DetailProjects Be awesome developer

Hey everyone! It’s been a while since I last shared something — but today’s a special one!I just uploaded my first-ever ...
08/12/2025

Hey everyone! It’s been a while since I last shared something — but today’s a special one!

I just uploaded my first-ever YouTube video `Things I find interesting in LLMs - Fundamentals`

I break down topics like:
• Temperature and randomness
• Why increasing/decreasing temperature affects model creativity
• Greedy, Top-K, and Top-P sampling
• Autoregressive generation
• Why models need to “forget the future” during training

If you're curious about how LLMs actually generate text step by step, this video is a great place to start.

👉 Watch here: https://youtu.be/e5uFwz9M17Y?si=YmNE7Lbuf74M3iNS�

I’ll be sharing more of my learning and AI Engineering on this channel, so please don’t forget to like and subscribe if you’d like to follow along.

Your feedback means a lot — thank you for the support! 🙌

Hi everyone! Welcome to my channel.In this video, I’m just going to cover the fundamentals.We’ll explore how temperature works, what greedy, top-K, and top-P...

ကျွန်​တော်တို့ Docker Course ကို review ​ရေး​ပေးတဲ့အတွက် အထူး​ကျေးဇူးတင်ပါတယ်ခင်ဗျာ
29/12/2021

ကျွန်​တော်တို့ Docker Course ကို review ​ရေး​ပေးတဲ့အတွက် အထူး​ကျေးဇူးတင်ပါတယ်ခင်ဗျာ

50% off အထူး Promotionကျွန်တော်တို့ လူမေးများတဲ့ သင်တန်းနှစ်ခုကို 50% off promotion ပေးလိုက်ပါတယ်ခင်ဗျာ။Promotion ကတော့ ...
10/12/2021

50% off အထူး Promotion
ကျွန်တော်တို့ လူမေးများတဲ့ သင်တန်းနှစ်ခုကို 50% off promotion ပေးလိုက်ပါတယ်ခင်ဗျာ။
Promotion ကတော့ လာမယ့် ၁၅ရက်နေ့ December 2021 ထိ ဖြစ်ပါတယ်။

📌 Building Rest APIs With Django Rest Framework(50% off)
ယခင်သင်တန်းကြေး-၅၀၀၀၀ ကျပ်
ယခုသင်တန်းကြေး-၂၅၀၀၀ ကျပ်
Rest APIs များကို Django Rest Framework နဲ့ ဘယ်လို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် ရေးရမယ်ကို သင်ကြားပေးမယ့် course ကနေကြိုဆိုလိုက်ပါတယ်။ပထမဦးဆုံး ကိုယ်က freelance developer ဖြစ်ဖြစ် backend developer or web developer ကောင်း တစ်ယောက်ဖြစ်ဖို့ကြိုးစားနေသူ ဒါမှမဟုတ် tech entrepreneur တစ်ယောက်ဆိုလို့ရှိရင် ဒီ course က မိတ်ဆွေအတွက် အသင့်တော်ဆုံးပါပဲ။
ဘာကြောင့်လဲဆိုတော့ ဒီနေ့ခေတ်မှာ development steps တော်တော်များများသည် frontend ကို ရွှေ့လာကြပါတယ်။ဥပမာအားဖြင့် react,vuejs,angular စသဖြင့် နာမည်ကြီး frontend library or framework များ အလွန်တိုးတက်လာတာကိုတွေ့ရမှာပါ။ဒီ frontend တွေနဲ့ ချိတ်ဆက်အသုံးပြုဖို့ rest api ဆိုတာလိုလာပါတယ်။ပြီးတော့ mobile app တွေနဲ့ backend server ချိတ်ဆက်အသုံးပြုတဲ့နေရာမှာလဲ ဒီ rest api တွေက လိုကိုလိုအပ်လာပါတယ်။ဒီ Rest APIs ကိုမှ မရေးတတ်ရင် web developer, backend developer လို့ ခေါ်လို့တောင်မရတော့တဲ့ ခေတ်ကိုရောက်ရှိလို့လာပါပြီ။အဲ့တော့ အခုမှလေ့လာတယ့် ကျောင်းသားတွေအနေနဲ့ လုပ်ငန်းခွင်ဝင်ဖို့ အထူးပြင်ဆင်ထားသင့်တဲ့ skill တစ်ခုဖြစ်ပါတယ်။အသေးစိတ်ကိုတော့ အောက်ကလင့်ခ်ကနေဝင်ကြည့်လို့ရပါတယ်ခင်ဗျာ။
https://detailprojects.com/course/building-rest-apis-with-django-rest-framework/

