Ludu Athan - လူထုအသံ

Ludu Athan - လူထုအသံ စစ်အာဏာသိမ်းမှုကြောင့် ထိခိုက်ခံစားနေကြရသည့် မြန်မာပြည်သူလူထုဘက်မှ ရပ်တည်ပြီး စာနယ်ဇင်းကျင့်ဝတ်နှင့်အညီ သတင်းများကို ရေးသားတင်ဆက်သွားမည်

BPLA အပတ်စဉ် (၉) သင်တန်းဆင်းပွဲမှာ TNLA ၊ AA ၊ NUG နဲ့ ကရင်နီပြည် IEC ဒုဥက္ကဌတို့ တက်ရောက်၊သင်တန်းဆင်းရဲဘော်တွေကို လက်နက...
21/06/2025

BPLA အပတ်စဉ် (၉) သင်တန်းဆင်းပွဲမှာ TNLA ၊ AA ၊ NUG နဲ့ ကရင်နီပြည် IEC ဒုဥက္ကဌတို့ တက်ရောက်၊

သင်တန်းဆင်းရဲဘော်တွေကို လက်နက်တွေတပ်ဆင်ပေးခဲ့ပြီး BPLA အမှတ် (၂၀၃) စစ်ဒေသအတွက် တပ်ရင်းသစ်တစ်ခုပါ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့၊

ဇွန်၊ ၂၁ ရက်

TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ တအောင်းပြည်တနေရာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲအခမ်းအနားကို TNLA ၊ AA ၊ NUG နဲ့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီး IEC ဒုဥက္ကဌ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) ဒုဥက္ကဌ တို့ တက်ရောက်ရောက်ခဲ့ကြတယ်လို့ BPLA က ဒီကနေ့ ဇွန်လ ၂၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်က တအောင်းတပ် TNLA ထိန်းချုပ်ဒေသမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ အခြေခံစစ်သင်တန်းဆင်းပွဲကို NUG ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ဒုဥက္ကဌ ခွန်းဘီထူး၊ အာရက္ခတပ်တော်(AA)မှ တပ်မှူးတဦး၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)မှ စစ်ဦးစီးချုပ်နဲ့ အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) ဒုဥက္ကဌနဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးမှူးတို့ တက်ရောက်ခဲ့ကြတာဖြစ်တယ်လို့ BPLA က သတင်းထုတ်ပြန်ထားပါတယ်။

အခြေခံစစ်သင်တန်းဆင်းပွဲကို တက်ရောက်လာကြတဲ့ မဟာမိတ်ခေါင်းဆောင်တွေက တော်လှန်ရေး အောင်မြင်ဖို့ရာအတွက် မတူညီတဲ့ အင်အားစုတွေကြားမှာ ညီညွတ်ရေးလိုအပ်ပြီး မိမိတို့တွေအနေနဲ့ ဟန်ချက်ညီပါက စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး အဆုံးသတ်နိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ စစ်သင်တန်းဆင်ပွဲမှာ သင်တန်းကာလအတွင်း ထူးချွန်တဲ့ သင်တန်းသား/သူတွေ ကို ဆုတွေချီးမြှင့်ပေးခဲ့ရာမှာ လက်ဖြောင့်ဆု ရရှိခဲ့တဲ့ စစ်မေဟာ ၁၀၂၇ စစ်ဆင်ရေးမှာ မြင့်မြတ်စွာအသက်ပေးသွားခဲ့တဲ့ ရဲဘော် အောင်ပိုင်ရဲ့ ညီမဖြစ်တယ်လို့လည်း အမှတ်(၂၀၃) စစ်ဒေသဗျူဟာမှူးက ပြောဆိုသွားခဲ့ပါတယ်။

BPLA ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲမှာ သင်တန်းဆင်း ရဲဘော်တွေကို လက်နက်တွေ တပ်ဆင်ပေးခဲ့ပြီး အမှတ် (၂၀၃) စစ်ဒေသအတွက် တပ်ရင်းသစ်တခုပါ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပေါ်ပေါက်လာခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးမှာ ညီနောင်သုံးဖွဲ့ဖြစ်တဲ့ MNDAA ၊ AA ၊ TNLA အတူ စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲတွေမှာ ပါဝင်ခဲ့သလို လက်ရှိမှာလည်း အညာဒေသနဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။

