Market Beat ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Market Beat, ครีเอเตอร์ดิจิทัล, Sathorn 11, Bangkok.

​နေ့စဥ် နိုင်ငံခြား​ငွေလဲနှုန်း၊ ကမ္ဘာ့​​ရွှေ​ဈေး၊ မြန်မာ့​ရွှေ​ဈေး​တွေနဲ့ ပဲမျိုးစုံ​ဈေးကွက်သတင်း၊ ပြည်တွင်းပြည်ပ စီးပွား​ရေးသတင်း​တွေကို တင်ပြ​ပေး​နေပါတယ်။ YouTube မှာလည်း Market Beat ချန်နယ် ဖွင့်လှစ်ထားပြီး စီးပွား​ရေးသတင်း​​တွေကို တင်ဆက်​ပေး​နေပါတယ်။

02/06/2026

အိန္ဒိယ ကောက်ပဲသီးနှံနဲ့ ပဲမျိုးစုံအသင်း IPGA က အခု ဇွန်လပထမပတ်အတွက် မတ်ပဲဈေးကွက်ကို ဘယ်လို ခန့်မှန်းထားသလဲဆိုတာ တင်ဆက်လိုက်ပါတယ်။ #မတ်ပဲ #မတ်ပဲဈေး #အိန္ဒိယ_မတ်ပဲ

မတ်ပဲ (FAQ/RC)  (2026 Crop)  3,055,000/-MTမတ်ပဲ (SQ/RC)  (2026 Crop)  3,350,000/-MTပဲစဉ်းငုံ(Red/RC)  (2026 Crop) 3,125,...
02/06/2026

မတ်ပဲ (FAQ/RC) (2026 Crop) 3,055,000/-MT
မတ်ပဲ (SQ/RC) (2026 Crop) 3,350,000/-MT
ပဲစဉ်းငုံ(Red/RC) (2026 Crop) 3,125,000/- MT

ဒီနေ့ 2.6.2026 ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးပါ။ မနေ့ကနဲ့ ယှဉ်ရင် မတ်ပဲ၊ ပဲစဉ်းငုံဈေးတွေ ဆက်လက် ကျဆင်းလာပါတယ်။

ဒီနေ့ မတ်ပဲ Raw သုံးတင်းကို ကျပ် 298,500 နဲ့ စဖွင့်လာတဲ့အတွက် မနေ့ကအဖွင့်ဈေးအတိုင်း တည်ငြိမ်နေပေမဲ့ နောက်ပိုင်းမှာ 297,500 ကို ကျလာပါတယ်။

မတ်ပဲ Raw ဈေးဟာ သုံးထိပ်စီးအောက်ကနေ ပြန်မတက်နိုင်ဘဲ 298,000 နဲ့ 299,500 ဝန်းကျင်မှာ လည်နေရာက ဒီနေ့မှာ 297,500 ကို ထပ်ကျလာတာ ဖြစ်ပြီး ဒိုင်မှာလည်း ဈေးချရောင်းနေတယ်လို့ သိရပါတယ်။

အခု ဈေးနှုန်းသတင်းအချက်အလက်ကို 𝙈𝙖𝙧𝙠𝙚𝙩 𝘽𝙚𝙖𝙩 က စုစည်းတင်ပြပါတယ်။ ပြန်ကူးတင်ခွင့် မပြုပါ။ ရှဲပေးနိုင်ပါတယ်။ #မတ်ပဲ #ပဲစင်းငုံ #ပဲစဉ်းငုံ

✅ 2.6.2026  ဒီနေ့ နယ်ပဲမျိုးစုံဈေးနှုန်း✅ဒီဈေးနှုန်းသတင်းအချက်အလက်တွေကို𝙈𝙖𝙧𝙠𝙚𝙩 𝘽𝙚𝙖𝙩 က စုစည်းတင်ဆက်ပါတယ်။ပြန်ကူးတင်ခွင့်၊...
02/06/2026