📌 Complete Docker Course(50% off)
ယခင်သင်တန်းကြေး-၅၀၀၀၀ ကျပ်
ယခုသင်တန်းကြေး-၂၅၀၀၀ ကျပ်
2020 မှာ အရမ်းသုံးလာကြပြီဖြစ်တဲ့ Docker Containerized Tool ကို အလွယ်တကူလေ့လာနိုင်ပါပြီ။Docker သည် web developer,devops,machine learning or AI Engineer အကုန်လုံးက သုံးလာတဲ့ tool တခုဖြစ်ပြီး ကိုယ်ရေးထားတဲ့ code များကို ဘယ် platform မှာမဆို လွယ်လွယ်ကူကူ အသုံးပြုလို့ရအောင် စီစဉ်ပေးထားတယ့် tool ဖြစ်ပါတယ်။မင်းမှာ အလုပ်လုပ်ပြီး ငါ့မှာအလုပ်မလုပ်ဘူး ဆိုတယ့်ပြသနာတွေကို တော်တော်လေးဖြေရှင်းလာနိုင်တယ့်အပြင် server cluster လုပ်ပြီး container တွေနဲ့ တွဲသုံးလာတော့ အရမ်းကို powerful ဖြစ်လာပါတယ်။ဒီနောက်ပိုင်း သိထားသင့်တယ့် cloud service provider တိုင်းက support ပေးနေတယ့် docker ကိုသာ မသိထားဘူးဆို နောက်ကျကျန်ခဲ့နိုင်တာမို့ multi containers ပုံစံ face recognition app လေးရေးပြီး လေ့လာနိုင်မယ့် အခွင့်အရေးလက်လွှတ်မခံပါနဲ့တို့တိုက်တွန်းပါရစေ။ဒီ သင်တန်းပြီးရင်တော့ မိတ်ဆွေ တခြား developer တွေပြောပြောလွန်းနေတဲ့ docker ကို ကောင်းကောင်းကိုင်တွယ်သွားနိုင်မှာပါ။အသေးစိတ်ကိုတော့ အောက်ကလင့်ခ်ကနေဝင်ပြီးကြည့်နိုင်ပါတယ်ခင်ဗျာ။
https://detailprojects.com/course/complete-docker-course/

Gentle Introduction To Redis=========================အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ကျွန်တော်တို့ ဒီနေ့မှာတော့ redis ဆိုတာဘာလ...
08/12/2021

Gentle Introduction To Redis
=========================
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ကျွန်တော်တို့ ဒီနေ့မှာတော့ redis ဆိုတာဘာလဲ မသိသေးတဲ့သူများအတွက် ပို့စ်လေးတစ်ခု sharing လုပ်ပေးချင်ပါတယ်။ကျွန်တော်တို့အားလုံး ဒီကာလမှာ ဘာမှမလုပ်ချင်ကျဘူးဆိုတာနားလည်ပါတယ်။ဒါပေမဲ့ အပျင်းပြေဖတ်လို့ရအောင် တင်ပေးလိုက်ပါတယ်။

Redis ဆိုတာကတော့ in memory database တစ်နည်းအားဖြင့် RAM ထဲမှာ data store တဲ့ database တစ်ခုဖြစ်ပါတယ်။Memory(RAM) ထဲမှာ သိမ်းတာပဲဖြစ်လို့ အရမ်းမြန်ပါတယ်။တစ်ခုခုလိုအပ်လို့ ဥပမာ user တစ်ယောက်ရဲ့ name ကိုသိချင်လို့ ပြန်ဆွဲထုတ်ရရင်လဲ အရမ်းမြန်ပါတယ်။Redis က data type တော်တော်များများ ကို store လို့ရပါတယ်။ ဥပမာအားဖြင့် strings,Hashes, Lists,Sets,Sorted Sets.

Redis က တခြား msyql,postgresql တွေလိုပဲ persistent store လို့ရပါတယ်။ဒါပေမဲ့ ကျွန်တော်ကတော့ persistent store ဖို့တွက် သုံးလေ့မရှိပါဘူး။ဘယ်လိုအခြေ အနေမျိုးတွေမှာ Redis ကို သုံးလေ့ရှိလဲဆိုရင်တော့

Caching
ကျွန်တော်တို့ backend ကနေ mobile ဒါမှမဟုတ် တခြားတစ်ခုခုနဲ့ ဆက်သွယ်ဖို့ rest api တွေရေးရတဲ့အခါ တစ်ခုခုကို calcuation ဥပမာအားဖြင့် sorting လုပ်ပြီး ခနခန ပြန်ပို့ရတဲ့ data တွေရှိပါတယ်။Request တစ်ခုလာတိုင်း ကိုယ်ပြန်ပြချင်တဲ့ items တွေကို sorting ပြန်လုပ်ပြီးမှပို့ရမယ်ဆို ခနခန compute လုပ်ရလို့အဆင်မပြေပါဘူး။ဒီလိုနေရာမှာ ပြန်ပို့မယ့် response ကို redis မှာ cache လုပ်ထားမယ်ဆို database ထဲကနေ တကူးတက ဆွဲမယူရဘဲ ram ပေါ်ကပဲ ယူရလို့ အရမ်းမြန်သွားပြီး response time တွေလဲမြန်သွားပါတယ်။အဓိကအားဖြင့် ကိုယ်ရေးနေတဲ့ application ကို ပိုမြန်စေချင်ပြီး performance တက်ချင်တဲ့အခါမှာ backend မှာ cache အနေနဲ့ သုံးကျပါတယ်။Cache ဆိုတယ့်တိုင်း expire time လေးတော့ သတ်မှတ်ပေးရတာပေါ့။

