07/12/2022
ရခိုင်ပြည်မှ ထွက်ပြေးလာသည့် တရားမဝင် မွတ်ဆလင် ၄၈ဦးကို ထိုင်းရဲဖမ်းဆီး
Western News-နိုဝင်ဘာ၊ ၇ ရက်
ထိုင်းနိုင်ငံ ရတ်ချ်ဘူရီခရိုင်တွင် စင်းလုံငှားဘတ်စ်ကားဖြင့် တရားမဝင် ဝင်ရောက်လာသော ရခိုင်မှ မွတ်ဆလင် ၄၈ဦးကို ယနေ့ ဒီဇင်ဘာ ၇ ရက်နေ့ မနက်ပိုင်းအချိန်တွင် ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ရတ်ချ်ဘူရီခရိုင် ပက်ထိုးဒေသ ဖက်ကဆန်အမြန်လမ်းမပေါ်တွင် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံတောင်ပိုင်းသို့ ပို့ဆောင်နေသည်ဟု သတင်းရရှိမှုကြောင့် ပုံမှန်မဟုတ်သော ဘတ်စ်ကားတစ်စီးကို တားဆီးစစ်ဆေးရာမှ ၎င်းတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ဖော်ပြထားသည်။
ဘတ်စ်ကားပေါ်တွင် ရခိုင်မှ လာသည့် မွတ်ဆလင့် အမျိုးသား ၃၀ ဦး၊ အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၄၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့တွင် အသက် ၁၃ နှစ်အောက် ကလေးငယ် ၅ ဦးပါဝင်ကြောင်း သတင်းတွင် ဖော်ပြထားပြီး ၎င်းတိုကို မေးမြန်းရာတွင် ၎င်းတို့သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ လာရောက်ကြခြင်းဖြစ်ကြောင်း ပြောဆိုသည်ဟု သတင်းများတွင် ဖော်ပြထားသည်။
ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်ဒေသမှတစ်ဆင့် တောလမ်းအတိုင်း ခြေကျင်ခရီးဖြင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ထိုင်းပွဲစားများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး ၎င်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင် ဟတ်ယိုင်ဒေသသို့ ပို့ဆောင်ပေးရမည်ဖြစ်ကာ ထိုမှတစ်ဆင့် မလေးရှားနိုင်ငံအတွင်းသို့ ဝင်ရောက်ကြမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
၎င်းတို့ကို စစ်ဆေးချက်အရ တစ်ချို့ကမလေးရှားနိုင်ငံတွင် ပညာသင်ကြားရန်ဟု ဆိုကြပြီး တစ်ချို့က ငါးဖမ်းလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်သွားရန်ဟု ဆိုကြကြောင်း သိရသည်။
ဖမ်းဆီးခံရသော ရခိုင်က မွတ်ဆလင်မှာ တရားမဝင် ဝင်ရောက်လာမှုဖြင့် တရားစွဲခံရမည်ဖြစ်ပြီး ပက်ထိုးရဲစခန်းမှတစ်ဆင့် ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ တရားမဝင် ဝင်ရောက်လာနိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့သော ထိုင်းနိုင်ငံသား ၃ ဦးကိုလည်း ဥပဒေအရ ဆက်လက်အရေးယူသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
Western News-WN
Ref: Bangkok Post, 77 kaoded, Nation TV
ရခိုင်ပြည်မှ လာသည့် တရားမဝင် မွတ်ဆလင် ၄၈ဦးကို ထိုင်းရဲဖမ်းဆီး