Ludu Athan - လူထုအသံ

#အခြေခံစစ်သင်တန်းဆင်းပွဲ #မဟာမိတ်တော်လှန်ရေးအဖွဲ့

21/06/2025

ပုလဲမြို့နယ် ကန့်ဒေါင့် စစ်ကောင်စီ စခန်းသိမ်း မှတ်တမ်းရုပ်သံ PLA ထုတ်ပြန်

ဇွန်၊ ၂၁ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲက စစ်ရေးအရ မဟာဗျူဟာကျတဲ့ ကန့်ဒေါင့်ရွာ စစ်ကောင်စီ တပ်စခန်းကို ဇွန် ၁၉ ရက်က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

Ludu Athan - လူထုအသံ

#ပုလဲနယ်ကန့်ဒေါင့်စစ်ကောင်စီစခန်းသိမ်း #တိုက်ပွဲ #တော်လှန်ရေး

ပုလဲမြို့နယ်ထဲက ကန့်ဒေါင့်ရွာ စစ်ကောင်စီစခန်းကို PLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ဇွန်၊ ၁၉ ရက်စစ...
19/06/2025

ပုလဲမြို့နယ်ထဲက ကန့်ဒေါင့်ရွာ စစ်ကောင်စီစခန်းကို PLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်

ဇွန်၊ ၁၉ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲက ကန့်ဒေါင့်ရွာမှာရှိတဲ့ စစ်ကောင်စီ အထိုင်စခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ဒီကနေ့ ဇွန် ၁၉ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပုလဲမြို့နယ်ထဲက ကန့်ဒေါင့်ရွာ စစ်ကောင်စီတပ်စခန်းကို PLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇွန် ၂ ရက်က စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့ ဇွန် ၁၉ ရက်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ စခန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲခုခံပစ်ခတ်ခဲ့သလို နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ ပုလဲနယ် ကန့်ဒေါင့်ရွာ စစ်ကောင်စီတပ်ရဲ့ စခန်းသိမ်းတိုက်ပွဲအတွင်းမှာ ဗုံးလာကြဲခဲ့တဲ့ တိုက်လေယာဉ်တစ်စီးကို ဇွန် ၁၀ ရက်မှာ PLA က ပစ်ချခဲ့ရာ စပါးစေ့ကျေးရွာအတွင်း ပျက်ကျမီးလောင် ပျက်စီးခဲ့ပါသေးတယ်။

Ludu Athan - လူထုအသံ

#ပုလဲနယ် #စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲ #တိုက်ခိုက်သိမ်းပိုက်

အသက် ၈၀ ပြည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်....ဒီကနေ့ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ အသက် ၈၀ ပြည့် မွေးနေ့မှသည် နောင် ...
19/06/2025

အသက် ၈၀ ပြည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်....

ဒီကနေ့ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ အသက် ၈၀ ပြည့် မွေးနေ့မှသည် နောင် နှစ်ပေါင်းများစွာတိုင် အသက်ရှည်ကျန်းမာစွာနဲ့ နိုင်ငံနဲ့ လူထုအကျိုးကို သယ်ပိုးနိုင်ပါစေ...

စစ်ကောင်စီရဲ့ မတရား ဖမ်းဆီးအကျဉ်းချထားမှုမှလည်း အမြန်ဆုံး လွတ်မြောက်နိုင်ပါစေ...

ပြည်တွင်းငြိမ်းချမ်းရေး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးအတွက် အမြန်ဆုံးလွတ်မြောက်ပြီး နိုင်ငံ ပြန်လည်တည်ဆောက်ရေးအတွက် ကျန်းမာစွာဖြင့် လုပ်ဆောင်နိုင်ပါစေ...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အချုပ်အနှောင်မှ အမြန်ဆုံး လွတ်မြောက်ပါစေ...

Ludu Athan - လူထုအသံ

19/06/2025

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့မှာ TNLA အထွေထွေအတွင်းရေးမှူးမှ ဆုတောင်းစကား ပြောကြား

ဇွန်၊ ၁၉ ရက်

ဒီကနေ့ ဇွန် ၁၉ ရက်မှာ ကျရောက်ခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့မှာ တအောင်းတပ်မတော် TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ဆုတောင်းပေးခဲ့ပါတယ်။

လက်ရှိ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ကောင်စီရဲ့ မတရား အကျဉ်းချခံနေရတာကနေ အမြန်ဆုံးလွတ်မြောက်ဖို့နဲ့ မြန်မာပြည်ကို အမြန်ဆုံး ဦးဆောင်နိုင်ပါစေဆိုပြီး ဆုတောင်းပေးထားတာလည်း ဖြစ်ပါတယ်။