Message Broker
Message broker ကို အမျိုးမျိုး သုံးကြလေ့ရှိပေမယ့် ကျွန်တော်ကတော့ အခုနောက်ပိုင်းသုံးလာကျတဲ့ microservices architecture ပုံစံလေးနဲ့ပဲရှင်းပြပါတော့မယ်။ဥပမာအားဖြင့် အလွယ်ရှင်းပြရမယ်ဆို ကျွန်တော်တို့ user register လုပ်တယ်ပဲထားပါတော့ ကျွန်တော်တို့ user register လုပ်ပေးတဲ့ service နဲ့ email ပို့ပေးတဲ့ service နှစ်ခုရှိတယ်လို့ အလွယ်သတ်မှတ်လိုက်ပါ။

ဒီမှာ user က register လုပ်လိုက်တာနဲ့ user register လုပ်ပေးတဲ့ service က email ပို့တဲ့ service ကို မင်းဒီ user ရဲ့ email ကို confirm လုပ်တဲ့ mail ပို့ပေးစေချင်တယ်ဆို ကြားထဲမှာ redis ခံထားလို့ရပါတယ်။အဲ့တော့ user က register လုပ်တာနဲ့ user register service ဖြစ်တဲ့ A service က redis ကို ဒီ user register လုပ်တယ်ဆိုတဲ့ event လေးပို့ပေးလိုက်မယ်။ဒီမှာ B service ဖြစ်တဲ့ email ပို့တဲ့ service က redis ကို ဘာပို့လဲ နားထောင်နေမယ်ဆို A က redis ကို ပို့တာနဲ့ B က သိပြီး B service က mail ပို့လိုက်ပါလိမ့်မယ်။ဒါက micro service အချင်းချင်း event driven ပုံစံဆက်သွယ်ကြတာဖြစ်ပါတယ်။ကြားထဲမှာ redis ခံလိုက်တာလေးပါပဲ။နားမလည်ရင် ပုံဖော်ကြည့်လိုက်ပါ။A -> redis

Getting Started With Machine Learning course ကို review ​ရေး​ပေးတဲ့တွက် ကျွန်​တော်တို့ DetailProjects မှအထူး​ကျေးဇူးတင်ပ...
22/10/2021

Getting Started With Machine Learning course ကို review ​ရေး​ပေးတဲ့တွက် ကျွန်​တော်တို့ DetailProjects မှအထူး​ကျေးဇူးတင်ပါတယ်ခင်ဗျာ

Practical Python For Beginners course ကို review ​ရေး​ပေးတဲ့တွက် အထူး​ကျေးဇူးတင်ပါတယ်ခင်ဗျာ
22/10/2021

Practical Python For Beginners course ကို review ​ရေး​ပေးတဲ့တွက် အထူး​ကျေးဇူးတင်ပါတယ်ခင်ဗျာ

Python စ​လေ့လာ​တဲ့သူများအ​နေနဲ့ ဘယ် library နဲ့ framework ​တွေ ကိုဘာအတွက်သုံးတယ်သိရ​အောင်ပါ😉  crd
10/10/2021

Python စ​လေ့လာ​တဲ့သူများအ​နေနဲ့ ဘယ် library နဲ့ framework ​တွေ ကိုဘာအတွက်သုံးတယ်သိရ​အောင်ပါ😉
crd

  crd
27/09/2021

crd

Getting Started With Machine Learning Course(7000 ကျပ်)=========================================ကျွန်တော် machine learni...
05/09/2021

Getting Started With Machine Learning Course(7000 ကျပ်)
=========================================
ကျွန်တော် machine learning စလေ့လာမယ်လုပ်တုန်းက ဘယ်ကစလေ့လာရမလဲ မသိတာမျိုးဖြစ်ခဲ့ပါတယ်။ဒီနေ့မှာတော့ ကျွန်တော် စလေ့လာတုန်းကရှိစေချင်ခဲ့တဲ့ ဘယ်ဟာလေးတွေတော့ အရင် လေ့လာရမယ်ဆိုတာမျိုးကို လမ်းညွှန်ပေးတဲ့ getting started with machine learning course ကို အခုမှ စလေ့လာတယ့် သူများ အခက်အခဲမရှိအောင် ထုတ်ပေးနိုင်ခဲ့ပါပြီ။

ကျွန်တော်တို့ ဒီ Getting Started With Machine Learning Course မှာ ဘာတွေပါမလဲ ဘယ်လိုအကြောင်းအရာတွေကို အဓိက ရှင်းပြပေးမလဲ ဆိုတာကို ဆက်ဖတ်ပေးပါဦး

အခုမှ စလေ့လာတယ့် သူများအတွက် ရည်ရွယ်ထားတာမို့ ပထမဦးဆုံး section မှာ
Machine Learning ဆိုတာဘာလဲ
Machine Learning ပြသနာ အမျိုးအစားတွေက ဘယ်လိုမျိုးရှိလဲ
Machine Learning problem တစ်ခုကို ဘယ်လို workflow နဲ့ ဖြေရှင်းကြလဲ
ဘယ်လို tools တွေ library တွေကို စတင်လေ့လာရမလဲ ဘာကြောင့်ဒါတွေကို သိထားရမှာလဲ စတာတွေကို အရင်ဆုံးရှင်းပြပါတယ်။ဒီလို ရှင်းပြထားပေးတော့ ဘာကြောင့် ဒါတွေကို လုပ်နေရလဲဆိုတယ့် concept ကို ကောင်းကောင်းသဘောပေါက်စေမှာပါ။

