Phyu Pyar Linn- Soulfood by pp

Phyu Pyar Linn- Soulfood by pp ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Phyu Pyar Linn- Soulfood by pp, ครีเอเตอร์ดิจิทัล, Bangkok.

ဘော့ချိတ်ပုစွန်ချဉ်ပေါင်ကြော်နည်း​​ချဉ်ပေါင်ရွက်(၃)စည်းကို သေချာဆေးကြော၊ ရေစစ်ပြီး အိုးတခုထဲထည့် အပူချိန်အလယ်အလတ်နဲ့ ကြေ...
23/07/2026

ဘော့ချိတ်ပုစွန်ချဉ်ပေါင်ကြော်နည်း
​​ချဉ်ပေါင်ရွက်(၃)စည်းကို သေချာဆေးကြော၊ ရေစစ်ပြီး အိုးတခုထဲထည့် အပူချိန်အလယ်အလတ်နဲ့ ကြေနေအောင်မွှေပေးထားပါ
မျှစ်တစ်ဆယ်သားကိုဆေးပီး အနံ့စင်အောင် သေချာပြုတ်ထားပါ
ဘော့ချိတ်ပုစွန်(၂၀)သားကို သန့်စင်ပြီး အခွံနွှာ အရသာနယ်ထားပါ
​အိုးထဲ ဆီပူလာရင် ကြက်သွန်ဖြူ/နီ နဲ့ ငရုတ်သီးအ‌ရောင် တင်မှုန့်တို့ကို ဆီသတ်ပါတယ်။ ငရုတ်သီးဆီသတ်တဲ့အချိန်မှာ ငပိအနဲငယ်ကိုပါတစ်ခါတည်း ထည့်ကြော်ပေးထားပါ
​ဆီသတ်နံ့မွှေးလာပြီဆိုရင်တော့ ပြုတ်ထားတဲ့ မျှစ်တွေကို ထည့်ပြီး အရင်ဆုံး ကြော်ပေးပါတယ်။ အချိုမှုန့် ဆား ကြက်သားမှုန့်အရသာအနဲငယ်စီထည့်ပေးပါမယ်။
​မျှစ်လေးတွေ အရသာဝင်ပြီး မွှေးလာပြီဆိုမှ အရသာနယ်ထားတဲ့ ဘော့ချိတ်ပုစွန်လေးတွေ ထည့်ပြီး ခဏလုံးပေးထားပါ။
​ပုစွန်လေးတွေ ကျက်ခါနီးပြီဆိုရင် ကြေအောင်မွှေထားတဲ့ ချဉ်ပေါင်ရွက်တွေထည့်၊ အပေါ့အငန်အရသာထပ်ညှိပြီး သမအောင် မွှေကြော်ပေးရပါမယ်။
​ချဉ်ပေါင်ကြော်လေး ကျတ်ပြီဆိုရင်တော့ ပိုမွှေးပြီးစပ်စပ် လေးဖြစ်သွားအောင် ငရုတ်သီးစိမ်းလေးတွေ အုပ်ပြီး မီးပိတ်လိုက်ရုင်ရပါပီ..
ငရုတ်သီးစိမ်းနဲ့အတူ ပင်စိမ်းရွက်လေးပါထည့်ပေးရင် ပိုမွှေးပါတယ်။ အဆင်ပြေကျပါစေရှင်😊
#ချည်ပေါင်ကြော် #ဟင်းချက်နည်းများ &eat

ဝက်သုံးထပ်သား ကုဆိုင်ကြော်ဝက်သုံးထပ်သားကိုမပြုတ်ပဲ အ‌ခေါက်ဖယ်လှီး အတုံးသေးလေးတွေလှီးပီး ဂျင်း ကြက်သွန်နီ/ဖြူတွေနဲ့ အရင်က...
23/07/2026