Ludu Athan - လူထုအသံ

#လူထုခေါင်းဆောင် #ဒေါ်အောင်ဆန်းစုကြည် #အသက်၈၀ပြည့် #မွေးနေ့ #မွေးနေ့ဆုတောင်း

မြို့သာမှာ  ဂိတ်ဖွင့်ပြီး ခရီးသွားပြည်သူတွေဆီက အတင်းအဓမ္မ ဆပ်ကြေးကောက်နေတဲ့ စစ်ကောင်စီတွေ မိုင်းဆွဲတိုက်ခိုက်ခံရလို့ သုံ...
18/06/2025

မြို့သာမှာ ဂိတ်ဖွင့်ပြီး ခရီးသွားပြည်သူတွေဆီက အတင်းအဓမ္မ ဆပ်ကြေးကောက်နေတဲ့ စစ်ကောင်စီတွေ မိုင်းဆွဲတိုက်ခိုက်ခံရလို့ သုံးယောက်သေ၊

ဇွန်၊ ၁၈ ရက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် မြို့သာမြို့ပေါ်မှာ ဂိတ်ဖွင့်ပြီး ခရီးသွားပြည်သူတွေဆီကနေ အတင်းအဓမ္မ ဆပ်ကြေးကောက်ယူနေတဲ့ စစ်ကောင်စီတွေကို ဇွန် ၁၆ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ - မြင်းခြံက သတင်းထုတ်ပြန်ထားပါတယ်။

ငါန်းဇွန်မြို့နယ် မြို့သာမြို့ပေါ်က ဆေးရုံအနီးမှာ ဂိတ်ဖွင့်ပြီး ခရီးသွားပြည်သူတွေကို နေ့စဉ် ခြိမ်းခြောက်ဆဲဆိုပြီး အတင်းအဓမ္မငွေညှစ်ကောက်ခံနေတဲ့ စစ်ကောင်စီတွေကို ဇွန် ၁၆ ရက် မနက် ၆ နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးယောက် ခြေလတ်ပြတ် သေဆုံးပြီး လေးယောက် အပြင်းအထန်ဒဏ်ရရရှိခဲ့တာကြောင့် ဆေးကုသမှုခံယူနေရတယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ - မြင်းခြံက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၈ ရက်မနက်ပိုင်းကလည်း အင်အား ၅၀ ဝန်းကျင်ရှိတဲ့ မြို့သာရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြောက်ကျားနည်းနဲ့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ တပ်သားတစ်ယောက် သေဆုံးပြီး လေးယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါသေးတယ်။

မြင်းခြံခရိုင်မှာ ၉/အညာမြေ စစ်ဆင်ရေးအဖြစ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ငါန်းဇွန်၊ နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာ စတဲ့ မြို့နယ်တွေထဲမှာရှိတဲ့ စစ်ကောင်စီအထိုင်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

ပုံစာ - ဇွန်လ ၈ ရက်က မြို့သာရဲစခန်းကို နဂါနီးပြောက်ကျားတပ်ဖွဲ့တွေ ဝင်ရောက်ပစ်ခတ်နေစဉ်

Ludu Athan - လူထုအသံ

#စစ်ကောင်စီဂိတ် #ဆပ်ကြေးကောက် #မိုင်းဆွဲခံရ #တော်လှန်ရေးတပ်ဖွဲ့

မန္တလေးမြို့ Sky Villa ကွန်ဒိုအဆောက်အဦကနေ အမျိုးသမီး တစ်ဦး ရုပ်အလောင်းနဲ့ ထိုင်းဘတ်ငွေအပါဝင် တန်ဖိုးကြီးပစ္စည်းတွေ ထပ်မံ...
18/06/2025

မန္တလေးမြို့ Sky Villa ကွန်ဒိုအဆောက်အဦကနေ အမျိုးသမီး တစ်ဦး ရုပ်အလောင်းနဲ့ ထိုင်းဘတ်ငွေအပါဝင် တန်ဖိုးကြီးပစ္စည်းတွေ ထပ်မံတွေ့ရှိ

