Action Movies Only1192

Action Movies Only1192 မြန်မာစာတန်းထိုး အက်ရှင်ကားများတင်ပေးသည်

Rusty Blade (2022)ဓါးနဲ့အသက်မွေးလမ်းကြောင်းလုပ်ဖို့ ရွေးချယ်ပြီးရင် အဲ့ဒီဓါးကိုလုံးဝလွှတ်ချလို့မရတော့ဘူး” တဲ့သူ့ဆရာကပြော...
10/08/2024

Rusty Blade (2022)

ဓါးနဲ့အသက်မွေးလမ်းကြောင်းလုပ်ဖို့ ရွေးချယ်ပြီးရင် အဲ့ဒီဓါးကိုလုံးဝလွှတ်ချလို့မရတော့ဘူး” တဲ့သူ့ဆရာကပြောဖူးတယ်။

သူစဉ်းစားမိတယ် ဓါးကိုလွှတ်ချလို့မရတာမဟုတ်ပါဘူး.. လွှတ်ချခွင့်မရှိတော့တာပါ။

စားဝတ်နေရေးကြပ်တည်းတဲ့နေ့ရက်တွေကို ဓါးသမားမပြောနဲ့ သာမာန်လူလည်းမခံနိုင်ပါဘူး။

နေမကောင်းဖြစ်နေတဲ့ဇနီးနဲ့ လူမမည်သမီးတစ်ယောက်ရှိနေတဲ့အိမ်ဆို ပိုဆိုးတာပေါ့။

အမျိုးသမီးကတော့ ပြောရှာပါတယ်။ ခက်ခဲတဲ့နေ့ရက်တွေကို ရင်ဆိုင်နိုင်ပေမယ့် ကျွန်မတို့နဲ့မသက်ဆိုင်တဲ့ပိုက်ဆံတွေကိုတော့ မယူလာပါနဲ့တဲ့။

ဆယ်နှစ်တာအချိန်တွေကို နယ်စပ်မှာကုန်လွန်ရင်း ဓါးကိုလည်းမြေမြှုပ်လိုက်ပါပြီ။

သူငယ်ချင်းတွေလည်း အရာရှိဖြစ်သွားပြီ။ ဒါပေမဲ့ လွှတ်ချထားလိုက်မိတဲ့ဓါးရဲ့အတိတ်ကပစ္စုပ္ပန်အထိလိုက်နှောင့်ယှက်လာတော့…..

ကျွန်တော်ပြောသားပဲ “ဓါးကိုလွှတ်ချခွင့်မရှိတာပါလို့”….ဓါးသမားတစ်ယောက်ရဲ့ ခံစားချက်၊ သစ္စာတရားနဲ့မေတ္တာတရားတို့ကို အဓိကထားရိုက်ကူးထားတဲ့ကားလေးဖြစ်တာမို့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးဗျာ…


https://t.me/OnlyAction1192
https://t.me/OnlyAction1192

Hunt (2022)✔️ Action, Mystery, Thriller, Dramaဇာတ်လမ်းလေးက  ၁၉၈၀ ခုနှစ်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကသမိုင်းဖြစ်ရပ်ကြီး...
10/08/2024

Hunt (2022)
✔️ Action, Mystery, Thriller, Drama

ဇာတ်လမ်းလေးက ၁၉၈၀ ခုနှစ်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကသမိုင်းဖြစ်ရပ်ကြီးသုံးခုဖြစ်တဲ့ ဂွမ်ဂျူဒီမိုကရေစီအရေးတော်ပုံ၊မြောက်ကိုရီးယားလေယာဉ်မှူး တောင်ကိုရီးယားထဲရောက်ရှိခဲ့မှုနဲ့ မြန်မာနိုင်ငံကိုအလည်အပတ်ရောက်လာတဲ့ တောင်ကိုရီးယားသမ္မတကို လုပ်ကြံတဲ့ အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှုဖြစ်ရပ်တွေကို နောက်ခံထားပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဘတ်ဖြောင်းဟိုဆိုတဲ့ နိုင်ငံခြားရေးရာစုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ပြည်ထဲရေးဌာနက ညွှန်ကြားရေးမှူး ဂင်ဂျောင်ဒိုတို့နှစ်ယောက်ဟာ မြောက်ကိုရီးယားသူလျှိုတစ်ယောက်ကို ဖော်ထုတ်ဖို့ တာဝန်ပေးခံလိုက်ရပါတယ်။ဒါပေမဲ့ သူလျှိုကိုမဖော်ထုတ်နိုင်ဘဲ တစ်ဖက်နဲ့တစ်ဖက် သူလျှိုအဖြစ်သံသယဖြစ်လာတဲ့အချိန် သူလျှိုရဲ့အစီအစဉ်ကလည်း သမ္မတကိုလုပ်ကြံဖို့ဖော်ထုတ်မိသွားပါတယ်။ဒီလိုနဲ့ သံသယအကြီးအကျယ်ကြီးထွားလာချိန်မှာတော့ တကယ်ပဲ သမ္မတရဲ့အသက်ကိုကာကွယ်နိုင်မလား၊သူလျှိုကိုရောဖော်ထုတ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

https://t.me/OnlyAction1192
https://t.me/OnlyAction1192

ที่อยู่

Thailand/Bangkok
Bangkok
10220

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Action Movies Only1192ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์