နောက် section မှာတော့ ဒီလိုအပ်တဲ့ library တွေ tools တွေကို miniconda လို့ခေါ်တဲ့ python နဲ့ machine learning ပိုင်းမှာ အသုံးများတဲ့ tool ကို သုံးကာ machine learning environment တစ်ခုကို ဘယ်လိုဆောက်မလဲ နောက် machine learning ပိုင်းလုပ်ရင် အမြဲသုံးရမယ့် jupyter notebook ကို ဘယ်လိုသုံးရမလဲကို ရှင်းပြပေးတာမို့ အခက်အခဲမရှိပဲ နောက်သင်ခန်းစာတွေကို ဆက်လေ့လာနိုင်သွားမှာပါ။

နောက်ပြီးရင်တော့ Python Programming နဲ့ machine learning ပိုင်း စလေ့လာတဲ့အခါမှာ မသိမဖြစ်ဖြစ်တဲ့ numpy library ကို လေ့လာရမှာဖြစ်ပြီး ဘာကြောင့် numpy ကို နားလည်ထားသင့်တာလဲ ဘာအတွက်ကြောင့် ကျွန်တော်တို့က numpy ကို သုံးနေကြရတာလဲကို လေ့လာရမှာဖြစ်ပါတယ်။ဒီ section မှာတော့

numpy array တွေ vectors တွေ ဘယ်လိုတည်ဆောက်မလဲ အရေးကြီးတဲ့ attributes တွေကဘာတွေလဲ ဘယ်လိုကြည့်ရမလဲ
numpy array များဖြစ်တဲ့ 1D,2D,3D array တွေထဲက ကိုယ်လိုချင်တာတွေပဲ ဘယ်လိုထုတ်ကြည့်မလဲ ဒီ array တွေကိုကော လိုအပ်သလို ဘယ်လို manipulate လုပ်ရမလဲ နဲ့ numpy ရဲ့ အဓိက သိထားရမယ့် sorting,comparision,dot product vs element wise,manipulating arrays စတဲ့ အရေးကြီးတာအားလုံး နဲ့ မသိမဖြစ် methods တွေကို ဒီsection မှာ လေ့လာရပါမယ်။

ကျွန်တော်တို့ ပြီးရင်တော့ pandas library ကို လေ့လာရပါမယ်။Data analysis မှာ မသိမဖြစ်ဖြစ်တဲ့ pandas library ကို အခုမှ စလေ့လာမယ့်သူတစ်ယောက်အနေနဲ့ သိကိုသိထားရမှာမို့ ကျွန်တော်တို့က လေ့လာရလွယ်ကူအောင် ကျွန်တော့်အတွေ့အကြုံပေါ်မူတည်ပြီး သေချာလေး ပြန်ရှင်းလင်းပေးထားတာမို့ advance ပိုင်းတွေ ဆက်လေ့လာဖို့ ကောင်းကောင်းနားလည်သွားမှာပါ။ဒီ section မှာတော့

pandas နဲ့ csv dataset ဘယ်လို read မလဲ နဲ့ pandas ရဲ့ အသုံးဝင်တဲ့ method များကို လေ့လာရမယ့်အပြင် dataset ထဲက data များကို လိုအပ်သလို ဘယ်လိုဆွဲကြည့်ရမလဲ slicing ဘယ်လိုလုပ်ရမလဲနဲ့ loc & iloc က ဘာကွာခြားတာလဲ စတာတွေကို ရှင်းပြပေးပြီး machine learning algorithm ထဲ data ထည့်တဲ့အခါကျရင် ကျွန်တော်တို့က data ကို လိုအပ်သလို ဘယ်လိုပြောင်းမလဲ manipulate လုပ်မလဲကိ ုလေ့လာရပါမယ်။

ကျွန်တော်တို့ ပြီးရင်တော့ data visualization မှာ မသိမဖြစ်ဖြစ်တဲ့ matplotlib ကနေ လိုချင်တဲ့ graph အမျိုးအစားတွေ ဖြစ်တဲ့ bar,scatter,horizontal bar,histogram စတာတွေ နဲ့ ဘယ်လို visualize လုပ်မလဲနဲ့ ကျွန်တော်တို့ visualize လုပ်တဲ့အခါကျ ပုံက တစ်ခုထဲရှိမှာ မဟုတ်တော့ subplot တွေကို ဘယ်လိုလွယ်လွယ်ကူကူ ထုတ်ပြရမလဲကို အသေးစိတ်ရှင်းပြပေးပြီး matplotlib နဲ့ကော pandas နဲ့ပါ visualize လုပ်ပုံကို ဒီ section မှာ လေ့လာရမှာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ practical machine learning project ကို တူတူ solve လုပ်ပြီး algorithm ဘယ်လို ရွေးမလဲ data ကို လိုအပ်သလို ဘယ်လိုပြောင်းမလဲ train data နဲ့ testing data ကို dataset ကနေ ဘယ်လိုခွဲထုတ်မလဲနဲ့ ဘာကြောင့်ခွဲထုတ်ရတာလဲကို ရှင်းပြပေးပြီး machine learning model တစ်ခုကို train ပြကာ predict ဘယ်လိုလုပ်မလဲကို တူတူ solve လုပ်ရမှာပါ။ဒါ့အပြင် နောက်တစ်ခါ ပြန်သုံးလို့ရအောင် ကိုယ် train ထားတဲ့ model ကို ဘယ်လို save လုပ်မလဲနဲ့ ဘယ်လို ပြန်သုံးရမလဲကို သင်ကြားရမှာဖြစ်ပြီး ဘယ် feature တွေက ကိုယ် train ထားတဲ့ machine learning model တွက် အရေးပါလဲကို တူတူ visualize လုပ်ကြည့်ရမှာဖြစ်ပါတယ်။

