလဲ သင်တန်းတက်ပီး
ဘာ..မှ..လဲ မဟုတ်ပါလားဆိုပီး အဲလောကမှာ လုပ်ကိုင်ပီး ငွေရချင်စိတ် ကုန်သွားတာ
သင်တန်းကြေးက တန်ပါတယ် လောဘစိတ်မရှိပဲ
ငြိမ်းချမ်းသွားလို့
(တကယ့်ကို Professional ကျကျ လေ့လာပီး အကျိုးအမြတ်ယူနေတဲ့ လူတွေတော့မပြောလိုပေမယ် အပြင်းပြေ တော့ ဝင်မယောင်သင့်တဲ့ လောကလို့ သုံးသပ်မိတာပဲ)

25/06/2026
ရုံမှာအားကုန်သုံး ပင်ပန်းကြီးစွာအလုပ်လုပ်ပီးသကာလ(ဒရမ်မာလေးတဖြတ်)လမ်းမှာ ဒူးရင်းသီးကားတွေ့ပါလေရောဒူးရင်းသီးပေါချိန်ဆို လာ...
25/06/2026

ရုံမှာအားကုန်သုံး ပင်ပန်းကြီးစွာအလုပ်လုပ်ပီးသကာလ(ဒရမ်မာလေးတဖြတ်)
လမ်းမှာ ဒူးရင်းသီးကားတွေ့ပါလေရော
ဒူးရင်းသီးပေါချိန်ဆို လာရောင်းနေကြအသည်ဆိုတော့ နှစ်ခါမငေးပဲ ဝင်ရွေးပစ်တာ
ဘတ်၂၀၆ဘတ်ကို တအိတ်ကြီးရပီး
မြှောက်ကြွမြှောက်ကြွနဲ့ အိမ်ပြန်ရောက် ရေမိုးချိုး
စားမယ်လုပ်တော့ ဒူးရင်းသီးက ပိုးဝင်ထား
တလုံးလုံးခါးပီးစားမရ 🥹
စားချင်စိတ်က ၇၀ နှမျောစိတ်က ၃၀နဲ့ မိုးရွာထဲ
ထီးဆောင်း အသည်ဆီရောက်အောင်ပြန်သွားတယ်
သွားရင်း လမ်းမှာစဉ်းစားတာ သူလဲမပေးလဲ
ကောင်းတာ ရွေးပေးခိုင်းပီး ထပ်ဝယ်စားပစ်မယ်ပေါ့
အိတ်ထဲထည့်လာတဲ့ ဖုန်းကို သတိရသွားတော့
ခုနေများ ဖုန်းထဲရေဝင်ပီး လစ်သွားရင်တော့
ဒူးရင်းသီး နှစ်ရာဖိုးနဲ့ ဂယက်၁သိန်းပေါ့လို့
စိတ်ကသာအဲလိုတွေးတာ ခြေလှမ်းကဒူးရင်းသီးဆီ
ဦးတည်နေတုန်း…(သူမ၏ ဒူးရင်းအပေါ်အားထုတ်မှု)
ဆိုင်က ပြန်ရွေးပီး လဲပေးလိုက်တဲ့ အသီးလေးယူပီး
ပြန်လာတာ ကမ္ဘာ့အပျော်ဆုံး လူသားလိုပဲ
ရုပ်ကြီးက ဖြီးလို့ ကွကိုယ်ပြောပါတယ်။
လူလဲ အောက်ပိုင်းတပိုင်းလုံး မိုးရေစို
အော်…ဒူးရင်းသီးအပေါ် တက်မက်မှု။
ဒူးရင်းသီး အလွန်ချိုပေမယ့်
ရသာ တဏှာတွေ မကောင်းဘူး😬


June လ ၂၁ရက်ဟာ ၂၀၂၆မှာ နေ့တာအရှည်ဆုံးအချိန်ဖစ်ပီး ကိုယ်လိုရာ ဆုတောင်းဆန္ဒပြုသင့်တဲ့နေ့ပါ။ကိုယ်ပြုနိုင်တဲ့ ကောင်းမှုလေးတွ...
21/06/2026

June လ ၂၁ရက်ဟာ ၂၀၂၆မှာ
နေ့တာအရှည်ဆုံးအချိန်ဖစ်ပီး
ကိုယ်လိုရာ
ဆုတောင်းဆန္ဒပြုသင့်တဲ့နေ့ပါ။
ကိုယ်ပြုနိုင်တဲ့ ကောင်းမှုလေးတွေလုပ်ပီး
ကျန်မာ ပျော်ရွှင် ပိုက်ဆံဝင်ကြပါစေရှင်
💕

ငယ်ငယ်တုန်းကရွာမှာနွေနှမ်းစိုက်တဲ့နှစ် မိုးစရွာပီဆိုနှမ်းသိမ်းချိန်ရောက်ရင် အိမိနောက်ဖေးနှမ်းပုံပုံထားတဲ့ နေရာမှာ ပုရစ်တ...
20/06/2026

ငယ်ငယ်တုန်းကရွာမှာ
နွေနှမ်းစိုက်တဲ့နှစ် မိုးစရွာပီဆို
နှမ်းသိမ်းချိန်ရောက်ရင် အိမိနောက်ဖေး
နှမ်းပုံပုံထားတဲ့ နေရာမှာ ပုရစ်တွေရှိတတ်တယ်
နှမ်းစည်းတဲ့ရက် ပုရစ်တွေ ထွက်လာရင်
လိုက်ဖမ်း ကြော်စားကြပေါ့…
ခုတော့ ပုရစ်ကြော် မှာ စားရင်း
ငယ်ဘဝလွမ်းပေါ့


#ပုရစ်ကြော်

20/06/2026

ပုရစ်ကြော်စားရင်း ငယ်ဘဝကိုလွမ်း @

19/06/2026

Harem

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ The Mindful Strength: Emma's Storyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์