ဝက်သုံးထပ်သား ကုဆိုင်ကြော်
ဝက်သုံးထပ်သားကိုမပြုတ်ပဲ အ‌ခေါက်ဖယ်လှီး အတုံးသေးလေးတွေလှီးပီး ဂျင်း ကြက်သွန်နီ/ဖြူတွေနဲ့ အရင်ကျတ်အောင်ကြော်လိုက်ပါတယ်
အရသာအတွက် ပဲငံပြာရည်အကြည်၊ ခရုဆီ၊ အချိုမှုန့်၊ဆား၊ သကြား၊အသားမှုန့်၊ ငရုတ်ကောင်းမှုန့်အနဲငယ်စီထည့်ပေးပါတယ်။
ဝက်သားကျတ်မှ ကုဆိုင်လေးထည့်ပီး ကြော်လိုက်ပါတယ်။
ကုဆိုင်အနံ့မွှေးမွှေးလေးနဲ့ စားကောင်းတဲ့ဟင်းတခွက်ရပါပီ😊😋
(ဝက်သားပြုတ်ထားတာရှိရင် ကြော်ရပိုမြန်ပါတယ်။)
#ဝက်သုံးထပ်သားကုဆိုင်ကြော် #ဟင်းချက်နည်းများ
&eat

ဒီနေ့ ချက်ဖြစ်တဲ့ ဟင်းအတွဲအစပ်လေးပါရှင်....ပုစွန်ချဉ်စပ်ကြော်ရွှေဖရုံသီးနှပ်မှိုကြော်နေ့စဉ် ချက်စရာ ဟင်းတွဲလေးတွေသိရနိုင...
23/07/2026

ဒီနေ့ ချက်ဖြစ်တဲ့ ဟင်းအတွဲအစပ်လေးပါရှင်....
ပုစွန်ချဉ်စပ်ကြော်
ရွှေဖရုံသီးနှပ်
မှိုကြော်

နေ့စဉ် ချက်စရာ ဟင်းတွဲလေးတွေသိရနိုင်ဖို့ page လေးကို follow လုပ်ထားဖို့ ဖိတ်ခေါ်အပ်ပါတယ်နော်😍😊


#ဟင်းချက်နည်းများ
&eat

ဒီနေ့အတွက်ချက်ဖြစ်တာလေးတွေပါရှင်🥗🍲ကြက်စပ်ကြော်သီးစုံပဲဟင်းရုံးပတီသီးကြော်       ゚
12/03/2026

ဒီနေ့အတွက်ချက်ဖြစ်တာလေးတွေပါရှင်🥗🍲
ကြက်စပ်ကြော်
သီးစုံပဲဟင်း
ရုံးပတီသီးကြော်

🎉 I've earned the fan favourite badge this week, recognising me for consistently having meaningful conversations with my...
12/03/2026

🎉 I've earned the fan favourite badge this week, recognising me for consistently having meaningful conversations with my fans while sharing unique, relatable content.
🎉 ဒီအပတ်မှာ မိတ်ဆွေတွေနဲ့ အဓိပ္ပါယ်ရှိတဲ့ စကားဝိုင်းတွေ ပြောဆိုပီး လူတိုင်းနဲ့ ဆက်စပ်လို့ရတဲ့ content တွေ မျှဝေပေးနိုင်ခဲ့တဲ့အတွက် fan favourite badge ကိုရရှိတာဖြစ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်😍😘

အသက်ကြီးလာတာနဲ့ အမျှ "သက်သောင့်သက်သာရှိတဲ့ လူမှုဆက်ဆံရေး" ဆိုတာ သိပ်ရိုးရှင်းမှန်း တဖြည်းဖြည်း နားလည်လာတယ်🤍အစားကောင်း အသ...
12/03/2026

အသက်ကြီးလာတာနဲ့ အမျှ
"သက်သောင့်သက်သာရှိတဲ့ လူမှုဆက်ဆံရေး" ဆိုတာ သိပ်ရိုးရှင်းမှန်း တဖြည်းဖြည်း နားလည်လာတယ်🤍