သင်တန်းကြေးကတော့ ၇၀၀၀ ကျပ်တည်းပါ။တတ်ကောတတ်ပါ့မလား နားလည်ပါ့မလားတော့ စိတ်မပူပါနဲ့ နားမလည်ဘူးဆို အချိန်မရွေးလာမေးလို့ရသလို လုံးဝအဆင်မပြေဘူး နားမလည်ဘူးဆိုပါကလဲ တစ်ပါအတွင်း လာပြောရင် သင်တန်းကြေး အပြည့်အ၀ ပြန်အမ်းပေးတာမို့ စိတ်ချလက်ချလေ့လာနိုင်ပါတယ်။ကျွန်တော်ပြောတာကို မိတ်ဆွေယုံစရာမလိုပါဘူး ကျွန်တော်တို့ သင်တန်းသားများရဲ့ reviews များကို သင်ကြားရေး website ထဲမှာ ဝင်ပြီး အောက်ကလင့်ခ်ကနေ ဖတ်လို့ရပါတယ်ခင်ဗျာ။
https://detailprojects.com

ဒီ course ပြီးသွားရင် ဘာတွေလုပ်နိုင်သွားမလဲဆိုရင်တော့ machine learning စလေ့လာဖို့ သိသင့်သိထိုက်တာ တော်တေ်ာများများသိသွားမှာဖြစ်လို့ ကိုယ်ဘာ့သာကိုယ်ဆက်လေ့လာဖို့ သိပ်အခက်အခဲရှိတော့မှာမဟုတ်ပါဘူး။

ဒီ သင်တန်းတက်ဖို့ ဘာတွေလိုမလဲ
python programming အခြေခံသိထားရမယ်
ls,cd,mkdir စတဲ့ command လေးတွေ နည်းနည်းသုံးနိုင်ရမယ်(optional)

ဘယ်လိုသင်ကြားပေးမှာလဲ
Life Time Access(တသက်တာလေ့လာခွင့်) မို့ ကိုယ်အားတဲ့အချိန် https://detailprojects.com website ထဲဝင်လေ့လာယုံပါပဲ။သင်ခန်းစာအားလုံးက တင်ထားပေးပြီးသားပါ။မသိတာနားမလည်တာများကိုတော့ instructor ကို page မှာ လာမေးလို့ရပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဘာသင်ခန်းစာတွေပါလဲ ဘယ်သူသင်မှာလဲ အသေးစိတ်ကိုတော့ အောက်ကလင့်ခ်ကနေ ဝင်ကြည့်လို့ရပါတယ်ခင်ဗျာ။
https://detailprojects.com/course/getting-started-with-machine-learning/

👋 August Sale !! ကြိုက်တဲ့ သင်တန်းတက် ၂ သောင်း ကျပ်သာLife Time Access(တသက်တာမတတ်မချင်းလေ့လာခွင့်) ကိုယ်အားတဲ့အချိန် webs...
01/08/2021

👋 August Sale !!
ကြိုက်တဲ့ သင်တန်းတက် ၂ သောင်း ကျပ်သာ
Life Time Access(တသက်တာမတတ်မချင်းလေ့လာခွင့်) ကိုယ်အားတဲ့အချိန် website ထဲဝင်ပြီးလေ့လာလို့ရပါတယ်။သင်ခန်းစာများကတင်ထားပေးပြီးသားပါ။

