Dolay ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Dolay, ครีเอเตอร์ดิจิทัล, Bangkok.

တုပ်တုပ် နဲ့ ဘန်ကောက်မှာလာဆိုးနေတဲ့ ED Sheeran 🇹🇭 #
18/02/2024

တုပ်တုပ် နဲ့ ဘန်ကောက်မှာလာဆိုးနေတဲ့ ED Sheeran 🇹🇭

#

°°ဘန်ကောက်တွင် မြန်မာလုပ်ငန်းရှင်တစ်ဦးအသကခံရပြီး ဘတ်၅သန်းကျော်ပျောက်ဆုံး°°ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ထဲရှိ ဇိမ်ခံကွန်ဒ...
17/02/2024

°°ဘန်ကောက်တွင် မြန်မာလုပ်ငန်းရှင်တစ်ဦးအသကခံရပြီး ဘတ်၅သန်းကျော်ပျောက်ဆုံး°°

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ထဲရှိ ဇိမ်ခံကွန်ဒိုတစ်ခုတွင် မြန်မာလုပ်ငန်းရှင်တစ်ဦး အသတ်ခံရပြီးနောက် ပိုင်ဆိုင်သော ဘတ် ၅ သန်း ပျောက်ဆုံးနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။

သေဆုံးသူသည် အသက် ၅၀ ကျော်အရွယ် ကျော်ဇေယျ (ထိုင်းဘာသာ) အမည်ရှိ မြန်မာစီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဘန်ကောက်သို့ မကြာမကြာ လာလည်တတ်သူဖြစ်သည်။

အလောင်းကို ဘန်ကောက်မြို့လယ် ခလောတိန်ဒေသ စူခူဗစ်ဧရိယာရှိ ကွန်ဒိုတိုက်ခန်း ၂၃လွှာတွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်စောစောက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အလောင်းကို အတူနေ မြန်မာအဒေါ်ကြီးတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့များ ရောက်ရှိလာသောအချိန်တွင် မျက်နှာ၊ နား၊ ဦးခေါင်းတွင် ဒဏ်ရာများစွာဖြင့် သွေးထွက်လွန်ကာ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် လူသတ်သမားဟု ယူဆရသော ကင်းမရွန်းနိုင်ငံသား နှစ်ဦးက သေဆုံးသူပိုင်ဆိုင်သော ဘတ် ၅ သန်းကို ယူဆောင်၍ ထွက်ပြေးသွားသည်ဟု ယူဆရကြောင်း ရဲတပ်ဖွဲ့ကပြောကြားထားသည်။

၎င်းတို့နှစ်ဦးသည် စင်ကာပူနိုင်ငံသို့ လေကြောင်းဖြင့် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်နေ့က သတင်းများတွင် ဖော်ပြထားသည်။

သံသယရှိသူနှစ်ဦးသည် ထိုင်းနိုင်ငံအတွင်းသို့ ခရီးသွားများအဖြစ် လာရောက်ကြပြီး စထွန်းခရိုင်ရှိ ထင်မဟာမက်နယ်မြေရှိ တိုက်ခန်းတွင် နေခဲ့ကြဟုဆိုသည်။

မြန်မာလုပ်ငန်းရှင်အသတ်ခံရသော နံနက်စောစောက ၎င်းတို့နှစ်ဦးသည် အသတ်ခံရမှုဖြစ်ပွားခဲ့သော ကွန်ဒိုတိုက်ခန်းထဲမှ ထွက်လာကြပြီး ၎င်းတို့ နေထိုင်ရာ တိုက်ခန်းသို့ပြန်သွားကာ ထိုမှတစ်ဆင့် ဒွန်မောင်းလေဆိပ်သို့ တက်စ်စီငှား၍ နံနက် ၅ နာရီခန့်က စင်ကာပူသို့ လေကြောင်းဖြင့် ထွက်သွားခဲ့ကြောင်း သတင်းများတွင် ပါရှိသည်။

မျက်မြင်သက်သေ အဒေါ်ကြီးကိုလည်း သံသယရှိသူနှစ်ဦးက လည်ပစ်ညှစ်ခဲ့သေးကြောင်း အဒေါ်ကြီးက ပြောဆိုခဲ့သည်။

CCTV မှတ်တမ်းများအရ မြန်မာလုပ်ငန်းရှင်၊ မျက်မြင်သက်သေ အဒေါ်ကြီးနှင့် သံသယရှိသူ နှစ်ဦးသည် တိုက်ခန်းအတွင်းတွင် ၁၀ နာရီခွဲဝန်းကျင်ခန့်က ရှိနေခဲ့ကြောင်း စုံစမ်းမှုရလဒ်အရသိရသည်။