✅ 2.6.2026 ဒီနေ့ နယ်ပဲမျိုးစုံဈေးနှုန်း✅
ဒီဈေးနှုန်းသတင်းအချက်အလက်တွေကို
𝙈𝙖𝙧𝙠𝙚𝙩 𝘽𝙚𝙖𝙩 က စုစည်းတင်ဆက်ပါတယ်။
ပြန်ကူးတင်ခွင့်၊ (လုံးဝ) ခွင့်မပြုပါ။ 🚫

မတ်ပဲ 96,500/97,500/98,000
မင်းလှမတ်ပဲ (ခန့်မှန်း)104,700/105,700 22viss
မတ်ပဲ (အောင်လံ) 79,000/89,000
ပဲစဉ်းငုံနီ (ဟ) 88,000
ပဲစင်းငုံနီ (သ) 94,000/96,000/96,400
ပဲတီစိမ်းရွှေဝါ (မော်လမြိုင်) 110,000
ပဲတီစိမ်းခရမ်း (ရေဆင်း) ထိပ်စ 118,000/120,000
ပဲတီစိမ်းခရမ်း (ရေဆင်း) လတ်စ 113,000/115,000
ပဲတီစိမ်း ခရမ်းရွှေဝါ 132,000/134,000
ပဲတီစိမ်း ဝါးခယ်မ (ရန်ကုန်) 430,000 60viss
ပဲတီစိမ်းအညာ (မန်း) 270,000 - 290,000 56.25viss
ပဲကြီး (မုံရွာ) 185,000/190,000
ပဲဒီစိမ်းကြီး 78,000/90,000 19viss/92,000/93,000
ပဲနီလုံးကြား 110,000/115,000
ကုလားပဲ HL 80,000/81,500/82,000
ကုလားပဲ 929 73,800
ထောဖြူ ကျွန်း 69,500
ပြောင်းဈေး (အေးသာယာ) 1,600 1viss
ပြောင်းဈေး (ရွှေပြည်သာ) 1,870/1,900 1viss

✅ ဒီနေ့မှာ မတ်ပဲ Raw ဈေးကို 298,500 နဲ့ စဖွင့်လာတဲ့အတွက် အရင်ရက် အဖွင့်ဈေးတွေအတိုင်း ငြိမ်နေပေမဲ့ အခုတော့ 297,500 ကို ကျလာပါတယ်။ ရန်ကုန်၊ ဘုရင့်နောင်ဒိုင်မှာလည်း FAQ/RC တွေကို ဈေးချရောင်းနေတယ်လို့ သိရပါတယ်။

👉 ရန်ကုန်နဲ့ နယ်ကုန်စည်ဒိုင်တွေရဲ့ ပဲဈေးတွေကို 𝙈𝙖𝙧𝙠𝙚𝙩 𝘽𝙚𝙖𝙩 က သိရသလောက် စုစည်းတင်ပြပေးတာပါ။ အရည်အသွေးနဲ့ နေရာဒေသအလိုက် အချိန်ပေါ် မူတည်ပြီး ဈေး အပြောင်းအလဲ ရှိနိုင်ပါတယ်။

❗(ပုံတွေ၊ စာတွေကို ပြန်ကူးတင်ခွင့် မပြုပါ၊ လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။)❗ #မတ်ပဲ #ပဲစင်းငုံ #ပဲတီစိမ်း

အိန္ဒိယနိုင်ငံမှာ လတ်တလော ဈေးကွက်ထဲ ပဲစဉ်းငုံအဝင် ပုံမှန်ရှိနေပြီး ဝယ်လိုအားကလည်း လိုသလောက်ပဲ ဝယ်နေကြတာမို့ ရေတိုကာလအတွင...
02/06/2026