📌 Building Rest APIs With Django Rest Framework
Rest APIs များကို Django Rest Framework နဲ့ ဘယ်လို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် ရေးရမယ်ကို သင်ကြားပေးမယ့် course ကနေကြိုဆိုလိုက်ပါတယ်။ပထမဦးဆုံး ကိုယ်က freelance developer ဖြစ်ဖြစ် backend developer or web developer ကောင်း တစ်ယောက်ဖြစ်ဖို့ကြိုးစားနေသူ ဒါမှမဟုတ် tech entrepreneur တစ်ယောက်ဆိုလို့ရှိရင် ဒီ course က မိတ်ဆွေအတွက် အသင့်တော်ဆုံးပါပဲ။
ဘာကြောင့်လဲဆိုတော့ ဒီနေ့ခေတ်မှာ development steps တော်တော်များများသည် frontend ကို ရွှေ့လာကြပါတယ်။ဥပမာအားဖြင့် react,vuejs,angular စသဖြင့် နာမည်ကြီး frontend library or framework များ အလွန်တိုးတက်လာတာကိုတွေ့ရမှာပါ။ဒီ frontend တွေနဲ့ ချိတ်ဆက်အသုံးပြုဖို့ rest api ဆိုတာလိုလာပါတယ်။ပြီးတော့ mobile app တွေနဲ့ backend server ချိတ်ဆက်အသုံးပြုတဲ့နေရာမှာလဲ ဒီ rest api တွေက လိုကိုလိုအပ်လာပါတယ်။ဒီ Rest APIs ကိုမှ မရေးတတ်ရင် web developer, backend developer လို့ ခေါ်လို့တောင်မရတော့တဲ့ ခေတ်ကိုရောက်ရှိလို့လာပါပြီ။အဲ့တော့ အခုမှလေ့လာတယ့် ကျောင်းသားတွေအနေနဲ့ လုပ်ငန်းခွင်ဝင်ဖို့ အထူးပြင်ဆင်ထားသင့်တဲ့ skill တစ်ခုဖြစ်ပါတယ်။အသေးစိတ်ကိုတော့ ပုံကိုထောက်ပြီးကြည့်ပေးပါခင်ဗျာ။

📌 Complete Docker Course
2020 မှာ အရမ်းသုံးလာကြပြီဖြစ်တဲ့ Docker Containerized Tool ကို အလွယ်တကူလေ့လာနိုင်ပါပြီ။Docker သည် web developer,devops,machine learning or AI Engineer အကုန်လုံးက သုံးလာတဲ့ tool တခုဖြစ်ပြီး ကိုယ်ရေးထားတဲ့ code များကို ဘယ် platform မှာမဆို လွယ်လွယ်ကူကူ အသုံးပြုလို့ရအောင် စီစဉ်ပေးထားတယ့် tool ဖြစ်ပါတယ်။မင်းမှာ အလုပ်လုပ်ပြီး ငါ့မှာအလုပ်မလုပ်ဘူး ဆိုတယ့်ပြသနာတွေကို တော်တော်လေးဖြေရှင်းလာနိုင်တယ့်အပြင် server cluster လုပ်ပြီး container တွေနဲ့ တွဲသုံးလာတော့ အရမ်းကို powerful ဖြစ်လာပါတယ်။ဒီနောက်ပိုင်း သိထားသင့်တယ့် cloud service provider တိုင်းက support ပေးနေတယ့် docker ကိုသာ မသိထားဘူးဆို နောက်ကျကျန်ခဲ့နိုင်တာမို့ multi containers ပုံစံ face recognition app လေးရေးပြီး လေ့လာနိုင်မယ့် အခွင့်အရေးလက်လွှတ်မခံပါနဲ့တို့တိုက်တွန်းပါရစေ။ဒီ သင်တန်းပြီးရင်တော့ မိတ်ဆွေ တခြား developer တွေပြောပြောလွန်းနေတဲ့ docker ကို ကောင်းကောင်းကိုင်တွယ်သွားနိုင်မှာပါ။အသေးစိတ်ကိုတော့ ပုံကိုထောက်ပြီးကြည့်နိုင်ပါတယ်ခင်ဗျာ။

📌Git Version Control System Complete Course
မိတ်ဆွေသည် mobile developer ပဲဖြစ်ဖြစ် web developer ပဲဖြစ်ဖြစ် လုပ်ငန်းခွင် ဝင်ဖို့ကြိုးစားနေတဲ့ ကျောင်းသားတယောက်ဆိုရင်တော့ ဒီ git version control system complete guide အတန်းကို လာတတ်လိုက်ပါ။ဘာကြောင့်လဲဆိုတော့ လုပ်ငန်းခွင်မှာ code ရေးရတာသည် ကိုယ်တစ်ယောက်တည်းမဟုတ်ပဲ အားလုံးနဲ့ပေါင်းရေးရတာမို့ ဒီလို အသုံးများတဲ့ system တခုကိုသာ မသိဘူးဆို အရမ်းမျက်နှာငယ်ရမယ့်အပြင် ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုလဲ အားနာရပါလိမ့်မယ်။ဥပမာ ကိုယ့်အထက် senior က ဒါလေးကိုပြင်ပြီး server ပေါ်တင်လိုက်ပြောတဲ့အချိန် ကိုယ်ကလဲ ရေးလက်စ code တွေကရှိနေတယ် အဲ့တာတွေလဲ မပြီးသေးတဲ့အတွက် server ပေါ်ပါသွားလို့ကမဖြစ်သေးဘူး အဲ့ကျ ဘယ်လိုဖြေရှင်းကျမလဲ။ဒီအခက်အခဲတွေကို တပါတ်ကျော်လောက်အချိန်ပေးလိုက်ယုံနဲ့ နားလည်သွားအောင် စီစဉ်ပေးထားပါတယ်။ဒီသင်တန်းပြီးရင်တော့ လာဟဲ့ ငါလဲ သုံးတတ်တယ် ဖြစ်သွားစေရပါမယ်။မသိတာများရှိရင်လဲ ချက်ချင်းလာမေးလို့ရတော့ ဘာလိုသေးလဲ။အသေးစိတ်ကိုတော့ ပုံကိုထောက်ပြီးကြည့်နိုင်ပါတယ်ခင်ဗျာ။