ဇွန်၊ ၁၈ ရက်

မန္တလေးမြို့မှာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားခဲ့တဲ့ Sky Villa ကွန်ဒို အဆောက်အဦအောက်ကနေ ဇွန် ၁၈ ရက် ဒီကနေ့မှာ အမျိုးသမီး တစ်ဦး ရုပ်အလောင်း၊ ထိုင်းဘတ်ငွေ၊ ရွှေနဲ့ တန်ဖိုးကြီးပစ္စည်းတွေ ထပ်မံတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

Sky Villa အဆောက်အဦရဲ့ A နဲ့ B အဆောင်တွေကို ဖယ်ရှားရှင်းလင်းရေးနဲ့ ရုပ်အလောင်းထုတ်ယူနိုင်ရေး လုပ်ဆောင်ခဲ့ရာမှာ ဒီကနေ့ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်မှာ B အဆောင် အခန်းအမှတ် G-3 ကနေ အမျိုးသမီး တစ်ဦး ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ Sky Villa အဆောက်အဦ ဖယ်ရှားရှင်းလင်းရေးနဲ့ ရုပ်အလောင်း ထုတ်ယူနိုင်ရေး လုပ်ဆောင်ရာကနေ ဒီကနေ့ ဇွန် ၁၈ ရက် နေ့လယ် ၂ နာရီခွဲမှာ အဆောင် B အခန်းအမှတ် G-3 ကနေ ပန်ချီကားများ၊ ထိုင်းဘတ်ငွေ ၁၀၀၀ တန် ကိုးရွက်၊ Passport စာအုပ် တစ်အုပ်၊ မြန်မာငွေ ၄,၁၄၈,၀၀၀ သိန်းကျပ်၊ ဒေါ်လာ ၅၀ တန် တစ်ရွက်၊ ရွှေဆွဲသီးနှစ်ခု၊ ရွှေလက်စွပ် တစ်ကွင်း၊ ရွှေဖီချူး တစ်ခုနဲ့ စာရွတ်စာတမ်းများအား ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့မှတဆင့် ပိုင်ရှင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန - MFSD က ထုတ်ပြန်ထားပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင်ကြီးကြောင့် မန္တလေးမြို့ရှိ ၁၁ ထပ်အမြင့် ဆောက်လုပ်ထားတဲ့ Sky Villa ကွန်ဒိုအဆောက်အဦ ပြိုကျပျက်စီးသွားခဲ့ပြီး ဒီကနေ့ ဇွန်လ ၁၈ ရက်ထိ အဆောက်အဦ ပြိုကျမှုအောက် သေဆုံးသူ စုစုပေါင်း ၁၅၀ ကျော်ရှိပြီဖြစ်တယ်လို့ မြေပြင် လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေနဲ့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒါ့အပြင် အသက်ရှင်လျက်ကယ်ထုတ်နိုင်သူဟာ ၅၂ ဦးသာရှိခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန

Ludu Athan - လူထုအသံ

#2025စစ်ကိုင်းငလျင် #မန္တလေးမြို့ #ပြိုကျပျက်စီး #ရုပ်အလောင်းထုတ်ယူ

14/06/2025

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုကနေ ရုပ်အလောင်း ခြောက်လောင်း ထပ်မံတွေ့ရှိ၊

ငွေကျပ် သိန်း ၃၀၀၀ ဝန်းကျင်အပါဝင် ရွှေနဲ့ တန်ဖိုးကြီးပစ္စည်းများပါ ရှာဖွေတွေ့ရှိ၊