အိန္ဒိယနိုင်ငံမှာ လတ်တလော ဈေးကွက်ထဲ ပဲစဉ်းငုံအဝင် ပုံမှန်ရှိနေပြီး ဝယ်လိုအားကလည်း လိုသလောက်ပဲ ဝယ်နေကြတာမို့ ရေတိုကာလအတွင်း ပဲစဉ်းငုံဈေးက သတ်မှတ်ဘောင်တစ်ခုထဲမှာပဲ အတက်အကျ သိပ်မရှိဘဲ ငြိမ်နေနိုင်တယ်လို့ အိန္ဒိယ ကောက်ပဲသီးနှံနဲ့ ပဲမျိုးစုံအသင်း (IPGA) က ပြောပါတယ်။

(အခု သတင်းအချက်အလက်ကို 𝙈𝙖𝙧𝙠𝙚𝙩 𝘽𝙚𝙖𝙩 က ရှာဖွေ တင်ပြပါတယ်။ ⛔ ပြန်ကူးတင်ခွင့် မပြုပါ။ ရှဲပေးနိုင်ပါတယ်။)

ပြည်ပပဲစဉ်းငုံတင်သွင်းရာမှာ တွက်ခြေမကိုက်ဘဲ တင်သွင်းမှု လျော့နည်းနေလို့သာ ပဲစဉ်းငုံဈေး အများကြီး ထိုးကျမသွားအောင် ထိန်းထားပေးနိုင်ပေမဲ့ ဝယ်လိုအားဘက်ကို ကြည့်ရင် လိုအပ်သလောက်ပဲ ဝယ်ယူတဲ့ အနေအထားမှာပဲ ရှိနေပါသေးတယ်။

ဒါ့အပြင် မဟာသျှတ္တရာပြည်နယ်ရဲ့ အဓိကဈေးကွက်တွေဖြစ်တဲ့ ဆိုလာပူရ်နဲ့ အကိုလာတို့မှာ ပြည်တွင်း ပဲအဝင်က ပုံမှန်လေး ရှိနေတာကြောင့် ဈေး အပေါ်တက်မလာအောင် တားဆီးထားသလို ဖြစ်နေပါတယ်။ ပဲစဉ်းငုံခွဲခြမ်းဘက်မှာလည်း ဝယ်လိုအား ပျော့နေတာက ဈေးတက်မလာရတဲ့ အကြောင်းရင်းတစ်ခုပဲလို့ ဆိုပါတယ်။

မိုးရာသီ ပဲစဉ်းငုံ မစိုက်ပျိုးခင်မှာ ဈေးကွက်အနေနဲ့ အယ်လ်နီညိုနဲ့ ပတ်သက်တဲ့ ရာသီဥတုအခြေအနေတွေကို ဆက်ပြီး စောင့်ကြည့်သွားမှာဖြစ်တယ်လို့ IPGA အသင်းက ပြောပါတယ်။ မုတ်သုံရာသီအတွင်း မိုးရေချိန်က ပုံမှန်အောက် လျော့နည်းနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေက ကာလလတ် (ရှေ့လတွေအတွင်း) ပဲစဉ်းငုံဈေးနှုန်း လှုပ်ခတ်မှုကို ဆုံးဖြတ်ပေးမယ့် အဓိကသော့ချက် ဖြစ်လာလိမ့်မယ်လို့လည်း ဆိုပါတယ်။

အရင်အပတ်ကတော့ အိန္ဒိယမှာ ပဲစဉ်းငုံဈေးတွေ ကျဆင်းခဲ့ပါတယ်။ အကြောင်းကတော့ ဈေးနှုန်းတွေက အစိုးရ သတ်မှတ်အခြေခံဈေး (MSP) ဖြစ်တဲ့ ၁၀၀ ကီလိုဂရမ်ကို အိန္ဒိယရူပီး ၈,၀၀၀ ဝန်းကျင် ဒါမှမဟုတ် အဲ့ဒီအထက်မှာပဲ ရှိနေလို့ ဝယ်သူတွေ လက်တွန့်ပြီး ဝယ်လိုအား ကျဆင်းသွားခဲ့တာကြောင့် ဖြစ်တယ်လို့ အသင်းက ပြောပါတယ်။