မျက်မြင်သက်သေအဒေါ်ကြီးသည် ၁၁ နာရီခန့်က ဓါတ်လှေကားထဲမှ ထွက်လာပြီး လုံခြုံရေးသို့ အကြောင်းကြားခဲ့ပြီးနောက် အသတ်ခံရသော မြန်မာလုပ်ငန်းရှင်ရှိရာ အခန်းထံသို့ ပြန်သွားခဲ့ကြောင်း ဗီဒီယိုမှတ်တမ်းအရသိရကြောင်း သတင်းများတွင် ပါရှိသည်။

သေဆုံးသူသည် ထိုင်းသို့ မကြာမကြာလာတတ်သူဖြစ်ပြီး ဘန်ကောက်-ရန်ကုန်နှင့် ဘန်ကောက်-ဟန်နွိုင်း ခရီးစဉ် ၅၂ ခုအထိ သွားထားခဲ့ကြောင်း အဒေါ်ကြီး၏ ပြောကြားချက်ကို ဖော်ပြထားသည်။

သေဆုံးသူက အဆိုပါကွန်ဒိုတိုက်ခန်းတွင် ဖေဖော်ဝါရီ ၇ ရက်နေ့ကတည်းက နေထိုင်သူဖြစ်ပြီး မျက်မြင်သက်သေ အဒေါ်ကြီးက သေဆုံးသူနှင့် ဆွေမျိုးတော်စပ်မှု မရှိကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် အဒေါ်ကြီးက ရရှိခဲ့သော ဒဏ်ရာများကြောင့် ဆေးကုသမှု ခံယူနေရဆဲဖြစ်ဟုသိရသည်။

လူသတ်သမားဟု သံသယရှိသူ ကင်းမရွန်းနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနိုင်ရန် နိုင်ငံတကာရဲတပ်ဖွဲ့သို့ အကူအညီတောင်းခံဆောင်ရွက်သွားပြီး ပျောက်ဆုံးနေသော ဘတ် ၅ သန်းကိုလည်း ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားထားသည်။

Ref: Bangkok Post, Khaosod Online
#ဘာညာထိုင်းလန်း

°°အလုပ်သမားခေါ်ယူခြင်း🍁ဟုန်စိန်နှင့်ကတ်စီယာ အထည်ချုပ်စက်ရုံတွင် စက်ချုပ်ကျွမ်းကျင်ဝန်ထမ်း(50‌ဦး)ကို ခေါ်ယူမှာဖြစ်ပါတယ်ရှ...
17/02/2024

°°အလုပ်သမားခေါ်ယူခြင်း🍁

ဟုန်စိန်နှင့်ကတ်စီယာ အထည်ချုပ်စက်ရုံတွင် စက်ချုပ်ကျွမ်းကျင်ဝန်ထမ်း(50‌ဦး)ကို ခေါ်ယူမှာဖြစ်ပါတယ်ရှင်
16/02/2024 ရက်နေ့မှစ၍ စက်ချုပ်ကျွမ်းကျင်သူများကိုယ်တိုင် လာလျှောက်နိုင်ပါသည်

အလုပ်လျှောက်ရန် လိုအပ်သည်များ --
-အသက် 18နှစ်မှ 35နှစ်အတွင်းဖြစ်ရမည်
- စက်ချုပ်ကျွမ်းကျင်ရမည်
- ပတ်စပို့နှင့် ဗီစာ သက်တမ်းရှိရမည်
- ပတ်စပို့မရှိသေးသော ဘတ်သမားများ သက်တမ်းတိုး ပြီး စာရွက်စာတမ်းဖြစ်ရမည်
-လိုင်စင်ပုံ ၃ ပုံ
ပတ်စပို့ တစ်စုံကူးလာပါ
ဝပ်ပါမစ် တစ်စုံကူးလာပါ
ဘတ် စာရွက်များ တစ်စုံ ကူးလာပါ

-အလုပ် လျှောက်ချိန်
တနလ်ာနေ့မှ စနေနေ့
မနက်08:00 မှ10:00မနက်ချိန်လာစမတ်ပေးကြပါရန်

ရရှိမည့်အခွင့်အရေးများ
- သူငှေးပြောင်း ဖရီး
- ရက်90 သက်တမ်းတိုးပေးခြင်း ဖရီး
- ဗီစာနှင့်ဝေါ့ပါမစ်သက်တမ်းတိုးချိန် အလုပ်ရုံမှ ဖရီးသက်တမ်းတိုးပေးခြင်း
- တနှစ်တကြိမ် ကျမ်းမာရေးဆေးစစ်ပေးခြင်းဖရီး
- ဝန်ထမ်းများရပိုင်ခွင့် ဖက်လော1နှစ်လျှင် 6ရက်ခံစားခွင့်ရရှိခြင်း(ဖက်လော6ရက် ပိုက်ဆံရခြင်း)
- ပကန်စံခုန် (လူမူဖူလုံရေး)ရရှိခြင်း
-ယူနီဖေါင်း တစ်ဦးလျှင် 5ထည်ပေးခြင်း ဖရီး
အခြားအခွင့်အရေးများလည်းရှိပါတယ်ရှင့်
စိတ်ဝင်စားသူများ အမြန်လာလျှောက်နိုင်ကြပါတယ်
အယောက် (50)သာခေါ်ယူမှာဖြစ်ပါတယ်ရှင်