အစားကောင်း အသောက်ကောင်းတွေ စားရမယ် မဆိုဘူး....
ဒါပေမဲ့ အတွေးတူ၊ အပေးအယူမျှတဲ့ လူနဲ့ အတူစားရရင် ပိုစားကောင်းတယ်

ကြီးကျယ်တဲ့ အကြောင်းအရာတွေ ပြောစရာမလိုဘူး... ရောက်ရာပေါက်ရာ နေ့စဉ်ဘဝ အသေးအဖွဲတွေ၊ ရယ် မောစရာလေးတွေ ပြောနေရုံ ၊ ပေါ့ပေါ့ပါးပါး စနောက်ရုံတင် စားသောက်ဝိုင်းက ပိုနွေးထွေးပီး ပိုအဓိပ္ပာယ်ရှိသွားတယ်✅

လိုင်းတူတဲ့လူ၊ အပေးအယူ မျှတဲ့ လူဆိုရင် စကား တစ်ခွန်းနှစ်ခွန်းနဲ့တင် နားလည်တယ်..
သတိထားဖို့ မလိုသလို ဟန်ဆောင်ဖို့လည်း မလိုဘူး..

အသက်ကြီးလာတာနဲ့အမျှ သက်သောင့်သက်သာဖြစ်စေတဲ့သူတွေကိုပဲ အချိန်ပေးဖြစ်တော့တယ်...

ကိုယ်နဲ့ မကိုက်ညီတဲ့ အသိုင်းအဝိုင်းထဲ ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် တွန်းပို့မနေတော့သလို သူတစ်ပါး ကျေ နပ်အောင် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့လည်း မလိုတော့ဘူး...

တကယ်တော့ ဘဝက ဒီလောက် မရှုပ်ထွေးပါဘူး
ကိုယ်နဲ့ သဘောထားချင်းတူတဲ့ လူနဲ့ ပေါင်းရင်
နေ့ရက်တွေက ပေါ့ပါးပီး နွေးထွေးပါတယ်🍀🍀🍀

မဂ်လာအပေါင်းနဲ့ပြည့်စုံတဲ့ မနက်ခင်းလေးဖြစ်ပါစေရှင်🍀🍀🍀ယနေ့ တနေ့တာလုံး အဆင်ပြေပျော်ရွှင်ကျပါစေ🙏လုံးစုံများစွာသတ္တဝါ ချမ်းသ...
12/03/2026

မဂ်လာအပေါင်းနဲ့ပြည့်စုံတဲ့ မနက်ခင်းလေးဖြစ်ပါစေရှင်🍀🍀🍀
ယနေ့ တနေ့တာလုံး အဆင်ပြေပျော်ရွှင်ကျပါစေ🙏
လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ🙏

အိမ်မှာချက်ဖြစ်တဲ့ (၁)လစာ ဟင်းအတွဲအစပ်လေးများပါရှင်😊🥗🍲အိမ်ရှင်မများ တရက်တာ ဘာချက်ရမယ် မစဉ်းစားရအောင် share ပီးသိမ်းထားနိ...
07/03/2026

အိမ်မှာချက်ဖြစ်တဲ့ (၁)လစာ ဟင်းအတွဲအစပ်လေးများပါရှင်😊🥗🍲
အိမ်ရှင်မများ တရက်တာ ဘာချက်ရမယ် မစဉ်းစားရအောင် share ပီးသိမ်းထားနိုင်ပါတယ်ရှင့်😍
လွယ်ကူရိုးရှင်းတဲ့ ဟင်းချက်ဗီဒီယိုလေးများကိုလဲ တင်ပေးနေတာမို့ pageကိုfollow လုပ်ထားနိုင်ပါတယ်ရှင့်😍😊

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Phyu Pyar Linn- Soulfood by ppผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์