ဒါ့အပြင် ပဲအဝင် ပုံမှန်ရှိနေတာကလည်း ဈေးနှုန်းအပေါ် ဖိအားဖြစ်စေခဲ့တာပါ။ အက်ကိုလာဈေးကွက်မှာ ပဲစဉ်းငုံဈေးဟာ ရှေ့အရင်အပတ်ကထက် ရူပီး ၇၅ ကျပ်လောက် ကျဆင်းသွားပြီး ၁၀၀ ကီလိုဂရမ်ကို ၈,၀၇၅ ရူပီး ကနေ ၈,၁၀၀ ရူပီးကြားအထိ ဖြစ်ခဲ့ပါတယ်။ #ပဲစဉ်းငုံ #ပဲစင်းငုံ #အိန္ဒိယ_ပဲစဉ်းငုံ

02/06/2026

မတ်ပဲဈေးက ဒီအပတ်မှာလည်း ဆက်အေးနိုင်တယ်လို့ အိန္ဒိယပဲအသင်း IPGA က ခန့်မှန်းပါတယ်။ အသေးစိတ်ကို တင်ပေးပါမယ်။

2.6.2026 🔄 𝙈𝙖𝙧𝙠𝙚𝙩 𝘽𝙚𝙖𝙩 ✅ရန်ကုန်မတ်ပဲ Raw 298,500နယ်မတ်ပဲ (ခန့်မှန်း) 96,000/97,000 ဝန်းကျင်မင်းလှမတ်ပဲ (ခန့်မှန်း) 104,7...
02/06/2026

2.6.2026 🔄 𝙈𝙖𝙧𝙠𝙚𝙩 𝘽𝙚𝙖𝙩 ✅

ရန်ကုန်မတ်ပဲ Raw 298,500
နယ်မတ်ပဲ (ခန့်မှန်း) 96,000/97,000 ဝန်းကျင်
မင်းလှမတ်ပဲ (ခန့်မှန်း) 104,700/105,700 22viss
ပဲစဉ်းငုံနယ်ချေဈေး 95,000

ဒီနေ့ မတ်ပဲ Raw သုံးတင်းဈေးကို ကျပ် 298,500 နဲ့ စဖွင့်လာတဲ့အတွက် ရှေ့အရင်ရက်တွေအတိုင်း ငြိမ်နေပါတယ်။ မတ်ပဲ Raw ဈေးဟာ သုံးထိပ်စီးအပေါ်ကို မတက်နိုင်သေးဘဲ 298,000 ဈေးတန်းအောက်ကိုလည်း ထပ်မကျဘဲ သုံးထိပ်စီးအောက်မှာတင် လည်နေဆဲဖြစ်ပါတယ်။ #မတ်ပဲ (သတင်းစာသားနဲ့ပုံကို ပြန်ကူးတင်ခွင့် မပြုပါ

အခုဖြစ်ပေါ်လာနေတဲ့ အယ်လ်နီညို ရာသီဥတုပုံစံကြောင့် အိန္ဒိယနိုင်ငံရဲ့ မိုးသီးနှံစိုက်ပျိုးမှုကို ထိခိုက်နိုင်ပြီး စားသောက်...
01/06/2026

အခုဖြစ်ပေါ်လာနေတဲ့ အယ်လ်နီညို ရာသီဥတုပုံစံကြောင့် အိန္ဒိယနိုင်ငံရဲ့ မိုးသီးနှံစိုက်ပျိုးမှုကို ထိခိုက်နိုင်ပြီး စားသောက်ကုန်ဈေးနှုန်းတွေကို ပိုပြီးတော့ မြင့်တက်သွားစေနိုင်တယ်လို့ အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက သတိပေးလိုက်ပါတယ်။