အလုပ်ရုံတည်နေရာ / စူစဝပ် လမ်း30
ဘန်ပကော့ရပ်ကွက်/လဘူလန နယ်/ ဘန်ကောက်မြို့

စက်ရုံမှတိုက်ရိုက်ခေါ်ယူခြင်းကြောင့်
မည်သည့်စမတ်ကြေးမှ ပေးဆောင်ရန်မရှိပါရှင်

ဆက်သွယ်ရန်ဖုန်း - 061-2248-387 (ma nandar)

Original Poet #ဘာညာထိုင်းလန်း

24/01/2024

Happy chinese new year အကြို
ထိုင်းနိူင်ငံရှိ Big c နဲ့ ကုန်တိုက်များတွင်
အထူးလျှော့စျေးများဖြင့်
ရောင်းချနေတဲ့မြင်ကွင်းပဲ​ဖြစ်ပါတယ်။

#ဘာညာထိုင်းလန်း

23/01/2024

ထိုင်းမှာ ၁၀ ရက်မိုးရွာမယ်လို့
မိုးလေဝသဌာန ခန့်မှန်းထား

ထိုင်း မိုးလေဝသဌာန က ဒီလ ၂၃ ရက်ကနေ ၃၁ ရက်နေ့အထိ ၁၀ ရက်မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ထိုင်း မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းမှာ မိုးကြိုးမုန်တိုင်းတွေ ရှိနိုင်ပြီး အပူချိန်မြင့်တက်နိုင်တယ်လို့ ပြောပါထားတယ်။

#ဘာညာထိုင်းလန်း

ယခုယှဥ်ပြိုင်ထိုးသက်နေတဲ့ ဆွန်လိုင်မန်@ထွန်းမင်းနိူင် ပွဲစဥ်အား အောက်ပါ Live တွင်ကြည့်ရူ့ပါ။https://fb.watch/pGaiIb3CKo/...
19/01/2024

ယခုယှဥ်ပြိုင်ထိုးသက်နေတဲ့ ဆွန်လိုင်မန်@ထွန်းမင်းနိူင် ပွဲစဥ်အား အောက်ပါ Live တွင်ကြည့်ရူ့ပါ။

https://fb.watch/pGaiIb3CKo/?mibextid=Nif5oz

#ဘာညာထိုင်းလန်း

11.26.2023 ထိုင်းဖိုက်ပွဲစဥ်မနက်ဖြန်ဆိုရင် ကယန်းဂုဏ်ဆောင်Vero Nika (​မြန်မာ) Vs Zahra (အီရန်)ညနေ၅နာရီခါးပါတ်လုပွဲသို့တက်...
25/11/2023

11.26.2023 ထိုင်းဖိုက်ပွဲစဥ်

မနက်ဖြန်ဆိုရင် ကယန်းဂုဏ်ဆောင်
Vero Nika (​မြန်မာ) Vs Zahra (အီရန်)

ညနေ၅နာရီ

ခါးပါတ်လုပွဲသို့တက်ရောက်ရန် အကြိုဖိုင်နယ်ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပါတယ်

နေရာကတော့ ဖါ့ပဒဲ စမူပါကန် ဘန့်ကကျောက်မှာဖြစ်မှာပါတယ်။

ဘရာဇီးလ် ဘောလုံးကြယ်ပွင့် ရော်နယ်ဒင်ဟို ဘန်ကောက်သို့အလည်အပတ်လာရောက်မယ်။ဘန်ကောက်မှာ ကျင်းပမယ့် 6th World Teqball Champion...
24/11/2023

ဘရာဇီးလ် ဘောလုံးကြယ်ပွင့် ရော်နယ်ဒင်ဟို ဘန်ကောက်သို့အလည်အပတ်လာရောက်မယ်။

ဘန်ကောက်မှာ ကျင်းပမယ့် 6th World Teqball Championships 2023 ပြိုင်ပွဲမှာ ဘရာဇီးလ် ဘောလုံးကြယ်ပွင့် ရော်နယ်ဒင်ဟို အထူးဧည့်သည်အဖြစ် လာရောက်မယ်လို့ သိရပါတယ်။