ဇွန်၊ ၁၄

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားခဲ့တဲ့ မန္တလေးမြို့ရှိ Sky Villa ကွန်ဒို အဆောက်အဦအောက်ကနေ မနေ့က ဇွန်လ ၁၃ ရက်မှာ ကလေးတစ်ဦးအပါ ရုပ်အလောင်း ခြောက်လောင်း ထပ်မံတွေရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Sky Villa ကွန်ဒို အဆောက်အဦရဲ့ ပြိုကျပျက်စီးနေတဲ့ A အဆောင်နဲ့ B အဆောင်တွေမှာ ကျန်ရှိနေတဲ့ ရုပ်အလောင်းထုတ်ယူရေးနဲ့ ရှင်းလင်းရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်ခဲ့ရာမှာ မနေ့က B အဆောင် အခန်းအမှတ် H-2 မှ ကလေး(ကျား) တစ်ဦးနဲ့ အမျိုးသမီး တစ်ဦး ရုပ်အလောင်း၊ B အဆောင် အခန်းအမှတ် W-5 မှ အမျိုးသမီး တစ်ဦး ရုပ်အလောင်း၊ B အဆောင် အခန်းအမှတ် H-2 မှ အမျိုးသား တစ်ဦးနဲ့ အခန်းအမှတ် H-4 မှ အမျိုးသမီး တစ်ဦး ရုပ်အလောင်း၊ B အဆောင် အခန်းအမှတ် H-3 မှ အမျိုးသား တစ်ဦး ရုပ်အလောင်း စတဲ့ ရုပ်အလောင်း ခြောက်လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန - MFSD က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် Sky Villa ကွန်ဒိုရဲ့ အဆောင် A နဲ့ B တို့ကို စက်ယန္တရားတွေနဲ့ ရှာဖွေရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ခဲ့ရာ မနေ့က ဇွန်လ ၁၃ ရက်မှာ အဆောင် B အခန်းအမှတ် H- 4 မှ မြန်မာကျပ်ငွေ သိန်း ၂၈၅၀ ကျော်နဲ့ ဖုန်း တစ်လုံး၊ owner book နှစ်အုပ်နဲ့ အရေးကြီး စာရွက်စာတမ်းတွေ ထပ်မံတွေ့ရှိခဲ့ပြီး Bဆောင်၊ အခန်းအမှတ် H-7 ရှိ မီးခံသေတ္တာအတွင်းမှ ရွှေ ၁၀ ကျပ်သား လေးတုံး၊ ရွှေ ငါးကျပ်သား တစ်တုံး၊ ရွှေ တစ်ကျပ်သား တစ်တုံး၊ ရွှေလက်ကောက် နှစ်ကွင်း၊ ရွှေဆွဲကြိုး(၃)ကုံး၊ ရွှေနားကပ် သုံးရံ၊ ရွှေလက်စွပ် နှစ်ကွင်း၊ ရွှေဆွဲသီး တစ်ခု၊ ပယင်းဆွဲသီး နှစ်ခု၊ ရွှေတုံးအစ ၂၀ သားနဲ့အရေးကြီးစာရွက်စာတမ်းတွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ Sky Villa ကွန်ဒို အဆောင် B အခန်းအမှတ် W- 5 မှ ရှာဖွေတွေ့ရှိခဲ့တဲ့ ကျောက်ပါ လက်စွပ် လေးကွင်း၊ ရွှေလက်ကောက် သုံးကွင်း၊ ရွှေဆွဲကြိုး သုံးကုံး၊ ရွှေဆွဲသီး တစ်ခု၊ ရွှေ တစ်ကျပ်သားတုံး နှစ်တုံး၊ ရွှေဟန်းချိန်း တစ်ကွင်း၊ ပုလဲ လေးလုံး၊ ကျောက်စိမ်းနားကပ် တစ်ရံ၊ ကျောက်စိမ်း တစ်လုံး၊ ကျောက်စိမ်းလက်ကောက် ၁၃ ကွင်း၊ ကျောက်စီလက်ကောက် နှစ်ကွင်း၊ ကျောက်စိမ်းအဆောင် ပန်းပုရုပ်များ၊ ကျောက်အဆောင်ပုတီးများ စတဲ့ တန်ဖိုးကြီးပစ္စည်းတွေ ဆက်လက်ရှာဖွေတွေ့ရှိခဲ့ရာမှာ ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့မှတဆင့် ပိုင်ရှင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ MFSD က ထုတ်ပြန်ထားပါတယ်။

မတ်လ ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး အင်အား ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင်ကြီးလှုပ်ခတ်ခဲ့တာကြောင့် မန္တလေးမြို့ရှိ အထပ် ၁၁ ထပ်မြင့် Sky Villa ကွန်ဒို အဆောက်အဦဟာ အဆောင် A အပိုင်းမှာ ငါးထပ် မြေအောက် ကျွံဝင်ခဲ့သလို အဆောင် B C D တွေဟာ လုံးဝ ပြိုကျပျက်စီးသွားခဲ့တာလည်း ဖြစ်ပါတယ်။

မတ်လ ၂၈ ရက်ကနေ ဇွန်လ ၁၃ ရက်ထိ Sky Villa ကွန်ဒို အဆောက်အဦ ပြိုကျမှုဖြစ်စဉ်ကနေ အသက်ရှင်ကယ်ထုတ်နိုင်သူ ၅၂ ဦးနဲ့ သေဆုံးသူ စုစုပေါင်း ၁၅၀ ကျော်ရှိလာပြီဖြစ်တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနဲ့ လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေထံက သိရပါတယ်။