ဘဏ္ဍာရေးဝန်ကြီးဌာနက စနေနေ့က ထုတ်ပြန်ခဲ့တဲ့ မေလအတွက် လစဉ်စီးပွားရေးသုံးသပ်ချက်မှာ ဒီအတိုင်း ဖော်ပြထားတာတာဖြစ်ပါတယ်။

(အခု သတင်းအချက်အလက်ကို 𝙈𝙖𝙧𝙠𝙚𝙩 𝘽𝙚𝙖𝙩 က ရှာဖွေ တင်ပြပါတယ်။ ⛔ ပြန်ကူးတင်ခွင့် မပြုပါ။ ရှဲပေးနိုင်ပါတယ်။)

အယ်လ်နီညိုကြောင့် မိုးရေချိန် လျော့နည်းသွားမယ်ဆိုရင် စားသောက်ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ကျေးလက်ဒေသ ဝယ်လိုအားနဲ့ တစ်နိုင်ငံလုံးရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်မှုဟာ မြန်ဆန်ပြင်းထန်နိုင်တယ် လို့ ဝန်ကြီးဌာနက ဆိုပါတယ်။ အခုလိုအခြေအနေဟာ ကမ္ဘာ့စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်နေတဲ့အချိန်နဲ့ပါ တိုက်ဆိုင်နေတာမို့ လက်ရှိရှိနေပြီးသား ကုန်ဈေးနှုန်းကြီးမြင့်မှုအခြေအနေကို ပိုပြီး ဆိုးရွားစေနိုင်ပါတယ်။

ရာသီဥတုနဲ့ပတ်သက်ပြီး စိုးရိမ်စရာတွေ ရှိနေပေမဲ့လည်း အိန္ဒိယအစိုးရကတော့ အခြေအနေကောင်းတစ်ခုမှာ ရှိနေတယ်လို့ ပြောပါတယ်။ ၂၀၂၆ ခုနှစ် ဧပြီလကုန်အထိ အိန္ဒိယစားနပ်ရိက္ခာကော်ပိုရေးရှင်းနဲ့ ပြည်နယ်အေဂျင်စီတွေမှာ စုဆောင်းထားတဲ့ ဆန်နဲ့ ဂျုံ လက်ကျန်ဟာ တန်ချိန် ၈၁.၇ သန်းကျော် ရှိနေပါတယ်။

ပြီးတော့ ဆည်တွေထဲမှာ ရေလှောင်ထားနိုင်မှုကလည်း ဆယ်စုနှစ်တစ်ခုစာ ပျမ်းမျှပမာဏရဲ့ ၁၂၃.၈၆ ရာခိုင်နှုန်းအထိ ရှိနေတာမို့ အလားအလာကောင်းပါတယ်။ ဒါ့အပြင် နွေရာသီသီးနှံစိုက်ပျိုးမှုဟာလည်း ပြီးခဲ့တဲ့နှစ်က ဟက်တာ ၈ သန်းခန့် ရှိခဲ့ရာကနေ အခုနှစ်မှာ ဟက်တာ ၈.၃ သန်းကျော်အထိ တိုးချဲ့ စိုက်ပျိုးထားနိုင်ခဲ့ပါတယ်။

အိန္ဒိယမိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ အခုနှစ် မိုးရာသီမိုးရေချိန်ဟာ ကာလရှည်ပျမ်းမျှမိုးရေချိန်ရဲ့ ၉၂ ရာခိုင်နှုန်းဝန်းကျင်သာ ရှိနိုင်ပြီး၊ အယ်လ်နီညိုနဲ့ အခြားရာသီဥတုအချက်အလက်တွေ ဘယ်လို အပြန်အလှန် သက်ရောက်မှု ရှိမလဲဆိုတဲ့အပေါ် မူတည်ပြီး မိုးရွာသွန်းမှုဟာ ပုံမှန်ထက်လျော့နည်းဖို့ ရာခိုင်နှုန်း တော်တော် များနေတယ်လို့ သိရပါတယ်။

သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် အိန္ဒိယနိုင်ငံက ဆန်စပါးအဓိကစိုက်ပျိုးတဲ့ ပြည်နယ်တွေမှာ ရေသွင်းစနစ် ကောင်းမွန်တာကြောင့် အယ်လ်နီညိုဖြစ်တဲ့နှစ်တွေမှာတောင် ဆန်ထုတ်လုပ်မှုက တောင့်ခံနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မိုးရေကိုပဲ အဓိကအားထားရပြီး မိုးရေသောက်စိုက်ပျိုးမြေတွေမှာ စိုက်ကြတဲ့ ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံတွေကတော့ အရင်ကဖြစ်ခဲ့ဖူးတဲ့ အယ်လ်နီညိုကာလတွေတုန်းက ထုတ်လုပ်မှု သိသိသာသာ ကျဆင်းခဲ့ဖူးပါတယ်။ #အယ်လ်နီညို #အပူချိန် #မုတ်သုံ #မိုးသီးနှံ #အိန္ဒိယ

မတ်ပဲ (FAQ/RC)  (2026 Crop)  3,060,000/-MTမတ်ပဲ (SQ/RC)  (2026 Crop)  3,370,000/-MTပဲစဉ်းငုံ(Red/RC)  (2026 Crop) 3,138,...
01/06/2026

မတ်ပဲ (FAQ/RC) (2026 Crop) 3,060,000/-MT
မတ်ပဲ (SQ/RC) (2026 Crop) 3,370,000/-MT
ပဲစဉ်းငုံ(Red/RC) (2026 Crop) 3,138,000/- MT

ဒီနေ့ 1.6.2026 ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးပါ။ စနေနေ့ဈေးနဲ့ ယှဉ်ရင် မတ်ပဲ၊ ပဲစဉ်းငုံဈေးတွေ နည်းနည်း ပြန်ကျပါတယ်။

ဒီနေ့ မတ်ပဲ Raw သုံးတင်းကို ကျပ် 298,500 နဲ့ပဲ စဖွင့်လာလို့ မနေ့ကအတိုင်း ဈေးငြိမ်နေပါတယ်။ မတ်ပဲ Raw ဈေးဟာ သုံးထိပ်စီးအပေါ် ပြန်မတက်နိုင်တာ အတော်ကြာနေပြီး သုံးထိပ်စီးအောက်မှာပဲ ဝဲလည်နေပါတယ်။

အခု ဈေးနှုန်းသတင်းအချက်အလက်ကို 𝙈𝙖𝙧𝙠𝙚𝙩 𝘽𝙚𝙖𝙩 က စုစည်းတင်ပြပါတယ်။ ပြန်ကူးတင်ခွင့် မပြုပါ။ ရှဲပေးနိုင်ပါတယ်။ #မတ်ပဲ #ပဲစင်းငုံ #ပဲစဉ်းငုံ

✅ 1.6.2026  ဒီနေ့ နယ်ပဲမျိုးစုံဈေးနှုန်း✅ဒီဈေးနှုန်းသတင်းအချက်အလက်တွေကို𝙈𝙖𝙧𝙠𝙚𝙩 𝘽𝙚𝙖𝙩 က စုစည်းတင်ဆက်ပါတယ်။ပြန်ကူးတင်ခွင့်၊...
01/06/2026

✅ 1.6.2026 ဒီနေ့ နယ်ပဲမျိုးစုံဈေးနှုန်း✅
ဒီဈေးနှုန်းသတင်းအချက်အလက်တွေကို
𝙈𝙖𝙧𝙠𝙚𝙩 𝘽𝙚𝙖𝙩 က စုစည်းတင်ဆက်ပါတယ်။
ပြန်ကူးတင်ခွင့်၊ (လုံးဝ) ခွင့်မပြုပါ။ 🚫