အဲ့ဒီ ပွဲမှာ ဘရာဇီးလ်ကြယ်ပွင့်နဲ့အတူ ကမ္ဘာ့အကောင်းဆုံး Teqball အားကစားသမားတွေကိုလည်း အနီးကပ်တွေ့ခွင့်ရမှာပါ။

Championships ပြိုင်ပွဲဟာ ဥရောပပြင်ပ ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီး လာမယ့် နိုဝင်ဘာ ၂၉ ရက်ကနေ ဒီဇင်ဘာ ၃ ရက်အထိ Bangkok Arena, Indoor Stadium Huamark တို့မှာ ကျင်းပပြု လုပ်သွားမှာဖြစ်ပါတယ်။

World Teqball Championships ပွဲကိုတက်ရောက်လာမယ့် ဘောလုံးကြယ်ပွင့် ဒင်ဟိုက ဒီဇင်ဘာ ၂ - ၃ ရက်တွေမှာ ပရိသတ်တွေနဲ့တွေ့ဆုံပြီး လက်မှတ်ရေးထိုး၊ အမှတ်တရဓာတ်ပုံတွေလည်း ရိုက်ကူး ပေးသွားမယ်လို့ သိရပါတယ်။

မကြာသေးမီက ဆိုရှယ်မီဒီယာပေါ် မျှဝေထားတဲ့ ဗွီဒီယိုတစ်ခုထဲ ရော်နယ်ဒင်ဟိုဟာ ထိုင်းနိုင်ငံသို့ လာရောက်ဖို့ စိတ်လှုပ်ရှားနေပြီး Teqball ဝါသနာရှင်တွေနဲ့ ပရိသတ်တွေကို လာရောက်ကြည့်ရှု အားပေးကြဖို့ ဖိတ်ခေါ်ခဲ့ပါ တယ်။

Ref:nationalthailand

#ဘာညာထိုင်းလန်း

19/11/2023

ထိုင်းနိူင်ငံမှာ ဒီလ ၂၆/၂၇ ရက်တွေမှာကျင်းပမယ့် လွယ်ကထုန်မီးမျောပွဲဟာ ဘယ်နေရာတွေမှာ စည်းကားလဲ ကျနော်တို့မြန်မာတွေအများဆုံးဘယ်နေရာတွေမှာ သွားရောက်လည်ပတ်ကြလဲနဲ့ သွားရောက်လည်ပတ်သင့်လဲဆိုတာကိုတော့....

#ဘာညာထိုင်းလန်း

2023-24 ဘောလုံးအသင်းတွေ ဝတ်ဆင်ကစားမယ့် အင်္ကျီးများလဲအသင်းလိုက်/တထည်ချင်း မှာယူနိူင်ပါတယ်ဗျ။တစုံ= 3️⃣5️⃣0️⃣🅱Great.အင်္ကျ...
22/07/2023

2023-24 ဘောလုံးအသင်းတွေ ဝတ်ဆင်ကစားမယ့် အင်္ကျီးများလဲအသင်းလိုက်/တထည်ချင်း မှာယူနိူင်ပါတယ်ဗျ။

တစုံ= 3️⃣5️⃣0️⃣🅱

Great.အင်္ကျီးသီးသန့် =5️⃣5️⃣0️⃣🅱

#အထွေထွေလူသုံးကုန်ပစွည်း

cb & 0947647473

15/07/2023

စူကိုဝပ်ပန်းခြံလို့ခေါ်တဲ့
Benchakitti Park(เบญจกิตติ) ကိုသွားကြည့်ရအောင်🏃

🏞တည်နေရာ

Ratchadaphisek Rd, Khlong Toei, Bangkok 10110



02/07/2023

ဘောလုံးဝါသနာရှင် ညီ ကို များအတွက်လဲ နာမည်ကြီး တွေဖြစ်တဲ့ Nike adidas puma Mizuno ကိုယ်တိုင်လိုက်ဝယ်ပေးသလို မှာယူအားပေးတဲ့ ညီကို များကိုလည်း ဝန်ဆောင်မှု့သက်သာစွာနဲ့ ထိုင်းနိူင်ငံနေရာစုံပို့ပေးပါတယ်ဗျ"

⚽ အသင်းလိုက်ဝတ်စုံများ
7️⃣ကိုယ်ပိုင်ဒီဇိုင်း နဲ့ နံပါတ်များ
🇲🇲🇹🇭 နောက်ဆုံးပေါ် နိူင်ငံ ကလပ်အသင်း ဝတ်စုံများလည်းမှာယူရရှိနိူင်ပါသည်။



ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Dolayผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์