Sky Villa ကွန်ဒိုအဆောက်အဦကို ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အဦအဖြစ် ကြော်ငြာရောင်းချခဲ့တာဖြစ်ပေမဲ့ ငလျင်ဒဏ်ကြောင့် အဆောက်အဦ ပြိုကျပျက်စီးပြီး လူရာနဲ့ချီ ထိခိုက်သေဆုံးခဲ့တဲ့အပေါ် ဝေဖန်မှုတွေထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ - မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန

Ludu Athan - လူထုအသံ

#2025ငလျင် #ပြိုကျပျက်စီး #မန္တလေးမြို့ #ကူညီကယ်ဆယ်ရေးလုပ်ငန်း

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုကနေ ရုပ်အလောင်း ခြောက်လောင်း ထပ်မံတွေ့ရှိ၊ငွေကျပ် သိန်း ၃၀၀၀ ဝန်းကျ...

သင်တန်းသား ၈၀၀ ကျော်ပါဝင်တဲ့ TNLA ရဲ့ အပတ်စဉ် ၆၇ စစ်သင်တန်းဆင်း အခမ်းအနား ပြုလုပ်၊  ဇွန်၊ ၁၂ ရက် တအာင်းအမျိုးသားလွတ်မြော...
12/06/2025

သင်တန်းသား ၈၀၀ ကျော်ပါဝင်တဲ့ TNLA ရဲ့ အပတ်စဉ် ၆၇ စစ်သင်တန်းဆင်း အခမ်းအနား ပြုလုပ်၊

ဇွန်၊ ၁၂ ရက်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ အပတ်စဉ် (၆၇) စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်သင်တန်းဆင်းပွဲအခမ်းအနားမှာ သင်တန်းသား ၈၀၀ ကျော်ပါဝင်ပြီးသင်တန်းကာလ သုံးလကျော်ကာလအတွင်းမှာ တိုက်ခိုက်ရေးကျွမ်းကျင်မှုအဆင့်ရှိစေရန် အဓိကသင်ကြားပေးခဲ့တယ်လို့ TNLA က ဒီကနေ့ ဇွန်လ ၁၂ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

သင်တန်းဆင်းပွဲအခမ်းအနားမှာ TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိူဝ်ပ္လါင် တက်ရောက်ခဲ့ပြီး "ဘက်စုံတိုက်ခိုက်ရေးသင်တန်းပေးခြင်းဟာ မိမိတို့ တအာင်းပြည်ကို ကာကွယ်သွားကြရန်၊ ရဲဘော်များသည် လူကြီးများ၏ အလုပ်တာဝန်ကို ပုခုံးလွှပြောင်း ထမ်းဆောင်နိုင်ရမည်ဖြစ်သလို သင်တန်းအတွင်း ဆရာ/မများသင်ကြားပေးသည့် ပညာကို မမေ့ကြရန်၊ အမိန့်နာခံတတ်ရန်နှင့်ရန်သူကို အမြဲတစေ သတိထားရှိရန်လိုအပ်ကြောင်း၊ သင်တန်းတက်ရောက်သင်ကြားပြီးမြောက်သွားတဲ့ သင်တန်းသား/သူများအနေဖြင့် မိမိတို PSLF/TNLA အုပ်ချုပ်ထားသည့် မြို နယ်များနှင့် ပြည်သူလူထုများကို ကာကွယ်ပေးရာတွင် မိမိတစ်ဦးချင်း၏ တာဝန်ဖြစ်တယ်"လို့ သင်တန်းဆင်းမိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

TNLA စစ်သင်တန်းဆင်းပွဲမှာ သေနတ်ပစ် ထူးချွန်ဆု၊ သေနတ်တပ်ဆင်ဖြုတ် ထူးချွန်ဆု၊ အထူးတိုက်ခိုက်ရေး ထူးချွန်ဆုရရှိခဲ့တဲ့သူတွေကိုပါ ဆုချီးမြှင့်ပေးခဲ့ပြီး စစ်သင်တန်းဆင်းသူတွေဟာ တအောင်းပြည်မှာရှိတဲ့ မြို့နယ်အသီးသီးမှာ တာဝန်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

