Roam & Record Let's explore with me.

16/11/2024

Firework Show at Memorial Bridge🎇🎆

🎃👻 Halloween Part 2 👻🎃
31/10/2024

🎃👻 Halloween Part 2 👻🎃

🎃👻 Happy Halloween 👻🎃ပုံလေးတွေကတော့ Chocolate Ville မှာရိုက်လာတာပါ ဒီနေ့နောက်ဆုံးမို့မသွားရသေးရင် သွားလိုက်ကြပါဦး hallo...
31/10/2024

🎃👻 Happy Halloween 👻🎃

ပုံလေးတွေကတော့ Chocolate Ville မှာရိုက်လာတာပါ ဒီနေ့နောက်ဆုံးမို့မသွားရသေးရင် သွားလိုက်ကြပါဦး halloween costumeတွေနဲ့ ဓာတ်ပုံရိုက်လို့လဲအရမ်းလှသလို လူတွေအများကြီးနဲ့ပျော်စရာကြီးမို့ သွားသင့်ပါတယ် ည12ထိဖွင့်တာဆိုတော့ အချိန်မှီသေးတယ်နော် 👻🎃

.

Before                      Afterlightroom mobile သုံးပြီးပြင်ထားတာပါ
18/10/2024

Before After

lightroom mobile သုံးပြီးပြင်ထားတာပါ

17/10/2024

Ayapay နဲ့ မုန့်ဖိုးထပ်တင်ပေးမယ်နော် နဲတယ်များတယ်သဘောမထားကြပါနဲ့ အားလုံးပျော်ရအောင်ပါ ❤

ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ သီတင်းကျွတ်လပြည့်( အဘိဓမ္မာအခါတော်) နေ့မှာ မြန်မာပြည်သူပြည်သားအားလုံး ကျန်းမာချမ်းသာ...
17/10/2024

ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ သီတင်းကျွတ်လပြည့်( အဘိဓမ္မာအခါတော်) နေ့မှာ မြန်မာပြည်သူပြည်သားအားလုံး ကျန်းမာချမ်းသာ​ကြပါ​ေ လို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်

09/08/2024

Trip to Pattaya

Pattaya သွားမယ်ဆို ကားနဲ့လဲသွားလို့ရသလို ရထားနဲ့လဲသွားလို့ရပါတယ် ကျနော်တို့ကတော့ရထားနဲ့ဘဲသွားခဲ့ပါတယ် ရထားခကတော့ တစ်ယောက်ကို 30baht ကျသင့်ပါတယ်

ဘန်ကောက်ကနေ ပတ္တရားကို 3နာရီဝန်းကျင်လောက်စီးရပါတယ်
ပတ္တရားဘူတာကိုရောက်ရင် ဘူတာရုံရှေ့မှာရှိတဲ့ လိုင်းကားအပြာတွေကို ကိုယ်သွားချင်တဲ့နေရာပြောပြီး ပို့ခိုင်းလို့ရပါတယ် ကားခကတော့ Baht 50ကျသင့်ပါတယ် ကျနော်တို့ကတော့ Koh Larnကျွန်း ကိုဆက်သွားမှာမို့ Bali Hai Pier မှာဆင်းလိုက်ပါတယ်

အဲကနေတစ်ဆင့် ကျွန်းကို လှေအကြီးလဲစီးလို့ရသလို Speed Boat စီးပြီးတော့လဲသွားလို့ရပါတယ် လှေအကြီးကတော့ တစ်ယောက်ကို 30Baht ပေးရပြီးတော့ Speed Boat နဲ့ဆိုရင်တော့ 150Baht ကနေ 200Baht ထိပေးရပါတယ် ကျနော်တို့ကတော့ လှေအကြီးဘဲစီးပြီး သွားခဲ့ပါတယ် ပတ္တရားကနေ ကိုလန်ကျွန်းထိကို 45min လောက်စီးရပါတယ်

ကိုလန်ကျွန်းမှာတော့ Tawaen Beach ကိုသွားခဲ့ပြီး Tawaen Caza Sky Camping မှာတည်းခဲ့ပြီးတော့ တစ်ရက်နေခဲ့ပါတယ် ဝန်ထမ်းတွေကလဲ မြန်မာအများစုဖြစ်တဲ့အတွက် စကားပြောရလဲအဆင်ပြေသလို အကုန်လုံးဖော်ရွေကြပါတယ်
နောက်ရက်ကိုတော့ ပတ္တရားကိုပြန်ပြီး တစ်ရက်နေခဲ့ပါတယ် ပတ္တရားမှာတော့ မြန်မာလူငယ်တွေစုပြီးဖွင့်ထားတဲ့ ​Happiness Community H.P.C Hostel လေးမှာတည်းခဲ့ပါတယ်

မြန်မာထမင်းဟင်းစားချင်းလဲပြောလို့ရသလို ခေါက်ဆွဲသုပ် မုန့်ဟင်းခါး စတဲ့မြန်မာအစားအစာ စားချင်ရင်လဲပြောပြီး မှားစားလို့ရပါတယ် ညဘက်ကိုတော့ walking street ထဲမှာလျှောက်သွားခဲ့ပြီး နောက်နေ့နေ့လည်မှာတော့ bangkok ကို ကားစီးပြီးတော့ပြန်ခဲ့ပါတယ်

ကားခကတော့ 210Baht ပေးရပါတယ် Hotel အတွက်ရော ကားအတွက်ပါ Agoda ကနေဘဲ အကုန်လုံးကို လုပ်ခဲ့ပါတယ် နေ့လည် 3 နာရီလောက်မှာတော့ ဘန်ကောက်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်

04/08/2024

Pattay ကိုသွားခဲ့တဲ့video ကို Intro လေးထုတ်ထားတာ အရှည်ကတော့နောက်ရက်တင်ပေးပါ့မယ်

25/07/2024

ဒီနေ့တော့ ရုပ်ရှင်ကြည့်ရင်း The Mall lifestore Bangkapi မှာ jungle walk ဝင်ကြည့်ခဲ့ဖြစ်ပါတယ်။ဘာအကောင် ဘယ်လိုအမျိုးအစားတွေပြသထားလဲဆိုတာ ကြည့်ရှုကြပါဦး




ที่อยู่

ชอคโกแลต วิลล์ 23,23/1-16 ถนนประเสร
Bangkok
10230

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Roam & Recordผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์