မတ်ပဲ 96,300/97,500
မင်းလှမတ်ပဲ (ခန့်မှန်း)104,700/105,700 22viss
မတ်ပဲ (အောင်လံ) 79,000/89,000
ပဲစဉ်းငုံနီ (ဟ) 88,500
ပဲစင်းငုံနီ (သ) 94,800/95,500/96,000/96,500/96,800
ပဲတီစိမ်းခရမ်း (ရေဆင်း) ထိပ်စ 118,000/120,000
ပဲတီစိမ်းခရမ်း (ရေဆင်း) လတ်စ 113,000/115,000
ပဲတီစိမ်း ခရမ်းရွှေဝါ 132,000/134,000
ပဲတီစိမ်း ဝါးခယ်မ (ရန်ကုန်) 430,000 60viss
ပဲတီစိမ်း ခရမ်း (ရန်ကုန်) 370,000 60viss
ပဲတီစိမ်းအညာ (မန်း) 265,000 - 300,000 56.25viss
ပဲကြီး (မုံရွာ - ယာကြီး) ++++++
ပဲဒီစိမ်းကြီး 80,000/92,000 19viss/95,000/98,000
ကုလားပဲ HL 80,000/81,500/82,000
ကုလားပဲ 929 73,800
ထောဖြူ ကျွန်း 70,500
ပြောင်းဈေး (ရွှေပြည်သာ) 1,860 1viss

✅ ဒီနေ့မှာ မတ်ပဲ Raw ဈေးကို 298,500 နဲ့ စဖွင့်လာတဲ့အတွက် မနေ့က အဖွင့်ဈေးအတိုင်း ငြိမ်နေပါတယ်။ မတ်ပဲဈေးဟာ သုံးထိပ်စီးအောက်မှာပဲဝေ့လည်နေလို့ ဒီအပတ်ထဲမှာ သုံးထိပ်စီးအပေါ် ပြန်တက်နိုင်မလားဆိုတာ ကြည့်ရပါလိမ့်မယ်။

👉 ရန်ကုန်နဲ့ နယ်ကုန်စည်ဒိုင်တွေရဲ့ ပဲဈေးတွေကို 𝙈𝙖𝙧𝙠𝙚𝙩 𝘽𝙚𝙖𝙩 က သိရသလောက် စုစည်းတင်ပြပေးတာပါ။ အရည်အသွေးနဲ့ နေရာဒေသအလိုက် အချိန်ပေါ် မူတည်ပြီး ဈေး အပြောင်းအလဲ ရှိနိုင်ပါတယ်။

❗(ပုံတွေ၊ စာတွေကို ပြန်ကူးတင်ခွင့် မပြုပါ၊ လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။)❗ #မတ်ပဲ #ပဲစင်းငုံ #ပဲတီစိမ်း

ဒီနေ့ ဇွန် ၁ ရက်၊ တနင်္လာနေ့မှာ အမေရိကန်ဒေါ်လာတန်ဖိုး တက်လာတာနဲ့ ရေနံစိမ်းဈေးတွေ မြင့်လာတာကြောင့် ကမ္ဘာ့ရွှေဈေး အနည်းငယ်...
01/06/2026

ဒီနေ့ ဇွန် ၁ ရက်၊ တနင်္လာနေ့မှာ အမေရိကန်ဒေါ်လာတန်ဖိုး တက်လာတာနဲ့ ရေနံစိမ်းဈေးတွေ မြင့်လာတာကြောင့် ကမ္ဘာ့ရွှေဈေး အနည်းငယ် ပြန်ကျသွားပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကလည်း အီရန်နိုင်ငံနဲ့ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ အဆိုပြုထားတဲ့ သဘောတူညီချက်အပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြည့်နေကြပါတယ်။

(အခု သတင်းအချက်အလက်ကို 𝙈𝙖𝙧𝙠𝙚𝙩 𝘽𝙚𝙖𝙩 က ရှာဖွေ တင်ပြပါတယ်။ ⛔ ပြန်ကူးတင်ခွင့် မပြုပါ။ ရှဲပေးနိုင်ပါတယ်။)

ကမ္ဘာ့ရွှေဈေးဟာ ဒီမနက်ပိုင်းက GMT ဝ.၃ ရာခိုင်နှုန်း ကျဆင်းပြီး တစ်အောင်စကို ၄,၅၂၁.၂၅ ဒေါ်လာ ဖြစ်သွားပါတယ်။ ပြီးခဲ့တဲ့ အပတ်က နှစ်ပတ်အတွင်း အမြင့်ဆုံးဈေးကို ရောက်ခဲ့ပြီးမှ အခုလို ပြန်ကျလာတာပါ။ အမေရိကန် သြဂုတ်လ ရွှေကြိုပွိုင့်ဈေးကတော့ ဝ.၉ ရာခိုင်နှုန်း ကျဆင်းပြီး ၄,၅၅၁.၆၀ ဒေါ်လာ ရှိခဲ့ပါတယ်။

"ရေနံဈေးကွက် ပြန်တက်လာတာရယ်၊ အမေရိကန်နဲ့ အီရန်ကြား သဘောတူညီချက်ကလည်း အခုထိ ရေရေရာရာ မရှိသေးတာရယ်ကြောင့် အခုသီတင်းပတ်အစမှာ ရွှေဈေးကို လှုပ်လာတယ်" လို့ KCM Trade ရဲ့ အကြီးတန်း ဈေးကွက်လေ့လာဆန်းစစ်သူ တင်မ်ဝါးတားရားက ပြောပါတယ်။

သမ္မတ ဒေါ်နယ်ထရန့်ကတော့ အီရန်နဲ့ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးမယ့် အဆိုပြုချက်ကို မကြာခင် ဆုံးဖြတ်တော့မယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က ပြောခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံနှစ်ခုကြားထဲမှာ အဓိကပဋိပက္ခ ဖြစ်နေတဲ့ ကိစ္စရပ်ကြီးတွေအပေါ် သဘောထား ကွဲလွဲနေတုန်းပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပိတ်ရက်တွေက အမေရိကန်ဘက်က အီရန်စစ်ဘက်ဆိုင်ရာစခန်းတွေကို တိုက်ခိုက်ခဲ့သလို၊ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကလည်း တနင်္လာနေ့မှာ အမေရိကန်စခန်းတစ်ခုကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ဒီလို အမေရိကန်နဲ့ အီရန်တို့ အပြန်အလှန်တိုက်ခိုက်မှုတွေ ရှိနေတဲ့အပြင်၊ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာလက်နက်ကိုင်အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ လက်ဘနွန်နိုင်ငံထဲကို အစ္စရေးက စစ်တပ်တွေ ပိုတိုးချဲ့ဖို့ အမိန့်ပေးခဲ့ပြီးနောက်မှာ ရေနံဈေးတွေဟာ ၂ ရာခိုင်နှုန်းကျော်အထိ မြင့်တက်သွားပါတယ်။

ဒီမနက်မှာ အမေရိကန်ရေနံစိမ်းကြိုပွိုင့်ဈေးဟာ ၂.၂၉ ဒေါ်လာ (သို့မဟုတ်) ၂.၆၂ ရာခိုင်နှုန်း တက်ပြီး တစ်စည်ကို ၈၉.၆၅ ဒေါ်လာ ဖြစ်လာသလို၊ ဘရန့်ရေနံစိမ်းကြိုပွိုင့်ဈေးကလည်း ၂.၀၅ ဒေါ်လာ (သို့မဟုတ်) ၂.၂၅ ရာခိုင်နှုန်း တက်ပြီး တစ်စည်ကို ၉၃.၁၇ ဒေါ်လာ ဖြစ်ခဲ့ပါတယ်။ #ရေနံဈေး #ရွှေဈေး #စက်သုံးဆီ #ကမ္ဘာ့ရွှေ

ที่อยู่

Sathorn 11
Bangkok
10120

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Market Beatผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์