စစ်သင်တန်းဆင်းပွဲကို TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိူဝ်ပ္လါင် အပါဝင် စစ်ဘက်ဆိုင်ရာအရာရှိတွေနဲ့ သင်တန်ဆင်းသူတွေ၊ ရပ်မိရပ်ဖတွေ စတဲ့ လူဦးရေ ၉၀၀ ကျော် တက်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

TNLA ရဲ့ အပတ်စဉ် (၆၆) စစ်သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Ludu Athan - လူထုအသံ

#အခြေခံစစ်သင်တန်းဆင်းပွဲ #တအောင်းပြည်
#နွေဦးတော်လှန်ရေး

PLA က ပစ်ချနိုင်ခဲ့တဲ့ စစ်ကောင်စီ တိုက်လေယာဉ် အပျက်အစီး မှတ်တမ်းဓာတ်ပုံများ ဆက်လက်ထုတ်ပြန်ဇွန်၊ ၁၁ ရက် စစ်ကိုင်းတိုင်း၊ ...
11/06/2025

PLA က ပစ်ချနိုင်ခဲ့တဲ့ စစ်ကောင်စီ တိုက်လေယာဉ် အပျက်အစီး မှတ်တမ်းဓာတ်ပုံများ ဆက်လက်ထုတ်ပြန်

ဇွန်၊ ၁၁ ရက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ကန့်ဒေါင့်ရွာ စခန်းသိမ်းတိုက်ပွဲကို ဗုံးလာကြဲခဲ့တဲ့ လေယာဉ်တွေထဲက တိုက်လေယာဉ်တစ်စီးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ပစ်ချနိုင်ခဲ့ရာမှာ နောက်ဆက်တွဲ လေယာဉ်နဲ့ပတ်သက်တဲ့ အပျက်အစီးတွေနဲ့ အချက်အလက်တွေကို ဒီကနေ့ ဇွန် ၁၂ ရက်မှာ ထပ်မံထုတ်ပြန်လိုက်ပါတယ်။

လေယာဉ်အပျက်အစီးတွေထဲမှာ တိုက်လေယာဉ်မောင်းသူ လေယာဉ်မှူး ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့သလို လေယာဉ်ပျက်ကျရာအနီးဝန်းကျင်မှာလည်း မီးလောင်ကျွမ်းသေဆုံးနေတဲ့ ရုပ်အလောင်း လေးလောင်း တွေ့ရှိထားတယ်လို့ PLA က ထုတ်ပြန်ထားပါတယ်။

ပစ်ချနိုင်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်အမျိုးအစားကို အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်တယ်လို့ PLA က ဆိုထားပါတယ်။

ပုလဲနယ်ထဲမှာ ဗုံးလာကြဲတဲ့ စစ်ကောင်စီလေတပ်က တိုက်လေယာဉ်ကို မနေ့က ဇွန်လ ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ပစ်ချနိုင်ခဲ့တာဖြစ်ပြီး ပျက်ကျလာခဲ့တဲ့ လေယာဉ်ဟာ ပုလဲမြို့နယ် စပါးစေ့ကျေးရွာထဲကို ပျက်ကျမီးလောင်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ တိုက်ခိုက်ရေးလေယာဉ်ဟာ လေ့ကျင့်ပျံသန်းနေစဉ်မှာ စက်ချို့ယွင်းပြီး ပျက်ကျသွားခဲ့တာဖြစ်တယ်လို့ လိမ်ညာဝါဒဖြန့်ထားပါတယ်။

ဓာတ်ပုံ - PLA

Ludu Athan - လူထုအသံ

#ပုလဲနယ် #စစ်ကောင်စီတပ်လေယာဉ် #ပစ်ချခံရ #ကန့်ဒေါင့်ရွာစခန်းသိမ်းတိုက်ပွဲ #တော်လှန်ရေးတပ်ဖွဲ့

11/06/2025

ပုလဲမြို့နယ်မှာ စစ်ကောင်စီဂျက်ဖိုက်တာလေယာဥ်ကို PLA ပစ်ချခဲ့ပြီးနောက် ပျက်ကျလာစဥ်မြင်ကွင်း

Ludu Athan - လူထုအသံ

#ပုလဲနယ် #စစ်ကောင်စီတိုက်လေယာဥ် #ပစ်ချခံရပြီးပျက်ကျ #တော်လှန်ရေး #တိုက်ပွဲ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ludu Athan - လူထုအသံผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์