📌Django For Absolute Beginners Course
ဒီ course သည် Django Web Framework ကို အကောင်းဆုံးနဲ့ မြန်မြန်လေး နားလည်ရလွယ်အောင် ရှင်းပြသွားမယ့် course ဖြစ်ပါတယ်။
ဒီနေရာမှာ ဘာကြောင့် python basic တွေ သိပြီဆို web development ပိုင်းကို လေ့လာသင့်တာလဲ?
Python နဲ့ ဘယ်အပိုင်းကိုလဲ လေ့လာလေ့လာ web development ကသိထားသင့်ပါတယ်။Django web framework ကို နားလည်ပြီဆိုရင် mobile app တွေ အတွက် rest api တွေ ရေးပေးမလား high performance webapp တွေ ရေးမလား machine learning model တွေကို microservice အနေနဲ့ deploy လုပ်မလား အဲ့လိုအပိုင်းတွေမှာ အထောက်အကူဖြစ်လာမှာပဲဖြစ်ပါတယ်။Instagram နဲ့ dropbox စတဲ့ နာမည်ကြီး appတွေက django နဲ့ရေးထားတာပဲဖြစ်ပါတယ်။ဆိုလိုတာက မိတ်ဆွေသာကောင်းကောင်းရေးနိုင်မယ်ဆို users အများကြီးကိုလဲ django က scalable ဖြစ်လို့ ထိန်းနိုင်တယ်လို့ ဆိုလိုချင်တာပါ။Django အခြေခံမြန်မြန်နဲ့ သေချာလေးဆရာနဲ့ဆွေးနွေးပြီးလေ့လာလိုတယ်ဆိုရင်တော့ အခွင့်အရေးလက်လွှတ်မခံပါနဲ့။ဒီသင်တန်းပြီးရင်တော့ python နဲ့ website လေးတွေတောင် ငါရေးနိုင်ပြီလို့ ကြွေးကြော်လို့ရပါပြီ။အသေးစိတ်ကိုတော့ ပုံကိုထောက်ပြီးကြည့်နိုင်ပါတယ်ခင်ဗျာ။

📌Practical Python For Beginners
Python programming language က ယနေ့ခေတ်တွင် Top Programming Language တစ်ခုအဖြစ်ပါဝင်နေပါပြီ။Artificial Intelligence,Machine Learning,Data Science,Web Development စတာတွေ အားလုံးမှာ သုံးနေကြပြီဖြစ်ပါတယ်။ဒီ course က တွေ့ဖူးတဲ့ online course တွေနဲ့ဘာကွာလဲဆိုရင် Absolute beginner တယောက်တွက် လိုအပ်တာများကိုသာ သင်ပေးခြင်းဖြစ်ပါတယ်။
ဒီမှာ ဘာကြောင့် အချိန်တိုတိုနဲ့ ကိုယ်လေ့လာချင်တဲ့အပိုင်းကို လေ့လာနိုင်အောင် စီစဉ်ပေးရလဲပြောချင်ပါတယ်။ကျွန်တော်တို့ ဒီမှာ online လေ့လာသူ အများစုသည် အချိန်မပေးနိုင်လို့ အပြင်မှာ သင်ဖို့အခက်ခဲရှိလို့ အချိန်တိုတွင်း မြန်မြန်လေ့လာချင်လို့ learning reference တစ်ခုအနေနဲ့ ထားချင်လို့ စသဖြင့် online ကလေ့လာကြပါတယ်။ပြီးတော့ developer တယောက်ဖြစ်ဖို့ဆို သင်တန်းတခုလောက်တတ်ပြီး ကောင်းမွန်တဲ့ developer တယောက် မဖြစ်နိုင်သေးပါဘူး။ယနေ့ထိ Developer များက အမြဲလေ့လာနေရပါတယ်။
အဲ့တော့ ကျွန်တော်တို့ ဘာလုပ်လိုက်လဲဆိုတော့ beginner တစ်ယောက်တွက် ဒါမှမဟုတ် programming အခြေခံရှိတယ် Python syntax တွေကို ဘယ်လိုသုံးရတယ်သိချင်သူတွေတွက် အချိန်တိုတွင်းနဲ့ တကယ်လိုအပ်တာကို လေ့လာနိုင်အောင် သင်ခန်းစာများကို အောက်ပါအတိုင်း ရေးဆွဲလိုက်ပြီး ဘယ်အပိုင်းကို ဝါသနာပါရင် ဘာကိုဆက်လေ့လာသင့်တယ်ကို သင်တန်းထဲမှာ ပြောပြထားပါတယ်။ဒီသင်တန်းပြီးရင်တော့ Data science,machine learning,deep learning စတာတွေမှာ နာမည်ကြီးနေတဲ့ python ဆိုတာ လွယ်လှချည်လား စာစီနေရသလိုပဲ ဖြစ်သွားပါလိမ့်မယ်။ဒါနဲ့ ကျွန်တော်က အခုမှ လေ့လာတာဆိုလဲ အချိန်မရွေး လာဆွေးနွေးလို့ရတော့ မသိတာရှိရင်သာ မကျော်ပဲ လာမေးလိုက်ပါ။အသေးစိတ်ကိုတော့ ပုံကိုထောက်ပြီးကြည့်နိုင်ပါတယ်ခင်ဗျာ။

