YU KI KO Vlog ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก YU KI KO Vlog, ครีเอเตอร์ดิจิทัล, Bangkok.

𝗔 𝗕𝘂𝗿𝗺𝗲𝘀𝗲 𝘀𝗼𝘂𝗹 𝗶𝗻 ဖင်လန်

🇫🇮🇹🇭🇲🇲

ဖင်လန်နိုင်ငံအကြောင်း၊ ဗီဇာအကြောင်း၊ ရွှေ့ပြောင်းနေထိုင်မှုများအကြောင်း

YT ချန်နယ်မှာ ဖင်လန်နဲ့ပတ်သက်တဲ့ video များ တင်ထားပါတယ်။

🌱🥙
11/05/2026

🌱🥙

🇫🇮 ဖင်လန်နိုင်ငံရဲ့ နွေဦးကို ကြိုဆိုတဲ့ အကြီးကျယ်ဆုံး Vappu ပွဲတော်! 🎈ဒီကနေ့ မေလ ၁ရက်နေ့ဟာ Vappu ပွဲတော်နေ့ ဖြစ်တာကြောင်...
01/05/2026

🇫🇮 ဖင်လန်နိုင်ငံရဲ့ နွေဦးကို ကြိုဆိုတဲ့ အကြီးကျယ်ဆုံး Vappu ပွဲတော်! 🎈

ဒီကနေ့ မေလ ၁ရက်နေ့ဟာ Vappu ပွဲတော်နေ့ ဖြစ်တာကြောင့် ဖင်လန်တစ်နိုင်ငံလုံးအနှံ့ ပျော်ရွှင်စွာ ဆင်နွှဲကြတဲ့နေ့ ဖြစ်တဲ့အလျောက် Tampere မြို့လယ်ခေါင်မှာလည်း အဖြူရောင်ဘွဲ့ဦးထုပ်လေးတွေ၊ အရောင်စုံပူဖောင်းတွေနဲ့ လူတွေအပြည့်ပါပဲ။ မြို့တစ်မြို့လုံး အခုလို သက်ဝင်လှုပ်ရှားနေတာ ကြည့်လို့ကောင်းကောင်းနဲ့ ရိုက်မိရိုက်ရာ ပုံလေးတွေ မျှဝေရင်း “ hyvää Vappua” လို့ နှုတ်ဆက်လိုက်ရပါတယ်။ 🥂🥂

Hauskaa Vappua! 🇫🇮✨

ဒီညတော့ ဖိုင်နယ်အဆင့်အဖြစ် The Voice of Finland ရဲ့ Grand Final ပြိုင်ပွဲကြီး ပြီးဆုံးသွားခဲ့ပါပြီ။ 🔥 The Voice of Finla...
24/04/2026

ဒီညတော့ ဖိုင်နယ်အဆင့်အဖြစ် The Voice of Finland ရဲ့ Grand Final ပြိုင်ပွဲကြီး ပြီးဆုံးသွားခဲ့ပါပြီ။

🔥 The Voice of Finland ရဲ့ Finalist အဖြစ် Saw Shane! 🇲🇲🔥

ဒီညမှာ The Voice of Finland ရဲ့ ပြိုင်ပွဲကြီးရဲ့ ခရီးစဉ်က ပြီးဆုံးသွားခဲ့ပါပြီ။ အမြင့်ဆုံး winner ဆုကြီးနဲ့ လွဲချော်ခဲ့ရပေမယ့် ဒီလောက်အဆင့်အထိ ၊ ဥရောပနိုင်ငံတစ်ခုရဲ့ အကြီးမားဆုံး National TV ပြိုင်ပွဲကြီးတစ်ခုမှာ များပြားလှတဲ့ ပြိုင်ပွဲဝင်တွေကို ကျော်ဖြတ်ပြီး **Grand Final** အထိ တက်လှမ်းနိုင်ခဲ့တဲ့ ပထမဦးဆုံးသော မြန်မာနိုင်ငံသား ဖြစ်နေခဲ့တာနဲ့တင် ဂုဏ်ယူဖို့ အင်မတန်ကောင်းလှပါပြီ။
ဒီအဆင့်ထိ ရောက်ခဲ့ပြီး မှတ်တိုင်တစ်ခု ရေးထိုးနိုင်ခဲ့ပြီမို့ အရမ်းပဲ ဝမ်းသာဂုဏ်ပြုပါတယ် ❤️
Yu Ki Ko Vlog မှ မူရင်း ရေးသားသည်။

#ဖင်လန်

Indoor အပင်စိုက် DIY day
23/04/2026

Indoor အပင်စိုက် DIY day

𝙏𝙝𝙚 𝙑𝙤𝙞𝙘𝙚 𝙤𝙛 𝙁𝙞𝙣𝙡𝙖𝙣𝙙 ပြိုင်ပွဲကြီးရဲ့ ခက်ခဲတဲ့အဆင့်ဆင့်ကို ဖြတ်ကျော်ပြီး (ဒီနေ့ည ဆီမီးဖိုင်နယ်ပြိုင်ပွဲအပြီးမှာ) အခုဆိုရ...
17/04/2026

𝙏𝙝𝙚 𝙑𝙤𝙞𝙘𝙚 𝙤𝙛 𝙁𝙞𝙣𝙡𝙖𝙣𝙙 ပြိုင်ပွဲကြီးရဲ့ ခက်ခဲတဲ့အဆင့်ဆင့်ကို ဖြတ်ကျော်ပြီး (ဒီနေ့ည ဆီမီးဖိုင်နယ်ပြိုင်ပွဲအပြီးမှာ) အခုဆိုရင်တော့ ဖင်လန်ရောက် မြန်မာ ကွန်မြူနတီမှ ကရင်တိုင်းရင်းသားတစ်ဦးဖြစ်တဲ့ Ko Saw Shane ဟာ Grand Final (ဖိုင်နယ်အဆင့်) ကို တရားဝင် တက်လှမ်းသွားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

ဖိုင်နယ်ပွဲစဉ်ကြီးမှာလည်း မိမိရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ထုတ်ပြနိုင်ပြီး အမြင့်ဆုံး အောင်မြင်မှု သရဖူကို ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

ရှေ့ဆက်ရမယ့် အနုပညာခရီးလမ်းမှာလည်း ဒီထက်မက အောင်မြင်ပါစေ ထပ်မံပြီးတော့ ဂုဏ်ပြုပါတယ်! 💐👏
Edit: ဒီနေ့ ဒိုင်အကြိုက်အရလည်း ရွေးချယ်ခံပြီး voting result နဲ့ ပေါင်းစပ်ရွေးချယ်အပြီးမှာ အနိုင်ရရှိတဲ့အတွက် နောက်ဆုံးအဆင့်ကို တက်လှမ်းခဲ့ပါတယ်။

Tampere တရုတ်ဆိုင် (အာရှဆိုင်) မှာ ကန်စွန်းရွက်တွေ လတ်လတ်ဆတ်ဆတ် ရောက်လို့ ☺️ … ရုံးပတီကတော့ အရမ်းမလတ်တော့ပေမယ့် ချက်ချင်...
17/04/2026

Tampere တရုတ်ဆိုင် (အာရှဆိုင်) မှာ ကန်စွန်းရွက်တွေ လတ်လတ်ဆတ်ဆတ် ရောက်လို့ ☺️ …
ရုံးပတီကတော့ အရမ်းမလတ်တော့ပေမယ့် ချက်ချင်း/ မနက်ဖြန် တန်းစားရင်တော့ ကောင်းမှာပါ။

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်သစ်ကူးအခါသမယမှာ မိတ်ဆွေများအားလုံး၊ မြန်မာပြည်သူပြည်သားများအားလုံး၊ ဖင်လန်ရောက် မြန်မာ မ...
17/04/2026

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်သစ်ကူးအခါသမယမှာ မိတ်ဆွေများအားလုံး၊ မြန်မာပြည်သူပြည်သားများအားလုံး၊ ဖင်လန်ရောက် မြန်မာ မိသားစုများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း Yu Ki Ko Vlog လေးကနေ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

On the occasion of the Myanmar New Year 1388, I would like to send my best wishes from Yu Ki Ko Vlog for all my friends from Myanmar and Myanmar families in Finland to be healthy and wealthy in both body and mind.



#မြန်မာနှစ်သစ်ကူး
#သင်္ကြန်

16/04/2026

ဖင်လန်ရဲ့ UAS ဝင်ခွင့်စာမေးပွဲဖြေထားတဲ့သူတွေ ဒီနေ့ ရမှတ် results တွေ ရနေကြပြီလို့ ကြားတယ်။ ဒါဆိုရင် ဖင်လန် တက္ကသိုလ်တွေရဲ့ bachelor ဝင်ခွင့် admission တွေလည်း ရကြပါတော့မယ်။

မနေ့က Tampere သွားရင်းနဲ့ အသစ်ဖွင့်တဲ့ မြန်မာဆိုင်လေးဆီ တစ်ခါ ထပ်ရောက်ဖြစ်ပါတယ်၊ Tampere က မိတ်ဆွေနဲ့ ဆုံဖြစ်ကြဖို့ နေ့လ...
14/04/2026

မနေ့က Tampere သွားရင်းနဲ့ အသစ်ဖွင့်တဲ့ မြန်မာဆိုင်လေးဆီ တစ်ခါ ထပ်ရောက်ဖြစ်ပါတယ်၊ Tampere က မိတ်ဆွေနဲ့ ဆုံဖြစ်ကြဖို့ နေ့လယ်စာအချိန်မှာ ချိန်းကြတော့ တိုက်တိုက်ဆိုင်ဆိုင် lunch buffet စပြီးရောင်းတဲ့နေ့ ဖြစ်နေတာနဲ့ (သီရိလင်္ကာမှ) မိတ်ဆွေကလည်း စားကြည့်မယ်ဟု ဆိုဖြစ်ရင်း ရောက်ဖြစ်သွားကြတာပါပဲ။
Tampere ကတော့ ဖင်လန်မှာ တော်တော်လေး အကြိုက်တွေ့တဲ့မြို့ ဖြစ်နေတုန်းပဲ 💙

❓ဂျာမန်စကားသင်ရမလား၊ ဖင်းစကားသင်ပြီး ဖင်လန်သွားသင့်လား❓ဥရောပမှာ ပညာသင်ဖို့ ဒါမှမဟုတ် အခြေချဖို့ စဉ်းစားတဲ့အခါ "ဘာသာစကား"...
08/04/2026

❓ဂျာမန်စကားသင်ရမလား၊ ဖင်းစကားသင်ပြီး ဖင်လန်သွားသင့်လား❓

ဥရောပမှာ ပညာသင်ဖို့ ဒါမှမဟုတ် အခြေချဖို့ စဉ်းစားတဲ့အခါ "ဘာသာစကား" က အဓိက အဟန့်အတားတစ်ခု ဖြစ်နေတတ်ပါတယ်။ အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ လူစိတ်ဝင်စားမှုအများဆုံးဖြစ်တဲ့ ဂျာမန် (German) နဲ့ ဖင်း (Finnish) ဘာသာစကားနှစ်ခုကို နည်းနည်း နှိုင်းယှဉ်ကြည့်မိတယ်။

ဘာသာစကားတစ်ခုကို သင်ယူတော့မယ်ဆိုရင် "ဘယ်ဟာက ပိုလွယ်လဲ" ဆိုတာထက် **"ဘယ်ဟာက ကိုယ့်ရည်မှန်းချက်နဲ့ ပိုကိုက်ညီလဲ"** ဆိုတာက ပိုအရေးကြီးပါတယ်။ ဒါဆိုရင် ကိုယ့်အနေနဲ့ ဘယ်လိုအကြောင်းအရာတွေကို အခြေခံပြီး ရွေးကြည့်မလဲ။

# # 🇩🇪 ဂျာမန်ဘာသာစကား (German)
**"အခွင့်အလမ်းသစ်တွေရဲ့ တံခါးပေါက်"**
ဂျာမန်စာဟာ ကမ္ဘာပေါ်မှာ အသုံးအများဆုံး ဘာသာစကားတွေထဲက တစ်ခုဖြစ်ပြီး အလုပ်အကိုင်နဲ့ ပညာရေးအတွက် အလွန်အားကောင်းပါတယ်။
* **အလုပ်အကိုင် အခွင့်အလမ်း:** ဂျာမနီဟာ ဥရောပရဲ့ စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံဖြစ်တဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရှိနိုင်ပါတယ်။
* **ပညာရေး:** ဂျာမနီမှာ အခမဲ့ (သို့မဟုတ်) ကုန်ကျစရိတ်သက်သက်သာသာနဲ့ ကျောင်းတက်ချင်သူတွေအတွက် ဂျာမန်စာက မရှိမဖြစ်ပါ။

# # 🇫🇮 ဖင်လန်ဘာသာစကား (Finnish)
**"ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံရဲ့ လျှို့ဝှက်ချက်"**
ဖင်လန်စာကတော့ နည်းနည်း "Unique" ဖြစ်ချင်သူတွေနဲ့ ဖင်လန်နိုင်ငံရဲ့ လူနေမှုစနစ်ကို သဘောကျသူတွေအတွက်ပါ။
* **နေထိုင်မှု ဘဝအရည်အသွေး:** ဖင်လန်ဟာ ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် နှစ်စဉ် သတ်မှတ်ခံရပါတယ်။ အေးချမ်းတဲ့ ပတ်ဝန်းကျင်နဲ့ ကောင်းမွန်တဲ့ လူမှုဖူလုံရေးစနစ်ကို ခံစားချင်ရင် ဖင်လန်စာက သော့ချက်ပါ။
* **စိန်ခေါ်မှု:** ဖင်လန်စာဟာ အင်ဒို-ဥရောပ language family မဟုတ်တဲ့အတွက် အင်္ဂလိပ်စာ၊ ဂျာမန်စာတို့နဲ့ လုံးဝမတူပါဘူး။ **တော်တော်လေး ခက်ခဲတဲ့** ဘာသာစကားစာရင်းထဲမှာ ပါပါတယ်။
ဖင်းစကားပြောနိုင်ငံကတော့ ဖင်လန်နိုင်ငံ တစ်ခုတည်းမှာပဲ အများအားဖြင့် အဓိကပြောဆိုတာ ဖြစ်ပြီး ဖင်လန်မှာ အခြေချဖို့ အလုပ်လုပ်ဖို့ဆိုရင် မရှိမဖြစ်ပါပဲ။ ဆွီဒင်မြောက်ပိုင်းနဲ့ နော်ဝေမြောက်ပိုင်းက လူနည်းစုအချို့လည်း ပြောဆိုကြပြီး အက်စ်တိုးနီးယားဘာသာစကားနဲ့လည်း အနည်းငယ်ဆင်တူပါတယ်။

အေးအေးချမ်းချမ်းနဲ့ ဘဝအရည်အသွေး (Quality of Life) ကို မြှင့်တင်ချင်သူတွေအတွက် ဖင်းစာတတ်ထားရင် အခြေချဖို့ တော်တော်လေး လွယ်ကူသွားနိုင်ပါလိမ့်မယ်။

🌍 ဂျာမန်စကားပြောတဲ့ နိုင်ငံများ (The German-Speaking World)
ဂျာမန်ဘာသာစကားဟာ ဥရောပသမဂ္ဂ (EU) ထဲမှာ မိခင်ဘာသာစကားအဖြစ် အပြောအများဆုံး ဘာသာစကားဖြစ်ပြီး အဓိကအားဖြင့် အောက်ပါနိုင်ငံတွေမှာ ရုံးသုံးဘာသာစကားအဖြစ် အသုံးပြုကြပါတယ်။
• ဂျာမနီ (Germany): ဥရောပရဲ့ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်ပြီး နည်းပညာနဲ့ ကားထုတ်လုပ်ရေးမှာ ကမ္ဘာ့ထိပ်တန်းပါ။
• သြစတြီးယား (Austria): အနုပညာ၊ ဂီတနဲ့ ယဉ်ကျေးမှုအရမ်းကြွယ်ဝတဲ့နိုင်ငံဖြစ်ပြီး ဗီယင်နာ (Vienna) မြို့ဟာ ကမ္ဘာ့နေချင်စဖွယ်အကောင်းဆုံး မြို့စာရင်းမှာ အမြဲပါလေ့ရှိပါတယ်။
• ဆွစ်ဇာလန် (Switzerland): ကမ္ဘာ့ဘဏ်လုပ်ငန်းနဲ့ နာရီလုပ်ငန်းတွေရဲ့ ဗဟိုချက်ဖြစ်သလို၊ ဂျာမန်ဘာသာစကားဟာ ဆွစ်ဇာလန်ရဲ့ အဓိကဘာသာစကား ၄ ခုထဲက တစ်ခုဖြစ်ပါတယ်။
• ဘယ်လ်ဂျီယမ်၊ လူဇင်ဘတ်နဲ့ လစ်တင်စတိန်း (Belgium, Luxembourg, Liechtenstein): ဒီနိုင်ငံငယ်လေးတွေမှာလည်း ဂျာမန်စာဟာ ရုံးသုံးဘာသာစကားအဖြစ် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။

# # #ဖြည့်စွက်
ဥရောပမှာ အခြေချမယ်ဆိုရင် ဥရောပ ဘာသာစကားတစ်ခုခုကို တတ်မြောက်တာက အားသာချက်တစ်ခုမို့ ဒီစာစုလေး ရေးဖြစ်ပါတယ်။ ဒါက personal ရေးသားမှု ဖြစ်လို့ အကုန်မှန်တယ်လို့တော့ မယူဆစေလိုပေမယ့် ထည့်စဉ်းစားသင့်တဲ့အကြောင်းအရာလေးတွေအဖြစ်တော့ အသုံးဝင်နိုင်ပါလိမ့်မယ်။ အခုလက်ရှိမှာက အားလုံးသိကြတဲ့အတိုင်းပဲ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ စီးပွါးရေး အရင်လောက် အားမကောင်းတာကြောင့် နိုင်ငံတွေရဲ့ immigration policy တွေ ပြောင်းလဲမှုတွေအပါအဝင် update တွေကို (ဥပမာ ဖင်လန်မှာ အလုပ်လက်မဲ့ ရာခိုင်နှုန်း များလာတာမျိုး) လည်း ချိန်ထိုးစဉ်းစားရပါဦးမယ်။ ကိုယ့်ရဲ့ ရှိရင်းစွဲပညာ. အတွေ့အကြုံတို့ကိုရော ဘယ်လောက်ထိ apply လုပ်နိုင် အသုံးချနိုင်မလဲ .. (or) ဘယ်လို upgrade (အဆင့်မြှင့်နိုင်) လုပ်နိုင်မလဲဆိုတာကိုလည်း ရေရှည်တွက်ချက် သင့်ပါတယ်လို့ ဖြည့်စွက်ချင်ပါတယ်။
မိတ်ဆွေတို့ရော English အပြင် ဘယ်ဘာသာစကားတွေကို သင်ယူလေ့လာဖြစ်နေလဲ .. ဗဟုသုတရအောင် ပြောပြပေးခဲ့ပါဦး။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ YU KI KO Vlogผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์