Promotion ကတော့ဒီ August လကုန်ထိပဲ ဖြစ်ပါတယ်ခင်ဗျာ။၂ သောင်းကျပ်ထဲနဲ့ skill တစ်ခုထပ်တိုးတော့ အလုပ်အသစ်လျောက်တဲ့အခါ ပိုကောင်းသွားတာပေါ့။ဒီလောက် ပြိုင်ဆိုင်မှုများတဲ့ ခေတ်မှာ ကိုယ့် skill ကိုယ် အကောင်းဆုံးမြှင့်နေတာတော့ အလုပ်သင့်ဆုံးဖြစ်ပါတယ်။

သင်ကြားမှုနဲ့ပတ်သတ်လို့ အဆင်မပြေဘူးလုံးဝနားမလည်ဘူးဆို တစ်ပါတ်အတွင်း လာပြောတာနဲ့ သင်တန်းကြေးအပြည့်အဝပြန်အမ်းပေးတာမို့ စိတ်ချလက်ချကိုလေ့လာနိုင်ပါတယ်။ဒါ့အပြင် နားမလည်ရင်လဲ အမြဲရှင်းပြပေးမယ့် mentor ရှိနေတော့ဘာလိုသေးလဲ။

သင်တန်းစိတ်ချရပါ့မလား နားလည်ပါ့မလားဆိုပြီး စိတ်ပူနေတယ်ဆိုရင်တော့ ကျွန်တော်တို့ပြောတာမယုံပါနဲ့ ကျွန်တော်တို့သင်တန်းသားများရဲ့ reviews များကို အောက်က link က website ထဲဝင်ပြီးကြည့်လို့ရပါတယ်ခင်ဗျာ။
https://detailprojects.com

သင်တန်းအပ်မယ်ဆိုရင်တော့ Page Messenger ကို ဆက်သွယ်ပေးပါခင်ဗျ။ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့ members များ သင်တန်းသားများ machine learning ကို အခြေခံကနေ ထိတွေ့လေ့လာလို့ရအောင် Getting Started With Mach...
31/07/2021

ကျွန်တော်တို့ members များ သင်တန်းသားများ machine learning ကို အခြေခံကနေ ထိတွေ့လေ့လာလို့ရအောင် Getting Started With Machine Learning Course လေးပြင်ဆင်နေပါတယ်။နောက်လကုန်ခါနီးကျ Launch လုပ်ပေးသွားပါမယ်ခင်ဗျာ။Stay tuned!!

Python Programming Free Tutorials များဒီနေ့မှာတော့ ကျွန်တော်တို့ DetailProjects မှာ beginners များအတွက် knowledge sharin...
28/07/2021

Python Programming Free Tutorials များ

ဒီနေ့မှာတော့ ကျွန်တော်တို့ DetailProjects မှာ beginners များအတွက် knowledge sharing သဘောမျိုး ရေးထားတယ့် python programming tutorials များအားလုံး တစုတစည်းတည်းဖတ်လို့ရအောင် links များစုပြီး ပြန်တင်ပေးလိုက်ပါတယ်။

အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။DetailProjects နဲ့ ပတ်သတ်ပြီး အမှတ်တရများရှိရင်လဲ Page ရဲ့ review မှာရေးပေးကြပါဦး။Admin တွေ moti ပျောက်နေလို့ပါ 😅😅။အဆင်ပြေကြပါစေ။

* How to convert audio format with python
https://detailprojects.com/blog/how-to-convert-audio-format-with-python/

* Understanding *args and **kwargs in python
https://detailprojects.com/blog/understanding-args-and-kwargs-in-python/

* Understanding Collections In Python
https://detailprojects.com/blog/understanding-collections-in-python/

* Convert All Your Images To PDF Book
https://detailprojects.com/blog/convert-all-your-images-to-pdf-book/

* Downloading All Images From Web Page
https://detailprojects.com/blog/downloading-all-images-from-web-page/

* Making Your Daily Desktop Background Updater
https://detailprojects.com/blog/making-your-daily-desktop-background-updater/

* How to automatically add your logo to image
https://detailprojects.com/blog/how-to-automatically-add-your-logo-to-image/

* Stacks & Queues In Python
https://detailprojects.com/blog/stacks-queues-in-python/

* Debugging in python
https://detailprojects.com/blog/debugging-in-python/

* String Manipulation in Python
https://detailprojects.com/blog/string-manipulation-in-python/

* Lambda Keyword In Python
https://detailprojects.com/blog/lambda-keyword-in-python/

* Decorators in Python
https://detailprojects.com/blog/decorators-in-python/

* Why and When-You Should Use Python Generators
https://detailprojects.com/blog/why-and-when-you-should-use-python-generators/

* Understanding while-else in python
https://detailprojects.com/blog/understanding-while-else-in-python/

* Understanding Map,Filter,Reduce
https://detailprojects.com/blog/understanding-mapfilterreduce/


credit image owner

ที่อยู่

Sukhumvit71 Road, Phra Khanong Nuea, Watthana
Bangkok
10110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ DetailProjectsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท